မှန်နန်း ရာဇဝင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Fixing typo and encoding errors by @=={Lionslayer>
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
[[ကုန်းဘောင်မင်းဆက်]] သတ္တမမြောက်မင်း ဖြစ်သော စစ်ကိုင်းမင်း (ခေါ်) [[ဘကြီးတော်(စစ်ကိုင်းမင်း)]] လက်ထက်တွင် ရဟန်းပညာရှိ၊ လူပညာရှိတို့ကို ညှိုနှိုင်းတိုင်ပင်၍ ရာဇဝင် တစ်ဆောင်ကို ပြုစုစေသည်။ ထိုရာဇဝင်ကြီးကို [[မောင်းထောင်းဆရာတော်]] လူထွက်ပညာရှိ အမတ်ကြီး မဟာဓမ္မသင်္ကြံအကြီးအမှူးအုပ်ချုပ်၍ ၁၁၉၁-ခုနှစ်မှ စတင်ကျမ်းပြုစေသည်။ ထိုရာဇဝင်ကြီးတော်ကို မှန်နန်းတော်ဦးတွင် ရေးသားပြုစုရသောကြောင့် '''မှန်နန်းမဟာရာဇဝင်ကြီး''' ဟုခေါ်တွင်သည်။
 
ထိုရာဇဝင်ကြီးတွင် ကမ္ဘာဦးကာလမှ မြန်မာသက္ကရာဇ် ၁၁၈၃-ခုနှစ်၊ နတ်တော်လ(ခရစ်-၁၈၂၁-ခု၊ နိုဝင်ဘာလ) အထိ အဖြစ်အပျက်များသာ ပါဝင်သည်။ ထို့ကြောင့် [[မင်းတုန်းမင်း]]တရားလက်ထက်တွင် ဆက်လက်ပြုစုစေရာ ထိုရာဇဝင်တော်ကြီးကို '''ဒုတိယ မဟာရာဇဝင်တော်''' ဟု ခေါ်ဆိုလေသည်။ <ref>မြန်မာ့စွယ်စုံကျမ်းအတွဲ(၈) </ref>
ရေးသားသော အဖွဲ့စာရင်း
 
ပထမ မှန်နန်းမဟာရာဇဝင်ကြီးကို
 
* မုံရွေးဇေတဝန်ဆရာတော်
* သော်ကပင်ဆရာတော်
* မဟာဓမ္မသင်္ကြံ (ခြည်ပါ တောင်ရွာမြောက်ရွာစား)
* မြင်းစုဝန်ကြီးဦးရောက်
* ဗြဲတိုက်သံတော်ဆင့် ဦးချိန်
* စာရေးတော်ကြီး ဦးဖျော်
* ဘိသိက်တော်ဆက်ပုဏ္ဏားတော်ပညာရှိ ရာဇဒေဝ
* ဗြဲတိုက်သံတော်ဆင့် ဦးရွဲ
* စာရေးတော်ကြီး ဦးလူကြီး
* စာရေးတော်ကြီး ဦးအောင်သာ
* အတွင်းဝန် ဆောမြို့စား မင်းကြီး သီရိမဟာနန္ဒမသင်္ကြံ
* အတွင်းဝန်၊ အသည်ဝန် စဉ့်ကူးမြို့စား တို့က မင်းမိန့်နှင့် ၁၈၅၃-ခုနှစ်၊ မေလ(၃)ရက်နေ့ စတင်ရေးသားရသည်။
<ref>မြန်မာ့စွယ်စုံကျမ်းအတွဲ(၈)</ref>
<ref>ဒေါက်တာသန်းထွန်း ရေး မြန်မာသမိုင်းနိဒါန်း</ref>
== ကိုးကား ==
<references/>
 
စာကြောင်း ၂၆ -
 
[[Category:သမိုင်း]]
[[Category:မြန်မာ့ သမိုင်း]]
[[Category:ကုန်းဘောင်ခေတ်]]