မင်းရဲသီဟသူ: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: ဘုရင့်နောင် ၏ ညီတော် တောင်ငူမင်းခေါင်လွန်လျှင် သားဖြစ…
 
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
ဘုရင့်နောင် ၏ ညီတော် [[တောင်ငူမင်းခေါင်]]လွန်လျှင် သားဖြစ်သူ မင်းရဲကျော်ထင်အား မင်းရဲသီဟသူ(၉၄၆-၉၇၁)ဘွဲ့ပေးပြီး တောင်ငူနန်းကို [[နန္ဒဘုရင်]]က စိုးစံစေသည်။သို့သော် နန္ဒဘုရင်သည် မအောင်မြင်သည့် ယိုးဒယားစစ်ကို အကြိမ်ကြိမ် ချီတက်စေသဖြင့် အင်အားကိုဖြုန်းတီးလေသည်။ထို့အပြင် လက်အောက်ခံ နိုင်ငံများကိုလည်း ပရိယာရ်ကင်းစွာအုပ်ချုပ်သဖြင့် သက္ကရာဇ် ၉၅၆ တွင် ယိုးဒယား၊ပြည်၊မော်လမြိုင်၊မှော်ပီ စသည့်ဒေသများမှ ပုန်ကန်လေသည်။
 
နန္ဒဘုရင်က တောင်ငူအိမ်ရှေ့မင်း နတ်သျှင်နောင်အား ဆင်တော် ဥပေါသထ နှင့်တကွ လာရောက်အမှုထမ်းရမည် ဟုဆင့်ခေါ်သည်။ထို့အတူပင် ဇင်းမယ်၊ညောင်ရမ်း တို့ထံပါ အလားတူတောင်းဆိုသဖြင့် ဇင်းမယ်နှင့် အတူ တောင်ငူလည်း ပုန်ကန်လေသည်။