သော်တာဆွေ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ |
အရေးမကြီး Robot: Cosmetic changes |
||
စာကြောင်း ၁ -
'''သော်တာဆွေ'''သည် ကျော်ကြားသော ဟာသစာရေးဆရာတစ်ယောက်ဖြစ်သည်။ အမည်ရင်းမှာ ဦးကြင်ဆွေဖြစ်သည်။
== ငယ်ဘဝ ==
စာရေးဆရာကြီး သော်တာဆွေကို ၁၉၁၉ ခုနှစ် မေလ ၁၉ ရက် တနင်္လာနေ့တွင် ပေါင်းတည်မြို့ အလယ်ပိုင်း ကြို့ပင်ရွာနေ အဖ လယ်သမားကြီး ဦးဖိုးဆယ် အမိ ဒေါ်လှရင်တို့က ဖွားမြင်သည်။
၁၉၂၆ ခုနှစ် ၇ နှစ်သား အရွယ်တွင် ကြို့ပင်ရွာ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်သည့် မြန်မာစာ သက်သက်သင်သော လောကဓာတ်ကျောင်းတွင် ပညာစသင်ခဲ့ရသည်။ ၁၄ နှစ် သားအရွယ်တွင် ကြို့ပင်ရွာ ဘုန်းကြီးကျောင်းတွင် ဖွင့်သည့် အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ကာ ၁၉၃၈ ခုနှစ်တွင် မြန်မာစာ ၁၀ တန်းအောင်ခဲ့သည်။
စာကြောင်း ၈ -
ရန်ကုန်မြို့ ကြည့်မြင်တိုင် ဆရာဖြစ်သင်ကျောင်းတွင် ပညာဆက်လက် သင်ယူကာ ဆရာဖြစ်သင်တန်းအောင်မြင်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် ထိုခေတ်က အဲယားဂရိတ် ခေါ် အထက်တန်း မြန်မာစာ ဆရာဖြစ် သင်တန်းအောင်ခဲ့ပြီး စမ်းချောင်း မအူပင်လမ်းရှိ ဒေါ်မမ၏ ခေတ်အင်္ဂလိပ်စာ အလွတ်ပညာသင်ကျောင်းတွင် ဆက်လက်တက်ရောက်ခဲ့သည်။ ထိုကျောင်းတွင် မောင်ကြင်ဆွေဟု အမည် ပြောင်းလိုက်သည်။ နှစ်နှစ်မျှ အင်္ဂလိပ်စာ သင်ကြားခဲ့ရသည်။
== အိမ်ထောင်ရေး ==
၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ကို ဂျပန်တို့ ဗုံးကြဲသဖြင့် ရန်ကုန်မှ ဇာတိရွာသို့ ပြန်လာခဲ့သည်။
၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဂျပန်ခေတ်တွင် မြင်းလှည်းသမားဘဝဖြင့် အသက်မွေး ကျင်လည်ခဲ့ပြီး ကက်စဘီခေတ်တွင် ကြို့ပင်ရွာသို့ ပြန်ခဲ့သည်။
== စာပေနယ်သို့ဝင်ရောက်ခြင်း ==
ငယ်စဉ်ကပင် စာ ကဗျာစသည်တို့ကို ဝါသနာပါခဲ့ပြီး ကျောင်းသားဘဝကတည်းက ကဗျာများ ရေးသားခဲ့ဖူးသည်။ ဖခင်ကြီးက အိမ်ပေါ်မှ နှင်ချသည့်အခါ စိတ်အညစ်ကြီး ညစ်ကာ ရှုမဝ မဂ္ဂဇင်းတွင် ဟာသ ဝတ္ထုများ စတင်ရေးသားသည်။ ၁၉၄၇ ခုနှစ် ဩဂုတ်လတွင် ရှုမဝတွင် ပထမဆုံး စာမူပါလာသည်။ “ဘရန်ဒီ တစ်ပုလင်း”သည် အဦးဆုံး ဝတ္ထုတို ဖြစ်သည်။
စာကြောင်း ၁၉ -
၁၉၅၅ ခုနှစ်တွင် ဒေါ်ခင်မေရီ (အန်တီမေ) နှင့် အိမ်ထောင်ပြုခဲ့ပြန်သည်။ ရှုမဝ စာအုပ်တိုက်မှ ဆရာသော်တာဆွေ၏ စာအုပ်များ ဆက်ထွက်လာသည်။ ၁၉၅၉ ခုနှစ်တွင် “အဟိ” လစဉ် ဟာသမဂ္ဂဇင်း ကို ကိုယ်တိုင်စတင် တည်းဖြတ်ထုတ်ဝေသည်။ သော်တာစာပေ အမည်ဖြစ် စာအုပ်ထုတ်ဝေရေး လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။
== စာပေခရီး ==
၁၉၆၁ ခုနှစ်တွင် “ဘဝထိုထို” စာအုပ်ဖြင့် စာပေဗိမာန် ဝတ္ထုတိုပေါင်းချုပ် ဒုတိယဆုကို ရရှိခဲ့သည်။
== ဘဝနိဂုံး ==
၁၉၉၅ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ရန်ကုန်မြို့ အမှတ် ၂ တပ်မတော်ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့သည်။ ဒုတိယ အိမ်ထောင်မှ သားတစ်ဦး သမီး သုံးဦး ကျန်ရစ်သည်။
== ရေးသားခဲ့ပြီး ထင်ရှားသည့် စာအုပ်များ ==
ဆရာသော်တာဆွေ ရေးသားခဲ့ပြီး ထင်ရှားသည့် စာအုပ်များမှာ ကျွန်တော့်ဘဝဇာတ်ကြောင်း အတွဲများ၊ ကြက်ဋီကာ (၁၉၇၉)၊ ဘွန္တော ကြက်သူခိုး (၁၉၇၂)၊ ပုဂံ သူရဲကောင်းများ (ဒေါ်ခင်မျိုးချစ် အင်္ဂလိပ်လိုရေးသားသည်ကို မြန်မာပြန်၊ ၁၉၇၃)၊ ဟာသ ဝတ္ထုတိုများ (အတွဲ ၁၊ ၂၊ ၁၉၇၇ နှင့် ၁၉၇၈)၊ ဘဝထိုထို (၁၉၆၁)၊ သတ္တဝါတို့ သံသရာ (၁၉၆၄)၊ ဤလောက မြေမဟီဝယ် (၁၉၇၀)၊ ရသ ဝတ္ထုတိုပေါင်းချုပ်သစ် (၂၀၀၀ ပြည့်နှစ်) နှင့် လောကလူ့ပြည် (၁၉၇၂) တို့ ဖြစ်ကြသည်။
{{DEFAULTSORT:သ}}▼
[[Category:မြန်မာ့ စာရေးဆရာများ]]
စာကြောင်း ၃၃ -
[[Category:မြန်မာ့သမိုင်း]]
[[Category:မြန်မာ]]
▲{{DEFAULTSORT:သ}}
|