မက်ခီယာဗယ်လီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၂ -
နောင်တစ်ခေတ်တွင် အာဏာရှင်တို့၏ ဂုရုအဖြစ်ကျော်ကြားမည့် သူ့ကို ၁၄၆၉ ခုနှစ် မေလ ၃ ရက်နေ့တွင် အီတလီ နိုင်ငံ၊ ဖလောရင့်မြို့၌ မွေးဖွား ခဲ့ပြီး ဖခင်မှာ ဝတ်လုံတော်ရ ရှေ့နေကြီး တစ်ဦး ဖြစ်သည်။ သူသည် လက်တင် စာပေ ကျမ်းဂန်များနှင့် အီတလီ ဂန္တဝင် စာပေများကို အထူးပြု လေ့လာခဲ့ကာ ၁၄၉၈ ခုနှစ်တွင် ဖလောရင့် သမ္မတနိုင်ငံ အစိုးရအဖွဲ့၌ အမတ်ချုပ်အဖြစ် လည်းကောင်း၊ ဒုတိယ နန်းရေးဝန်အဖြစ် လည်းကောင်း၊ တာဝန် ထမ်းဆောင်ခဲ့သည်။ (ထိုအချိန်က [[အီတလီနိုင်ငံ]]မှာ မြို့ပြနိုင်ငံပေါင်း များစွာ မစည်းလုံးဘဲ တသီးတခြားစီ ဖြစ်နေသော အချိန်ဖြစ်သည်။အဓိကကျသည့် မြို့ပြနိုင်ငံတို့မှာ မီလန်၊ရောမ၊နေပယ်လ် နှင့် ဖလောရင့် တို့ဖြစ်သည်။)
 
[[imageFile:Mcv.jpg |right |fram |thumb |မက်ခီယာဗယ်လီ]]
== မင်းမှုထမ်း ==
ထိုနောက်ပိုင်းတွင် မက်ခီယာဗယ်လီသည် အရေးပါသော အစိုးရ ရာထူးများစွာ ခန့်အပ်ခြင်း ခံခဲ့ရသည့် အနက် ၁၅၀၇ ခုနှစ်တွင် ပြည်သူ့စစ်လက်နက်ကိုင်တပ်များ ဖွဲ့စည်းရေး တာဝန်ခံ အဖြစ် ဆောင်ရွက် ခဲ့ရခြင်းမှာ ထူးခြားသည်။ သူ၏ အားတက်သရော တောင်းဆိုချက်အရ ပြည်သူ့ စစ်တပ်ဖွဲ့များ ဖွဲ့စည်းရေးကို တာဝန်ပေးခြင်း ဖြစ်သည်။ သို့သော် သူစုစည်းခဲ့သော ပြည်သူ့ စစ်တပ်ဖွဲ့ များမှာ ၁၅၁၂ ခုနှစ်တွင် ရန်သူ စပိန်တို့နှင့် ရင်ဆိုင် တိုက်ခိုက်ရာတွင် အရေး နိမ့်ခဲ့သောကြောင့် ထိုနှစ်မှာပင် ရာထူးမှ ပြုတ်ကျခဲ့ရသည်။ မကြာမီ အစိုးရ ဆန့်ကျင်ရေး လုပ်ဆောင်သည်ဟု ဆိုကာ ဖမ်းဆီး ညှင်းပန်း ခံရသည်။ နောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှ လွတ်လာခဲ့သည်။
 
နိုင်ငံရေး တာဝန်ကို ၁၄ နှစ်ကြာမျှ ထမ်းဆောင်ခဲ့စဉ် အတွင်း နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စစ်ရေးနှင့် သံတမန်ရေး နယ်ပယ်များတွင် အတွေ့အကြုံများစွာ ရရှိခဲ့ပြီးလျှင် အဆိုပါ အတွေ့အကြုံများပေါ်တွင် အခြေပြု၍ အငြိမ်းစာ ဘဝတွင် စာများ ရေးသားလေတော့သည်။
 
== ရာဇောဝါဒကျမ်း (The Prince) ==
“မင်းသား” ခေါ် The Prince ကျမ်းကို ၁၅၁၃ ခုနှစ်တွင် စတင် ရေးသားပြီး ၁၅၁၆ ခုနှစ်တွင် အပြီး သတ်ခဲ့ ကာ ထိုကျမ်းငယ်ကို ဖလော့ရင့်၏ အာဏာပိုင်ဖြစ်သူ လော်ရင်ဇိုဒေမက်ဒီစီ (Lorenzo De Medici) ထံ ရွှေနားတော်သွင်း ပေးပို့ခဲ့သည်။ မက်ခီယာဗယ်လီက မက်ဒီစီထံသို့ ပေးစာတွင် “အခွင့်အရေးကို မျှော်ကိုးသူတို့သည် မိမိပိုင်ဆိုင်သော အဖိုးတန် ပစ္စည်းများကို ဆက်သခြင်းဖြင့် အရှင်သခင်ထံမှ ဆုလာဘ်များ ရယူလေ့ ရှိကြပါသည်။ အကျွနု်ပ်သည်လည်း အရှင်ထံသို့ အကျွနု်ပ် တန်ဖိုးထားသော ဤကျမ်းငယ်ကို ဆက်သအပ်ပါသည်” ဟု ကျိုးနွံစွာ ရေးသား ဖော်ပြခဲ့သည်။
 
စာကြောင်း ၁၄ -
 
ထိုကျမ်းကို ဆက်သပြီးနောက် ဖလော့ရင့် မြို့ပြနိုင်ငံ၏ အာဏာပိုင်ဖြစ်သူ မက်ဒီစီ၏ အိမ်တော်သို့ ဖိတ်ကြားခြင်းခံခဲ့ ရသည်။ သူ့အား ပညာရှိသုခမိန် အရာထား၍ နေရာပေးခြင်း ဖြစ်သည်။ ထို့နောက် အရေးမကြီးလှသော ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းဆိုင်ရာ တာဝန်များပေး၍ မက်ခီယာဗယ်လီအား စမ်းသပ် အသုံးပြုပြန်သည်။ သူသည် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းတာဝန်ဖြင့် ရောမမြို့သို့လည်း သွားရောက်ခဲ့ရ၍ ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံကာ “ဖလော့ရင့်မြို့သမိုင်း” ပြုစုရန် ရဟန်းမင်းကြီးထံမှ ထောက်ပံ့ကြေး ရရှိခဲ့သည်။ မက်ခီယာ ဗယ်လီသည် ပြည်သူ့စစ် တပ်ဖွဲ့များ ဖွဲ့စည်းရေးအတွက် ရဟန်းမင်း
ကြီးအား အကြံပေးခဲ့သော်လည်း ရဟန်းမင်းကြီးက လက်မခံသဖြင့် လက်လျှော့ ခဲ့ရသည်။ ဤတွင် နိုင်ငံရေးနယ်သို့ မက်ခီယာဗယ်လီ ပြန်ဝင်ရန် ကြိုးပမ်းခြင်းမှာ သမ္မတနိုင်ငံ ပြန်လည်ထူထောင်ရန် ကြံရွယ်ခြင်း ဖြစ်လိမ့်မည်ဟု မက်ဒီစီက သင်္ကာမကင်းဖြစ်ပြီး သူ့အား မည်သည့် တာဝန်မျှ မပေးတော့ဘဲ လျစ်လျူရှုထားလိုက်သည်။ ထိုနောက် မက်ခီယာဗယ်လီသည် နာမကျန်းဖြစ်လာကာ ဝမ်းဗိုက်အောင့်သော ဝေဒနာ ပြင်းထန်စွာ ခံစားရပြီး ၁၅၂၇ ခုနှစ် ဇွန်လတွင် ကွယ်လွန်ခဲ့သည်။ သူ၏ မိသားစုမှာ ဆင်းရဲ ငြိုငြင်စွာ ကျန်ရစ်ခဲ့ ရသည်။
 
== မိသားစုဘဝ ==
မိသားစုရေးရာနှင့် ပက်သက်၍ကား မှတ်တမ်းမှတ်ရာ နည်းပါသည်။ သူသည် ၁၅၀၂ ခုနှစ်တွင် မာရီယက်တာ ကော်ဆီနီနှင့် လက်ထပ်ပြီး ကလေးခြောက်ယောက် ရရှိခဲ့သည်။ ဇနီးသည်က သူ့အပေါ် လွန်စွာ ချစ်ကြင်မြတ်နိုးမှု ရှိသည်။ ၁၅၀၃ ခုနှစ် နိုဝင်ဘာလ ၂၄ ရက် နေ့စွဲဖြင့် ဇနီးသည်က မက်ခီယာဗယ်လီထံ ပေးစာတွင် ခင်ပွန်းဖြစ်သူအား ချစ်စနိုး ကျီစယ်သော အရေးအသားများကို တွေ့ရသည်။
 
“ကျွန်မတို့ သားကလေးက ရှင်နဲ့ သိပ်တူတာပဲ။ အသားက နှင်းပွင့် ကလေးလို့ ဖြူလို့။ ခေါင်းမှာလည်း ဆံပင်တွေ သန်လိုက်တာ ကတ္တီပါနက်လို မည်းမှောင်နေတာပဲ။ ရှင့်လိုပဲပေါ့၊ သားကလေဟာ ရှင်နဲ့တူတယ် ဆိုတော့ ချောတယ်လို့ ပြောရမှာပေါ့နော်” ဟု မာရီယက်တာက ရေးသားခဲ့သည်။ (စင်စစ်အားဖြင့်ကား မက်ခီယာဗယ်လီ သည်ဥပဓိရုပ်ကောင်းသူ မဟုတ်၊ အရပ်မနိမ့်မမြင့်၊ သေးသေးသွယ်သွယ်၊ မျက်လုံးတောက်တောက်၊ ဆံပင်နက်နက်၊ ဦးခေါင်းသေးသေး၊ နှာခေါင်း အနည်းငယ် ကောက်သည်။
နှုတ်ခမ်းကို အမြဲတမ်း တင်းတင်းစေ့ ထားလေးဟန် ရှိသည်။ စူးရှထက်မြက်သော သုတေသီ တစ်ဦး၊ အတွေးအခေါ်ရှင်တစ်ဦး၏ ပုံပန်းမျိုး ဖြစ်သော်လည်း သူတစ်ပါးတို့အား ဩဇာလွှမ်းမိုး သိမ်းသွင်းနိုင်သော အင်္ဂါရုပ်မျိုး မဟုတ်ချေ။)
 
စာကြောင်း ၂၅ -
ကြားနာရန် ခွင့်ပြုခဲ့ကြောင်း ဖော်ပြခဲ့သည်။ “ကြားနားခွင့် ပြုသည်”ဟု သုံးနှုန်းထားခြင်းကို ထောက်၍ သူသည် မိသားစုအား ငဲ့ညာ၍ သူ့ဆန္ဒမပါဘဲ ထုံးတမ်းစဉ်လာ တစ်ခုကို နောက်ဆုံး လိုက်လျောခြင်း ဖြစ်သည်ဟု ယူဆရသည်။
 
== မက်ခီယာဗယ်လီ ရှင်သန်ခဲ့သော ခေတ်အခြေအနေ ==
သူ အသက်ရှင်သန် လှုပ်ရှားခဲ့သော ခေတ်သည် အီတလီနိုင်ငံ စည်းလုံး ညီညွတ်မှုမရှိသေးဘဲ မြို့ပြနိုင်ငံများ အဖြစ် သူတစ်လူ ငါတမင်း အကွဲကွဲ အပြားပြား ဖြစ်နေသော ကာလ ဖြစ်သည်။
 
စာကြောင်း ၄၁ -
မက်ခီယာဗယ်လီသည် ၁၆ ရာစု အစောပိုင်းကာလ အီတလီနိုင်ငံ၏ ပစ္စက္ခ အခြေအနေများပေါ် မူတည်၍ သူ၏ ကျမ်းကို ပြုစုခဲ့ခြင်း ဖြစ်သည်။ ထိုကာလသည် အင်အားကြီးသော နိုင်ငံက အင်အားငယ်သော နိုင်ငံကို တရားလက်လွတ် ကျူးကျော်လွှမ်းမိုးလေ့ ရှိသည့် ကာလ ဖြစ်သည်။ ထို့ကြောင့် အင်အား တည်ဆောက်ရေးသည် နိုင်ငံတစ်ခုအတွက် မလွဲမသွေ လိုအပ်ချက် ဖြစ်နေသည်။ ဤတွင် မက်ခီယာဗယ်လီသည် “အရာရာကို အင်အားဖြင့် အောင်စရာ” ဟူသော လုပ်ထုံးကို ဖော်စပ်၍ သူ့အရှင်သခင်အား နည်းပေး လမ်းညွှန် ပြုခဲ့လေသည်။
 
== မက်ခီယာဗယ်လီ အပေါ် အမြင်များ ==
“အိမ်ပြန်ခြံဝင်၊ နွားပါလျှင် ပြီးတမ်း”
 
(မြို့ကျောင်းဆရာဟောင်း ဦးစံထွား၏ လောကီထုပ္ပတ် လူတို့ဇာတ် တတိယစာအုပ် စာမျက်နှာ ၉၃-၉၅ မှစကားလုံး ရှေးခေတ် အီတလီနိုင်ငံရေးသမား၊ အတွေးအခေါ် ပညာရှင်၊ ကျမ်းပြုဆရာကြီး နီကိုလိုဒီဘာနာဒို မက္ခယာဗေလီ (Nicolo Di Bernardo Machiavelli) (၁၄၆၉- ၁၅၂၇) ကို အဓိပ္ပါယ် ဖွင့်ဆိုချက် ….အတွေးအမြင် စာစဉ် ၁၉၈၄ ခုနှစ်။)
 
== ဆရာမောင်ဝံသ၏ ခေတ်ပြိုင် ကမ္ဘာ့ရေးရာ အဘိဓါန် (၁၉၈၂)တွင် အဓိပ္ပါယ်ဖွင့်ချက် ==
ရှေးခေတ် အီတလီနိုင်ငံရေးသမား၊ အတွေးအခေါ် ပညာရှင်၊ ကျမ်းပြုဆရာကြီး နီကိုလိုဒီဘာနာဒို မက္ခယာဗေလီ (Nicolo Di Bernardo Machiavelli) (၁၄၆၉-၁၅၂၇) ကို အစွဲပြု၍ မက္ခယာဗေလီ၏ အယူအဆများကဲ့သို့ ခံယူကျင့်ကြံသူ နိုင်ငံရေးသမားများ အတွက် သုံးနှူန်းသော နာမဝိသေသန ဖြစ်သည်။ မက္ခယာဗေလီသည် ၁၅၁၃ ခုနှစ်က ရေးသားစီရင်ခဲ့သော မင်းသားခေါ် (The Prince)
ခေါ် ရာဇောဝါဒ လမ်းညွန်းကျမ်းတွင် စိုးမိုးအုပ်ချုပ်မင်းလုပ်မည့်သူများ အတွက်နိုင်ငံရေး တက်လမ်းရှာနည်း၊ နိုင်ငံရေးအာဏာ ခိုင်မြဲအောင်လုပ်နည်းနှင့် အတိုက်အခံများပေါ်တွင် အောင်မြင်နည်းများကို ဖော်ပြထားခဲ့သည်။ နိုင်ငံရေးအတွက် သင့်တော်သလို လုပ်ဆောင်ခြင်းသည် ကိုယ်ကျင့်တရား ကိုယ်ကျင့်သိက္ခာတို့ထက် ပို၍ အရေးကြီးသည်ဟု မက္ခယာဗေလီက ဆိုခဲ့သည်။ ကျင့်သုံးခဲ့သော နည်းလမ်း မှန်မမှန်ကို နောက်ဆုံးအကျိုးသက်ရောက်မှုက အတည်ပြုသည်။ (The ends justify the means) ဟူသည်မှာ မက္ခယာဗေလီ၏ဩဝါဒပင် ဖြစ်သည်။ နိုင်ငံအာဏာကို ဘယ်နည်းနှင့် ရရ ရလျှင် ပြီးရော၊ တရား
စာကြောင်း ၅၃ -
ထို့ကြောင့် မက္ခယာဗေလီ၏ မင်းသားကျမ်းမှ အခြေခံမူများကဲ့သို့ ကျင့်ကြံသူကို နိုင်ငံရေးသမားကို machiavellin politician ဟု သုံးနှူန်းရေးသားလေ့ရှိသည်။ မက္ခယာဗေလီ ဝါဒ (machiavellism) ဟူ၍လည်း ရံဖန်ရံခါ သုံးနှူန်းကြသည်။
 
== ဆရာမောင်ဝံသ၏ အမြင် ==
ယနေ့ နာမည်ဆိုးဖြင့် ကျော်ကြားနေသော ကံဆိုးသူ မက်ခီယာဗယ်လီဘက်မှ တစ်စုံတစ်ယောက်က ရှေ့နေလိုက်၍ ခုခံမည်ဆိုပါလျှင် သူ၏ အမှုသည် ၁၆ ရာစု အစောပိုင်းကာလ ဖလော့ရင့်မြို့၏ နိုင်ငံရေး ပညာရှင်တစ်ဦးသာ ဖြစ်ကြောင်း၊ သူသည် သူ့မြို့(သူ့နိုင်ငံ)၏ အကျိုးစီးပွားအတွက်သာလျှင် စဉ်းစားဆင်ခြင်၍ နိုင်ငံရေး လမ်းညွှန်ကျမ်း ပြုစုခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀ ရာစုအစောပိုင်း ကာလတွင် ကမ္ဘာ
ပေါ်၌ ပေါ်ပေါက်ခဲ့သော ဝါဒဆိုး၊ စနစ်ဆိုးများနှင့် ယင်းတို့၏ အကျိုးဆက်များသည် လွန်ခဲ့သော နှစ်ပေါင်း ၄၀၀ ကျော်က အသက်ရှင် နေထိုင်ခဲ့သော မက်ခီယာဗယ်လီနှင့် မသက်ဆိုင်ပါကြောင်း၊ အဏုမြူဗုံးကို ထုတ်လုပ် အသုံးချခြင်းနှင့် အဏုမြူကို စိတ်ဖြာနိုင်အောင် စေ့ဆော်ခဲ့သော စွမ်းအင်နိယာမအား ဖော်ထုတ်ခဲ့သူ သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းကို ဆက်စပ်၍ စွပ်စွဲချက်တင်မှု မပြုအပ်သကဲ့သို့ မက်ခီယာ
စာကြောင်း ၆၁ -
“ရှင်သန်နေသော အတွေးအခေါ်များ” ဟူသော စာအုပ်ကို ပြုစုခဲ့သည့် ကောင့်ကာလိုစဖော်ဇာ ကမူ မက်ခီယာဗယ်လီသည် တစ်ခုတည်း သော အမှားကို ကျူးလွန်းခဲ့၏ ထိုအမှားကား အခြားမဟုတ်။ သူ့ခေတ်သူ့ကာ လ၏ အဇ္ဈတ္တသရုပ်ကို ဖွင့်ဆိုရာ၌ သိလွန်းအားကြီး၊ မှန်လွန်းအားကြီး နေခြင်း ပေးတည်း ဟူ၍ သုံးသပ်သည်။
 
== ရည်ညွှန်း ==
ကံဆိုးသူ မက်ခီယာဗယ်လီ - ဆရာဦးစိုးသိမ်း စာရေးဆရာ [[မောင်ဝံသ]]၊ ဒုတိယအတွေး၊ ၁၉၈၄ ခုနှစ်ထုတ် အတွေးအမြင် စာစဉ် အမှတ်-၂။