မိုက်ကယ်လ် ဘလွန်းဘက်ဂ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁၀ -
| နိုင်ငံသား = [[အမေရိကန်]]
| လူမျိုး =
| ပညာ = [[ ဂျွန် ဟော့ပ်ကင်းစ် တက္ကသိုလ်]] <small>([[သိပ္ပံဘွဲ့|B.S.]])</small><br />[[ဟားဗတ် စီးပွားရေးကျောင်း|ဟားဗတ် တက္ကသိုလ်]] <small>([[စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲရေး မာစတာဘွဲ့|M.B.A.]])</small>
| လုပ်ငန်း =
| ကြွယ်ဝမှု= အမေရိကန်ဒေါ်လာ ၁၈ ဘီလျံ
စာကြောင်း ၂၅ -
}}
 
၁၉၄၂ ဖေဖော်ဝါရီလ ၁၄ တွင် မွေးဖွားသော Michael Rubens ဘလွန်းဘက်ဂ် သည်လက်ရှိ [[နယူးယောက်မြို့|နယူးယောက် မြို့တော်]]၏ မြို့တော်ဝန် ဖြစ်ပြီး [[ အမေရိကန်ပြည်ထောင်စု]]တွင် ၁ဝ ယောက်မြောက် အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ ၂၀၁ဝ တွင် သူ၏ အသားတင်ပိုင်ဆိုင်မှုပေါင်းမှာ အမေရိကန် ဒေါ်လာ ၁၈ ဘီလီယံ ရှိသည်။ ဘဏ္ဍာရေးဆိုင်ရာ သတင်းများနှင့် အချက်အလက်များကို မီဒီယာဝန်ဆောင်မှုပေးသည့် ဘလွန်းဘက်ဂ် L.P ကို တည်ထောင်ခဲ့သူဖြစ်ပြီး ကုမ္ပဏီ၏ ၈၈% ကို ပိုင်ဆိုင်သည်။
 
ရွေးကောက်တင်မြှောက်ခြင်း မခံရသေးမီက ရာသက်ပန် ဒီမိုကရက် တစ်ယောက် ဖြစ်သော ဘလွန်းဘက်ဂ် သည် ၂၀⁠၀၁ တွင် ရီပတ်ပလင်ကန် တစ်ယောက် အဖြစ်အမည်စာရင်း တင်သွင်း ပြီး မြို့တော်ဝန်ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါ ၂၀⁠၀၁ ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံရပြီး ၂၀⁠၀၅ တွင် ဒုတိယ သက်တမ်းအတွက်ပါ အောင်မြင်မှုရခဲ့သည်။ သူသည် ၂၀⁠၀၈ သမ္မတ ရွေးကောက်ပွဲသို့ တသီးပုဂ္ဂလ ရွေးကောက်ခံရန် အလားအလာ ရှိကြောင်း မကြာခဏ ပြောဆိုခံရပြီး ၂၀⁠၀၇ ဇွန်လတွင် ရီပတ်ပလင်ကန် ပါတီမှ ထွက်ခွာ၍ တသီးပုဂ္ဂလ တစ်ယောက်ဖြစ်လာသောအခါ အဆိုပါထင်မြင်ချက်ကို အားဖြည့်ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ သူသည် ဒုတိယ သမ္မတ အဖြစ်ဝင်ရောက်ယှဉ်ပြိုင်လိမ့်မည်ဟုလည်း ခန့်မှန်းကြသည်။ ဘလွန်းဘက်ဂ် သည် မည်သည့် ရာထူးအတွက်မျှ မယှဉ်ပြိုင်ခဲ့သော်လည်း အခြားသော သမ္မတ ရွေးကောက်ပွဲဝင်သူများ အတွက်မူ ယှဉ်ပြိုင်ဘက် တစ်ယောက်အဖြစ်ရွေးချယ်ခံခဲ့ရသည်။
စာကြောင်း ၃၇ -
ရီပတ်ပလင်ကန်ပါတီ၏ အထောက်ကအပံ့ကို ရရှိရမည့် အစား ဘလွန်းဘက်ဂ် သည် ဒီမိုကရက် လိုလားသူများစွာ၏ ထောက်ခံမှုများကို ရရှိခဲ့သည်။ ၎င်းတို့မှာ ဒီမိုကရက်တစ်မြို့တော်ဝန်ဟောင်း ဖြစ်သူ Ed Koch၊ ဒီမိုကရက်တစ် ပြည်နယ်အုပ်ချူပ်ရေးမှူး ဟောင်း Hugh Carey မြို့တော်အုပ်ချူပ်ရေး ကော်မတီ ပြောရေးဆိုခွင့် ရှိသူဟောင်း ဒီမိုကရက်တစ် တစ်ဦးဖြစ်သူ Peter Vallone နှင့် သူ၏ သားဖြစ်သူ ကောင်စီဝင် Peter Vallone ဂျူနီယာ၊ ယခင် ဒီမိုကရက်တစ် အထက်လွှတ်တော် အမတ်ဟောင်း Floyd Flake ( ၂၀⁠၀၁ ကတည်းက ဘလွန်းဘက်ဂ် အားထောက်ခံခဲ့သူ ) ၊ Bronx စီရင်စု/ ခရိုင် ဥက္ကဌ ဟောင်း Fernando Ferrer တို့ ဖြစ်သည်။
 
၂၀⁠၀၈ အောက်တိုဘာ ၂ နေ့တွင် မြို့တော်သက်တမ်း ကန့်သတ်ချက်ဥပဒေကို တိုးချဲ့ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း နှင့် နယူးယောက်မြို့ဘဏ္ဍာရေးအကျပ်အတည်းတွင် သူ၏ ဒေသအတွက် လိုအပ်သည့်ခေါင်းဆောင် တယောက် အဖြစ်ရည်ညွန်းပြီး ၂၀⁠၀၉ တတိယမြို့တော်ဝန်သက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကြေငြာ ခဲ့သည်။ “ လိုအပ်သည့် အကူအညီများကိုအားဖြည့်ခြင်းဖြင့် ဘဏ္ဍာရေးအကျပ်အတည်းကို ကိုင်တွယ်ခြင်းသည် ငါတာဝန်ယူလုပ်ကိုင်ချင်တဲ့ စိန်ခေါ်မှုတခုပဲ “ ဟု သတင်းအစည်းအဝေးပွဲတခုတွင် ဘလွန်းဘက်ဂ် က ပြောကြားခဲ့သည်။ “ အဲဒါကြောင့် မြို့တော်ကောင်စီအနေနှင့် သက်တမ်းကန့်သက်ချက်ဥပဒေကို ပြင်ဆင်ဖို့ အတွက်ထောက်ခံအားပေး သင့်တယ်။ နယူးယောက်ပြည်သူတွေကိုလည်း ငါ့လုပ်ခဲ့တဲ့ ချုပ်ချယ်မှုကင်းတဲ့ ခေါင်းဆောင်မှုမှတ်တမ်းတွေကို ကြည့် ပြီးမှ ငါ့ကို နောက်ထပ်သက်တမ်းတခုအတွက် မဲပေးဖို့ရာဆုံးဖြတ်ချက်ချဖို့ပြောချင်တယ်။”
 
၂၀⁠၀၈ အောက်တိုဘာ ၂၃ နေ့တွင် မြို့တော်ကောင်စီမှ သက်တမ်းကန့်သက်ချက် ဥပဒေကို ၄ နှစ်သက်တမ်း ၃ ကြိမ် ဆက်တိုက်အထိ တိုးမြှင့်ပေးဖို့ ၂၉-၂၂ မဲဖြင့် သဘောတူဆုံးဖြတ်ခဲ့ပြီး ဘလွန်းဘက်ဂ် အားမြို့တောဝန်ရာထူးအတွက် နောက်တကြိမ်ထပ်မံယှဉ်ပြိုင်ခွင့်ပေးခဲ့သည်။ လူသိရှင်ကြား ကြေငြာခဲ့ပြီးနောက် ၂ ရက်အကြာ နိုဝင်ဘာ ၃ နေ့ တွင် ဘလွန်းဘက်ဂ် မှ ဥပဒေမှုကြမ်းကိုလက်မှတ်ရေးထိုးအတည်ပြုပေးခဲ့သည်။ ဘလွန်းဘက်ဂ် ၏ ပြိုင်ဘက်မှာ Democratic and Working Families Party မှ အဆိုပြုခြင်းခံရသူ Bill Thompson ဖြစ်သည်။ Bill Thompson သည် နယူးယောက်မြို့တော် ထိမ်းသိမ်းကြီးကြပ်သူအဖြစ် လွန်ခဲ့သော ရှစ်နှစ် ကတည်းက တာဝန်ယူလုပ်ကိုင်ခဲ့သူဖြစ်ပြီး ထိုမတိုင်ခင်က နယူးယောက်မြို့တော်၏ ပညာရေးလုပ်ငန်းများနှင့် ပက်သက်ပြီး စီမံခန့်ခွဲ အုပ်ချုပ်သည့် အဖွဲ့အစည်း၏ ဥက္ကဌအဖြစ်တာဝန်ယူလုပ်ကိုင်ခဲ့သည်။ ဘလွန်းဘက်ဂ် သည် ၅၀.၆ % မဲ ရရှိခဲ့ပြီး Thompson က ၄၆ % မဲ ရရှိခဲ့သဖြင့် ဘလွန်းဘက်ဂ် က မဲအသာဖြင့် အနိုင်ရရှိခဲ့သည်။
 
တသီးပုဂ္ဂလပါတီကို ၂၀၁ဝ ဇန်နဝါရီတွင် ပြန်လည်ဖြည့်ဆည်းခဲ့ပြီးနောက် ၂၀⁠၀၉ အောက်တိုဘာ ၃ဝနှင့် ၂၀⁠၀၉ နိုဝင်ဘာ ၂ နေ့များတွင် သူကိုယ်ပိုင်ငွေကြေးများထဲမှ ဒေါ်လာ ၆၀၀,၀⁠၀ဝ ကို နှစ်ကြိမ်တိုင်တိုင် ထောက်ပံ့ကူညီခဲ့ ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။ တသီးပုဂ္ဂလပါတီသည် ထိုထောက်ပံ့ကူညီခဲ့သည့်ငွေထဲမှ ဒေါ်လာ ၇၅၀⁠၀၀ဝ ကို ရီပတ်ဘလစ်ကန်ပါတီမှ နိုင်ငံရေးသမား ဂျွန် ဟက်ဂါတီ ဂျူနီယာ ကို ပေးခဲ့သည်။
စာကြောင်း ၄၈ -
ဘလွန်းဘက်ဂ် သည် အများစုက ဒီမိုကရက်တစ်ကိုထောက်ခံအားပေးသည့်မြို့မှာ ပြန်လည်အရွေးချယ်ခံခဲ့ရသည့် ရီပတ်ဘလစ်ကန် အမတ်များဖြစ်ကြသော Rudy Giuliani နှင့် Fiorello La Guardia တို့နှင့်ဆက်သွယ်ခဲ့သည်။ ( ဂျွန်လင်ဆေးသည် ရီပတ်ဘလစ်ကန်အဖြစ်မှတ်ပုံတင်ထားသည့်ကြားက နှစ်ကြိမ်တိုင်တိုင် နယူးယောက်မြို့တော် ဝန်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ သို့သော် လင်ဆေးသည် ၁၉၆၉ တွင်ပြန်လည်ရွေးကောက်ခံရန်အတွက် စည်းရုံးရေး လှုပ်ရှားမှုပြုလုပ်စဉ်အတွင်း ရီပတ်ဘလစ်ကန်ပါတီမှ အဆိုပြုခြင်းခံရသူအဖြစ်ရောက်ရှိခဲ့သော်လည်း လက်မခံခဲ့ပေ။ သို့သော် Liberal အတွက် ရွေးကောက်ခံရမည့်သူများစာရင်းတွင် ပါဝင်သည်အထိအောင်မြင်စွာ ယှဉ်ပြိုင်နိုင်ခဲ့ပြီး သူ၏ ဒုတိယသက်တမ်းတွင် ဒီမိုကရက်တစ်ပါတီနှင့် ဆက်သွယ်ခဲ့သည်။ )
 
ပညာရေးကိုပြုပြင်ပြောင်းလဲခြင်းမှာ ၎င်း၏ ပထမရာထူးသက်တမ်းအပြီးမှာ ကျန်ရစ်ခဲ့ရမည့်အမွေဖြစ်ပြီး ဆင်းရဲ မွဲတေမှုတိုက် ဖျက်ရေးမှာမူ ဒုတိယရာထူးသက်တမ်းအပြီးတွင် အမွေအဖြစ်ချန်ခဲ့လိုသည့်အရာ ဖြစ်ကြောင်း မိုက် ကယ်ဘလွန်းဘက်က ဆို သည်။ အချို့ကမှု ၎င်းသည် နိုင်ငံရေးရလဒ်ကို အကြောင်းပြု၍ မြို့တော်တလွှားရှိနေ့ ကလေးထိန်းကျောင်း ၁၇ ခုကိုပိတ်ပစ်လိုက်သည်ဟု စွပ်စွဲကြသည်။ သူသည် နိုင်ငံရေးအရလက်တွေ့ကျပြီး ၎င်း၏ လုပ်ငန်းဆန်⁠ဆန်စီမံခန့်ခွဲပုံများက ပုဂ္ဂလိကလုပ်ငန်းများတွင် ကျင် လည်ခဲ့သော လုပ်ငန်းရှင်တစ်ဦး၏ အတွေ့အကြုံရှိမှုကို ဖော်ပြနေသည်။ ဘလွန်းဘတ်သည် စာရင်းဇယားကျနသူ ဖြစ်ပြီး မြို့တော်အုပ်ချုပ်ရေးကို ဆောင်ရွက်ရာတွင်အကျိုးအမြတ်ကျန်မည့်မူဝါဒမျိုးကိုသာ ဈေးတွက်⁠တွက်၍ ဆောင် ရွက်လေ့ရှိသည်။ အုပ်ချုပ်ရေးဝန်ထမ်းများကို ခန့်ထားရာတွင် လုပ်ငန်းကျွမ်းကျင်မှုကိုသာ အဓိကထား၍ ခန့်ထား လေ့ရှိပြီး လုပ်ငန်းခွင်တွင် ၎င်းတို့ဘာသာ၎င်းတို့ဆုံးဖြတ်လုပ်ကိုင်နိုင်ရန် လွတ်လပ်ခွင့်ကျယ်⁠ကျယ်ပြန့်⁠ပြန့်ပေး လေ့ရှိသည်။ နှစ်ပေါင်း ၁၉ဝ သက်တမ်းရှိခဲ့သော အစဉ်အလာကို ဖျက်ကာနယူးယောက်တိုင်း(မ်) နိုင်ငံရေးသတင်း ထောက် Adam Nagourney က Bullpen ဟုခေါ်သော ရုံးခန်းအဖွင့် အစီအစဉ်ကို ကျင့်သုံးခဲ့သည်။ ထိုရုံးခန်းဖွဲ့ စည်းပုံမှာ နယူးယောက်မှ ကုန်သွယ်ရေးခန်းမများနှင့် ဆင်တူပြီး ဒါဇင်ပေါင်းများစွာသော လက်ထောက်များ၊ စီမံခန့် ခွဲရေးဝန်ထမ်းများက ခန်းမကျယ်ကြီးတခုတွင် အတူတကွ စုပေါင်းရုံးထိုင်ကြခြင်းမျိုးဖြစ်သည်။ ထိုရုံးခန်းဒီဇိုင်းမှာ ဝန်ထမ်းများ၏ တာဝန်ခံတက်မှုနှင့် အလွယ်တကူဆက်ဆံနိုင်မှုမျိုး ပေါ်ပေါက်လာရန် ရည်ရွယ်ပေသည်။
 
နယူးယောက်မြို့တွင်းနှင့် မြို့ပြင်တွင် နေထိုင်သူအမေရိကန်များကို ၂၀၁ဝ နိုဝင်ဘာတွင် ပြုလုပ်ခဲ့သော ပြည်သူ့စစ် တမ်းကောက်ယူမှုတရပ်ကိုမှု ဘလွန်းဘတ်ကို နှစ်သက်သူ ၁၉ % ပေါ်ထွက်လာခဲ့ပြီး ၃၈ % က မနှစ်သက်ဟု ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ အများစုဖြစ်သော ၃၈ % သည်အ များပြည်သူနှင့်ဆိုင်သည့် မူဝါဒများနှင့် ပက်သက်ပြီး မထောက်ခံသည့် သဘောထားရှိကြောင်း ဖော်ပြကြသည်။
 
== နိုင်ငံရေး ခံယူချက် ==
ဘလွန်းဘက်လိုလားသောမူဝါဒများသည် ဒီမိုကရက်တစ်တို့နှင့်ဆင်သည်ဟုပြောနိုင်သလို ရီပတ်ဘလစ်ကန်တို့နှင့် ဆင်သည်များလည်းရှိသည်။ သူသည် လူမှုရေးအရ လစ်ဘရယ်သမားဖြစ်ရာ သန္ဓေသားဖျက်ချခွင့်၊ မိန်းမလျာများ လက်ထပ်ခွင့်၊ သေနတ်ကိုင်ဆောင်ခွင့်နှင့် နိုင်ငံခြားသားများ နိုင်ငံသားအဖြစ်ခံယူနိုင်ခွင့်အစရှိသည့် မူဝါဒများကို ထောက်ခံသူဖြစ်သည်။ စီးပွားရေး၊ နိုင်ငံခြားရေးနှင့် ပြည်တွင်းရေးကိစ်စများတွင်မူ ၎င်းမှ ကွန်ဆာဗေးတစ်အနေဖြင့် ရပ်တည်လေ့ရှိသည်။ အီရတ်မှတပ်များ ပြန်လည်ရုတ်သိမ်းရန်ရက်အပြီးသတ် သတ်မှတ်ခြင်းကို ဆန် ့ကျင်သူ ဖြစ်ရာပြန်လည်ရုတ်သိမ်းရန် လိုလားသူများကိုလည်း ဝေဖန်လေ့ရှိသည်။ စီးပွားရေးအရမှု လူမှုဖူလုံရေးနှင့် သဘာဝ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးတို့တွင် အစိုးရ၏ အရေးယူဆောင်ရွက်မှုကို လိုလားသူဖြစ်သည်။ သို့သော် လွတ်လပ် သောကုန်သွယ်ရေးကို အပြည့်အဝထောက်ခံပြီး စီးပွားရေးကို အဓိကထားသူဖြစ်သည်။ ၎င်းမှာ ဘဏ္ဍာရေးအရ ကွန်ဆာဗေးတစ်ဖြစ်သူဟု ကြွေးကြော်လေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ မြို့တော်၏ ဝင်ငွေထွက်ငွေကို မကွာဟအောင် ထိမ်းသိမ်းရန်ကြိုးစားသောကြောင့် ဖြစ်သည်။
=== လူမှုရေး ဆိုင်ရာ ကိစ္စရပ်များ ===
မျိုးဆက်ပွားခြင်းနှင့် ပက်သက်ပြီး ရွေးချယ်ပိုင်ခွင့်ရှိခြင်းမှာ အခြေခံလူ့အခွင့်အရေးတရပ်ဖြစ်ပြီး မဖြစ်မနေအသိ အမှတ်ပြုကြရမည် ဖြစ်သည်။ ဘလွန်းဘတ်က သန္ဓေသားရွေးချယ်ပိုင်ခွင့်ကို အသိအမှတ်မပြုသူများအားလုံးကို ဆန့်ကျင်ကြောင်းပြောကြားပြီး သန္ဓေသားဖျက်ချခွင့်ကို ထောက်ခံ ထားသည်။ ၎င်းက Pro Life ဟု ခေါ်သော သန္ဓေသားဖျက်ချခွင့်ကို အသိအမှတ်မပြုလိုသော နိုင်ငံရေး သမားများအားထောက်ခံသည့် Pro Choice ခေါ် သန္ဓေသားဖျက်ချခွင့်ကိုထောက်ခံသူများအား ဝေဖန် လေ့ရှိသည်။ ၎င်း၏ ဝေဖန်ချက်မှာ အထက်လွှတ်တော်ရွေး ကောက်ပွဲတွင် Pro Life တဦးဖြစ်သူ Bob Casey ကို ထောက်ခံသည့် နယူးယောက်အထက်လွှတ်တော်အမတ် Chuck Schuner ကို ရည်ညွန်း လိုပုံရသည်။
ဘလွန်းဘတ်သည် မြို့တော်၏ လူမှုရေးပြသာနာအတော်များ⁠များနှင့် ပက်သက်၍မှု လစ်ဘရယ်ဖြစ်သော မှုဝါဒများ ကို ချမှတ်လေ့ရှိသည်။ ၎င်းက မျိုးပွားခြင်းဆိုင်ရာပင်မကလပ်စည်းသုတေသနများကို အစိုးရက အထောက်ပံ့ပေး ရန်လိုလားပြီး ထိုကိစ္စကို မထောက်ခံသော ရီပတ်ဘလစ်ကန်များကို “ ကျိုးကြောင်း မသိသူများ” ဟု ပြစ်တင်လေ့ရှိ သည်။ လိင်တူချင်းလက်ထပ်ထိမ်းမြားမှုကိုလည်း လက်ခံသည်။ ထို ကိစ္စနှင့် ပက်သက်၍ ၎င်း၏ ခံယူချက်မှာ မည်သူ ကမည်သူ့ကိုမဆိုလက်ထပ်ပိုင်ခွင့်ရှိမည်ဟူ၍ ဖြစ်သည်။
နယူးယောက်မြို့တော်တွင် မူးယစ်ဆေးဝါးဥပဒေကို တင်းကြပ်စွာပြဌာန်းရန်လိုလားသည်။ ယခင်ကမှု ၎င်းအနေဖြင့် လည်းဆေးခြောက်သုံးစွဲဖူးကြောင်း ၎င်းကိုယ်တိုင်ထုတ်ပြောခဲ့ဖူးသည်။ ၂၀⁠၀၁ က အင်တာ ဗျူးတခုတွင် “ခင်ဗျားတို့ သေချာပေါက်ပြောလို့ရတာက ကျွန်တော်ဆေးခြောက်သုံးစွဲဖူးတယ်။ ကြိုက် လည်းကြိုက်ခဲ့တယ်”ဟုဆိုလေသည်။ ထိုစကားကို Normal ၏ ဒေါ်လာ ၅၀၀,၀⁠၀ဝ တန်သည်ဟု ဆိုကြ သော ကြေငြာလှုံဆော်မှုတွင် ၎င်း၏ ရုပ်ပုံနှင့်တကွ ထည့်သုံးခဲ့ကြသည်။ ၂၀⁠၀၂ အင်တာဗျူးတခုတွင် ဘလွန်းဘတ်က ဤကဲ့သို့ပြောကြားခဲ့ခြင်းအတွက် နောင်တရမိ ကြောင်း ပြောကြားခဲ့သည်။ ၎င်းမှာ ဆေး ခြောက်ကိုတရားဝင်သုံးခွင့်ပေးသင့်သည်ဟူသောအယူအဆကို လက်မခံတော့သူလည်းဖြစ်သည်။
စာကြောင်း ၆၃ -
မြို့တော်ဝန်ရာထူးကို ထမ်းဆောင်နေခဲ့စဉ် ပညာရေးပြုပြင်ပြောင်းလဲမှုများကိုလည်း ဆောင်ရွက်ခဲ့သည်။ မြို့တော် ပညာရေးကို ပြည်နယ်အုပ်ချုပ်ရေးက ဖွဲ့စည်းပေးထားသောဘုတ်အဖွဲ့၏ လက်အောက်တွင် ထားမည့်အစား မြို့ တော်ဝန်၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်တွင် ထားရှိခဲ့သည်။ ဆရာများ၏လစာကို ၁၅%ခန့် တိုးမြှင့်ပေးခဲ့ကာ မြို့ တော်အတွင်းရှိ ကျောင်းသားများ၏ ပညာရေးရမှတ်များနှင့် ပညာရေး အောင်မြင်စွာပြီးဆုံးမှုနှုန်းများလည်း တိုးတက် လာခဲ့သည်။ ကျောင်းသားများကို အရည်အသွေးမပြည့်မီပဲ အတန်းတက်ပေးခြင်းကို ဘလွန်းဘတ်က မလျော်ကန် သောလူမှုရေးလုပ်ရပ်အဖြစ် ပြင်းပြင်းထန်ထန် တားမြစ်ပြီး ကျောင်းသားများမှာ နောင်တက်မည့်အတန်းအတွက် တကယ်အဆင်သင့်ဖြစ်မှသာလျှင် အတန်းတက်ပေးသင့်သည်ဟု ၎င်းကဆိုသည်။
 
ထို့အပြင်ပညာရေးတွင် အများ နှင့်တန်းတူမလိုက်နိုင် သူများအတွက် ကျောင်းပြင်ပသင်တန်းများဖွင်လှစ်ပေးရန်လည်း စိတ်ထက်သန်သူဖြစ်သည်။ မြို့တော်ဝန် အာဏာဖြင့် ကျောင်းတွင်ကလေးများ လက်ကိုင်ဖုန်းသုံးစွဲခြင်းကို တင်းကြပ်စွာ တားမြစ်ခဲ့သည်။ကမ္ဘာကြီးပူနွေးလာမှုကို တုံပြန်ရာတွင် နယူးယောက်အနေဖြင့် တက်ကြွစွာပါဝင်ရန် ၎င်းက “PlanNYC : A Greener, Greater New York ” ဟု ခေါ်သော ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချရေးအစီအစဉ်တရပ်ဆောင်ရွက် ပေးခဲ့သည်။ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးကို ဆောင်ရွက်နေသည်နှင့်တပြိုင်နက် ၂၀၃ဝ အမီ နေရာပေးနိုင် သော အစီအစဉ်များရေးဆွဲခဲ့သည်။ အခြားမြို့တော်ကြီးများကိုလည်း နယူးယောက်ကဲ့သို့ဆောင်ရွက်ကြရန် ဘလွန်းဘတ်က C – 40 မြို့တော်ကြီးများ ရာသီဥတု ထိပ်သီးညီလာခံတွင် တိုက်တွန်းခဲ့သည်။ အဆိုပါညီလာခံတွင် ၎င်းက “ကမ္ဘာကြီးပူနွေးလာသည့် ကိစ္စဟာတကယ်ဖြစ်တယ်ဆိုတာ သံသယရှင်း⁠ရှင်းနဲ့ကျွန်တော်တို့သိခဲ့ကြပြီးပြီ အခုအချိန်မှာ ပြသာနာကဒါကိုကျွန်တော်တို့ဘယ်လိုဖြေရှင်းကြမလဲဆိုတာပဲ။ ကျွန်တော်တို့ဘာလုပ်ကြမလဲ” ဆက်လက် ရာသီဥတုပြောင်းလဲလာခြင်းကို ဖြေရှင်းရန်အတွက်ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချရန်၊ ပို၍ သန့်ရှင်းသော၊ ထိရောက်သော လောင်စာများကို သုံးစွဲရန်နှင့် အများသုံးသယ်ယူပို့ဆောင်ရေး ယာဉ်များကို ပို၍ သုံးစွဲကြရန် တိုက်တွန်းထားသည်။ သို့သော် ၎င်း၏ စိတ်ကူးအကြံဉာဏ်များမှာလည်း ထင်တိုင်း မပေါက်ပဲ အကောင်အထည်ပေါ်ရန် အခက်ကြုံရသည့်အခါလည်း ရှိသည်။ ဥပမာ မက်ဟန်တန်လမ်း ၆ဝ အောက် ပိုင်းတွင်ယာဉ်ကြောပိတ်ဆို့ခြင်းကို အခွန်ကောက်မည့် ကိစ်စအား နယူးယောက်ပြည်နယ်ရှိ လွှတ်တော်က ပယ်ချ လိုက်သည်။
 
ပြည်ထဲရေးနှင့် ပြည်တွင်းလုံခြုံရေး ကိစ္စရပ်များတွင်မှု တင်းကြပ်သော လူဝင်မှုကြီးကြပ်ရေးပေါ်လစီကိုလိုလားသည့် ဆိုရှယ်ကွန်ဆာဗေးတစ်များကို ဘလွန်းဘတ်က လက်တွေ့မကျသူများဟု ဝေဖန်လေ့ရှိသည်။ “ ဒီလူ ၁၂ သန်း လောက်ကို ကျွန်တော်တို့ပြန်ပို့ ဖို့လဲမရှိဘူး။ ဒီတော့ စိတ်ကူးယဉ်နေတာကို ရပ်လိုက်တော့။ သူတို့ကိုအမြဲတမ်း နေထိုင်ခွင့်ပေးဖို့သာစဉ်းစားတော့” ဟု ၎င်းကဆိုသည်။ ၎င်းက အမေရိကန်နိုင်ငံသားဟုတ်မဟုတ်ကို စစ်ဆေးနိုင် ရန် နိုင်ငံသားတိုင်း၏ DNA နှင့် လက်ဗွေကောက်ယူမည့် ဗဟိုအစိုးရ၏ အစီအစဉ်ကိုထောက်ခံပြီး ထိုအထောက် အထားများဖြင့် တိုက်၍ စစ်ဆေးခြင်းက ထိရောက်မည်ဟုယူဆသည်။ အမေရိကန်ပြည်ထောင်စုတွင် တရားမဝင် ရောက်ရှိနေသော နိုင်ငံခြားသားများကို နိုင်ငံသားများအဖြစ် သတ်မှတ်ပေးသင့်သည်ဟု ဘလွန်းဘတ်ကယုံကြည် ထားပြီး ဂျွန်မက်ကိန်းနှင့် ကွယ်လွန်သူတက် ( ဒ် ) ကနေဒီတို့ ၂၀⁠၀ရ တွင် အဆိုပြုခဲ့သော လူဝင်မှုကြီးကြပ်ရေးမူ သစ်ကိုထောက်ခံသူဖြစ်သည်။ နယ်စပ်လုံခြုံရေးနှင့်ပက်သက်ပြီး နိုင်ငံခြားသားများ ဝင်ရောက်လာမှုအား တင်းကြပ် ခြင်းကို ဘလွန်းဘတ်က ဒီရေကိုတားဆီးကြသူများဟု တင်စားသည်။ “ ကွန်မြူနစ်တွေ ရာစုနှစ်တခုလုံး⁠လုံးမလုပ် နိုင်ခဲ့သည့်အရာတွေ ကျွန်တော်တို့အတွက်လုပ်ပေးဖို့ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ တွေပေါ်မှာ ကျွန်တော်တို့ကမျှော် လင့်ပါတယ်။ ဒါဟာ ဈေးကွက်သဘောအရ ရောင်းလိုအားနဲ့ ဝယ်လိုအားစီးဆင်းနေတဲ့ သဘောကို ဆန့်ကျင်နေ တဲ့အပြင် လူတွေရဲ့သဘာဝလွတ်လပ်မှုနဲ့အခွင့်အလမ်းရှာလိုမှုတွေကို တားဆီးပိတ်ပင်ရာရောက်တယ်။ ဒီလို တားဆီးနေတာက ပင်လယ်ကမ်းခြေမှာ ကုလားထိုင်တလုံးပေါ်ထိုင်ပြီး တက်လာတဲ့ဒီရေကို မလာနဲ့လို့ပြောနေသ လိုပဲ” ဟု ဘလွန်းဘတ်က ဆိုသည်။ “အမေရိကန်ဟာလူသားတိုင်းကို တန်းတူညီမျှမှုပေးနိုင်တဲ့မြေ၊ အမေရိကားကို တည်ထောင်ခဲ့ကြသူတွေ အရယူပေးခဲ့တဲ့လူသားတိုင်းရသင့်ရထိုက်တဲ့ အခွင့်အရေး၊ ခံစားခွင့်တွေဖြစ်တဲ့ ဘဝကို တည်ဆောက်ခွင့် လွတ်လပ်မှု၊ ပျော်ရွင်မှုကို ရှာဖွေနိုင်ဖို့အတွက် အခွင့်အရေးတွေပေးနိုင်တဲ့နိုင်ငံဖြစ်နေသေးသရွေ့ အဝေးကရော အနီးကရောလူတွေဟာ ဒီနိုင်ငံထဲဝင်ဖို့ကြိုးစားနေကြဦးမှာပဲ။
 
“၂၀⁠၀၁ စက်တင်ဘာတိုက်ခိုက်မှုမှာ တကြိမ်တခါသာဖြစ်နိုင်သည့်လုပ်ကြံမှုမျိုးအဖြစ် ဘလွန်းဘတ်က မယုံကြည်ပေ။ သူမြို့တော်ဝန်ရာထူးကို လက်ခံခဲ့ချိန်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗျူရိုတခုကို ဖွဲ့စည်း၍ ကမ္ဘာတဝှမ်းလုံးမှနေ ၍ နယူးယောက်မြို့သို ဦးတည်လာနိုင်သည့် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ပက်သက်သော သတင်းအချက် အလက်များစုဆောင်းရန် NYPD ထောက်လှမ်းရေးဌာနနှင့် လက်တွဲဆောင်ရွက်စေခဲ့သည်။
စာကြောင်း ၇၉ -
 
ဘလွန်းဘတ်သည် ၁၉၇၅ တွင် ယော့ရှိုင်းယားသူ ဆူဆန်ဘရောင်းနှင့်လက်ထပ်ခဲ့သည်။ ထိုပထမဆုံးဇနီးနှင့် သမီးနှစ်ဦးဖွားမြင်ခဲ့ပြီး ၎င်းတို့မှာ ဘဲမာ ( ၁၉၇၉ ) နှင့် ဂျော်ဂျီယာနာ ( ၁၉၈၃ ) တို့ဖြစ်ကြသည်။ ထိုသမီးနှစ်ဦးကို Born Rich ဟု အမည်ရသော ကျိကျိတက်ချမ်းသာသော သူကြွယ်သူဌေး၏ သားသမီးများအကြောင်းရိုက်ကူးထား သော မှတ်တမ်းရုပ်ရှင်တွင် ထည့်သွင်းရိုက်ကူးခဲ့သည်။ ဘလွန်းဘတ်သည် ဆူဆန်ဘရောင်းနှင့် ကွာရှင်းခဲ့ပြီး နောက်ပိုင်းတွင် နယူးယောက်ပြည်နယ် ဘဏ်လုပ်ငန်းအုပ်ချုပ်ရေးမှူးဟောင်း ဒိုင်ယာနာတေလာနှင့် ချစ်ကြိုးသွယ် နေသည်ဟု ဆိုကြသည်။
ဘလွန်းဘတ်သည် Solomon Brothers ကုမ္ပဏီနှင့် စီးပွားဖက်များဖြစ်လာပြီး ငွေချေးစာချုပ်အရောင်းအဝယ် လောကသို့ဝင်ရောက်ကာ စီးပွားရေးလမ်းကြောင်းများရှာဖွေခြင်းလုပ်ငန်း များတွင် ပါဝင်ခဲ့သည်။ ၁၉၈၁ တွင် ထို ကုမ္ပဏီနှင့်လမ်းခွဲခဲ့ပြီးအလုပ်ထွက်ရသည့်အတွက် နစ်နာကြေး အဖြစ်ဒေါ်လာ ၁ဝ သန်းရရှိခဲ့သည်။ ထိုငွေများကို အသုံးပြုကာ Innovative Market Systems ဟု အမည် ရသော ကုမ္ပဏီတခုကို တည်ထောင်ခဲ့သည်။ ၁၉၈၂ တွင် Merrill Lynch က ဘလွန်းဘတ်၏ ကုမ္ပဏီ၎င်း စတင်ဆက်ဆံသောဖောက်သည်တဦးဖြစ်လာခဲ့ပြီး ဘလွန်းဘတ် အကူအညီဖြင့် ကုမ္ပဏီ၏ ဈေးကွက်သစ် ပေါင်း ၂၂ ခုသို့လုပ်ငန်းဖြန့်ထုတ်နိုင်ခဲ့ပြီး ကုမ္ပဏီတွင် ဒေါ်လာသန်း ၃ဝ ဝင်ရောက်မြုပ်နှံသူ ဖြစ်လာ ခဲ့သည်။ ထိုကုမ္ပဏီကို ၁၉၈၆ တွင် ဘလွန်းဘက်ဂ် LP ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ၁၉၈၇ အထိ ထိုကုမ္ပဏီကချဲ့ထွင်ခဲ့သောဈေးကွက်သစ်ပေါင်း ၅၀⁠၀ဝ ကျော်ရှိလာခဲ့ပြီးဖြစ်သည်။ နှစ်အနည်းငယ်အတွင်း ဘလွန်းဘတ်၏ ကုန်သွယ်ရေးပလက်ဖောင်း Boomber Trodebook, the ဘလွန်းဘက်ဂ် Messaging Source ခေါ် ဘလွန်းဘတ်သတင်းအချက်အလက်ပို့ဆောင်ရေးလုပ်ငန်းနှင့် မီဒီယာအဖြစ် ဘလွန်းဘက်ဂ် သတင်းဌာနကို စတင်တည်ထောင်ခဲ့သည်။ ၎င်း၏ ကုမ္ပဏီမှာ လက်ရှိအချိန်အထိ ရေဒီယိုလိုင်းတခုကို လည်း ပိုင်ဆိုင်ပြီး နယူးယောက်မြို့တော်အတွက် 1133 VVBBR – AM မှထုတ်လွှင့် လျှက်ရှိသည်။ နယူးယောက် မြို့တော်ဝန်အဖြစ် နိုင်ငံရေးလောကသို့ဝင်ရောက်ရန်အတွက် ဘလွန်းဘတ်က ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ရာထူးမှ နှုတ်ထွက်ခဲ့သည်။ ထို့နောက်၎င်း၏ နေရာသို့Lex Fenwick က ဆက်ခံ ခဲ့သည်။ ယခုအခါ ကုမ္ပဏီ ဥက္ကဌတာဝန် ကို ယခင်ဘလွန်းဘတ်၏ လက်အောက်တွင် ဒုတိယမြို့တော် ဝန်အဖြစ်အမှုထမ်းခဲ့သော Dan Doctorff က ထမ်းဆောင် လျက်ရှိသည်။
 
နယူးယောက်မြို့တော်ဝန်အဖြစ်ရရှိသောလစာကိုမယူရန် ဘလွန်းဘတ်က ဆုံးဖြတ်ခဲ့ပြီး ၎င်း၏လစာအစား ချီးမြှင့် သောနှစ်စဉ် တစ်ဒေါ်လာကျစီကိုသာ လက်ခံထားသည်။ ထို့အပြင် နယူးယောက်မြို့တော်ဝန်များ ၏ အဆောင် ယောင်ဖြစ်သော မြို့တော်ဝန်အိမ်ယာ Gracie Mansion တွင် မနေပဲ မက်ဟန်တန်အပေါ်ပိုင်း အရှေ့ဘက်ခြမ်းရှိ မက်ဒီဆင်လမ်းနှင့် အမှတ် ၅ ရိပ်သာလမ်းကြားတို့ကြားရှိ ၇၉ လမ်း၊ အိမ်အမှတ် ၁၇ တွင်နေထိုင်သည်။ ထို့အပြင် ၎င်း၏အိမ်လိပ်စာကို အများသူငါနည်းတူ တယ်လီဖုန်းလမ်းညွှန်စာအုပ်တွင် ဖော်ပြမြဲ ဖော်ပြထားခဲ့သည်။ ဘလွန်း ဘတ်မှာ ထိုအိမ်အပြင်လန်ဒန်၊ ဘာမြူဒါနှင့် ဗေးလ်တို့တွင်လည်း အိမ်များပိုင်ဆိုင်သည်။
 
၎င်း၏ ပြောကြားချက်အရ ၎င်းမှာ နယူးယောက်မြို့တော်မြေအောက်ရထားကို မကြာခဏစီးနင်းသူ ဖြစ်သည်။ အထူးသဖြင့် ၎င်း၏ နေအိမ်ရှိရာ ၇၉ လမ်းနှင့် မြို့တော်ခန်းမရှိ ရုံးခန်းသို့ရထားဖြင့် သွားလာလေ့ရှိသည်ဟု ဆို သည်။ သို့သော် ၂၀⁠၀၇ ခုနှစ်တွင် ရေးသားခဲ့သော The New York Times သတင်းတပုဒ်ကမှု ၄င်း၏အဆိုနှင့် ပြောင်းပြန်ဖြစ်နေသည်ကို တွေ့ရသည်။ လိုကယ်ရထားမှ အမြန်ရထား ကို လက်စ်က်ကင်တန်ရိပ်သာလမ်းတွင် ပြောင်းစီးရခြင်းကို ရှောင်ရှားရန်အတွက် ၎င်းကို အမြန်ရထား ဘူတာရုံသို့နယူးယောက်ရဲဌာနပိုင် SUVs နှစ်စီးဖြင့် လိုက်ပါပို့ဆောင်ရလေ့ရှိသည်ဟု ထိုသတင်းက ဆိုသည်။
စာကြောင်း ၈၈ -
၂၀⁠၀၉ မတ်လ Forbes Magazine ၏ ဖော်ပြချက်အရ မိုက်ကယ်ဘလွန်းဘတ်၏ ပိုင်ဆိုင်မှုမှာ ၁၆ ဘီလီယံရှိသည် ဟုဆိုသည်။ သူသည် စီးပွားရေးပျက်ကပ်အတွင်း အမေရိက၏ အအောင်မြင်ဆုံးဘီလီယံနာတဦးအဖြစ် ရပ်တည်နိုင် ခဲ့ကာ ယမန်နှစ်တစ်နှစ်ထဲတွင် ၄.၅ ဘီလီယံဝင်ငွေရရှိခဲ့သည်။ ထို့ကြောင့် ၂၀⁠၀၉ ခုနှစ်အတွင်း စည်းစိမ်အများဆုံးတိုးခဲ့သောသူတဦးဟုလည်း ဆိုနိုင်သည်။ အမေရိကန်တွင် ဘလွန်းဘတ်ထက်ပိုချမ်းသာသူ ၄ ဦးသာ ရှိသည်ဟု ၂၀⁠၀၉ ခုနှစ် ကိန်းဂဏန်းများကဆိုသည်။ Wall-Mart မိသားစုမှာ ဘလွန်းဘတ်ထက် ပို၍ချမ်းသာ သော်လည်း စည်းစိမ်အာလုံးမှာ မိသားစု ၄ ဦး ခွဲယူရမည်ဖြစ်သောကြောင့် ဘလွန်းဘတ်ကိုမကျော်ဟု ဆိုနိုင်သည်။ Forbes Magazine ၏ ကမ္ဘာ့ဘီလီယံနာစာရင်းတွင် ဘလွန်းဘတ်မှာ ၂ နှစ်အတွင်း နံပါတ် ၁၄၂ မှ နံပါတ် ၁ရ သို့ ခုန်တက်ခဲ့သွားခဲ့သည်။
 
== ပရဟိတလုပ်ငန်း လှူဒါန်းမှုများ ==
 
၎င်း၏ ကိုယ်ပိုင်ကြွယ်ဝမှုအပြင် နိုင်ငံရေးရာထူးကိုပါ ပိုင်ဆိုင်ထားသူဖြစ်ရာ ဘလွန်းဘတ်အနေဖြင့် စေတနာအလျောက် လှူခြင်းတန်းခြင်းများကို အတော်ပင်ဆောင်ရွက်နိုင်သူဖြစ်သည်။ ၎င်းပြုခဲ့သော အလှူ အတန်းများတွင် ဂျွန်ဟော့ကင်း တက္ကသိုလ်သို့ဒေါ်လာ သန်း ၃၀ဝ လှူဒါန်းခဲ့ခြင်းလည်းပါဝင်သည်။ သူသည်အဆိုပါတက္ကသိုလ်၏ ဘုတ်အဖွဲ့ဥက်ကဌရာထူးကို ၁၉⁠၉၆ ခုနှစ်မှ ၂၀⁠၀၂ ခုနှစ်အထိ တာဝန် ယူခဲ့သူလည်းဖြစ်သည်။
စာကြောင်း ၁၀၂ -
၂၀⁠၀၉ ခုနှစ်တွင် ရပ်ရွာကျန်းမာရေးစောင့်ရှောက်မှုခေါင်းဆောင်ကောင်းဆုကို Robert Wood Johnson Foundation ၏ တနိုင်ငံလုံးဆိုင်ရာ ရပ်ရွာခေါင်းဆောင်ရွေးချယ်ရေးအစီအစဉ်က ချီးမြှင့်ခဲ့သည်။ ဘလွန်းဘတ်မှာ နယူးယောက်မြို့သူမြို့သားများအတွက် ကျန်းမာရေးနှင့်ညီညွတ်သောအစားအသောက် များ ရရှိစေရေးနှင့် ကိုယ် လက်လှုပ်ရှားမှုများဆောင်ရွက်နိုင်သည်။ အခွင့်အလမ်းများပိုမိုပေါ်ပေါက်လာရေး အတွက် မူဝါဒများ၊ လုပ်ငန်းများကို ချမှတ်ဆောင်ရွက်ခဲ့သူဖြစ်ခြင်းကြောင့် ဖြစ်သည်။ ၎င်း၏ လုပ်ဆောင် ချက်များအနက်မှတစ်ခုမှာ ကုန်စိမ်းဆိုင်ကျဲပါး သောနေရာများတွင် ကုန်စိမ်းဆိုင်များပေါ်ပေါက်လာစေ ခြင်းဖြစ်သည်။ မြို့အုပ်ချုပ်ရေးအစီအစဉ်တရပ်အဖြစ် “FRESH” ဟူသော စီမံကိန်းတရပ်ကို ဆောင်ရွက်ကာ ရောင်းချခွင့်ရှိသည့်နယ်မြေများဖော်ထုတ်ပေးခြင်း၊ ဆိုင်ဖွင့်သူ များ၊ ဆိုင်ဝန်ထမ်းများနှင့် ပိုင်ရှင်များကို ငွေကြေးဆိုင်ရာအထောက်အပံများပေးခြင်းအားဖြင့် ဆွဲဆောင်ခဲ့ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ၎င်း၏ လက် ထက်တွင် healty Bodega ဟု ခေါ်သောအစီအစဉ်က ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက် နမူနာများထုတ်လုပ်ကာ နွမ်းပါးသောဧရိယာများရှိကုန်စိမ်းရောင်းချသူများကို ပညာပေးသဘော ဖြင့်ဖြန့် ဝေခဲ့သည်။ ထိုရပ်ကွက်များတွင် ထိုနမူနာဖြန့်ဝေရာအရပ်များ၌ လာရောက်သူတိုင်း ၁ % သာအဆီပါ သော နို့နှင့်သစ်သီးများ၊ ဟင်းသီးဟင်းရွက်များကို ယူဆောင်သွားခွင့်ပေးခဲ့သည်။ ဘလွန်းဘတ်လက်ထက် တွင် “Green Carts Bill” ခေါ် အစိမ်းရောင်လှည်းများဥပဒေကို ပြဌာန်းကာဝင်ငွေနိမ့်သော ရပ်ကွက်များ တွင် ရွေ့လျားလှည်းများဖြင့်ဈေးရောင်းခြင်းကို ခွင့်ပြုခဲ့သည်။ ထိုလှည်းများမှာ လယ်သမားများဈေး ကွက် သို့တိုက်ရိုက်ရောင်းချနိုင်ခြင်းကို အားပေးရန်ဖြစ်ပြီး ယခင်ကပင်ရှိထားခဲ့သော Health Bucks အစီအစဉ် နှင့် ပေါင်းကာ ထိုလယ်သမားဈေးကွက်ကို အားပေးခဲ့သည်။ ထိုအစီအစဉ်အရ ဝင်ငွေနိမ့်ရပ်ကွက်များတွင် နေထိုင်သည့် သတ်မှတ်စည်းကမ်းချက်များနှင့် ညီညွတ်သောသူများကို ထိုဈေးလှည်းများမှ ဝယ်ယူခွင့်နှင့် ကူပွန်များပေးစေကာ ဈေးသည်များနှင့်အတူ ဝယ်သူများကိုပါ ထောက်ပံ့ပေးခဲ့သည်။ ထို့ပြင် ကစားကွင်း များကိုပါ ထောက်ပံ့ခဲ့သည်။ ထို့ ပြင်ကစားကွင်းများအရည်အသွေးကောင်းမွန်လာစေ ရေးအတွက် ဒေါ်လာ ၁⁠၁၁ သန်းကို သုံးစွဲခဲ့သည်။ အမြန်ရ စား သောက်ဆိုင်များနှင့် နာမည်ကျော်စားသောက်ဆိုင်လုပ်ငန်းကြီး များတွင် အစားအသောက်များတွင်ပါဝင်သည့် ပစ္စည်းများ၏ ကယ်လိုရီအချက်အလက်များကို ဖော်ပြပြီး ရောင်းချစေခြင်းဖြင့် ပြည်သူများကို အစားအသောက်ရွေး ချယ်ရာတွင် ဝယ်ယူမည့်အစားအသောက်၏ ကျန်းမာရေးအချက်အလက်များကို ပြည့်ပြည့်စုံစုံသိရှိစေရန် ဆောင် ရွက်ပေးသော ပထမဆုံးအမေရိကန် မြို့ကြီး ၅ မြို့တွင် နယူးယောက်မှာ အပါအဝင်ဖြစ်သည်။
 
ဘလွန်းဘတ်သည် ၄င်း၏ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသော အမျိုးသမီးများကို အဓမ္မပြုသည်ဟု စွပ်စွဲ ခံရသူဖြစ်သည်။ သို့သော် ထိုစွပ်စွဲချက်ကို ၎င်းကငြင်းဆန်ခဲ့သည်။ ၁၉⁠၉၇ တွင် ဘလွန်းဘက်ဂ် L.P မှ ဝန်ထမ်းတဦး ကိုယ်ဝန်ရှိသွားခဲ့ရာ ဘလွန်းဘတ်က “ကိုယ်ဝန်ဖျက်ချလိုက်”ဟု ပြောသဖြင့် တရားစွဲဆိုခဲ့သည်။ ထိုအမှုကို “Great No 16” ဟု အများသိကြလျှက် ထို 16 ဟူသော နံပါတ်မှာ ကုမ္ပဏီမှ ဘလွန်းဘတ်နှင့် ကိုယ်ဝန်ရသွားခဲ့သော အမျိုး သမီးများအနက် ၁၆ ဖြစ်ခဲ့သည်ဟု သို့လောသို့လောတွေးသူများလည်းရှိသည်။ ၂၀⁠၀၈ ဒီဇင်ဘာတွင် “ Protofolio Magazine က “မြို့တော်ဝန်ဘလွန်းဘတ်၏ အမှားမခံသည့် အခြေအနေ” ဟု အမည်ရသည့် သတင်း ပုဒ်ကို ပုံနိုပ်ခဲ့သည်။ ထိုသတင်းအရ ၂၀⁠၀၇ စက်တင်ဘာတွင် ဘလွန်းဘတ်ကုမ္ပဏီ လုပ်ငန်းပိုင်းတွင်အမှုထမ်းကြ သည့်အမျိုးသမီး ၃ ဦးနှင့်ထို ကုမ္ပဏီတွင် ၂၀⁠၀၂ မှ ယနေ့တိုင်အောင်အမူထမ်းခဲ့ကြသော အမျိုးသမီးဝန်ထမ်းအချို့ ကို ကိုယ်စားပြု၍ EEOC က ဘလွန်းဘတ်ကို တရားစွဲခဲ့သည်။ အဆိုပါသတင်း၏ ဆောင်းပါးက “ ထိုနှစ်များအတွင်း အမျိုးသမီးဝန်ထမ်း ၅၀ဝ အနက် ၇၂ ယောက်မှာ မီးဖွားခွင့်ယူခဲ့ကြရာ ကိုယ်ဝန်ဆောင်မှုနှုန်း အတော်ပင်မြင့်မား သည့်ကုမ္ပဏီဖြစ်ကြောင်း” ရေးသားခဲ့သည်။
 
နယူးယောက်မြို့တော်ဝန်ရာထူးသက်တမ်းမှာ ၂ ကြိမ်သာထမ်းဆောင်နိုင်သည့် ဥပဒေရှိရာ ၂၀⁠၀၁ ခုနှစ် တွင် ရာထူး သက်တမ်းကုန်ဆုံးမည့်မြို့တော်ဝန် ရူဒီ ဂျီအူလီယာနီမှာ ပြန်လည်ရွေးကောက်ခံခွင့် မရှိတော့ပေ။ နယူးယောက်မြို့ရှိ နာမည်ကြီးနိုင်ငံရေးသမားအတော်များ⁠များမှာ ၎င်းကို ဆက်ခံရန်ဆန္ဒရှိခဲ့ ကြသည်။ တသက်လုံးဒီမိုကရေတစ်ပါတီ ကိုထောက်ခံလာသော ဘလွန်းဘတ်သည် မြို့တော်ဝန်အဖြစ် အရွေးခံရန်ဆုံးဖြတ်လိုက်ချိန်တွင် ရီပတ်ဘလစ်ကန် တည်းဟူသော ဖဲကိုထုတ်၍ ကစားခဲ့သည်။ Primary အဆင့်ရွေးကောက်ပွဲမှာ ၂၀⁠၀၁ ခုနှစ်စက်တင်ဘာ ၁၁ နေ့ တွင်ဖြစ်ရာထို Primary ကို ရွေ့ဆိုင်းခဲ့ရသည်။ ဆိုင်းထားသော Primary ကို ပြန်လည်ကျင်းပချိန်တွင် ဟာမန် ဘတ်ဒ်လိုကို ဘလွန်းဘတ်က အနိုင် ရခဲ့သည်။ ရီပတ်ဘလစ်ကန်ပါတီတွင်း၌ လူရွေးချယ်မှုပြီးသွားချိန်တွင် ဒီမိုကရတ်တို့၏ လူရွေးသော အခါ ဒီမိုကရေတစ်ပါတီမှ မြို့တော်ဝန်ရာထူးကို ပြိုင်မည့်သူမှာ အစိုးရရှေ့နေ မတ်ခ်ဂျေ ဂရင်း ဖြစ်လာခဲ့သည်။
စာကြောင်း ၁၃၁ -
ဘလွန်းဘတ်မှာ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးကို များစွာစေတနာထက်သန်သူဖြစ်ပြီး ဆင်းရဲချမ်းသာကွာဟ ချက် ကျယ်ပြောနေခြင်းကိုလည်း စိုးရိမ်သူဖြစ်သည်။ ဆင်းရဲတဲ့သူတွေနဲ့ချမ်းသာတဲ့လူတွေကြားက ဓနကွာဟမှုကျယ်သ ထက်ကျယ်လာတဲ့ နည်းမျိုးစုံနဲ့ကျွန်တော်တို့ဖွံ့ဖြိုးအောင် လုပ်ခဲ့ကြတယ်။ ဒီလိုပုံစံ နှင့် ကျွန်တော်တို့ဆက်သွားလို့ မဖြစ်တော့ဘူးလို့၎င်းကဆိုသည်။
 
== နိုင်ငံခြားရေး မူဝါဒ ==
 
ဘလွန်းဘတ်သည် မြို့တော်ဝန်အဖြစ် ၂၀⁠၀၇ ပထမလေးလအတွင်း ဗြိတိန်၊ အိုင်ယာလန်နှင့် အစ်စရေးတို့သို့သွား ရောက်ခဲ့သည်။ ၂၀⁠၀၇ နှောင်းပိုင်းတွင် အာရှခရီးစဉ်ကို စတင်ခဲ့ကာ တရုတ်သို့လည်း ရောက်ရှိခဲ့သည်။ တရုတ်သို့ ရောက်ရှိနေစဉ်အတွင်း တီထွင်ဖန်တီးမှုများအတွက် လွတ်လပ်သောသတင်း အချက်အလက်များ စီးဆင်းမှုလိုအပ်ကြောင်း ဘလွန်းဘတ်က ဆော်ဩခဲ့သေးသည်။ ထို့နောက် ဘာလီ တွင်ကျင်းပနေသော ကုလသမဂ္ဂရာသီဥတု ညီလာခံသို့လည်း တက်ရောက်ခဲ့သည်။
စာကြောင်း ၁၄၀ -
မြို့တော်ဝန်ဘလွန်းဘတ်က အထွေထွေနိုင်ငံတကာရေးရာ ကိစ္စအဝဝကို အကြံဉာဏ်ပေးနိုင်သည့် ထိပ်တန်းနိုင်ငံ ခြားရေးကျွမ်းကျင်သူများ ခေါ်ယူထားသည်။
 
== ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များ …. ==
မြို့တော်ဝန် ဘလွန်းဘက်ဂ် သည် အတိုင်းအတာ ကျယ်ပြန့်သော ဖွံ့ဖြိုးရေး လုပ်ငန်းများကို မကြာခဏ ပါဝင်လုပ်ဆောင် တတ်သည်။ သူသည် အတ်တလန်တိတ် သမုဒ္ဒရာ ဝန်းကျင်ရှိ ဖွံ့ဖြိုးရေး လုပ်ငန်းကြီးများ၊ Hudson ဒေသဝန်းကျင်ပြန်လည်ထူထောင်ခြင်း၊ နှင့် Herlem ဒေသ ပြန်လည်သတ်မှတ်ရေး စီမံချက် ကဲ့သို့သော စီမံကိန်းများကို အဓိက အာရုံထား၍ ထပ်ခါထပ်ခါ လုပ်တတ်သည်။ ဒီလိုလုပ်ခြင်းဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိုင်းအဝိုင်းကို ဆန့်ကျင်နေသလို ဖြစ်ခဲ့သည်။ အငယ်စား အတိုင်းအတာ စီမံကိန်းများအတွက်တွင်လည်း ဖွံ့ဖြိုးရေးစီမံကိန်းများဘက်ကဘဲ ပါဝင်ခဲ့ပြန်သည်။ သူသည် နပိုလီယံ ကိုလိုနီခေတ်က ရေတပ်စစ်ဗိုလ်များ၏ အဆောက်အအုံများ (Admiral's Row) ကို ဖယ်ရှား၍ စူပါမားကတ် ကားပါကင် တစ်ခုကို ဆောက်လုပ်လိုသည်။ သို့သော် ဘလွန်းဘက်ဂ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဘက်က ရပ်တည်ခဲ့သည့် အကြိမ်များလည်း ရှိခဲ့သည်။ မှတ်သားလောက်စရာ ကိစ်စရပ်ကတော့ Austin Nichols ရဲ့ ကုန်လှောင်ရုံကို ဖျက်သိမ်းမယ့် ကိစ္စမှာတော့ ဗီတိုအာဏာသုံးပြီးတော့ကို ကန့်ကွက်ခဲ့တာပါပဲ။ ၎င်း ကိစ္စတွင် ဗိသုကာပညာရှင်တွေနဲ့ သမိုင်းဆရာတွေရဲ့ ချီးကျူးထောပနာပြုတာကို အကြီးအကျယ် ရရှိခဲ့သည်။ မြို့တော် ကောင်စီက ယင်းဗီတိုကို သိပ်မကြာမီမှာပဲ အာဏာသုံး၍ ပယ်ချခဲ့သည်။ နယူးယောက် ပြည်သူများ၏ ဝေဖန်မှု ကို အကြီးအကျယ် ရရှိနေတဲ့ နယူးယောက် တွင်း နေထိုင်သူများ၏ ဝေဖန်မှုကို ခံနေရသည့် Cemusa ကုမ္ပဏီ ကြီးနှင့် ဆက်စပ်နေသည့် ဘက်စ် ကား လမ်းများ နှင့် မှတ်တိုင် အဆောက်အအုံ များစွာအတွက် တာဝန်ယူပေးခဲ့သည်။
 
== မြို့တော်ဝန်ဘဝမှ အငြိမ်းစားယူပြီးနောက် ==
 
ဘလွန်းဘက်ဂ် သည် ၂၀⁠၀၉ နိုဝင်ဘာတွင် နောက်တစ်ကြိမ် ပြန်လည် အရွေးမခံရစေရန် ဥပဒေများနှင့် ကန့်သတ်ခံခဲ့ရသည်။ ဘလွန်းဘက်ဂ် အနေနှင့် မြို့တော်ဝန်သက်တမ်းကုန်တာနဲ့တပြိုင်နက် ပရဟိတလုပ်ငန်းဘဝထဲကို ပြန်ဝင်မည်ဟု စိတ်ကူးထားကြောင်း မည်သို့ပင် ထပ်ခါတလဲလဲ ပြောစေကာမူ ယင်းအဖြစ်အပျက်သည် သူ၏ နိုင်ငံရေး အနာဂါတ် အလားအလာများနှင့် ပက်သက်၍ ထင်ကြေး အမျိုးမျိုးကို ဖြစ်ပေါ်စေခဲ့သည်။ ထို ရည်မှန်းချက် ပြည့်မှီရန်အတွက် သူသည် နယူးယောက် Manhattanအရှေ့ အပေါ်ပိုင်းရှိ နောက်ပိုင်းဋ်ဌာနရုံးများ ဖြစ်လာမည့် သူစီစဉ်ထားသော ဖောင်ဒေးရှင်းအတွက် Stuyvesant Fish မှ အဓိက တာဝန်ယူ တည်ဆောက်သည့် အဆောက်အအုံများအတွက် ၄၅ မီလီယံ ပေးချေခဲ့သည်။
 
== ၂၀⁠၀၈ သမ္မတရာထူးအတွက်ပြုလုပ်သည့် စည်းရုံးလှုံဆော်မှုများနှင့်ပက်သက်သော ထင်မြင်ယူဆချက် ==
 
၂၀⁠၀၈ ဖေဖော်ဝါရီ ၂၇ နေ့တွင် ၂၀⁠၀၈ သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံခြင်းပြုလုပ်မည်မဟုတ် ကြောင်းနှင့် ဘက်မလိုက်သည့် လမ်းစဉ်နှင့် တသီးပုဂ္ဂလအမတ်လောင်း တယောက်ကို ထောက်ခံမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။ ၂၀⁠၀၇ ဒီဇင်ဘာ ၃၁ နေ့တွင် Dick Clark's New Year's Rockin' Eve TV show မှ သူသည် ၂၀⁠၀၈ သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း မပြတ်သားမရေရာစွာဖြင့် ကြေငြာထားချက်ကို တိုက်ရိုက် ထုတ်လွှင့်ခဲ့သည်။
ယခင် ထုတ်ပြန်ခဲ့သော ပြည်သူလူထု သို့ ထုတ်ပြန်ချက်များတွင် ဘလွန်းဘက်ဂ် ကသမ္မတ ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားခြင်း မရှိဟု ငြင်းနေခဲ့သော်လည်း များစွာသော ဝေဖန်ရေးသမားများက ဘလွန်းဘက်ဂ် သည် အနီးကပ်မှ ဝင်ရောက် ယှဉ်ပြိုင်ရန် ကြေငြလိမ့်မည်ဟု ၎င်းတို့ ယုံကြည်လောက်စရာ စည်းရုံးရေးဆင်း အဖြစ်အပျက်များ ကို ကိုးကား၍ ဝေဖန်ကြသည်။
 
၂၀⁠၀၈ ဇန်နဝါရီ တွင် Nebraska ပြည်နယ် အထက်လွှတ်တော်အမတ် Chuck Hagel နှင့် ဂျော်ဂျီယာ အထက်လွှတ်တော် အမတ်ဟောင်း Sam Nunn တို့ပါဝင်သည့် ဝါရင့် နိုင်ငံရေးသမားများ နှင့် ဖွဲ့စည်းထားသည့် နှစ်ပါတီပေါင်း (bipartisan) အုပ်စု ကို Oklahoma တက္ကသိုလ် တွင် တွေ့ဆုံခဲ့သည်။ အဆိုပါ နှစ်ဦးစလုံးမှာ အဓိက ပါတီ၏ ကိုယ်စားလှယ်လောင်းများအား အမျိုးသားစည်းလုံးညီညွတ်ရေး ကို ရှေးရှုစေရန် နှင့် ပါတီအချင်းချင်း ထိပ်တိုင်ရင်ဆိုင် ပိတ်မိခြင်းများ မဖြစ်စေရန် ဖိအားပေးရန် အတွက် မကြာခဏ ဆိုသလိုပင် ၎င်းတို့ နှစ်ဦးသည် ရွေးကောက်ပွဲ ယှဉ်ပြိုင်ဘက်များ ဖြစ်လာနိုင်ကြောင်း ပြသနေခဲ့သူများ ဖြစ်သည်။ ထို တွေ့ဆုံ ဆွေးနွေးခြင်းမှ ဘလွန်းဘက်ဂ် ၏ ရွေးကောက်ပွဲ ဝင်ရောက်အရွေးခံမည်ဆိုသည့် စွပ်စွဲချက် ကို သက်သေပြစရာ ကြေငြာချက် တစုံတရာ မပေါ်ထွက် ခဲ့ပေ။ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည် ဆိုသည့် အချက်ကို ထောက်ပံ့ပေးသည့် အခြားသော လက္ခဏာရပ်များအနေဖြင့်…
၂၀⁠၀၆ နွေဦးတွင် ဗဟို နိုင်ငံရေး အယူအဆရှိဒီမိုကရက် ဦးဆောင်ကောင်စီ၏ Al From အုပ်စု နှင့် ရွေးကောက်ပွဲ ဝင်ရန် ပြင်ဆင်စရာများအကြောင်း ပြောဆိုရန် တွေ့ဆုံခဲ့သည်။ ဘလွန်းဘက်ဂ် နှင့် ပြောဆိုပြီးနောက် Nebraska ပြည်နယ် ရီပတ်ပလင်ကန် အထက်လွှတ်တော်အမတ် Chuck Hagel က အကြံပေးသည်မှာ သမ္မတ ရွေးကောက်ပွဲတွင် သူနှင့် ဘလွန်းဘက်ဂ် တို့ တစ်သီးပုဂ္ဂလ အနေနှင့် အညီအမျှ ဝင်ရောက်ယှဉ်ပြိုင်ကြရန် ဖြစ်သည်။ ၂၀⁠၀၇ ဇွန်လ ၁ဝ ရက်နေ့တွင် ရုပ်သံသတင်းထောက် George Stephanopoulos က ဘလွန်းဘက်ဂ် နှင့် ထိပ်တန်း သမ္မတ ဝန်ထမ်းများ အကြားပြောဆိုခဲ့ကြသည့် နေရာတွင် ဆွေးနွေးသူ တစ်ယောက်အနေနှင့် ပါဝင်ခဲ့သူ Jay Carney မှ ပြောပြရတွင် ဘလွန်းဘက်ဂ် မှ ရွေးကောက်ပွဲဝင် စားရိတ်များနှင့် ပက်သက်၍ မေးနေခဲ့သည် ဟု ဖော် ပြခဲ့သည်။
 
Carney က ဝန်ထမ်းတစ်ယောက်က ဘလွန်းဘက်ဂ် ရဲ့ အမေးကို “၅၀ဝ မီလီယံ ဝန်းကျင်”လို့ ပြန်ဖြေခဲ့ကြောင်း ပြောသည်။ “Washington Post ရှိ ဆောင်းပါးတစ်ပုဒ်၏ အဆိုအရ ၅၀ဝ မီလီယံ ငွေကြေးဟာ အိမ်ဖြူတော် ကို ဝင်ရောက်ယှဉ်ပြိုင် တဲ့ သီးခြား ပါတီ အနေနဲ့ ကြုံတွေ့ရမယ့် ဘုံအခက်အခဲ တွေ ကို ကျော်လွှားနိုင်ဖို့ အတွက် ဘလွန်းဘက်ဂ် ကို အဆင်ပြေစေမှာပါ လို့ ရေးသားဖော်ပြခဲ့သည်။ ၂၀⁠၀၇ ဇွန် ၁၉ ရက်နေ့ တွင်ပြုလုပ်သော CBS ရုပ်သံဋ်ဌာန သတင်းထောက်ဟောင်း Dan Rather နှင့် အင်တာဗျူး (ဩဂုတ် ၂၁ တွင် ရုပ်သံတွင် ထုတ်လွှင့်ခဲ့) တွင် ဘလွန်းဘက်ဂ် က သမ္မတရွေးကောက်ပွဲမှာ အရင်က မပါဝင်ခဲ့သလို နောင်မှာလည်း ယှဉ်ပြိုင်မည် မဟုတ်ကြောင်း သူပါဝင်ယှဉ်ပြိုင်လောက်စရာ အခြေအနေတွေလည်း မရှိခဲ့ကြောင်း ခွဲခြမ်းစိတ်ဖြာ၍ ပြောပြခဲ့သည် မှာ“ တစ်ယောက်⁠ယောက်က ခင်ဗျားဘယ် နေရာမှာ ရပ်နေသလဲမေးရင် ကျွန်တော်သူတို့ကို ပြောပြလိုက်မယ်..။ ယေဘုယျအားဖြင့်တော့ ရွေးကောက်တင်မြှောက်ခံရခြင်းဟာ နည်းလမ်းတစ်ခု မဟုတ်ပါဘူး.။ ဘယ်သူမှလည်း ကျွန်တော့်ကို အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ တစ်ယောက်အဖြစ် ရွေးချယ်လိမ့်မယ် မဟုတ်ဘူး….။ ကျွန်တော်ဘာလုပ်ချင်တာလည်း ဆိုတော့ ညှိုနှိုင်းဆွေးနွေးရေးကို တွန်းအားပေး လွှမ်းမိုးနိုင်ဖို့ ပါဘဲ..။ ကျွန်တော်က နိုင်ငံသားတစ်ယောက်လေ..။
 
အမျိုးမျိုးငြင်းပယ်ခဲ့ပေမယ့် ဘလွန်းဘက်ဂ် ရဲ့ သမ္မတဝင်ရောက်အရွေးခံခြင်း၊ မခံခြင်း ကိစ္စရပ်ဟာ မီဒီယာ ပေါ်မှာ စိတ်ဝင်စားစရာ သတင်းတစ်ခုအနေနဲ့ (November Newsweek ရဲ့ မျက်နှာဖုံး ဇာတ်လမ်းတစ်ပုဒ် အပါအဝင်) ဆက်လက် ဖြစ်ပေါ် နေခဲ့ပါတယ်။ ၂၀⁠၀ရ ဒီဇင်ဘာ လျှို့ဝှက် ပွဲတစ်ပွဲမှာ ဘလွန်းဘက်ဂ် က ရောက်လာတဲ့ ဧည့်သည်တွေကို ကဒ်ပြားတစ်ခုမှာ ရှိတဲ့ နံပါတ်တွေရဲ့ အဓိပ္ပါယ် ကို မှန်းခိုင်းပြီး bingo ဂိန်း (နံပါတ်များပါဝင်သော ကဒ်ပြားများနှင့် ဆော့ရသည့် ကစားနည်းတစ်မျိုး) ပြုလုပ်ခဲ့သည်။ Mr. ဘလွန်းဘက်ဂ် က ၂၇၁ နံပါတ်ရဲ့ ထူးခြားချက်ကို မေးလိုက်တော့ ဧည့်သည်တစ်ယောက်က မှန်ကန်စွာ အဖြေပေးလိုက်တာ ကတော့..၂၀ဝ ပြည့်နှစ်တုန်းက George W. Bush ရရှိခဲ့တဲ့ အနိုင်မဲ အရေအတွက် ပါ တဲ့။
 
၂၀⁠၀၈ ဇန်နဝါရီ မှာ CNN က ဘလွန်းဘက်ဂ် နဲ့အလွန်နီးစပ်တဲ့ အသိုင်းအဝိုင်းမှ မြို့တော်ဝန်ဟာ သမ္မတ အဖြစ်အရွေးချယ်ခံ ရဖို့ နိုင်ခြေ ဘယ်လောက်ရှိကြောင်း သုတေသန ပြုလုပ်ခဲ့ပြီးဖြစ်သည် ဟု သတင်းရရှိခဲ့သည်။ ယင်း မှ ဆက်လက်ပါရှိသည်မှာ မည်သည့် သတင်းအရင်းအမြစ်ကမှန်း မသေချာသည့် သတင်းတစ်ခုမှ ဖော်ပြသည်မှာ ဘလွန်းဘက်ဂ် သည် မတ်လ အစောပိုင်းကာလကို ရွေးကောက်ပွဲ ဝင်မည် (သို့) မဝင်မည် ဆုံးဖြတ်သည့် ကာလ အဖြစ် အချိန်ဇယားထဲ ထည့်သွင်းခဲ့ ကြောင်း သိရှိရသည်။ ၂၀⁠၀၈ ဇန်နဝါရီ ၁၆ တွင် ဘလွန်းဘက်ဂ် ၏ စီးပွားရေး လုပ်ငန်းများ ကို သမ္မတ ဝင်ရောက်အရွေးခံရန် အလားအလာကြောင့် “မျက်ကန်းယုံကြည်ခြင်းများ” နှင့် ပြုလုပ်နေခဲ့ကြောင်း လည်း ဖော်ပြပါရှိသည်။ ဘလွန်းဘက်ဂ် သည် ၎င်း၏ လုပ်ငန်း စီမံမှုများကို ဆက်လက်ထိန်းချူပ်ရန်လိုအပ်ပြီး ရင်းနှီးမြှပ်နှံမှု ဆိုင်ရာ ဆုံးဖြတ်ချက်တစ်ချို့ကို ပြုလုပ်ရအုံးမည် ဖြစ်သော်လည်း သူငယ်ချင်းဖြစ်သူ Steven Rattner နှင့်အတူ တည်ထောင်ထားသည့် လေးဘက်ဆိုင် အုပ်စု (Quadrangle Group) ၏ လက်အောက်သို့ ပို့ထားခဲ့ကြောင်း သတင်းရရှိခဲ့သည်။
 
၂၀⁠၀၈ ဇန်နဝါရီ ၁၈ တွင် Associated Press မှ သတင်းပေးပို့ချက်အရ ဘလွန်းဘက်ဂ် သည် Texas ပြည်နယ်၊ Austin မြို့တွင် Ross Perot ၏ သီးခြားပါတီ မဲဆွယ်ပွဲများအတွက် မန်နေဂျာနှင့် လျှို့ဝှက်မဲစနစ်ကျွမ်းကျင်သူ Clay Mulford နှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။ ဘလွန်းဘက်ဂ် က တွေ့ဆုံပွဲသည် သူကိုယ်တိုင်အတွက် သမ္မတမဲဆွယ်ပွဲတစ်ခု ဖြစ်နိုင်ကြောင်း ဖြစ်နိုင်ချေကို ငြင်းဆိုခဲ့သည်။ “ ကျွန်တော်က ပြိုင်ပွဲဝင်မယ့်သူ မဟုတ်ဘူး။ ပို မရှင်းနိုင်သေးဘူးလား..ဘယ်စကားလုံးကိုများ နားမလည်တာ ရှိပါသလဲ” ဟုပြောခဲ့သည်။ ၂၀⁠၀၈ ဖေဖော်ဝါရီ ၂၈ တွင် ဘလွန်းဘက်ဂ် က “သမ္မတရာထူးအတွက် ယှဉ်ပြိုင်သူ မဟုတ်ဘူး။ ဖြစ်လာမှာလည်း မဟုတ်ဘူး။ ”ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။ “လက်ရှိ မဲဆွယ်ပွဲများမှာ မှန်မှန်ကန်ကန် နှင့် အမှီအခို ကင်းသော ခေါင်းဆောင်မှုဖြင့် ကမ်းလှမ်းနိုင်လျှင် စိန်ခေါ်မှုများအထိ ဖြစ်လာနိုင်ရန် မျှော်လင့်နိုင်သည်” ကျွန်တော် အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်မယ့် အပိုင်းကတော့ မှန်ကန်၍ ရိုးသားသော ငြင်းခုံပွဲများကို ကျွန်တော် တတ်နိုင်သမျှ မြှင့်တင်ပြီး သူတို့ကို ရှေ့ရောက်အောင် လုပ်သွားဖို့ပါပဲ..။
သမ္မတ ရွေးချယ်ရေး ရွေးကောက်ပွဲ စတင်တာနဲ့ တစ်ချိန်တည်းမှပဲ ဘလွန်းဘက်ဂ် ဟာ ၂၀⁠၀၈ ခုနှစ်ရဲ့ ဒုသမ္မတ နေရာကို ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဖြစ်လာနိုင်ကြောင်း ခန့်မှန်းစွပ်စွဲချက် တစ်ချို့လည်း ထွက်ပေါ်လာခဲ့ပါသည်။ ၂၀⁠၀၇ ဇွန်လ ၂၁ ရက်နေ့ ဘလောဂ် တစ်ခုတွင် The Politico သတင်းစာမှ Ben Smith မှ ဒုသမ္မတ ကိုယ်စားလှယ်လောင်း တစ်ယောက်အနေနှင့် ရွေးကောက်ပွဲကာလ တစ်လျှောက်လုံး ကိုယ့်ကို ကိုယ် ငွေကြေးအရ တာဝန်ယူပေးနိုင်ပါသလား ဟု မေးခဲ့ကြောင်း ရေးသားဖော်ပြခဲ့သည်။ အများစုက ယုံကြည်ထားသည်မှာ ဘလွန်းဘက်ဂ် သည် ဒုသမ္မတ ကိုယ်စားလှယ်လောင်း အနေနှင့် မိမိကိုယ်ကို ငွေကြေး တာဝန်ယူနိုင်ရန် တရားဝင် ခွင့်ပြုချက်ရရှိ လိမ့်မည် ဟူ၍ ဖြစ်သည်။
ဘလွန်းဘက်ဂ် အနေနဲ့ ဒုသမ္မတ နေရာ ရရှိနိုင်ကြောင်း စွပ်စွဲချက်ကို မီးထိုး ပေးလိုက်တာကတော့ ၂၀⁠၀၇ ဩဂုတ်လ လယ် မှာ ပြုလုပ်ခဲ့တဲ့ ၎င်း ရဲ့ ဂျော်ဂျီယာ ပြည်နယ် အထက်လွှတ်တော် အမတ်ဟောင်း Sam Nunn နဲ့ တွေ့ဆုံပွဲများ နဲ့ နောက်ပိုင်းမှာ ၂၀⁠၀၇ နိုဝင်ဘာ ၃ဝ နေ့ ဘားရတ် အိုဘားမား နဲ့ တွေ့ဆုံခြင်း တို့ ပဲ ဖြစ်ပါတယ်။ ၂၀⁠၀၈ မေ လ ၁ရ ရက်နေ့ ဂျွန်မက်ကိန်း နဲ့ အတူ မနက်စာ စားရင်း တွေ့ဆုံမှုက ဘလွန်းဘက်ဂ် ကို မတ်ကိန်းရဲ့ ဒုသမ္မတ အဖြစ် စာရင်းဝင်ဖို့ ဖြစ်လာနိုင်ကြောင်း စွပ်စွဲချက်ကို ဖြစ်ပေါ်စေခဲ့သည်။
 
 
စာကြောင်း ၁၇၅ -
ဘလွန်းဘက်ဂ် က ၂၀၁ဝ တွင် အုပ်ချုပ်သူအဖြစ် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံရန် အစီအစဉ်မရှိကြောင်း ငြင်းဆိုခဲ့ပြီး အဆိုပြုခြင်းခံရဖို့အတွက် လူမသိအောင် အားထုတ်ကြိုးပမ်းမှုများ ပြုလုပ်ခဲ့သည်။
 
== ၂၀၁၂ သမ္မတရာထူးအတွက်ပြုလုပ်သည့် စည်းရုံးလှုံဆော်မှုများနှင့်ပက်သက်သော ထင်မြင်ယူဆချက် ==
 
၂၀၁ဝ မတ်လတွင် ဘလွန်းဘက်ဂ် ၏ ထိပ်တန်းနိုင်ငံရေးနည်းဗျူဟာမှူး Kevin Sheekey သူ၏ မြို့တော်ဝန်အကြံပေး အရာရှိရာထူးနေရာမှ နုတ်ထွက်ခဲ့ပြီး ဘလွန်းဘက်ဂ် ပိုင်ဆိုင်သည့် ဘလွန်းဘက်ဂ် LP Company တွင် ပြန်လည် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ “၂၀၁၂ ရွေးကောက်ပွဲတွင် ဘလွန်းဘက်ဂ် သမ္မတရာထူးရရှိရေးအတွက် စည်းရုံးလှုပ်ဆော်မှုပြုလုပ်ရန် ပမာဏကြိုးစား အားထုတ်မှုကို စတင်ရန်အတွက် ခွင့်ပြုခဲ့ခြင်းဖြစ်သည်” ဟု ထင်မြင်ယူဆကြသည်။
စာကြောင်း ၁၈၁ -
ပုဂ္ဂိုလ်ရေးအရ မေးမြန်းမှုကို ဘလွန်းဘက်ဂ် က “ ရှေ့ကိုဆက်လက်လုပ်ဆောင်ဖို့စိတ်ကူးအကြံအစည်ကတော့ သူစိတ်ထဲမှာ သိပ်အဝေးကြီးမဟုတ်ဘူး” လို့ပြောကြားခဲ့သည်။
၂၀၁ဝ အောက်တိုဘာတွင် …. ၂၀⁠၀၈ ခုနှစ်သမ္မတ ရွေးကောက်ပွဲအတွက် Michael ဘလွန်းဘက်ဂ် အား အထူးရွေးချယ်ခဲ့သော ကော်မတီသည် ၂၀၁၂ သမ္မတ ရွေးကောက်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ရန် ဘလွန်းဘက်ဂ် အား ဆွဲဆောင်စည်းရုံးနိုင်ခဲ့ကြောင်း ကြေငြာခဲ့သည်။ ကော်မတီဝင်များက ဘလွန်းဘက်ဂ် သည် ရွေးကောက်ပွဲ စိတ်ဝင်စားမှု မရှိဘဲ အကြိမ်ကြိမ် ငြင်းဆိုခဲ့သော်လည်း ဇွဲမလျှော့ပဲ အတင်းအကြပ် တောင်းဆိုခဲ့သည်။
 
[[Category:အတ္ထုပ္ပတ္တိ]]
[[Category:သန်းကြွယ်သူဌေးများ]]