"ရုပ်ရှင်" ၏ တည်းဖြတ်မှု မူကွဲများ

၅ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၉ နှစ်
အရေးမကြီး
Robot: Cosmetic changes
အရေးမကြီး (Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ)
အရေးမကြီး (Robot: Cosmetic changes)
ပုံတူရိပ်များကို အဆက်မပြတ် လှုပ်ရှား၍နေအောင် စီမံပေးမှုက ရုပ်ရှင်ဖြစ်လာအောင် ဖန်တီးပေးခြင်း ဖြစ်သည်။ အမှန်မှာ မည်သည့်ရုပ်ပုံမျှ လှုပ်ရှားနေခြင်း မရှိချေ။ လှုပ်ရှားနေသကဲ့သို့ ထင်မှတ်စေရန် ပုံတူရိပ် အသေများကို ပြစက်တွင် တစ်ခုပြီး တစ်ခု အစဉ်ဆွဲချကာ ဆလိုက်ဖြင့် ထိုးပြခြင်းပင် ဖြစ်သည်။ တစ်နာရီလျှင် ငြိမ်သက်နေသော ရုပ်ပုံပေါင်း ၈၆၄၀၀ မျှကို တစ်ခုပြီးတစ်ခု အဆက်မပြတ် မြင်နေရခြင်း ဖြစ်သည်။
 
=== ရုပ်ရှင်ဖလင် ===
ရုပ်ရှင်ရိုက်ကူးရာ၌ ပေ(၁၀၀) မှ ပေ(၁၀၀၀)အထိရှည်သော ဖလင်ကော်ပြားများကို အသုံးပြုကြသည်။ သတင်းကား၊ မော်ကွန်းတင်ကားနှင့် ပညာပေးကားများ ရိုက်ကူးရာ၌ များသောအားဖြင့် ကင်မရာအသေးနှင့် ပေ(၁၀၀)ပေ(၂၀၀)ပေ(၄၀၀) အသီးသီးရှည်သော ဖလင်ကို အသုံးပြုရိုက်ကူးတတ်ကြပြီးလျှင် ဇာတ်ထုပ်ကိုမူ ပေ(၄၀၀)နှင့် ပေ(၁၀၀၀)အထိရှည်သော ဖလင်ကို အသုံးပြု၍ ကင်မရာအကြီးနှင့် ရိုက်ကူးကြသည်။
 
ဖလင်ကော်ပြားသည် အသံထွက်ရုပ်ရှင်အတွက် ပေ(၁၀၀၀) ဖလင်လိပ်သည် အသင့်လျော်ဆုံးဖြစ်သည်။ များသောအားဖြင့် အကျယ် ၁၃/၈ လက်မ(၃၅-မီလီမီတာ)ရှိသည်။ အသံတိတ်ရုပ်ရှင် ရိုက်သောအခါ အကျယ် ၁လက်မ၊ အမြင့် ၃/၄လက်မအထိ ပုံတူရိုက်ယူနိုင်သည်။ အသံထွက်ရုပ်ရှင်ရိုက်ကူးသော အခါ ဖလင်၏ အနားတစ်လျှောက်၌ အသံအတွက် နေရာထားရသဖြင့် ဖလင်၏ အကျယ် ဆယ်ပုံတစ်ပုံကို လျော့၍ ပုံတူရိုက်ယူရသည်။ ဖလင်ကော်ပြား အနားနှစ်ဖက်တွင် လေးထောင့် အပေါက်ကလေးများ ပါရှိသည်။ အပေါက်ကလေး လေးပေါက် တစ်နေရာသည် ရိုက်ကွက်တစ်ကွက်စာ ဖြစ်၍ တစ်ပေလျှင် ရိုက်ကွက်(သို့) ပုံ(၁၆) ပုံ ရိုက်နိုင်သည်။
 
=== ရုပ်ရှင်ရိုက်စက် ===
<ref>အေးအေးစိုး(ဖျာပုံ) ရေး `ရုပ်ရှင်သမိုင်းနှင့် မြန်မာ့ရုပ်ရှင် မှတ်တမ်း´</ref>--[[User:Mayor mt|Mayor mt]] 07:22, 28 ဇန်နဝါရီ 2009 (UTC)
 
 
== ကိုးကား ==
<references/>
 
၃၂၆၀၈

တည်းဖြတ်မှုများ