စွမ်းအင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး HotCatကို အသုံးပြု၍ Category:ပင်မ အကြောင်းအရာ ဆောင်းပါးများကို ပေါင်းထည့်ခဲ့သည်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-စကြာဝဠာ +စကြဝဠာ)
စာကြောင်း ၅၇ -
နေ၏အတွင်းပိုင်းတွင်လည်း ဤကဲ့သို့ပင်ဒြဗ်ဝတ္ထုအဖြစ်မှစွမ်းအင်အဖြစ်သို့ ပြောင်းလဲမှုကို တွေ့ရလေသည်။ ယခုအခါ ဒြဗ်မှန်သမျှကို စွမ်းအင်အဖြစ်သို့ ပြောင်းလဲရန် မတတ်နိုင်သေးချေ။ သို့ရာတွင် ဒြဗ်မှ စွမ်းအင်သို့လည်းကောင်း၊
စွမ်းအင်မှ ဒြဗ်သို့လည်းကောင်း ပြောင်းလဲနိုင်သည်ဟူသောအချက်ကို
အခြေခံထားပါက၊ စွမ်းအင်ကို ဖန်တီး၍လည်းမရ၊ ဖျက်ဆီး၍လည်းမရဟု ပထမနိယမ အရဆိုရမည့်အစား စကြာဝဠာတွင်စကြဝဠာတွင် ရှိသမျှဒြဗ်နှင့် စွမ်းအင်တို့၏ ပမာဏပေါင်းမှာ အမြဲတမ်း
မပြောင်းလဲဘဲ ရှိသည်ဟု ဆိုမှပို၍ မှန်ကန်ရာရောက်ပေမည်။
စွမ်းအင်ပြောင်းလဲမှုနှင့် စပ်လျဉ်းသည့် ဒုတိယနိယမ အဆိုမှာ စွမ်းအင် တစ်မျိုးမှတစ်မျိုးသို့ ပြောင်းလဲတိုင်း စွမ်းအင်အချို့သည် အပူစွမ်းအင်အဖြစ်ဖြင့် အလဟဿ ဆုံးပါး
လွတ်မြောက်သွားသည်ဟူ၍ ဖြစ်သည်။ ဤအတိုင်းသာမှန်ပါက တဖြည်းဖြည်း အပူစွမ်းအင် ဆုံးပါးမှုသည် များများလာသောကြောင့် တစ်နေ့သော် စကြာဝဠာတစ်ခုလုံးသည်စကြဝဠာတစ်ခုလုံးသည် အပူသုန်း၍
ပျက်စီးသည့်ဘေးနှင့် တွေ့ကြုံရမည်မှာ သေချာနေပြီ။ သို့သော် ဤယူဆချက်ကို သိပ္ပံပညာရှင်ကြီးများအားလုံးက လက်မခံကြသေးချေ။
 
ယခုအခါ စကြာဝဠာကြီးစကြဝဠာကြီး ပျက်စီးမည့်အရေးထက် စက်ကိရိယာ အမျိုးမျိုးအတွက် အားကိုးနေရသော ကျောက်မီးသွေး နှင့် ရေနံများ ကုန်ခန်းသွားလျှင် ကြုံရမည့်အခက်အခဲကို ပို၍
ပူပန်ကြသူကများသည်။ ကျောက်မီးသွေးနှင့် ရေနံမှာ နေ၏စွမ်းအင်ကို သိုလှောင်ထားသည့် ပစ္စည်းများပင်ဖြစ်ရာ ထိုပစ္စည်းများ ကုန်ခန်းသွားသည့်တိုင်အောင် နေမှာထွန်းလင်းမြဲ
ထွန်းလင်းနေဦးမည်ဖြစ်၍ ဘာမျှစိုးရိမ်စရာမရှိဟု အချို့က ဆိုပေမည်။ သို့သော် ကျွန်ုပ်တို့သည် နေ၏စွမ်းအင်ကို တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝိုက်သော နည်းဖြင့်သာလျှင် သုံးစွဲနိုင်ကြ