ရန္တပိုစာချုပ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီးNo edit summary
 
စာကြောင်း ၃ -
'''ရန္တပိုစာချုပ်'''သည် ခရစ်နှစ် ၁၈၂၄-ခုနှစ်၊ [[ဘကြီးတော်ဘုရား]] လက်ထက်တွင် ဖြစ်ပွားခဲ့သော [[ပထမ အင်္ဂလိပ် - မြန်မာစစ်]]ပွဲကို ပြေငြိမ်းစေရန် အင်္ဂလိပ်အစိုးရ ကိုယ်စားလှယ်များနှင့် မြန်မာဘုရင်အစိုးရ ကိုယ်စားလှယ်တော်များသည် သက်ဆိုင်ရာနိုင်ငံတို့၏ကိုယ်စား လက်မှတ်ရေးထိုးကြသော စာချုပ်ဖြစ်သည်။ မြန်မာနိုင်ငံအထက်ပိုင်း အင်းဝမြို့၏တောင်ဘက် မိုင် (၄ဝ)ခန့်ကွာ၍ မြင်းခြံမြို့အထက် (၆)မိုင်ကွာဝေးသော [[ရန္တပိုရွာ]]တွင် တွေ့ဆုံ ချုပ်ဆိုကြသောကြောင့် ရန္တပိုစာချုပ်ဟုခေါ်တွင်သည်။ ထိုစာချုပ်ကို မြန်မာသက္ကရာဇ် ၁၁၈၇-ခုနှစ်၊ တပေါင်းလပြည့်ကျော် (၄)ရက် (ခရစ် ၁၈၂၆-ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်)နေ့တွင် မြန်မာတို့ဘက်မှ စစ်သူကြီး လယ်ကိုင်းမြို့စားဝန်ကြီး မင်းကြီးမဟာမင်းလှကျော်ထင်၊ ကျီဝန်အတွင်းဝန်မင်းကြီး မဟာမင်းလှ သီဟသူတို့နှင့် အင်္ဂလိပ်တို့ဘက်မှ အင်္ဂလိပ်အရေးပိုင် အာစီဘော်ကံဘက်(ဆာအာခီဗေဒကင်းဗဲ)၊ အရေးပိုင်ရော်ဘစ်စံ(ရောဗတ်ဆန်)၊ တိုက်သမ္ဗာန်အုပ်ချုပ်သူ မင်းစပ်(ချတ်) တို့ နှစ်တိုင်းနှစ်ပြည် မိတ်လက္ခဏာနှင့်အညီ အချင်းချင်း နှုတ်ဆက်ကြပြီးလျှင် မဟာမိတ်အဖြစ် စာချုပ်ထားကြသည်။
 
<blockquote>စာချုပ်ပါ အချက်များမှာ -
# မြန်မာက ရခိုင်၊ တနင်္သာရီ၊ အာသံကို ဗြိတိသျှတို့ထံ ပေးရမည်။
# မဏိပူရ၊ ကချာနှင့် ဂျိန်းတိယ နယ်များသို့ မြန်မာတို့ ဝင်ရောက် စွက်ဖက်ခြင်း မပြုရ။
# စစ်လျော်ကြေးငွေ ၁ ကုဋေကို အရစ်ကျ ပေးဆပ်ရမည်။
# အင်းဝတွင် ဗြိတိသျှ ကိုယ်စားလှယ် ထားခွင့်ပြုကာ၊ ကလကတ္တားတွင် မြန်မာသံ နေခွင့်ပြုသည်။
# ကူးသန်း ရောင်းဝယ်ရေး အတွက် စာချုပ် သီးခြား ချုပ်ဆိုမည်။ စသည်တို့ ဖြစ်သည်။</blockquote>
 
 
နိုင်ငံတကာရေးရာ အဆင့်အတန်းနှင့် ယှဉ်သော် စာချုပ်ပါအချက်များသည် ပြင်းထန်လှသည်ဟု မဆိုသာပေ။ ဗြိတိသျှတို့သည် စစ်အတွင်း၌ လူပေါင်း ၁၅,၀၀၀ ဆုံးရှုံးခဲ့၍၊ စတာလင်ပေါင် (၁၃)သန်း သို့မဟုတ် ငွေသိန်းပေါင်း ၁,၃၀၀ သုံးစွဲခဲ့ရသည်။ မည်သို့ဖြစ်စေ မြန်မာတို့အဖို့ ထိုထက်ပို၍လည်း ပေးဆပ်နိုင်ခြင်း မရှိချေ။ ဤအခြေတွင် မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ရန်လည်း မဖြစ်နိုင်သေးပေ။
Line ၁၄ ⟶ ၁၅:
ရခိုင်နှင့် တနင်္သာရီဒေသကို ရခြင်းဖြင့် နောက်စစ်ပွဲများ ထပ်မံ ဖြစ်ပွားလျှင် မြန်မာနိုင်ငံတွင်းသို့ တဖက်တချက်မှ အလွယ်တကူ ဝင်ရောက်နိုင်သည်ဟု ဗြိတိသျှတို့က ယူဆသည်။ ထို့ပြင် ဒေသနှစ်ခုမှ မကြာမီ အကျိုးအမြတ်များစွာ ခံစားရလိမ့်မည် ဟုလည်း ဗြိတိသျှတို့က မျှော်လင့်ကြသည်။
 
မြန်မာမင်းဘက်မှ ကြည့်လျှင် ဆုံးရှုံး လက်လွှတ်ရသော နယ်မြေများအတွက် မထောင်းသာလှသည်ကို တွေ့ရသည်။ ရခိုင်နှင့် တနင်္သာရီတို့ကို ပိုင်ဆိုင်ထားရခြင်းမှာ မြန်မာမင်းအဖို့ ဝန်ထုတ်ဝန်ပိုးသဖွယ် ရှိနေ၍ ထိုဒေသနှစ်ခုကို ဗြိတိသျှ လက်တွင်းသို့ အပ်လိုက်ရသော အခါ မြန်မာမင်းသည် မြန်မာနိုင်ငံ ပြည်မတွင် ပိုမို အာရုံ စူးစိုက်နိုင်၍ အကျိုးခံစားဖွယ် ရှိသည်။<ref>၁၉၆၂ ခု၊ ပဌမနှိပ်၊ ရန်ကုန်တက္ကသိုလ်၊ မြန်မာနှင့် အရှေ့တိုင်း ရာဇဝင် ပါမောက္ခ ဒေါက်တာကျော်သက် ရေးသားသော 'ပြည်ထောင်စု မြန်မာနိုင်ငံ သမိုင်း by Lin Htet
 
==နောက်ခံသမိုင်း==