ပထမ အင်္ဂလိပ် - မြန်မာစစ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
 
စာကြောင်း ၂၁ -
ပထမအင်္ဂလိပ်မြန်မာစစ်သည် ခရစ်နှစ် ၁၈၂၄-ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သည်။ [[ကုန်းဘောင်ခေတ်]]၊ [[ဘကြီးတော်(စစ်ကိုင်းမင်း)]] လက်ထက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ [[ရှင်မဖြူကျွန်း]] ကိစ္စနှင့် ပတ်သက်၍ အငြင်းပွားရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ခရစ်နှစ် ၁၈၂၆-ခုနှစ်တွင် [[ရန္တပိုစာချုပ်]]ချုပ်ဆိုပြီး စစ်ပွဲပြီးဆုံးသည်။ ပထမ အင်္ဂလိပ်မြန်မာစစ်တွင် မြန်မာတို့ ရှုံးနိမ့်ခဲ့ပြီး အကျိုးဆက်အနေဖြင့် အာသံ၊ မဏိပူရ၊ ရခိုင် နှင့် [[တနင်္သာရီတိုင်း|တနင်္သာရီ]]ဒေသတို့ကို အင်္ဂလိပ်တို့အား ပေးအပ်ခဲ့ရသည်။ စစ်ပွဲတွင် စစ်သူကြီး[[မဟာဗန္ဓုလ]] [[ဓနုဖြူ]] တိုက်ပွဲတွင် ရဲရဲဝံ့ဝံ့ တိုက်ခိုက်ရင်း ခရစ်နှစ်-၁၈၂၅ခု၊ ဧပြီ (၁) ရက်နေ့တွင် ကျဆုံးခဲ့သည်။ ထိုစစ်ပွဲသည် မြန်မာဘုရင်ပိုင်နက်နှင့် အချုပ်အချာအာဏာ ကျရှုံးရန် အဓိက အကြောင်းအရင်း ဖြစ်သည်။
 
== စစ်ဖြစ်ပွားရသည့် အကြောင်းအရင်းများ ==
== စစ်ပွဲ ဖြစ်ရသည့် အကြောင်းများ ==
ဘကြီးတော်မင်း နန်းတက်သောအခါ မိဖုရားကြီး [[နန်းမတော်မယ်နု|မယ်နု]]နှင့် ၎င်း၏ဆွေမျိုးသားချင်းများ၊ ၎င်းတို့၏ အလိုတော်ရိများသည် နန်းတွင်း၌ ဩဇာကြီးမားခဲ့ကြသည်။ ခြုံ၍ကြည့်လျှင် ၎င်းတို့သည် အရည်အသွေးရှိသူများ၊ အစွမ်းထက်သူများ ဖြစ်ကြသည်။ သို့သော် အများအားဖြင့် ၎င်းတို့သည် ပြင်ပကမ္ဘာအကြောင်းကို သတိမမူသူများဖြစ်၍ မြန်မာ့အင်အားကို လွန်စွာ အထင်ကြီးနေသူများ ဖြစ်ကြသည်။ မည်သည့်နိုင်ငံနှင့်မဆို မြန်မာတို့ အလိုကျ ဆက်ဆံနိုင်သည်ဟူ၍လည်း ယူဆကြလေသည်။