ဗိဿနိုးမြို့ဟောင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး 210.14.107.115 (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို Tropicalkitty ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာကြောင်း ၅ -
 
 
'''ဗိဿနိုးမြို့ဟောင်း'''သည် [[မကွေးခရိုင်]] [[တောင်တွင်းကြီးမြို့]]၏ အနောက်ဘက် ၁၁ မိုင်ခန့်ကွာဝေးသော [[ကုက္ကိုခွရွာ]]၏ မြောက်ဘက်တွင် ကပ်လျက်တည်ရှိသော [[ပျူမြို့ပြနိုင်ငံများ|ပျူမြို့ဟောင်း]]တစ်ခုဖြစ်သည်။ တောင်တွင်းကြီးမှ [[မကွေးမြို့]]သို့သွားသော မော်တော်ကားလမ်းသည် ဗိဿနိုးမြို့၏ အရှေ့တောင်ထောင့်၌ ရှိသည့် မြို့ရိုးနှစ်ဖက်ကို ဖောက်ထွင်းသွားသည်။ ၅ ပေခန့် အမြင့်သာလျှင် ကျန်ရစ်သော အုတ်မြို့ရိုးသည် ဗိဿနိုးမြို့၏ မြောက်ဘက်၊ အရှေ့ဘက်နှင့် တောင်ဘက်တို့၌သာ စတုရန်း မကျတကျ ဝိုင်းရံလျက်ရှိသည်။ မြို့ရိုးတစ်ဖက်၏ အလျားသည် ၁ မိုင်နှင့် ၆ ဖာလုံခန့်မျှ ရှည်လျားသည်။ အနောက်ဘက်၌ကား မြို့ရိုးအစအနကိုမျှ မတွေ့ရချေ။ ယခုအခါ တွေ့ရသော အင်းကြီးနှင့် ကြိုးကြာကန်တို့သည် ရှေးယခင်က ဆက်စပ်နေ၍ အနောက်ဘက်မှ ရေကျုံးသဖွယ် တည်ရှိခဲ့ဟန်တူသည်။မြို့ရိုးအတွင်း၌ကားတည်ရှိခဲ့ဟန်တူသည်။ မြို့တွင်း၌ ကုန်းမြေသည် အရှေ့မှ အနောက်သို့ အတန်ငယ် လျောဆင်းနေသည်မှ အပ ပတ်ဝန်းကျင်တဝိုက်မှာ ပြန့်ပြူးလျက်ရှိသည်။ မြို့ရိုးအတွင်း၌ကား အနောက်မြောက်ထောင့်၌ တည်ရှိသော အင်းရွာကြီးသာလျှင် လူနေရပ်ကွက်အဖြစ် မြင်ရလေသည်။ မြို့ရိုးမှာ မူလ၌ တဖက်တွင် မြို့ပေါက် ၃ ပေါက်စီရှိသော်လည်း ယခုအခါ လှည်းလမ်းကြောင်းများ ဖောက်ထားသော အပေါက်ငယ်များကြောင့် ပျက်စီးပိုင်းပြတ်လျက် ရှိသည်။ မြို့၏ အလယ်ဗဟိုမှ အနောက်မြောက်သို့ အနည်းငယ်ယွန်းသော နေရာတွင် တောင်မြောက် အလျား ကိုက် ၅၀၀ ခန့်နှင့် အရှေ့အနောက် အနံ ကိုက် ၄၀၀ ခန့်ရှိသည့် အုတ်ရိုးဟောင်းမို့မို့ ဝိုင်းရံနေသော နေရာမှာ နန်းတော်ကုန်း ဖြစ်သည်ဟု အဆိုရှိသည်။ နန်းတော်ကုန်းပေါ်၌ အုတ်ရိုးအကန့်များနှင့် အဆောက်အအုံဟောင်း နေရာများဖြစ်သော အုတ်ကုန်းနိမ့်နိမ့် အနည်းငယ်ရှိ၍ မြို့ရိုးကြီးအတွင်းတွင် နေရာအနှံ့အပြား၌ အဆောက်အအုံ အပြိုအပျက်များဖြစ်သည့် ကုန်းဟောင်းဦးရေ (၁၀၀)နီးပါးရှိလေသည်။
 
==သမိုင်း အထောက်အထား==
ဗိဿနိုးမြို့ သမိုင်းဟူ၍ သီးခြားမတွေ့ရသော်လည်း တောင်တွင်းကြီး သမိုင်း၏ ရှေ့ပိုင်းတွင်ကား ဗိဿနိုးမြို့အကြောင်းကို အကျယ်တဝင့် ဖော်ပြထားသည်ကို ဖတ်ရှုနိုင်သည်။ ထိုသမိုင်း၏ အဆိုအရ [[မဟာသမ္ဘဝ]]နှင့် [[စူဠာသမ္ဘဝ]] မင်းသားနှစ်ပါးတို့ကို စက္ခုအလင်းရအောင် ကုစားပေးသော [[စန္ဒမုခိဘီလူးမ]]တွင် လက်ကို ကိုင်တွယ်ခြင်း အစွန်းအညိကြောင့် ပဋိသန္ဓေတည်ရှိခဲ့ရာ တောင်တွင်းကြီးမြို့ အနောက်ဘက် ၅ တိုင်ကွာသော တောအရပ်တွင် သားမိန်းမတစ်ယောက် ဖွားမြင်သည်ဟု ဆိုသည်။ ထိုသမီးငယ်ကို ရသေ့တစ်ပါးက မွေးစားထား၍ ကြီးပြင်းလာသောအခါတွင် ထိုတောအရပ်၌ နေသည့် ဗိဿနိုးနတ်မင်းက ရှေးဘဝ၌ မောင်နှမတော်သဖြင့် ပန်ထွာပြည် ဗိဿနိုးမြို့ကို ဖန်ဆင်း၍ အမျိုးသမီးအား အပ်နှင်းလေသည်။ [[ပန်ထွာဘုရင်မ|ပန်ထွာမင်းသမီး]] စိုးစံသော ဗိဿနိုးမြို့ကို ( သရေခေတ္တရာမြို့ )က အုပ်စိုးသည့် [ဒွတ္တပေါင်မင်းကြီး]က ဥပါယ်တံမျဉ်ဖြင့် ကြံစည်၍ မင်းသမီးကိုပါ ခေါ်ဆောင်သွားကြောင်း ဖော်ပြပါရှိသည်။
[[File:An ancient ruin in Beikthano Pyu City.jpg|thumb|ဗိဿနိုးမြို့ဟောင်းရှိ ရှေးဟောင်း အဆောက်အဦးပျက်ကုန်းတစ်ခု]]
[[File:Pyu silver coins displaying in the musium of Beikthano.jpg|thumb|ဗိဿနိုးမြို့ဟောင်းရှိ ပြတိုက်တွင် ပြသထားသော ရှေးဟောင်း ပျူငွေဒင်္ဂါးများ]]
[[File:Pyu silver coins displaying in the musium of Beikthano.jpg|thumb|ဗိဿနိုးမြို့ဟောင်းရှိ ပြတိုက်တွင် ပြသထားသော ရှေးဟောင်း ပျူငွေဒင်္ဂါးများ ဗိဿနိုးမြို့တွင် အလွန်ထူးခြားသော စည်တော်ကြီးတစ်လုံးရှိသည်။ အကယ်၍ ဗိဿနိုးအား ရန်သူများ လာရောက်တိုက်ခိုက်သောအခါ ပန်ထွာဘုရင်မသည် ထိုစည်တော်ကြီးကို တီးခတ်လိုက်ပါက ဗိဿနိုးမြို့ကိုဝန်းရံထားသော ရန်ပယ်ချောင်းရှိ ရေတံခါးကိုစောင့်ကြပ်သူများက ရေတံခါးကို ဖွင့်ချလိုက်သည်။ ထိုအခါ ရန်ပယ်ချောင်းအတွင်း ရေကြီးလာပြီး ရန်သူများ ဆုတ်ခွာသွားရလေ့ရှိသည်။ ဒွတ္တဘောင်မင်းကြီးသည် ဗိဿနိုးအား သူ၏ တပ်ကို စေလွှတ်၍ တိုက်ခိုက်ရန်ကြိုးစားသော်လည်း ထိုစည်တော်ကြီး၏ အစွမ်းကြောင့် အောင်မြင်နိုင်ခြင်းမရှိပေ။ သရေခေတ္တရာကို အုပ်ချုပ်သော ဒွတ္တဘောင်မင်းကြီးသည် ပန်ထွာဘုရင်မကို လက်ဆက်ရန် ကြိုးစားသော်လည်း မအောင်မြင်ပေ။]]
သရေခေတ္တရာမြို့တွင် [[ဗိဿနိုးမိဖုရားသင်္ချိုင်း]]နေရာ တည်ရှိခြင်း၊ မြို့ဟောင်း နှစ်ရပ်လုံးတွင် မြို့ရိုး၊ ပြအိုး အပြိုအပျက်တို့ကို ဒိဋ္ဌတွေ့မြင်နိုင်ခြင်းတို့ကို ထောက်လျှင် တချိန်တခါက ဤမြို့နှစ်မြို့သည် အပြိုင်အဆိုင် ထွန်းကားခဲ့သည်ဟု ယူဆရသည်။ သရေခေတ္တရာမြို့၌ မှီတင်းနေထိုင်ကြသူများအနက် [[ပျူလူမျိုး]]တို့ ပါဝင်ကြောင်းနှင့် ထိုပျူလူမျိုးများ၏ ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်းတွင် အဓိက အချက်များမှာ လူများသေဆုံးပြီးနောက်တွင် မီးသင်္ဂြိုဟ်၍ အရိုးနှင့်ပြာများကို မြေအရိုးအိုးတို့တွင် ထည့်သွင်းမြှုပ်နှံခြင်းနှင့် ပျူဒင်္ဂါးဟု ယခုခေါ်စမှတ်ပြုသည့် အမှတ်လက္ခဏာများ ပါရှိသည့် ငွေပြားဝိုင်းကလေးများကို အသုံးပြုခြင်းကို အထောက်အထား ခိုင်လုံစွာ လေ့လာသိရှိပြီး ဖြစ်သည်။
 
== ကွင်းဆင်းလေ့လာမှုများ ==