တော်လမီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုးကား
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-စကြာဝဠာ +စကြဝဠာ)
 
စာကြောင်း ၅ -
 
 
ကျွန်ုပ်တို့မှီတင်းနေထိုင်ရာ ကမ္ဘာမြေကြီးသည် [[စကြာဝဠာစကြဝဠာ]]၏ဗဟိုတွင် တည်ရှိ၍ [[နေ]]၊ လ၊ နက္ခတ် တာရာတို့သည် ကမ္ဘာကို လှည့်ပတ်လျက် ရှိကြသည်ဟူသော အယူအဆကို တော်လမီသည် ဦးစွာကြံဆခဲ့သူဖြစ်သည်။ ထိုအယူအဆသည် ဥရောပတိုက်တွင် နှစ်ပေါင်း ၁၄၀၀ မျှပျံ့နှံ့ခဲ့ပြီးနောက် ပိုလန်လူမျိုး နက္ခတ်ပညာရှင် [[ကော်ပါးနိကပ်စ်]]၏ တွေ့ရှိချက်ကြောင့် သူ၏အယူအဆ မှားယွင်းပုံကို သိရှိလာကြရသည်။
 
 
တော်လမီပြုစုခဲ့သော ကျမ်းတို့တွင် ''အဲလမာဂျက်''ခေါ် စကြာဝဠာစကြဝဠာ တည်ဟန်ကျမ်းသည် အဓိကကျမ်း ဖြစ်လေသည်။ ထိုကျမ်း၌ ဆိုခဲ့ပြီးသော သူ၏ အယူအဆတို့ကို၎င်း၊ ကြယ်အမျိုးပေါင်း ၁၀၈၀ ကို၎င်း ဖော်ပြထားလေသည်။ ထိုကျမ်း၌ အရေးကြီးသောတွေ့ရှိချက်မှာ လ၏သွားရာလမ်းကြောင်း မမှန်ဟူသောအချက် ဖြစ်သည်။