ယင်းမာပင်မြို့နယ်: တည်းဖြတ်မှု မူကွဲများ

၁ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁၁ နှစ်
အရေးမကြီး
Robot: Cosmetic changes
အရေးမကြီး (Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ)
အရေးမကြီး (Robot: Cosmetic changes)
[[Category:စစ်ကိုင်းတိုင်း]]
[[Category:မုံရွာခရိုင်]]
 
[[ယင်းမာပင်မြို့]]နယ်သည် [[စစ်ကိုင်းတိုင်း]]၊ [[မုံရွာခရိုင်]] အတွင်း [[ချင်းတွင်းမြစ်]]၏ အနောက် ဘက် မြောက်လတ္တီကျု ၂၁ံ ၅၉' နှင့် ၂၂ ံ ၁၉' အကြား၊ အရှေ့ လောင်ဂျီကျု ၉၃ ံ၃၆' နှင့် ၉၅ ံ ၁၅' အကြားတွင် တည်ရှိ၍၊ ရန်ကုန်မြို့၏ မြောက်ဘက် အနောက်ယွန်းယွန်း မိုင် (၄၀၀) အကွာတွင် တည်ရှိ ပါသည်။ ယင်းမာပင်မြို့နယ် ၏ အရှေ့ဘက်တွင် မုံရွာမြို့နယ် နှင့် [[ဆားလင်းကြီးမြို့နယ်]]၊ တောင်ဘက် တွင် [[ပုလဲမြို့နယ်]]နှင့် [[ကနီမြို့နယ်]]၊ မြောက်ဘက်တွင် ကနီမြို့နယ်တို့ ရှိကြပါသည်။
 
ယင်းမာပင်မြို့နယ်သည် မြန်မာ နိုင်ငံအလယ်ပိုင်း ပူပြင်းခြောက် သွေ့သည့်အပိုင်းတွင် ပါရှိပါသည်။ တစ်နှစ်လျှင် ပျမ်းမျှ မိုးရေချိန် (၃၀)လက်မ နှင့် (၄၀)လက်မ အကြားသာ ရွားသွန်း လေ့ ရှိပါသည်။ မိုးရေချိန် အနည်းဆုံး လမှာ ဧပြီလဖြစ်၍ အများဆုံးလမှာ အောက်တိုဘာလ ဖြစ်ပါ သည်။ ပူပြင်း ခြောက်သွေ့သည့် ဒေသဖြစ်သည့် အလျောက် မိုးရာသီတွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများ ကျရောက်လေ့ ရှိပါသည်။ အပူချိန် အနေဖြင့် အနိမ့်ဆုံး (၄၀)ဒီဂရီ ဖာရင်ဟိုက် ဖြစ်၍ အမြင့်ဆုံး အပူချိန်မှာ (၁၁၀)ဒီဂရီ ဖာရင်ဟိုက် ဖြစ်ပါသည်။ အအေးဆုံးလ မှာ ဇန်နဝါရီလ ဖြစ်၍ အပူဆုံးလမှာ ဧပြီလ ဖြစ်ပါသည်။
 
= ပေါက်ရောက်သော အပင်များ =
 
ယင်းမာပင်မြို့နယ်သည် မြေပြန့် အပူပိုင်း ဒေသတွင်သာ ပေါက် ရောက် နိုင်သည့် သန်း၊ ဒဟတ်၊ ထနောင်း၊ ရှား၊ ဇီးဖြူ၊ တယ်၊ တမာ၊ သမုန်း၊ သနပ်ခါး စသည့် အပင်များ ပေါက်ရောက် ပါသည်။ ချင်းတွင်းမြစ် ဘေးတလျှောက်နှင့် ချောင်းဘေး တို့တွင်လည်း သပြေ၊ ဘိုင်၊ ကတွတ်၊ သဖန်းပင်များ ပေါက်ရောက်လျက် တောင်စောင်း များတွင် အင်၊ အင်ကြင်း၊ ထောက်ကြံ့၊ တမလန်း၊ ပိတောက်၊ ပျဉ်းကတိုးပင်များ ပေါက်ရောက်ကာ တောင်ပေါ် မြေပြင်ပိုင်းတွင် ကျွန်း၊ သတီ၊ မျောက်ချောနှင့် မျှင်ဝါး၊ တင်းဝါး၊ သနပ်ခါး စသည်တို့ ပေါက်ရောက်ကြ ပါသည်။ ဆေးဘက်ဝင် အပင်များအနေဖြင့် တောင်ပေါ်၊ တောင်စောင်းများတွင် လက်ထုပ်၊ ဘုမ္မရာဇာ၊ သက်ရင်းကြီး၊ သက်ရင်းကလေး၊ နီပဆေး၊ မှန်နီ၊ ဆင်တုံးမနွယ်၊ မှန်နီ၊ ဆင်တုန်းမနွယ်၊ နာငါးပါး၊ နနွင်းခါး၊ တောရှောက်၊ မင်းကိုးခါ(မင်းကိုးဒါး) စသော ဆေးဘက်ဝင် အပင်များ ပေါက် ရောက် ပါသည်။
ယင်းမာပင်မြို့နယ်တွင် စီမံကိန်း သီးနှံများ စိုက်ပျိုးထုန်လုပ်လျက် ရှိရာ မိုးရာသီ၌ မိုးကြိုစပါး စိုက်ပျိုးခြင်း၊ မိုးနှမ်း၊ မိုးပြောင်ဖူး၊ မြေပဲ၊ ဝါကလေး၊ ပဲစိမ်းငုံ သီးနှံများ အဓိကထား၍ စိုက်ပျိုး ပြီး မိုးလယ်ရာသီတွင် စပါး၊ ပဲတီစိမ်း နှင့် နှံစားပြောင်း သီးနှံများ၊ မိုးနှောင်းရာသီတွင် ထောပန်ပဲ၊ စွန်တာနီ၊ ငရုတ်သီးနှံများ၊ ဆောင်းရာသီတွင် နှမ်းကြီး၊ ဆောင်းမြေပဲ၊ ကြက်သွန်ဖြူ၊ အာလူး၊ ကုလားပဲ၊ ဂျုံ သီးနှံများ အဓိကထား၍ စိုက်ပျိုး ထုတ်လုပ်ပါသည်။
ယင်းမာပင်မြိုု့နယ်၏ စိုက်ပျိုးလုပ်ကိုင်နို်င်သည့် မြေဧကမှာ (၁၂၁၇၆၄) ဧက ဖြစ်ပြီး၊ သစ်တောမြေမှာ (၃၄၂၉၈) ဧက ဖြစ်ပါသည်။ ပလပ်မြေ စုစုပေါင်းမှာ (၁၅၇၃၆) ဧက ရှိ၍ စိုးပျိုး မရသည့် မြေ စုစုပေါင်းမှာ (၄၀၉၈၂) ဧက ရှိပါသည်။
 
[[Category:စစ်ကိုင်းတိုင်း]]
[[Category:မုံရွာခရိုင်]]
၃၂၆၀၈

တည်းဖြတ်မှုများ