လေယာဉ်ပျံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
[[ ImageFile:Ancient_1.jpg|thumb]]
[[ImageFile:Ancient_2.jpg|thumb]]
[[ImageFile:Ancient_3.jpg|thumb]]
လေထက်လေးသော်လည်း လေထဲတွင် ပျံသန်းနိုင်သော စက်တပ် ယာဉ်ဖြစ်သည်။ လေထဲတွင် ပျံတက်ရန်အတွက် အတောင်ပံ နှစ်ဘက် ပါရှိသည်။ တပ်ဆင်ထားရှိသော အင်ဂျင်အမျိုးအစားပေါ် မူတည်၍ [[ဂျက်လေယာဉ်]] ၊ [[ပန်ကာတပ် လေယာဉ်]] ဟူ၍ အမျိုးမျိုး ရှိသည်။လေယာဉ်ပျံများသည် အများအားဖြင့် ၎င်းတို့ အဆင်း၊အတက်ပြုလုပ်နိုင်
ရန်အတွက် သီးသန့်တည်ဆောက်ထားသော [[လေယာဉ်ကွင်း]] များတွင်သာ ရပ်နားလေ့ရှိကြသည်။
== သမိုင်းကြောင်း ==
သမိုင်းမတင်မှီ ခေတ်များကတည်းက လူတို့ လေထဲတွင် ပျံသန်းနိုင်ရန် ကြိုးပမ်းမှုများ ရှိခဲ့သော်လည်း အမေရိကန်လူမျိုး ၊ [[ရိုက်ညီနောင်]] က ၁၉၀၃ ခုနှစ် ဒီဇင်ဘာ (၁၇) တွင် ပထမဆုံး လေထဲ ပျံတက်နိုင်သော လေယာဉ် ကို တီထွင်နိုင်ခဲ့ကြသည်။ ၁၉၀၅ ခုနှစ်တွင် ရိုက်ညီနောင်ကပင် ထိန်းသိမ်း မောင်းနှင်နိုင်သည့် လေယာဉ်ပျံကို စမ်းသပ် ပျံသန်းနိုင်ခဲ့ကြသည်။ [[ပထမ ကမ္ဘာစစ်]] တွင် လေယာဉ်များကို လက်နက်သဖွယ် စတင်အသုံးပြုခဲ့ကြသည်။ လေယာဉ်များ၏ စွမ်းဆောင်နိုင်စွမ်းကို သိရှိခဲ့ကြပြီးနောက် [[ပထမ ကမ ္ဘာစစ်]] နောက်ပိုင်းတွင် လေကြောင်း ပညာရပ်သည် တိုးတက် ဖွံ့ဖြိုးလာခဲ့သည်။ [[ဒုတိယကမ္ဘာစစ်]]တွင် လေယာဉ်များသည် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။ ပထမဆုံး မြို့ပြသုံး ဂျက်လေယာဉ်ကို ၁၉၅၂ ခုနှစ်တွင် စတင် ပျံသန်းနိုင်ခဲ့ပြီး ခရီးသည်တင် လေယာဉ်များထဲတွင် [[Boeing 747]] သည် ကျော်ကြားသည့် အမျိုးအစားတစ်ခု ဖြစ်သည်။
== လေထဲ ပျံသန်းနိုင်ခြင်း ==
လေယာဉ်များတွင် လေထဲသို့ ပျံတက်နိုင်ရန်အတွက် ပင့်အား ရရှိစေမည့် အတောင်ပံ တစ်စုံ နှင့် ရှေ့တွန်းအား ရရှိစေမည့် အင်ဂျင်များ ပါဝင်ကြသည်။ အင်ဂျင်သည် လေယာဉ်ကို ရှေ့တွန်းအား ရရှိစေပြီး အတောင်ပံက ပင့်မအား ရရှိစေသည်။ ထို့ကြောင့် လေယာဉ်များ လေထဲတွင် ပျံသန်းနိုင်ခြင်း ဖြစ်သည်။
== စစ်ဘက်သုံး လေယာဉ်များ ==
စစ်ဘက်သုံး လေယာဉ်များတွင် [[တိုက်လေယာဉ်များ]]၊ [[ဗုံးကြဲလေယာဉ်များ]] ၊ စစ်ဘက်[[သယ်ယူပို့ဆောင်ရေး လေယာဉ်များ]] ၊ [[ဝေဟင် ဆီဖြည့် လေယာဉ်များ]] ပါဝင်သည်။ [[ပထမ ကမ ္ဘာစစ်]] အတွင်းက လေယာဉ်များကို အကဲကြည့်အတွက်သာ အသုံးပြုခဲ့ရာမှ အဆင့်မြှင့်၍ မွမ်းမံလာခဲ့ကြပြီး [[ဒုတိယ ကမ္ဘာစစ်]] တွင် လေယာဉ်များတွင် လက်နက်များ တပ်ဆင် အသုံးပြုနိုင်ခဲ့ကြသည်။ လေကြောင်း နည်းပညာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် ယခုအခါတွင် [[ရေဒါ]] ဖြင့် မမြင်နိုင်သော ကိုယ်ပျောက် လေယာဉ်များ တီထွင်လာနိုင်ခဲ့သည်။ Boeing , McDonnell Douglas တို့သည် နာမည်ကျော် လေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီများ ဖြစ်ကြသည်။
 
== အရပ်ဘက်သုံး လေယာဉ်များ ==
 
လေယာဉ်များ၏ လျှင်မြန်စွာ သယ်ယူပို့ဆောင်ပေးနိုင်မှုကြောင့် အရပ်ဘက် သယ်သူပို့ဆောင်ရေဂး လုပ်ငန်းများတွင် လေယာဉ်များသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက် ရှိသည်။ ဘိုးအင်း ကုမ္ပဏီထုတ် Boeing 747 သည် နာမည်ကျော် သယ်ယူပို့ဆောင်ရေး လေယာဉ်ဖြစ်ပြီး British Aircraft Corporation မှ ထုတ်လုပ်သည့် ကွန်းကော့ (Concorde) သည် ပထမဦးဆုံး အသံထက်မြန်သည့် အရပ်ဘက်သုံး သယ်ယူပို့ဆောင်ရေး လေယာဉ်ဖြစ်သည်။
 
== အသံထက် ပိုမိုလျင်မြန်သော လေယာဉ် ==
အသံမြန်နှုန်းကို ပင်လယ်ရေမျက်နှာပြင်အထက်တွင် တိုင်းထွာကြည့်ရာ၌ တနာရီလျှင် ၁၂၀၀-ကီလိုမီတာ (၇၄၅-မိုင်) ရှိကြောင်း တွေ့ရှိရသည်။ ယခုခေတ်တွင် အသံထက်လျင်မြန်သော လေယာဉ်များကို တီထွင်နိုင်ခဲ့ကြ သည်။ ယင်းတို့ကို ကွန်းကော့တ် (Concorde) လေယာဉ်ဟု ခေါ်ဝေါ်ကြသည်။ ကွန်းကော့တ်လေယာဉ်များသည် တနာရီလျှင် ၂၁၀၀-ကီလိုမီတာ (၁၃၀၄-မိုင်) နှုန်းဖြင့် ပျံသန်းနိုင်သဖြင့် အသံနှုန်းထက် ပိုမိုလျင်မြန်ခြင်း ဖြစ်သည်။
ကုန်များတင်သည့် လေယာဉ်များကိုမူ အသံထက်မြန်အောင် မဖန်တီးနိုင်ခဲ့ကြပေ။ ကုန်များတင်ဆောင်သော လေယာဉ်များကို အသံနှုန်းထက်မြန်အောင် ဖန်တီးပါက လေယာဉ်ပျက်စီးသွားနိုင်သောကြောင့် ဖြစ်သည်။ အသံနှုန်းထက်မြန်သော ကွန်းကော့တ်လေယာဉ်များတွင် ခရီးသည်များသာ တင်ဆောင်သည်။ <ref>The Best Ever Book of Questions and Answers.
</ref>
 
== ကိုးကား ==
<references/>
 
[[Category:လေယာဉ်ပျံ]]
[[Category:ယာဉ်များ]]