အက်ဒွပ် ဂစ်ဗန်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
 
စာကြောင်း ၈ -
နိုင်ငံသမိုင်းကျမ်းကြီးမှာ အင်္ဂလိပ်ဂန္ထဝင်တွင် မှတ်တမ်းတင် လောက်သော ကျမ်းကြီးတစ်စောင်ဖြစ်၍ အတွဲ ၆ တွဲ ရှိ၏။ ၁၇၇၆ ခုနှစ်မှ ၁၇၈၈ ခုနှစ်အတွင်း ၁၂ နှစ် ကာလပတ်လုံး ဂစ်ဗန်သည် ထိုကျမ်းကြီးထွက်အောင် ကြိုးစားခဲ့ရ၏။ ကျမ်း ကြီးကို ပြုစုနိုင်အောင် ရောမနိုင်ငံနှင့် သက်ဆိုင်သည့် အချက်အလက်တို့ကို ရှာဖွေရာ၌ ဂစ်ဗန်သည် စာတွေ့မဟုတ်ဘဲ ကိုယ်တွေ့ဖြစ်အောင် သူကိုယ်တိုင် အီတလီမြေကိုနင်းကာ ခရီးလှည့်လည်ခဲ့၏။ အကြောင်းအရာများကို သူ၏စိတ်၌ သေချာတိကျမှ ရေးသားလေ့ရှိ၏။ သူ၏ နိုင်ငံသမိုင်းတွင် နိုင်ငံရေး၊ ဘာသာရေးနှင့် စစ်မက်ရေးများကို အသားပေးထား၍ စီးပွားရေး၊ ဘဏ္ဍာရေး၊ ပေါင်းသင်းဆက်ဆံရေးများကို
မြှုပ်ထား၏။ သို့သော်လည်း ဂစ်ဗန်၏ ရောမနိုင်ငံတော်ကြီး ပျက်စီးပုံသမိုင်းကျမ်းကြီးကို သမိုင်းစာစောင်အဖြစ်၎င်း၊ ဗဟုသုတဖြစ်ဖွယ် စာပေတရပ်အဖြစ်၎င်း လူတိုင်းလက်ခံ နှစ်သက်ကြပေသည်။ သူ၏ စာအရေးအသားမှာ ပြေပြစ်ချောမောပြီးလျှင် ဖတ်ရှု၍ မငြီးနိုင်အောင် ခံ့ညားကောင်းမွန် လှပေသည်။ ထို့ကြောင့် ကျမ်းကြီးကိုပြုစုရသော အက်ဒွပ်ဂစ်ဗန်ကို နာမည်ကျော် စာရေးဆရာတစ်ယောက်အဖြစ် အသိ အမှတ်ပြုလာကြသည်မှာ အံ့ဩဖွယ်ရာ မဟုတ်ချေ။ သူ၏နိုင်ငံ
သမိုင်းကျမ်းကြီးကို ၂ ပိုင်း ခွဲခြား၍ ဝေဖန်နိုင်သည်။ ပထမပိုင်းမှာ အတော်ပင်စေ့စပ် သေချာစွာ ရေးထားသည်။ ဒုတိယပိုင်းကား နှစ်ပေါင်း ၈ဝဝ အတွင်း ဖြစ်ပျက်သော အကြောင်းအရာဖြစ်၍ ပထမပိုင်းမှာလောက် အချက်အလက် ပြည့်စုံမှန်ကန်ခြင်း မရှိ။ သို့ရာတွင် သူရေးသားခဲ့သောကျမ်းကြီးတစ်ခုလုံးကို ခြုံ၍ကြည့်လျှင် ထိုကျမ်းကြီးသည် အင်္ဂလိပ်စာပေတွင်၎င်း၊အင်္ဂလိပ်စာပေတွင်လည်းကောင်း၊ ကမ္ဘာ့စာပေတွင်၎င်းကမ္ဘာ့စာပေတွင်လည်းကောင်း ထင်ရှားသော သမိုင်းမှတ်တမ်းကြီး တစ်စောင်ဖြစ်ကြောင်းကို လူတိုင်း ဝန်ခံရမည် ဖြစ်ပေသတည်း။
<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)</ref>