ရွှေတောင်မင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ငယ်ဘဝ
စာကြောင်း ၈ -
 
== အိမ်ရှေ့မင်းဘဝ ==
အိမ်ရှေ့ ဥပရာဇာ သတိုးဓမ္မရာဇာ ရွှေတောင်မင်းသည် မငြိမ်မသက် ဖြစ်နေသာ ရခိုင်ပြည်ကို ၁၇၈၄-ခုနှစ်တွင် စစ်ကြောင်း လေးကြောင်း ချီ၍ သွားရောက် သိမ်းပိုက်သည်။ မြန်မာနိုင်ငံတော်နှင့် တဆက် တစပ်တည်း ဖြစ်စေခဲ့သည်။ဖြစ်စေခဲ့သည်။အရေးအောင်၍ တပို့တွဲလပြည့်ကျော် (၇)ရက်တွင် ရခိုင်မှပြန်လာသည်။ ရခိုင်မှ မဟာမုနိ ရုပ်ပွားတော်ကိုလည်း ပင့်လာသည်။ တောင်ကုတ်လမ်းမှ သယ်ကာ ပန်းတောင်းမှ အမရပူရသို့ ရွှေဖောင်နှင့် တင်သည်။ အမရပူရ မြို့မြောက်ဘက်၌ ပြဿာဒ်နှင့်ထား၍ ကိုးကွယ်သည်။
 
ခမည်းတော် ဗဒုံမင်း၏ လက်ရုံးတဆူ၊ အားကိုး အားထားပြုရသော သားကြီး ဥပရာဇာ ဖြစ်သည်။ နိုင်ငံတော် အစွန်အဖျား ဝေးရပ် နိုင်ငံခြားသို့ စစ်ချီရာတွင်လည်း ဦးဆောင်ခေါင်းရွက်အဖြစ် လိုက်ပါရသည်။ ခမည်းတော် ဗဒုံမင်းကြီး မင်းကွန်း စံနန်းတော်တွင် ထွက်စံနေချိန်များတွင်လည်း နေပြည်တော် အုပ်ချုပ်ရေးကို တာဝန်ယူရသည်။