သိပ္ပံပညာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (ရိုဘော ပေါင်းထည့်နေသည: bug:ᨔᨕᨗᨊᨔ
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၆ -
 
== သိပ္ပံပညာ အခြေခံ ကိုင်းခွဲများ ==
[[ImageFile:DNA_Animation.gif|thumb|150px|[[နှစ်ပင်လိမ်]] ဒီအန်အေ တည်ဆောက်ပုံ ပုံကြမ်း]]
[[သိပ္ပံပညာ နယ်ပယ်]]များကို အဓိကအားဖြင့် ([[ဇီဝ]] ဖြစ်စဉ် စသည့်) သဘာဝ ဖြစ်ရပ်များကို လေ့လာသော [[သဘာဝ သိပ္ပံပညာ]] (natural sciences) နှင့် [[လူ အပြုအမူ]] များကိုလေ့လာသော [[လူမှု သိပ္ပံပညာ]] (social sciences) ဟု၍ နှစ်ခု ကွဲသည်။ ၎င်းနှစ်ခုစလုံးသည် [[လက်တွေ့]] သိပ္ပံပညာဖြစ်သောကြောင့် လေ့လာတွေ့ရှိချက်များအပေါ်မှ စမ်းသပ်ခံနိူင်သော အသိပညာတွင် အခြေခံသည်။ သိပ္ပံပညာနှင့် ဆက်စပ်နေသော အသုံးချ သိပ္ပံပညာများဖြစ်သည့် [[အင်ဂျင်နီယာ]] နှင့် [[ဆေးပညာ]] တို့လည်း ရှိကြသည်။ ၎င်းအတွင်းမှာပင် ထပ်မံ၍ ခွဲခြားမှုများ ရှိသည်။
 
စာကြောင်း ၁၃ -
== သိပ္ပံနည်းကျ နည်းစဉ် ==
{{main | သိပ္ပံနည်းကျ နည်းစဉ်}}
[[ImageFile:Bohr_model.png | thumb | [[နေဘိုး]]၏ [[အက်တန်]] ပုံစံ။ များစွာသော သိပ္ပံအတွေး များကဲ့သို့ပင် အစပိုင်းတွင်ကျယ်ခဲ့ပြီး နောက်ပိုင်းတွင် လက်တွေ့ စမ်းသပ်မှုများဖြင့် အချို့အပိုင်းများကို ပယ်ခဲ့သည်။]]
သိပ္ပံနည်းကျ နည်းစဉ်များသည် [[သဘာဝ]] ဖြစ်ရပ်များကို [[ပြန်လည်ပြုလုပ်နိူင်သော]] (reproducible) သက္ကာရများဖြင့် ရှင်းလင်းရန် ကြိုးစားပြီး အသုံးဝင်သော [[မှန်းဆခြင်း]]များလည်း ပြုလုပ်နိူင်သည်။ ၎င်းတို့ကို သဘာဝ ဖြစ်စဉ်များကို လေ့လာခြင်း၊ သို့မဟုတ် သဘာဝ ဖြစ်စဉ် ထိန်းချုပ်၍ လက်တွေ့စမ်းသပ်မှုများ ပြုလုပ်၍ ဆန်းစစ်ခြင်းဖြစ်သည်။ ၎င်းနည်းစဉ်များသည်သည် သိပ္ပံ နှင့် [[နည်းပညာ]] နယ်ပယ်တို့တွင် ယထာဘူတ ကျကျ အဖြေရရန် အသုံးပြုသည်။
 
== သင်္ချာ ==
[[ImageFile:Michelsonmorley-boxplot.svg.png | 300px | frame | right | နာမည်ကြီး [[Michelson–Morley experiment]] မှ အချက်အလက်များ]]
[[သင်္ချာ]]သည် သိပ္ပံပညာတွင် အဓိကဖြစ်သည်။ သိပ္ပံပညာတွင် သင်္ချာ၏ အရေးပါသော အချက်မှာ 'ပုံစံ' ထုတ်ခြင်းပင်ဖြစ်သည်။ လေ့လာတွေ့ရှိချက်၊ တိုင်းတာချက်များကို လေ့လာရန်တွင်လည်း သင်္ချာနည်းစဉ်များကို အသုံးပြုရန် မကြာခဏ လိုအပ်တတ်သည်။ [[ဂဏန်းသင်္ချာ]]၊ [[အက္ခရာသင်္ချာ]]၊ [[ဂျီဩမေတြီ]] နှင့် [[ကဲကုလပ်]] တို့မှာ [[ရူပဗေဒ]] တွင် အမြဲသုံးသည်။ သင်္ချာ ကိုင်းကွဲ အားလုံးလိုလိုကို သိပ္ပံပညာတွင် သုံးသည်။ သင်္ချာစစ်စစ် (pure mathematics) များဖြစ်သော [[ကိန်းသင်္ချာ]] (number theory) နှင့် [[တိုပိုလိုဂျီ]] တို့ပင် အသုံးရှိသည်။
 
== ဖီလိုဆိုဖီ ==
 
သိပ္ပံ [[ဒဿနပညာ| ဖီလိုဆိုဖီ]] (philosophy of science) သည် သဘာဝကို အမှန်အတိုင်း နားလယ်ရန်နှင့် သိပ္ပံနားလယ်မှုများ မှန်မမှန်း ဆုံးဖြတ်ရန် ကြိုးစားသည်။ [[သိပ္ပံနည်းကျ နည်းစဉ်]]ကို သုံး၍ပင်လျှင် သိပ္ပံ နှင့် သိပ္ပံ မဟုတ်သည်ကို ခွဲခြားရန် ခက်ခဲ့သည်မှာ အသိပင်ဖြစ်သည်။ သိပ္ပံ နှင့် သိပ္ပံ မဟုတ်သည် နှစ်ခုအကြား တိတိကျကျ ခွဲခြားနိူင်ရန် မှန်ကန်သော တွေးခေါ်မှု့များ ရှိရပေမည်။ ၎င်းနှင့်ပတ်သက်၍ များစွာသော အဆိုပြုချက်များ ရှိခဲ့ပြီး ယခုတွင် သိပ္ပံသမားများ အကြား အများအားဖြင့် သဘောတူညိမှုရှိပေသည်။ ဥမမာဆိုသော အများလက်ခံထားသည်မှာ သိပ္ပံတွေးခေါ်မှု နှင့် သီအိုရီများသည် အခြားတစ်ယောက်မှ ပြန်လည် စမ်းသပ်နိူင်မှသာ ၎င်းတို့သည် အတည် ဖြစ်သည်။
 
သိပ္ပံနည်းကျ နည်းစဉ်နှင့် ပတ်သက်၍ ဖီလိုဆိုဖီ သမားများတွင် အတွေးများစွာရှိသည်။ လက်တွေ့သမား (Methodological naturalism) များက သိပ္ပံနည်းကျ စမ်းစစ်ရာတွင် မြင်တွေ့နိူင်သော (observable) ဖြစ်ရပ်များကို ရှင်းလင်းရာတွင် လက်တွေ့ကျကျ လေ့လာပြီး အခြားသူကလဲ ပြန်လယ် စမ်းသပ်နိူင်မသာ ဖြစ်ရမည်ဟု ဆိုသည်။ ထို့ကြောင့် လက်တွေ့သမားများက [[သဘာဝလွန် ဖြစ်ရပ်]]များ၊ အာဏာရ အဖွဲ့အစည်း၏ အဆိုပြုချက်များ၊ ဘက်လိုက်သော လေ့လာမှုများကို လက်မခံပေ။ အမှန်တရားသမားများ (critical rationalism) ကမူ လေ့လာမှုများတွင် ဘက်မလိုက်အောင် လုပ်၍မရ ထို့အပြင် သဘာဝလွန်ဟုပြောသည်မှာ မည်မျှလွန်လျှင် သဘာဝမှ လွန်သည်ခေါ်မည်မှာ တိကျမှုမရှိဟု ညင်းဆိုသည်။ ထို့ကြောင့် အမှန်တရားသမားများက မှားကြောင်း ထောက်မပြနိူင်လျှင် အမှန်ဖြစ်သည် ဆိုသည်။ အမှန်တရားသမားသည် လက်တွေ့သမားများ တွေးခေါ်သည်နိူင်ထပ် ပိုမို ကျယ်ပြန့်သော နေရာများကိုပါ လေ့လာနိူင်ပြီး တချိုန်တည်းမှာပင် အာဏာပိုင်များကို ဖိဆံသည်။ အမှန်တရားသမားများက သိပ္ပံဆိုသည်မှာ လက်တွေ့ပြနိူင်မှုထက် အမှား မပါမှုက အရေးကြီးသည်ဟု ဆိုသည်။ တိုင်းတာမှုသမားများ (instrumentalism) ကမူ တိုင်းတာမှုများသည် အမှားအမှန်ထက် ဖြစ်ရပ်များကို ကြိုတင်တွက်ချက်ရန်သာ ဖြစ်သည်ဟု ဆိုသည်။
 
== သိပ္ပံပညာ နှင့် မြန်မာ့ အမြင် ==
[[မြန်မာပြည်|မြန်မာ]]မှုနယ်တွင် တပြည့်တို့၏ဝတ္တရား၊ ဆရာတို့၏ဝတ္တရား၊ သားသမီးတို့၏ဝတ္တရား၊ မိဘတို့၏ဝတ္တရား၊ စသည်တို့ရှိရာ
ဆရာဝတ် တွင်
စာကြောင်း ၄၃ -
ယခုအခါတွင်မူ လူမှုရေးသိပ္ပံ စသောဝေါဟာရအသုံးအနှုန်းများပါ ပေါ်ပေါက်သုံးစွဲလျက်ရှိကြပြီး တိကျသေချာသောနည်းစနစ်များဖြင့် လူဘောင်ဘဝအား ကောင်းကျိုးတစ်စုံတရာပြုပေးနိုင်သည့်ပညာအားလုံးကို သိပ္ပံပညာဟု ခေါ်လိုဟန်ရှိသည်။
 
== သိပ္ပံပညာရှင် ==
သိပ္ပံပညာရှင်ဆိုတဲ့ စကားလုံးဟာ သိပ်ကို ကျယ်ပြန့်ပါတယ်။ အငြင်းပွားစရာတွေလဲ အများကြီးရှိပါတယ်။ [[ရုရှားနိုင်ငံ|ရုရှ]]က သိပ္ပံပညာရှင်တစ်ယောက်က သူ့ကျောင်းသားများကို ရှင်းပြဘူးပါတယ်။ သိပ္ပံပညာရှင်ဆိုတာ ကိုယ့်ဘာသာကိုယ် နံမည်တပ်ပေးလို့ မရဘူး။
အခြားပညာရှင်များက လက်ခံ အသိအမှတ်ပြုပြီး အများသဘောတူ စတင်ခေါ်ဆိုကြခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဆိုလိုတာက သိပ္ပံနဲ့ ပီအိပ်ချ်ဒီ ရထားရုံနဲ့ သိပ္ပံပညာရှင်လို့ ခေါ်ဆိုဖို့ ခက်တယ်ဆိုတာပါပဲ။
[[rue:Наука]]
 
[[Category:သိပ္ပံ]]
Line ၁၆၀ ⟶ ၁၆၁:
[[ro:Știință]]
[[ru:Наука]]
[[rue:Наука]]
[[sah:Үөрэх]]
[[scn:Scienza]]