ရဲတိုက်: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
[[File:Alcazar de Segovia.JPG|thumb|right|300px|alt=A castle high on a rocky peninsula above a plain. It is dominated by a tall rectangular tower rising above a main building with steep slate roof. The walls are pink, and covered with a sculptural pattern. There is a variety of turrets and details.|ဆီဂိုဗီးယား၏ အယ်လ်ကဇာ စပိန်နိုင်ငံ]]
[[File:Castle Bodiam1 cz.jpg|thumb|300px|alt=A castle of square plan surrounded by a water-filled moat. It has round corner towers and a forbidding appearance.| အင်္ဂလန်နိုင်ငံရှိ ဘိုဒီယမ်ရဲတိုက်ကို ရေပြည့်နေသော [[ ကျုံး]]ဖြင့် ဝန်းရံထားပုံ]]
 
ရဲတိုက်ဆိုသည်မှာ [[ ဥရောပ]]နှင့် [[ အရှေ့အလယ်ပိုင်း]] တို့တွင် [[အလယ်ခေတ်]]က ဆောက်လုပ်လေ့ ရှိကြသော ခံတပ် အဆောက်အအုံ တစ်မျိုး ဖြစ်သည်။ ပုံမှန်အားဖြင့် ရဲတိုက်ဆိုသည်မှာ ခံတပ်အနေနှင့် ဆောက်လုပ်ထားသော လော့ဒ် သို့မဟုတ် အထက်တန်းလွှာတို့၏ နေအိမ်ကို ခေါ်ဆိုခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် ထို အသုံးအနှုန်းမှာ [[ခံတပ်]] (fortress) ဆိုသော အသုံးအနှုန်း နှင့် အများအတွက် ကာကွယ်ရေးအတွက် တည်ဆောက်ထားသော [[ခံတပ်မြို့]] (fortified town) ဆိုသော အသုံးအနှုန်းတို့မှ ကွဲပြားခြားနားသွားသည်။ ထိုအဆောက်အအုံများမှာ ပုံမှန်အားဖြင့် တူညီသော ပုံသဏ္ဌန်များ ရှိတတ်ကြသည်။ ရဲတိုက်များကို တည်ဆောက်ခဲ့သော နှစ်ပေါင်း ၉၀၀ ခန့်အတွင်းတွင် ၄င်းတို့သည် ပုံစံအမျိုးမျိုးဖြင့် ဆောက်လုပ်ခဲ့ကြပြီး ၄င်းတို့တွင် တူညီသော ပုံသဏ္ဍာန်များလည်း ပါဝင်လေ့ ရှိကြသည်။
 
ရဲတိုက်များကို ဥရောပမှ စတင် တီထွင်ကြံဆခဲ့ကြပြီး ၉ ရာစုနှင့် ၁၀ ရာစုနှစ်များတွင် စတင်ခဲ့ကြသည်။ ကာရိုလင်ဂျီယန်း အင်ပိုင်ယာ ပျက်သုဉ်းပြီးသည့် နောက် နယ်မြေများကို လော့ဒ်များနှင့် မင်းသားများ အကြားတွင် ခွဲခြမ်းရယူခဲ့ပြီးသည့် နောက်တွင်ဖြစ်သည်။ ရဲတိုက်များသည် ၄င်း၏ ဘေးနားပတ်လည်တွင်ရှိသော နယ်မြေကို ထိန်းချုပ်ရန် အတွက်တည်ဆောက်ထားပြီး ကာကွယ်ရန်နှင့် တိုက်ခိုက်ရန် နှစ်မျိုးစလုံးအတွက် ဖြစ်သည်။ ရဲတိုက်များ အနေနှင့် တိုက်ခိုက်မှုကို စတင်ရန်နှင့် ရန်သူများထံမှ ကာကွယ်ရန် အခြေပြု စခန်းအဖြစ် အသုံးပြုလေ့ ရှိကြသည်။ ရဲတိုက်များကို လေ့လာရာတွင် စစ်ဘက်ဆိုင်ရာ ကိစ္စများသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သောလည်း ရဲတိုက်များသည် အုပ်ချုပ်ရေးနှင့် ဩဇာအရှိန်အဝါ၏ အထိမ်းအမှတ် အဖြစ်လည်း တည်ရှိကြသည်။ မြို့ပြများရှိ ရဲတိုက်များသည် ဒေသခံ နေထိုင်သူတို့ကို ထိန်းချုပ်ရန် ကောင်းသော နေရာများ နှင့် အရေးပါသော ခရီးသွား လမ်းကြောင်းများပေါ်တွင် တည်ရှိကြပြီး ကျေးလက်ရှိ ရဲတိုက်များမှာမူ လူမှုအဖွဲ့အစည်း၏ အရေးပါသော နေရာများဖြစ်သည့် ကြိတ်ခွဲစက်များနှင့် စိုက်ပျိုးရန်ကောင်းသော မြေများအနီးတွင် တည်ရှိကြသည်။
 
ရဲတိုက်အများစုမှာ အစကနဦးတွင် မြေကြီးများ သစ်လုံးများဖြင့် တည်ဆောက်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် သူတို့၏ ကာကွယ်ရေး အတွက် ကျောက်တုံးများဖြင့် ပြောင်းလဲတည်ဆောက်ခဲ့ကြသည်။ အစောပိုင်း ရဲတိုက်များမှာ သဘာဝအလျောက် ကာကွယ်ရန် ကောင်းသော နေရာများကို မှီ၍ တည်ဆောက်ခဲ့ကြပြီး မျှော်စင်များ နှင့် မြှားပစ်စစ်များ မပါရှိကြပေ။ အလယ်ဗဟို ခံတပ်နေရာကိုသာ အဓိက ထားကြသည်။
 
[[Category:စစ်ရေး]]
[[Category:အဆောက်အဦး]]
 
 
 
[[en:Castle]]