မဟာဆွေ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁၂ -
 
 
== ကိုယ်ရေးဖြစ်စဉ် ==
ဆရာ မဟာဆွေသည် မွေးချင်း လေးယောက် အနက် တတိယသား ဖြစ်သည်။ ၁ဝ နှစ်သားတွင် ရှင်သာမဏေ ပြု၍ နှစ်နှစ်တိုင်တိုင် စစ်ကိုင်းရွှေတောင်ဦးကျောင်း၊ အောင်ဝန်ကျောင်းတို့အပြင် ဃောသိတာဝန် ဆရာတော် ကြီးထံတွင် သင်္ဂြိုဟ် ကိုးပိုင်းလုံးကို ပါဠိ အနက် အဓိပ္ပာယ်နှင့် တကွ သင်ယူခဲ့သည်။ ကိုရင်ဝတ်နှင့် လောကီ၊ လောကုတ္တရာ စာပေများ ဆည်းပူးခဲ့သည်။
 
စာကြောင်း ၂၀ -
မြန်မာကျောင်း တက်ရသော မဟာဆွေသည် အင်္ဂလိပ်စာ တတ်လို လှသော်လည်း ဖခင်က စစ်ကိုင်းမြို့ အထက်တန်း ကျောင်းသို့ ပြောင်းမပေး သဖြင့် မီးရထား ကုန်ရုံ စာရေးကြီး ဦးဘအုန်းနှင့် ဦးဘမြိုင် ဆိုသူတို့ ထံမှ အင်္ဂလိပ်စာကို သင်ယူ ခဲ့ရသည်။
 
၁၉၁၈ - ဆောင်းပါး ကဗျာများ စတင်ရေးသားခဲ့သည်။ နာမည်အတိအကျမယူသေးဘဲ ရွှေဘိုဘေကို၊ ဇေယျာတောင် က ဧရာမောင်၊ ကြော့-ဝက်လက် စသည်ဖြင့် ကလောင်အမျိုးမျိုးဖြင့် ရေးခဲ့သည်။
 
၁၉၂ဝ ပြည့်နှစ်တွင် မန္တလေး နော်မန် ဆရာဖြစ်သင်ကျောင်းသို့ ပြောင်းရွှေ့ပညာ သင်ကြားပြီး ကိုးတန်း အောင်မြင်၍ (၉)တန်းတွင် တစ်ကျောင်းလုံးတွင် တတိယရခဲ့သည်။ အားကစားဘက်တွင် ကျောင်းဘောလုံးသင်းတွင်ပါဝင်ခဲ့သည်။ ကျောင်းနေစဉ် နိုင်ငံရေး စိတ်ဓာတ်အစပျိုးခဲ့သည်။ ''စကားရည်လုပွဲအသင်း'' နှင့် ''သုစရိတယုဝအသင်း''ကို အခြားကျောင်းသားများနှင့်အတူ တည်ထောင်ခဲ့သည်။
စာကြောင်း ၂၈ -
၁၉၃၂ - [[ဟိုပင်မြို့]] ဦးဘသန်း၊ ဒေါ်တင်တင်တို့၏သမီး အနှင်း (ခေါ်) ဒေါ်လှကြည် (ခေါ်) ဒေါ်ကြည်ကြည် နှင့် အိမ်ထောင် ကျသည်။ ဖေဖော်ဝါရီ လတွင် အလုပ်မှထွက်ပြီး ကိုးလ အကြာတွင် [[ခင်ဦးမြို့]]၌ ကျောင်းဆရာ ဝင်လုပ်ပြန်သည်။ ရွှေဘို ဒိစတြိတ် ကျောင်းဆရာအသင်းကြီး၏ အတွင်းရေးမှုးချုပ် အဖြစ်တာဝန်ယူခဲ့သည်။ ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလမှ စ၍ မိသားစုနှင့်အတူ [[ရန်ကုန်မြို့]]သို့ထွက်ခွာလာပြီး စာရေးဆရာအဖြစ် ကျင်လည်တော့သည်။ သူရိယသတင်းစာတွင် ''အာစရိယ-ဝက်လက်'' အမည်ဖြင့်၎င်း၊ အခြားအမည်များဖြင့်၎င်း ဆောင်းပါးများ ရေးသားခဲ့သည်။
 
=== စာပေရေးသားပြုစုခြင်း ===
မဟာဆွေ ဟူသော အမည်ကို မခံယူမီ ၁၉၈၁ ခုနှစ် ခန့်ကပင် ဆောင်းပါး၊ ကဗျာများ ရေးသား ခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် သူငယ်ချင်း မောင်ကြော့ကို အဖွဲပြု၍ ကြော့ဝက်လက် အမည်ဖြင် ကဗျာ ရေးခဲ့သည်။ ၁၉၂၆ ခုနှစ် ဝက်လက်မြို့၌ ကျောင်းဆရာ လုပ်စဉ် ဝတ္ထုများ စတင် ရေးသား ခဲ့သည်။ ကလောင်နာမည် ပုံသေ မဟုတ်ဘဲ မောင်ရွှေကြော့၏ အန္ဈေဝါသိက၊ မောင်ဝင်းကြော့၏ တပည့် စသည် အမည်များ သုံးခဲ့သည်။ ၁၉၂၅ ခုနှစ် ဇွန်လ (သို့) ဇူလိုင်လ သူရိယ မဂ္ဂဇင်းတွင် ပါသော ရွှေဖူးစာမြိုင် ဝတ္ထုတိုမှာ မဟာဆွေ၏ ပထမဆုံး ဝတ္ထုဖြစ်ပြီး ပထမဆု အဖြစ် ငွေ ၁၅ ကျပ် ရရှိခဲ့သည်။ အလားတူပင် ရုံးပြာတာကလေး၊ ဘုန်းကြီး လူထွက်နှင့် ဆရာမ ဝတ္ထုတို များသည်လည်း ပထမဆု အဖြစ် ငွေသား ချီးမြှင့် ခံရသည်။
 
စာကြောင်း ၄၀ -
မဟာဆွေသည် အချစ် ဝတ္ထု များလည်း ရေးသား ခဲ့သည်။ မြန်မာပြည်တွင် အိမ်ထောင်မှု အတွင်းရေးများ အဖြစ် အချစ်ပြဿနာ စာအုပ်နှင့် အိမ်ထောင်သည်များ သိသင့်သည် တို့ကို ပြုစု ရေးသားခဲ့သည်။ မဟာဆွေသည် စာပေ အမျိုးမျိုး ပြုစု ရေးသားခဲ့ရာ ဝတ္ထုရှည် ၆ဝ ကျော်နှင့် ဝတ္ထုတို ၅ဝဝ ကျော် ရေးသားခဲ့သည်။
 
=== နိုင်ငံရေး ===
၁၉၃၄ - ဇန်နဝါရီလတွင် [[ခင်ဦးမြို့]] မှ ကျောင်းဆရာအလုပ်နှုတ်ထွက်ပြီး စစ်ကိုင်းသို့ပြန်လာခဲ့၍ လူငယ် အသင်းများဖွဲ့ပြီး နိုင်ငံရေးလုပ်ငန်းများ ပြင်းပြင်းထန်ထန်လုပ်ခဲ့သည်။
 
စာကြောင်း ၅၂ -
 
၁၉၄၈ - ၄၉ - စာရေးဆရာအသင်းအမှုဆောင်လူကြီး၊ ဒုတိယဥက္ကဌ၊ ယာယီဥက္ကဌ၊ ဥက္ကဌတာဝန်များ ထမ်းဆောင်ခဲ့သည်။ ထိုနှစ်မှာပင် ဆင်ဆာလူကြီးအဖြစ်၎င်း အခြားအသင်းအဖွဲ့များတွင် လူကြီးအဖြစ်၎င်း ပါဝင်ဆောင်ရွက်ခဲ့သည်။
=== ဘဝနိဂုံး ===
မဟာဆွေသည် ၁၉၅၃ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့တွင် ဦးနှောက်ကြောပြတ် ရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ဇနီး ဒေါ်ကြည်ကြည်နှင့် သမီး ခင်ဆွေဦး၊ ခင်ဆွေအေးတို့ ကျန်ရစ်ခဲ့သည်။ သမီး တစ်ဦးမှာ နောင်တွင် [[ခင်ဆွေဦး]] အမည်ဖြင့် နာမည်ကျော် စာရေးဆရာမ တစ်ဦး ဖြစ်လာခဲ့သည်။
 
စာကြောင်း ၇၉ -
# စာရေးကြီး မဟာဆွေ - ၂ဝဝဝ ပြည့်နှစ်
# စောရဗလ - ၁၉၆ဝ ပြည့်နှစ်
# စောရသက်ပြင်း ၁၉၄၈ ခုနှစ်
# စောရသက်ပြင်း (၂) - ၁၉၅၁ ခုနှစ်
# စစ်ထွက်သူ - ၁၃ဝဝ ပြည့်နှစ်
စာကြောင်း ၁၁၉ -
# အိုဘဲ့ ….. ဖူးစာ - ၁၉၅၁ ခုနှစ်
 
== ကိုးကား ==
<references/>