ဝေါ့ ဝှစ်တမန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ယူကြုံး +ယူကျုံး)
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၁ -
'''ဝေါ့ ဝှစ်တမန်''' (Walt Whitman) သည် ထင်ရှားသော အမေရိကန် ကဗျာဆရာတစ်ဦးဖြစ်သည်။ သူရေးသော ကဗျာများတွင် အမေရိကန်ပြည်ထောင်စုနှင့် အမေရိကန် ဒီမိုကရေစီကို ချီးကျူးရေးသားခဲ့ရာ အမေရိကန် မျိုးချစ် ဆရာကြီးဟူ၍ပင် နိုင်ငံခြား၌ အသိအမှတ်ပြုထားကြလေသည်။ ထို့ပြင် ဝှစ် တမန်သည် မိမိ၏ စိတ်နေစိတ်ထားကို အရေးအသားအားဖြင့် ထုတ်ဖော်ခဲ့ရာ၌ ခေတ်ရှေ့ပြေးလျက်ရှိခြင်းကြောင့် သူကွယ်လွန်ပြီးနောက်တွင်မှ သူ၏စာပေလက်ရာ၏ အရသာကို အကဲဖြတ်နိုင်လာကြလေသည်။ ဝေါ့ဝှစ်တမန်သည် ၁၈၁၉ ခုနှစ်မေလ ၃၁ ရက်နေ့တွင် နယူး ယော့မြို့နယ် လောင်းအိုင်လန်၌ ဖွားမြင်သည်။ ငယ်စဉ်က အခြေခံပညာ လောက်ကိုသာ ရရှိခဲ့ပြီးနောက် ရုံးလုလင်၊ ပုံနှိပ်စက်အလုပ်သမား၊ ကျောင်းဆရာ၊ သတင်းစာဆရာ စသည်ဖြင့် အလုပ်အမျိုးမျိုးကို လုပ်ကိုင်ခဲ့သည်။ ၁၈၄၆ ခုနှစ်မှ ၁၈၄၈ ခုနှစ်အထိ ''ဗရွှတ်ကလင်း အီးဂဲ'' သတင်းစာတွင် အယ်ဒီတာအဖြစ်ဆောင်ရွက်သည်။ ဝှစ်တမန်သည် ထိုသတင်းစာတွင် နိုင်ငံ ရေး၊ ပြည်သူ့အရေး၊ ပညာရေး၊ ကျန်းမာရေး၊ အကျဉ်းဖောင်ပြုပြင်ရေး၊အကျဉ်းထောင်ပြုပြင်ရေး၊ ဂီတ အစရှိသည်ဖြင့် ကျယ်ပြန့်သော အကြောင်းအချက်တို့ကို ရေးသားခဲ့သည်။ ပြည်ထောင်စု ပြိုကွဲခြင်းကို မလိုလားချေ။ ကျေးကျွန်စနစ်ကိုလည်း ပြင်းထန်စွာ ရှုတ်ချသည်။ ၁၈၅၅ ခုနှစ်တွင် ဝှစ်တမန် ရေးသော ''မြက်ပင်၏ အရွက်များ'' ခေါ် ကဗျာစာအုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ အစအဦးတွင် ထိုကဗျာစာအုပ် သည် မထင်ပေါ်ခဲ့ချေ။ နောင်အခါ နာမည်ကျော် အမေရိကန် ကဗျာဆရာ အီမာဆန်က ဝှစ်တမန်၏ကဗျာကို ထုတ်ဖော်ချီးကျူးသောကြောင့် ထင်ရှား လာလေသည်။ ထိုအခါမှစ၍ ဝှစ်တမန်သည် မိမိကဗျာကို ပြုပြင်တိုးချဲ့ရန် အားထုတ်လေသည်။ ''မြက်ပင်၏ အရွက်များ''တွင် ကဗျာဂုဏ်နှင့် ပြည့်စုံသည်ဟု မဆိုသာသော်ငြား လည်း စာဆိုသူသည် ပေါက်ဖွားရာ ပြည်ထောင်စုကို ချစ်ခင်မြတ်နိုးသဖြင့် မိမိအဖြစ် ဘဝကို ကျေနပ်ကြောင်း ထုတ်ဖော်ခဲ့လေသည်။၁၈၆၁-၁၈၆၅ ခုနှစ်တို့တွင် အမေရိကန် ပြည်တွင်းစစ်ဖြစ်ပွားသောအခါ ဝှစ်တမန်သည် သူနာပြုအဖြစ် ဝင်ရောက်ဆောင်ရွက်ခဲ့သည်။ စစ်ပွဲအတွင်းက ရရှိခဲ့သော အတွေ့အကြုံများကိုး စကားပြေနှင့်လည်းကောင်း၊ ကဗျာနှင့်လည်းကောင်း ရေးသားစပ်ဆိုခဲ့သည်။ ''ဒရမ်းတက်'' ကဗျာ၌ ''အို-ခေါင်းဆောင်၊ ကျွန်ုပ်၏ခေါင်းဆောင်''ဟူ၍ သမ္မတလင်ကွန်း ကျဆုံးသည့်အတွက် ယူကျုံးမရဖြစ်ခြင်းကို ဖော်ပြထားသည်။ ၁၈၆၃ ခုနှစ်မှ ၁၈၇၅ ခုနှစ်အထိ ဝှစ်တမန်သည် ဝါရှင်တန်မြို့တွင် အစိုးရဌာန၌ အမှုထမ်းဆောင်ခဲ့ပြီးနောက် လေသင်ဓုန်းဖြတ်သဖြင့် အလုပ်မှအနားယူခဲ့ရသည်။ ထို့နောက် နယူးဂျာစီပြည်နယ် ကင်မဒင်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ရာ ၁၈၉၂ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ကွယ်လွန်လေသည်။
<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)</ref>