ရှမ်း လူမျိုး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
{{merge|ရှမ်းလူမျိုး|Talk:THIS PAGE#Merger proposal|{{subst:DATE}}}}
 
[[ImageFile:ShanLuuMyo.jpg|thumb|ရှမ်း လူမျိုး]]
[[ImageFile:Shannnnnnn.jpg|thumb|ရှမ်းပြည်နယ်]]
== နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ ==
ရှမ်းလူမျိုးတို့မှာ နန်ကျောက် (နန်ကျောင်းဟုလည်း အရေးအသားရှိ) အနွယ်ဝင်(ရှမ်း-တိုင်း)များဖြစ်သည်။ အေဒီ ၉ရာစုအစဦးတွင် တရုတ်ထန်မင်းဆက်၏ တန်းခိုးထွားလာမှုအောက်တွင် နန်ကျောက်ပြည်ကြီး (ယခုယူနန်ပြည်နယ်၊ တာလီဒေသ) ပြိုလဲပြီး အင်အားနည်းပါသွားခဲ့ရသည်။သို့သော် အလုံးစုံပျက်စီးသွားသည်ဟုမဆိုနိုင်ဘဲ ထန်မင်းဆက်ကုန်၍ စုန်မင်းဆက် လက်ထက်ထိတိုင် ရပ်တည်နေနိုင်ခဲ့သေးသည်။တရုတ်ပြည်ကို မွန်ဂို(တာတာ)တို့က ၁၁ ရာစုတွင်သိမ်းပိုက်ခဲ့ပြီး နယ်ပယ်များဆက်လက်ချဲ့ထွင်ခဲ့ရာ ၄င်း ရှမ်း-တိုင်း တို့ကိုလည်း အလွတ်မပေးခဲ့ချေ။ထိုသို့မွန်ဂိုတို့ရန်ကြောင့် လူမျိုးစုကြီးပြိုကွဲသည့် ရလာဒ်အဖြစ်တောင်ဖက်တစ်လျှောက် စုန်ဆင်းအခြေချခဲ့ရာမှ ရှမ်းလူမျိုးအဖြစ်ပေါ်ထွက်လာကြသည်။မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်မှ ရှမ်းလူမျိုးများအဖြစ်လည်းကောင်း၊လာအိုနိုင်ငံတွင် လော(မှုန်း)လူမျိုးများအဖြစ်လည်းကောင်း၊ထိုင်းနိုင်ငံတွင် ထိုင်းလူမျိုးများအဖြစ်လည်းကောင်း ပျံ့နှံ့သွားခဲ့ကြသည်။သို့သော် ရှမ်းလူမျိုးများမှာလည်းကချင်လူမျိုးများကဲ့သို့ပင် တောတောင်ထူထပ်သည့်ဒေသတွင် အခြေချခဲ့ကြသည့်အတွက် လူမျိုးစုငယ်အများအပြား ကွဲပြားခဲ့ပြီး ယဉ်ကျေးမှု၊ဘာသာစကားတို့ပါ အနည်းငယ်စီကွဲပြားကြသည်။
 
== မြန်မာ့သမိုင်းနှင့် ရှမ်းခေတ်များ ==
မြန်မာ့သမိုင်းတွင်လည်း ရှမ်းတို့အင်အားကြီးခဲ့ချိန်များရှိဖူးပါသည်။ထင်ထင်ရှားရှားအင်အားများသည့်ခေတ်နှစ်ခေတ်ရှိပေသည်။ ပထမ အကြိမ်မှာ ပုဂံကို မွန်ဂိုတို့ဖျက်စီးအပြီးတွင် မင်းမဲ့အခြေအနေနှင့်ကြုံတွေ့နေရစဉ်ကာလနှင့် နောင်ဒုတိယပုဂံခေတ်ပြန်ထူထောင်သည်အထိဖြစ်သည်။ထိုကာလက ရာဇသင်္ကြန်၊အသင်္ခယာနှင့်သိင်္ဂသူ ရှမ်းညီအစ်ကို သုံးဦးတို့ ခေတ်ဖြစ်ပြီး မြင်စိုင်း၊ပင်းယ၊စစ်ကိုင်းတို့တွင်ကြီးစိုးကြသည်။ဒုတိယခေတ်မှာ ပထမအင်းဝခေတ်၏နောက်ဆုံးကာလများတွင်ဖြစ်သည်။ အင်းဝရှိ မြန်မာမင်း ရွေနန်းကျော့ရှင် နရပတိ(၈၆၃-၈၈၈) အားနည်းချိန်တွင် မြောက်ဖက်တစ်လွားမှ ရှမ်းစော်ဘွားများ အင်အားကြီးမားလာပြီး အင်အားအကြီးဆုံးဖြစ်သည့် မိုးညှင်းစော်ဘွား မိုးညှင်းစလုံ(၈၈၈-၉၀၄) က သက္ကရာဇ် ၈၈၈၊တန်ခူးလဆန်း ၁၂ ရက်တွင် အင်းဝကိုသိမ်းပြီး နရပတိကို သတ်ကာနန်းစံသည်။နောက်မိုးညှင်းစလုံလွန်လျှင် သားဖြစ်သူ သိုဟန်ဘွားမှ ဆက်ခံပြီး အလွန်ဆိုးသွမ်းရက်စက်ကာ မိစ္ဆာအယူရှိလေရာ ဗုဒ္ဓဘာသာရဟန်းတော်များကို နန်းတော်သို့ပင့်ဖိတ်ဟန်ပြုကာ သတ်ဖြတ်လေသောကြောင့် မင်းကြီးရန်နောင် နှင့် မြန်မာမှူးမတ်တို့ ကလုပ်ကြံနန်းချခြင်းဖြင့်သေလွန်သည်။ နောက် မှူးမတ်တို့က မင်းကြီးရန်နောင်အား နန်းတင်ကြသော်လည်း ငြင်းပယ်ကာ အုန်းဘောင်စော်ဘွားခုံမှိုင်းကို နန်းတင်ရန်ပြောဆိုမှာကြားပြီး ရဟန်းဝတ်ဖြင့် တောထွက်သွားခဲ့သည်။နောက်အုန်းဘောင်ခုံမှိုင်းလွန်လျှင် မိုးဗြဲနရပတိဆက်လက်စိုးစံရာ စစ်ကိုင်းမှ စည်သူကျော်ထင်က တိုက်ခိုက်အနိုင်ယူကာ အင်းဝကို သိမ်းပိုက်ခဲ့သည်။
 
== ရှေးရှမ်းနယ်များ ==
ရှမ်းတို့ဌာနီ၌ ပြည်နယ်ပေါင်းမှာ တေတ္တံသ ခေါ် ၃၃-နယ်ရှိ၍ တာဝတိံသာ နတ်ပြည်အလားမွေ့လျော် ပျော်ရွှင်ဘွယ် များစွာတို့နှင့် ပြည့်စုံသည့်ပြင် စတုရန်းမိုင်ပေါင်း ၅၆၆၄၅-ကျယ်လျက် စော်ဘွား ၁၆-ယောက်၊ မြို့စား ၁၃-ယောက်နှင့် ငွေခွန်မှူး ၄-ယောက်တို့က အုပ်ချုပ်ကြရသည်။ (ဤကားအင်္ဂလိပ် လက်အောက်မှာ နေရစဉ်က ဖြစ်၏။)
(၁) ကျိုင်းတုံနယ်၊ မိုးနဲနယ်၊ ညောင်ရွှေနယ်၊ ရပ်ဆောက်နယ်၊ လဲချားနယ်၊ မောက်မယ်နယ်၊ မိုင်းပန်နယ်၊ မိုင်းပွန်နယ်၊ စကားနယ်၊ နောင်မွယ်နယ်၊ (၁၀) မိုင်းနောက်၊ မိုင်းကိုင်း၊ ကျေးသီဗန်းစံ၊ လွယ်လုံ၊ သထုံ၊ ဗန်းရင်၊ ဟိုပုန်း၊ နန်းခုတ်၊ စကွယ်နယ်၊ မိုင်းရှူး၊ (၂၀) သမခမ်း၊ ပွေးလှ၊ ဘော်နယ်၊ ရွာဝံနယ်၊ ပင်မှီ၊ ကျုံးနယ်၊ ပင်းဒယ၊ (၂၇) ဤကား တောင်ပိုင်းရှမ်းပြည်၂၇-နယ်တည်း။ (၁) သီပေါနယ်၊ (၂) တောင်ပိုင်းနယ်၊ (၃) မိုင်းရယ်နယ်၊ (၄) မြောက်သန္နီနယ်၊ (၅) မိုးမိတ်နယ်၊ (၆) မိုးလင်းနယ်၊ ဤကား မြောက်ပိုင်းရှမ်းပြည် ၆-နယ်တည်း။ ပေါင်း ၃၃-နယ် ဖြစ်၏။
 
== ယနေ့ ရှမ်းပြည်နယ် ==
ပြည်နယ်မြ်ို့တော် တောင်ကြီး
 
စာကြောင်း ၃၂ -
[[ရှမ်းပြည်နယ်]] လည်းရှု
 
== ရှမ်း ၉ ဆက်၊ ၉ စော်ဘွား ==
[[သုတေသနသရုပ်ပြအဘိဓာန်]]တွင် ဖော်ပြချက်အရ ''ရှမ်းကိုးဆက်၊ ကိုးစော်ဘွား၊ လူးတဆယ့်နှစ်ပနား၊ ရာတပါးနှင့်၊ စော်ဘွားစော်ခံ၊ ရွှေဥကင်ဘုံပျံမှာ၊ ညီလာခံခ, ညောင်း၊ မှူးမတ်အပေါင်းစုံကြပြီလား ့ ့ ့ ့ မင်းကြီးများ'' ဟူ သောဇာတ်သဘင် ဘုရင်၏စကားအရ---(၁) မိုးကောင်းစော်ဘွား၊ (၂) မိုးညှင်းစော်ဘွား၊ (၃) သောင်သွပ်စော်ဘွား၊ (၄) မိုးမိတ်စော်ဘွား၊ (၅) မိုးနဲစော်ဘွား၊ (၆) သိန္နီစော်ဘွား၊ (၇) မိုင်းပဲစော်ဘွား၊ (၈) ညောင်ရွှေစော်ဘွား၊ (၉) သီပေါစော်ဘွားတို့ ဟူ၏။
 
မှတ်ချက်။ ။ရှမ်းပြည်အစ ''မိုင်းမော'' က- ဟူသော စကားအရမိုင်းမောမှတဆင့် စော်ဘွား ၉-ဆက် ဖြစ်ပေါ်လာသည် ဟူ၏။
 
== ရှမ်းမျိုး ၃၀ ==
ဇမ္ဗူတံဆိပ် ကျမ်းရင်းတွင် ဖော်ပြချက်အရ လင်း, သက်, ချင်း, ခုံ, ရင်, ကတူး, မြန်, အကျော်, ဂင်, ရှမ်း(၁၀)။ ဇဝါ, မျက်နှာမည်း, ကသည်း, ရေမီးထွက်, ကရက်, လဝ, လော, ပန်းလောင်, တရက်, ယွန်း (၂၀)။ စနု, ဘအူ, ကရင်, ကချင်, ဂနော, ယောန်, လဝိုက်, တရုပ်, ယိုးဒယား, အနဲ (၃၀)။
ရှမ်း (၃၄) မျိုး- ရှမ်း၊ ယွန်း(လာအို)၊ ကွီ၊ ဖျင်၊ သအို၊ ဓနော၊ ပလေး၊ အင်၊ စုံ(ဆံ)၊ ခမူ၊ ကော်(အခါ-အီကော)၊ ကိုးကန့်၊ ခန္တီးရှမ်း၊
ဂုံ(ခွန်)၊ တောင်ရိုး၊ ဓနု၊ ပလောင်၊ မြောင်ဇီး၊ ယင်းကြား၊ ယင်းနက်၊ ရှမ်းကလေး၊ ရှမ်းကြီး၊ လားဟူ၊ အင်းသား၊ အိုက်ဆွယ်၊ ပအို့ဝ် (တောင်သူ)၊ တိုင်းလွယ်၊ တိုင်းလျမ်၊ ထိုင်းလုံ၊ တိုင်းလေ့၊ မိုင်းသာ၊ မောရှမ်း၊ ၀ ။
 
== ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ ==
တရုတ်၊ လာအိုနှင့်ထိုင်း နယ်စပ်များနှင့် ဆက်စပ်နေသော ဒေသများတွင် နေထို်င်သော ရှမ်းလူမျိုးများသည် မြန်မာပြီးလျှင် ဒုတိယအများဆုံး လူမျိုးစု ဖြစ်သည်။ ရှမ်းပြည်နယ်တွင် ၄ သန်းကျော် နေထိုင်ပြီး လူမျိုးစု ၃၅ စုပါဝင်နေထိုင်သည်။ ရှမ်းအမျိုးသားများသည် ပင်နီရင်စေ့ တိုက်ပုံကို ခပ်ပွပွဘောင်းဘီရှည်နှင့် တွဲဖက်ဝင် ဆင်ပြီး ခါးတွင် ပုဝါစစည်းနှောင်းလေ့ရှိသည်။ အမျိုးသမီးများသည် ကော်လာမဲ့ ရင်ဖုံးလက်ရှည်အင်္ကျီကိုပတ် လည်စင်းပါသော ရိုးရာလုံချည်နှင့် တွဲဖက်ဝင်ဆင်သည်။ အင်းလေး၊ ပင်းတယဒေသများ အပါအဝင် အပန်း ဖြေလေ့လာရန် ဒေသများစွာ ရှိသည်။
 
== ဘာသာနှင့်စာပေ ==
 
* ဘာသာ
ဘာသာအယူဝါဒအရေးတွင် ရှေးအခါကအလွန်မှားယွင်းသည့်အယူအဆများ၊နတ်ကိုးခြင်းများကိုယုံကြည်ခဲ့ကြသည်။သခင်စော်င်္ဘားဖြစ်သူသေလွန်လျှင် မိဖုရား၊မောင်းမ၊နှင့် ကျွန်လူ၊တိရိစ္ဆာန်များကိုပါ သတ်ဖြတ်ကာအတူမြေမြုပ်သည့် အလေ့များပင်ရှိခဲ့သည်ဟုဆိုသည်။သို့သော် ဟံသာဝတီဆင်ဖြူများရှင် [[ဘုရင့်နောင်]]မင်းကြီးမှ ရှမ်းပြည်တစ်လွှားကို သိမ်းသွင်းပြီးနောက်တွင် အဆိုပါမှားယွင်းရက်စက်သည့်အယူများကို ဆက်လက်ပြုလုပ်စေခြင်းမရှိတော့ပဲ ထေရဝါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်စေခဲ့သည်။သို့ဖြင့် ယနေ့အချိန်အထိ ရှမ်းလူမျိုးအများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး အခြားဘာသာကိုးကွယ်သူအနည်းငယ်လည်းရှိကြသည်။
 
* စာပေ
ယနေ့မျက်မှောက်ခေတ်တွင် အသုံးပြုနေသော ရှမ်းစာပေ၌ အက္ခရာပေါင်း ၁၉ လုံး ရှိပါသည်။
 
== အနုသုခုမအနုပညာ ==
 
== ရည်ညွှန်းကိုးကား ==
* တပင်ရွှေထီး၊ဘုရင့်နောင် ကေတုမတီတောင်ငူရာဇဝင်စဆုံး
* သုတေသနသရုပ်ပြ အဘိဓာန်ကျမ်း
* ဇမ္ဗူတံဆိပ်ကျမ်း
{{မြန်မာပြည် လူမျိုးများ}}
 
==ရည်ညွှန်းကိုးကား==
*တပင်ရွှေထီး၊ဘုရင့်နောင် ကေတုမတီတောင်ငူရာဇဝင်စဆုံး
*သုတေသနသရုပ်ပြ အဘိဓာန်ကျမ်း
*ဇမ္ဗူတံဆိပ်ကျမ်း
[[Category:ပြည်ထောင်စုသားလူမျိုးများ]]
[[Category:တိုင်းရင်းသားလူမျိုးများ]]
 
{{မြန်မာပြည် လူမျိုးများ}}