လျှပ်စစ်ဓာတ်အား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
AC Generators
 
Self - Excited AVR Controlled Generators
Self - Excited AVR Controlled Generators တွင် AVR (Auto Voltage Regulator ) , Exaciter Stator , Exciter Rotor ,Rotating Diodes , Main Stator , Main Rotor တို့ပါဝင်သည်။ပုံတွင်ပြထားသည့်အတိုင်း Exciter Rotor ၊ Rotating Diodes ၊ Main Rotor တို့ကို Main Engine နှင့် ဝင်ရိုးတစ်ချောင်းတည်းပေါ်တွင် နေရာချထားသည်။ပါဝင်သော အစိတ်အပိုင်များ၏ လုပ်ဆောင်ပုံများမှာ အောက်ပါအတိုင်းဖြစ်သည်။
AVR (Auto Voltage Regulator ) သည် Main Stator မှ ထွက်ရှိလာသော ဗို့အားကို အာရုံခံ၍ မူလကချိန်ညှိထားသော တန်ဖိုးများရရှိစေရန် Exaciter Stator သို့ပေးသော ဗို့အားကို ထိန်းညှိပေးရန်ဖြစ်သည်။
Exaciter Stator သည် Main Engine ၏မောင်းနှင်မှုနှင့်လည်ပတ်နေသော Exciter Rotor ၏ ကွိုင်များပေါ်တွင် လျှပ်ညှို့ခြင်းအားဖြင့် ဗို့အားကို ဖြစ်ပေါ်စေသည်။ Exciter Rotor သည် Exciter Stator တွင်ဖြစ်ပေါ်နေသော လျှပ်စစ်သံလိုက်စက်ကွင်းများကိုဖြတ်ရင်း ယင်း၏ကွိုင်များတွင် ညှို့ရဗို့အား (Induced voltage)နှင့် လျှပ်စစ်တို့ဖြစ်ပေါ်လာသည်။ရရှိလာသော ဗို့အားနှင့် လျှပ်စီးကြောင်းများမှာ ပြန်လှန်လျှပ်စီးကြောင်းများ ( AC )ဖြစ်သည်။
Rotating Diodes သည် Exciter Rotor မှထွက်ရှိလာသော ပြန်လှန်လျှပ်စီးတို့ကို တစ်ဖက်သတ်လျှပ်စီး ( DC) သို့ပြောင်းပေးပြီးနောက် ယင်းတို့ကို Main Rotor ၏ကွိုင် ( Coils )များသို့ ပို့ပေးသည်။ဤသို့အားဖြင့် Main Rotor ၏ ကွိုင်များတွင် အားကောင်းသော သံလိုက်စက်ကွင်းများ ( Magnetic Fields)ဖြစ်ပေါ်လာသည်။ Main Rotor သည် Main Engine ၏ဝင်ရိုးပေါ်တွင်လည်ပတ်လျှက်ရှိသောကြောင့် သံလိုက်စက်ကွင်းများသည်လည်း လိုက်ပါလည်ပတ်လျှက်ရှိသည်။ထိုသံလိုက်စက်ကွင်းများသည် တဖန် Main Stator ၏ကွိုင်များကို ထပ်မံ၍ဖြတ်ပြီးနောက် Main Stator တွင် လျှပ်ညှို့ခြင်း ( Induction)အားဖြင့်ဗို့အားကို ဖြစ်ပေါ်စေပြန်သည်။ထို ကွိုင်များကို လျှပ်စစ်ကြိုးများဖြင့် ဆက်သွယ်၍ လိုအပ်သလို အသုံးချကြသည်။
Permanent Magnet Generator ( PMG ) Excited - AVR Controlled Generator
 
ဤအမျိုးအစား မီးစက်များတွင် Permanent Magnet Generator ( PMG ) သည် အဓိက ကွဲပြားခြားနားသော အစိတ်အပိုင်းဖြစ်သည်။ PMG ၏Rotor ကို အမြဲတမ်းသံလိုက် (Permanent Magnet)ဖြင့်ပြုလုပ်ထားသည်။ယင်း၏ သံလိုက်စက်ကွင်းများ လည်ပတ်ခြင်းကြောင့် PMG Stator တွင်ဖြစ်ပေါ်လာသော ညှို့ရဗို့အားကို သုံး၍ AVR မှတဆင့် Exaciter
Statorကို ဗို့အားပေးသည်။ပေးရမည့် ဗို့အားအနည်းအများကို AVR က ထိန်းညှိပေးသည်။Main Generator ၏အထွက်ဗို့အားမှာ အသုံးပြုသော ဝန်( Load ) အမျိုးအစားကို လိုက်၍ ပြောင်းလဲလေ့ရှိသည်။ဤ မီးစက်အမျိုးအစားတွင် Excitation Voltage ကို အခြားမီးစက်အမျိုးအစားများတွင်ကဲ့သို့ အထွက်ဗို့အားကို ပြန်လည်အသုံးမပြုပဲ သီးခြားဖြစ်သော စွမ်းအင်ရင်းမြစ် ( PMG ) မှ ရယူခြင်းဖြင့် Main Generator ၏အလုပ်လုပ်ပုံကို ပိုမိုကောင်းမွန်စေသည်။
(Ref: Manual of Emergency Generator )