ဟင်္သာ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
{{Taxobox
| အမည် = ဟင်္သာ<br />Ruddy Shelduck
| status = LC | status_system = IUCN3.1
| ပုံ = A couple of Tadorna ferruginea.jpg
စာကြောင်း ၁၃ -
| binomial = ''Tadorna ferruginea''
| binomial_authority = ([[Peter Simon Pallas|Pallas]], 1764)
| synonyms = ''Casarca ferruginea''<br />''Anas ferruginea''<br />''Casarca rutila''
}}
 
 
[[ImageFile: Hintha.jpg | frame | ဟင်္သာငှက်]]
'''ဟင်္သာ''' သည် ရေတွင်နေသော [[ဇာမဏီ]] ငှက်ဖြစ်သည်။ [[မွန် လူမျိုး]] တို့အတွက် အထိမ်းအမှတ် သတ္တဝါလည်းဖြစ်သည်။ အောက်ပြည်အရပ်တွင် မွန်တို့ကြီးစိုးစဉ်က ဟင်္သာမှာ[[မွန်]]တို့၏တော်ဝင် အမှတ်တံဆိပ်လည်းဖြစ်သည်။ [[ဟံသာဝတီ]] ဟုဆိုရသည်မှာလည်း ထိုမြို့အတွက် မြတ်စွာဘုရားဗျာဒိတ်ပေးစဉ်အခါက ဟင်္သာငှက်မောင်နှံ အတူတကွရှိနေသည်ကို အစွဲပြုကာပေးခဲ့ခြင်းဖြစ်သည်။
== အရေးပါပုံ ==
ဟင်္သာသည် မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် တော်တော်အရေးပါသည်။ ဟင်္သာအမျိုးအစား များစွာရှိသည်ဟုလည်းသိရသည်။ ရှေးခေတ်က ရောင်းဝယ်ဖောက်ကားမှုအတွက် ချိန်တွယ်သောအလေးများကို ဟင်္သာရုပ်၊ ဒေါင်းရုပ် စသည့်အရုပ်များအဖြစ် ကြေးသတ္တုဖြင့် သွန်းလုပ်သုံးစွဲခဲ့ကြသည်။
ဗုဒ္ဓဝါဒထက်အရင် ဗြဟ္မဏဝါဒတွေ မြန်မာပြည်ကို ရောက်လာကတည်းက ဟင်္သာငှက်သည် အရေးပါခဲ့သည်။ ဟိန္ဒူဝါဒ အရ ခေတ်စားခဲ့သည်။ [[သူရဿတီ]] ရုပ်မှာ မြင့်မြတ်သော ဟင်္သာငှက်ကို ထည့်ထားသည်။
 
ဗုဒ္ဓဘာသာတွင်လည်း ဟင်္သာသည် ပါဝင်ပတ်သက်မှုများ ရှိခဲ့သည်။ ဘုရားအလောင်းတော်၏ ဘဝဖြစ်စဉ်တွင် ဟင်္သာ (၁၀)ကြိမ်ဖြစ်ခဲ့သည်။ ဘေးအန္တရာယ် ကင်းငြိမ်းသောဘဝ ၃၄မျိုးဟု ယုံကြည်ကြသော ဖြစ်တော်မူ ဘုရားရှိခိုးတွင် “အစကြိုးကြာ ၊ဆယ့်ခြောက်ခါနှင့် ၊ ဟင်္သာကိုးဖြစ် ၊ ခြောက်ဖြစ်ကား ခို”ဟု ပါရှိသည်။ ဇာတ်တော်များတွင်ပါရှိသော ဟင်္သာဘဝစုစုပေါင်းမှာမူ (၁၀)ကြိမ်ရှိသည်ဟု ဆိုသည်။ ဘဝဖြစ်စဉ်အစမှ အဆုံးတိုင်အောင် ကာလအတွက်မူ ၁၀ ဂဏန်းအရေအတွက်မှာ လွန်စွာနည်းပါးသည်။
 
ထူးခြားသော ဖြစ်စဉ်ဘဝ ၁၆မျိုးကို စတုရန်းအင်းအသွင် ချစီပြပုံကို အောက်တွင်လေ့လာနိုင်ပါသည်။
စာကြောင်း ၃၅ -
မြတ်ဗုဒ္ဓ၏ အသံတော်သည် ဟင်္သာသံကဲ့သို သာယာသည်ဟု ကျမ်းဂန်များတွင် တွေ့ရပေသည်။
== ဇဝနဟံသ ဇာတ်တော် ==
ဇဝနဟံသ ဇာတ်တော် ကြောင့်လဲ ဖြစ်သည်။ ဗာရာဏသီ၊ ဗြဟ္မဒတ်မင်း လက်ထက်မှာ ဘုရားလောင်းက ဇဝန ဟင်္သာမျိုးဖြစ်ခဲ့သည်။ ညီငယ် ဟင်္သာ နှစ်ကောင်ရှိသည်။ အခြံအရံ အားလုံး ကိုးသောင်း ရှိသည်။ တစ်ကြိမ်မှာ ညီနှစ်ကောင်က နေနဲ့ အပြိုင် ပျံသန်းလိုကြကြောင်း အကို ဘုရားလောင်းဟင်္သာဆီမှာ ခွင့်တောင်းကြတယ်။ ဘုရားလောင်း ဟင်္သာမင်းက ခွင့်မပြုပေမယ့် သူတို့သည် နေမထွက်မီကတည်းက ယုဂန္ဓိုရ်တောင် ထိပ်ကနေ စောင့်နေကြပြီး နေထွက်တာနှင့် အပြိုင်ပျံသန်းကြသည်။ နောက်တော့ အငယ်ဆုံးကောင် အတောင်တွေ မီးတောက်လာသည်။ ဘုရားလောင်း ဟင်္သာမင်းက သူတို့ကို မီအောင်ပျံလိုက်လာပြီး အငယ်ကောင်ကို ကယ်ပြီး စိတ္တကုဋ်တောင်ကို ပို့ပေးရသည်။ မွန်းတည့်ချိန်မှာ အကြီးတစ်ကောင်လဲ ဆက်မပျံနိုင်တော့လို့ စိတ္တကုဋ်တောင်ကို ပို့ပေးရသည်။
 
ထို့နောက် ဘုရားလောင်း ဟင်္သာမင်းက သူကိုယ်တိုင် နေနဲ့အပြိုင် ပျံကြည့်ရင်း သူ့အဟုန်ကို စမ်းသပ်ခဲ့သည်။ နောက်တော့ နေဆီကခွာပြီး ဗာရာဏသီမြို့ပေါ်ကို ပျံလာသည်။ ဘုရားလောင်း ဟင်္သာမင်းရဲ့အရိပ်က မြို့ပေါ်ကို လွှမ်းမိုးသွားတယ်။ ဗြဟ္မဒတ်မင်းက ထူးဆန်းတဲ့ အဖြစ်နဲ့အတူ မေးသောကြောင့် နေနဲ့အပြိုင် ပျံသန်းနိုင်ခဲ့ကြောင်း လျှောက်သည်။ ဘုရင်ကြီးက ဒီအဟုန်ကို မြင်ဖူးချင်တယ်လို့ တောင်းဆိုသည်။
 
ထို့ကြောင့် ဘုရားလောင်း ဟင်္သာမင်းသည် ၎င်း၏ လျင်မြန်ခြင်းကို ပြသရန် လည်တွင်ချူဆွဲလျက် တိုင်ထိပ်တွင် နေသည်။ တိုင်ခြေရင်းတွင် အတော်ဆုံးလေးသည်တော် (၄)ယောက်တို့ ကျောချင်းဆိုင်ရပ်ပြီး အရပ်လေးမျက်နှာကို မြားတစ်စင်းစီ
ပစ်၏။ ဘုရားလောင်း ဟင်္သာမင်းက မြှားများ မြေမကျမီ ဖမ်းယူကာ လေးသည်တော်တွေရဲ ့ ခြေရင်းမှာ ပြန်ချပေးလိုက်သည်။
လျင်မြန်လွန်းသဖြင့် မည်သူမှ သေချာမမြင်ကြရ။ ချူသံကိုသာ ကြားကြရသည်။ မင်းကြီးလဲ အလွန်အံ့ဩပြီး “ဒီထက်ပိုမြန်တဲ့ အဟုန် ဒီလောကမှာ ရှိပါဦးမလား”ဟု ဟင်္သာမင်းကို မေးသည်။ ထိုအခါ ဘုရားလောင်း ဟင်္သာမင်းက “ဤလျင်မြန်ခြင်းထက်
အဆသိန်းသန်း မက လျင်မြန်သောအရာ ရှိသေး၏။ ထိုအရာကား သေခြင်းတရားပေတည်း။”ဟုဆိုရာ မင်းကြီး မှာ ထိတ်လန့်တုန်လှုတ်၏။ ဘုရားလောင်း ဟင်္သာမင်းက မင်းကြီးအား တရားပြကာ နှစ်သိမ့်ရသည်ဟု တေရသကနိပါတ်တွင် ပါရှိလေသည်။
 
မင်းကြီးသည် ဘုရားလောင်း ဟင်္သာမင်းကို အလွန်ကြည်ညိုသွားပြီး ဘုရားလောင်း ဟင်္သာမင်းရပ်နေခဲ့သည့် တိုင်ထိပ်မှာ ဘုရားလောင်း ဟင်္သာမင်း အထိမ်းအမှတ် ရုပ်တုထုလုပ် ဂုဏ်ပြုသည်။
စာကြောင်း ၄၉ -
သီတဂူဆရာတော်ကြီး၏ ရဟန်းတစ်ပါးရဲ့တန်ဖိုး တရားတော်မှာ ဟင်္သာအကြောင်း ဟောကြားဖူးသည်။
 
== ယနေ့ခေတ် ဟင်္သာရုပ်အကြောင်း ==
ဟင်္သာရုပ် သင်္ကေတသည် မွန်နှင့် မြန်မာ့ယဉ်ကျေးမှုတွင် အရေးပါမြဲဖြစ်သည်။
မဆလ ခေတ်၌ အစိုးရက မော်လမြိုင် ဒီဂရီကောလိပ်ရှိ မွန်တို့၏သင်္ကေတဖြစ်သော ဟင်္သာ ရုပ်ကြီးအား ဖြုတ်ချခိုင်းသည်ကို
ကျောင်းအုပ်အဖြစ် တာဝန်ထမ်းသူ [[ဒေါက်တာမန်းသက်စံ]] က အပြင်းအထန်ကန့်ကွက်ခဲ့၍ အောင်မြင်ခဲ့သည်။
 
=== ရွှေဟင်္သာမောင်နှံ ငှက်ကယ် တို့ ===
* မောင်အေးမြင့်(မြန်မာ့ရိုးရာဒီဇိုင်း)
 
စာရေးသူ၏အတွေးစဉ်က လွန်ခဲ့သောအနှစ်အစိတ် ကာလဆီသို့ ခေါ်ဆောင်သွားလေသည်။ စစ်ကိုင်းတောင်ခြေ ရှင်ဖြူ ရှင်လှဆိပ်မှ မန္တလေးဂေါဝိန်ဆိပ်သို့ ငှက်လှေ(သမ္ဗာန်)စီးကာ ဟင်္သာ ငှက်များရှိရာ သဲသောင်ပြင်များအနီးမှ ဖြတ်သန်းခဲ့ဖူးသည်။ ထိုစဉ်က မနီးမဝေးတွင် လှမ်းမြင်နေရသော ဟင်္သာငှက်များကို ပုံမရေးဖြစ်ခဲ့။ အကြောင်းကား အချိန်က ညနေလေးနာရီကျော်နေကျချိန်၊ မြင်နေရ သော မြင်ကွင်းက ဧရာဝတီမြစ်ပြင်ကျယ်ကျယ်နှင့် သဲသောင်ပြင်၊ အပေါ်မှမိုးကောင်းကင်ပြာပြာကြီး၊ ကိုယ့်နံဘေးမှာက ဘဝခရီးတွင် ကိုယ့်ကိုအားကိုးပြုစုလိုသောမိန်းကလေး။ ငှက်တစ်စင်းလုံးတွင်မှ သည်နှစ်ဦးနှင့် နောက်မှ ငှက်ခတ်သူဘကြီး။ သည်သုံးဦးမှလွဲ၍ အနီး ပတ်ဝန်းကျင်တွင် ကိုယ်က ကြည့်ရမည့်သူမရှိ်သလို၊ ကိုယ့်ကို ကြည့်နေ သူများလည်း မရှိ။ အလှမ်းဝေးဝေးနေရာဆီမှ တံငါလှေငယ်တစ်စင်း တလေ တွေ့ခဲကြုံခဲလှသည့် ဘဝင်ကြည်နူးဆွတ်ပျံ့ဖွယ်ရာ ရှုခင်းသာ၊ နှလုံးသားဖြင့် ခံစားနေရသော ဖဿဝေဒနာများကြောင့် သဘာဝ ဟင်္သာငှက်များကို လှမ်းမြင်နေရပါလျက် မရေးဆွဲဖြစ်ခဲ့။
စာကြောင်း ၇၇ -
ပုံများကို ရှေ့နောက်ထားသိုစီစဉ်လိုက်သည့်အခါ ပုဂံခေတ် ဆိုင်ရာဟင်္သာ(ပန်းတော့၊ ပန်းတမော့၊ ပန်းချီ) ပုံများကို ဦးစွာတင်ပြ လိုသည်။ ပုဂံခေတ်ဆိုင်ရာဟင်္သာပုံများတွင်
 
[[ImageFile:art34-16.jpg | frame | ပုံ ၁]]
 
ပုံ ၁။ မနူဟာမင်းတည်ခဲ့ သော နန်းဘုရားမှ ကျောက်ဆစ်ဖောင်းပန်း(ဆက်ပန်း)မှ ထုတ်နုတ် ဖော်ပြလိုသည်။ ထင်ရှားကျော်ကြား၍ လှပသည့်အဝိုင်းသဏ္ဌာန် များဖွဲ့ထားသော ဟင်္သာပန်းကိုက်ဖြစ်သည်။
 
[[ImageFile:art34-13.jpg | frame | ပုံ ၃]]
 
ပုံ ၃။ ပုဂံပြတိုက်အတွင်းမှဟင်္သာမောင်နှံကျောက်ဆစ် ရုပ်ကြွပင်ဖြစ်သည်။ ခေတ်ဒီဇိုင်းဆရာများ အလွန်ကြိုက် သည့်ဖွဲ့စည်း ဟန်တစ်ခုဖြစ်သည်။ တစ်ကိုယ်တည်း ခေါင်းနှစ်လုံး (နှစ်ကိုယ့် တစ်စိတ်) နှစ်ကောင်လည်းဟုတ်၊ တစ်ကောင်လည်းဟုတ် ပုံစံမျိုး။ ဒီဇိုင်းသဘောအရလည်း တိကျသော နှစ်ဖက်ညီ၊ အလေးချိန် ညီ ဒီဇိုင်းမျိုးဖြစ်၍ အမှတ်တံဆိပ်ပြုရန် ကောင်းသည့် ပုံမျိုး ဖြစ်သည်။
 
[[ImageFile:art34-10.jpg | frame | ပုံ ၄]]
 
ပုံ ၄။ ပုဂံလောကထိပ်ပန် နံရံပန်းချီ ဖွားတော်မူခန်း၊ မယ်တော်မာယာ၏ ထဘီအဆင်ပိုင်း များမှ ဟင်္သာဖြစ်သည်။ အဝိုင်းအကွက် အဆင်ကွက် များအတွင်း အနုစိတ်လှပ၍နေသည်။
 
[[ImageFile:art34-2.jpg | frame | ပုံ ၅]]
 
ပုံ ၅။ ညောင်ဦးအရှေ့ ချောက်ဖလ ကုန်းတော်ကြီးဘုရား၏ မြိုင်ဆိုင်လှပသော နံရံပန်းချီမျက်နှာကျက် (ကျက်တငိုယ်)မှ ဟင်္သာလည်ယှတ်အဝိုင်းပုံဖြစ်သည်။
 
[[ImageFile:art34-6.jpg | frame | ပုံ ၆]]
 
ပုံ ၆။ ပုဂံထီးလိုမင်းလိုဘုရားကြီး၏အနောက်ဘက် ဘုရား ငါးဆူအစုနံရံပန်းချီမှဖြစ်၏။ အမြီးပိုင်းတွင် ပုဂံကနုတ်ပန်းတက်များ ကွန့်ရန်နေရာရှိငြားလည်း မကွန့်။ ပုဂံခေတ်ဆိုင်ရာ ဟင်္သာများ တင်ပြရန် ပေါများလှသည်။ သို့သော် အင်းဝခေတ်ဆိုင်ရာကား အတွေ့နည်းလှ သည်။
 
[[ImageFile:art34-7.jpg |frame | ပုံ ၇]]
 
ပုံ ၇။ မကြာသေးမီလပိုုင်းအတွင်းကဆရာတော် ဦးသောဘိတ (ရွှေကိုင်းသား) သီတင်းသုံးတော်မူရာ စစ်ကိုင်းတောင်ရိ်ုး အနုရုဒ္ဓါရုံကျောင်းသို့ ရောက်ခဲ့ရာ လွန်ခဲ့သော နှစ်၄ဝကျော်ခန့်က ကျောက်စာဌာနပန်းချီဆရာ ဦးထွန်းလှိုင်အဖြစ် ဆရာတော်ရေးမှတ် ခဲ့သည့် ရှားပါးဟင်္သာပုံတစ်ပုံ ရခဲ့၍ ဝမ်းသာမိလှသည်။ ထိုခေတ် ၂ပြားတန် မှတ်စုငယ် အတွင်းမှ သေသေသပ်သပ်နှင့် သေးငယ်စွာ ရေးမှတ်ခဲ့သော ပုံတစ်ပုံဖြစ်သည်။ ညောင်ဦးရွှေစည်းခုံ ဘုရား အရှေ့ စောင်းတန်းအနီးရှိ ဟံသာဝတီ ဆင်ဖြူရှင် ကောင်းမှု ခေါင်းလောင်းကြီး ခေါင်းလောင်းဆွဲ (ပုစွန်တုပ် ကွေး)နေရာမှဖြစ်၏။ ထိုမှတ်စုအတွင်းမှ ပုံစံငယ်ရေးဆွဲစဉ်က ပန်းချီဆရာဦးထွန်းလှိုင်မှာအသက်၂ဝပင် ရှိသေးသည်။ ဆရာတော်၏ ငယ်မူလက်ရာမှတစ်ဆင့် ကူးယူဖော်ပြရ၍ စာရေးသူ ဦးတင်၍ ဝမ်းသာမိသည်။ ခေါင်းလောင်းဆွဲနေရာတွင် ခြင်္သေ့၊ မနုဿီဟ သာများ လှ၍ ဟင်္သာပုံ ကား ရှားလှသည်။ နေရာနှင့် လိုက်လျောညီ၍ ကနုတ်မှာကား ပုဂံခေတ် ကနုတ်ဟန်ပင် ဖြစ်သည်။
 
[[ImageFile:art34-15.jpg | frame | ပုံ ၈]]
 
ပုံ ၈။ အင်းဝခေတ်ပိုင်းဆိုင်ရာ စစ်ကိုင်းတိလောက ဂရုနံရံ ဆေးရေး ပန်းချီခိုနန်းကွက်များ အတွင်းမှဖြစ်သည်။ ကိုယ်ထည်လှပ သော်လည်း အမြီးတွင် ကနုတ်တုတ်ခိုင်၍နေသည်။ ကြွားကြွားရားရား ရှိသည်။
 
[[ImageFile:art34-18.jpg | frame | ပုံ ၉]]
 
ပုံ ၉။ ကုန်းဘောင်ခေတ်ဦးနှင့်ခေတ်လယ်ခန့်တွင် များစွာ ခေတ်စားခဲ့သော ရွှေဇဝါ ယွန်းပေစာကျမ်းဖုံးနှစ်ခုမှ ဖြစ်ပြီး ပုံ(က)မှာ စာရေးသူထံရှိသည့်ပုံဖြစ်ပြီးပုံ(ခ)မှာ ပန်းချီဆရာမောင်ဆေးရိုး အနေဖြင့် စစ်ကိုင်း၊ ရွာသစ်ကြီးလောင်းဦးမော်ပိဋကတ်တိုက်မှ ရေးကူးခဲ့သောပုံဖြစ်သည်။ အဝိုင်းကွက်များနှင့် လိုက် လျောညီထွေ ချစ်စရာ ကောင်းလှပေ၏။
 
[[ImageFile:art34-9.jpg | frame | ပုံ ၁ဝ]]
 
ပုံ ၁ဝ။ သမိုင်းတန်ဖိုးနှင့် ရွှေတန် ဖိုးပါ မြင့်မားလှသော နန်းစဉ် ပစ္စည်းများမှ ရွှေဟင်္သာအုပ်ဖြစ်သည်။ လန်ဒန်မြို့ရှိ ဗစ်တိုရီးယား အင် အယ်လဘတ်မြူစီယမ် ပြတိုက်ကြီးသို့ရောက်ရှိနေသော မြန်မာ့ နန်းစဉ် သမိ်ုင်းဝင် ပစ္စည်းပေါင်းများစွာကို လွန်ခဲ့သော ၁၃နှစ်ခန့်က နိုင်ငံတော်သမ္မတကြီး ပြန်လည်လက်ခံခဲ့သော ပစ္စည်းများတွင် တစ်ခုအပါအဝင်ဖြစ်လေ သည်။ နိုင်ငံတကာကုန်စည်ပြပွဲများတွင် ပါဝင်ပြသခဲ့သော မြန်မာ နိုင်ငံပြခန်းများ၏ အချက်အချာ နေရာတို့၌ ပုံတူဖော်ပြလေ့ရှိခဲ့သည်။ပုံသဏ္ဌာန်အားဖြင့် အမောက်နှင့်အမြီး ကနုတ်ညွန့်များအားနည်းသော်လည်းသူ့ဟန်နှင့်သူ ညီညွတ်နေလေ သည်။
 
[[ImageFile:art34-8.jpg | frame | ပုံ ၁၁]]
 
ပုံ ၁၁။ အမရပူရမြို့နယ် တံခွန်တိုင်ကျေးရွာ၊ ရှင်ပင်ချမ်းသာကြီး ဘုရားရှိ အင်္ဂတေပန်းကြွ ကုန်းဘောင်ခေတ်လယ် ပန်းတော့လက်ရာ ဟင်္သာကွက်ဆက်များမှဖြစ်သည်။ အနုစိတ်နည်း သော်လည်း ကြော့ကြော့မော့မော့နှင့် လှုပ်ရှား နေဟန်ရှိနေသည်။ အကွက်ပေါင်းများစွာဆက်တန်းနေသည့်အခါ ကြည့်ကောင်းလှပေ သည်။
 
[[ImageFile:art34-.jpg | frame | ပုံ ၁၂]]
 
[[ImageFile:art34-1.jpg| thumb | ဟင်္သာအလေးများ]]
 
ပုံ၁၂။ ဟင်္သာအလေးများဖြစ်သည်။ ကုန်းဘောင်ခေတ် နှောင်းပိုင်းမှ ယနေ့တိုင် နေရာအနှံ့ သုံးစွဲချက်ရှိ၍ မြန်မာမိသားစု နှင့်အနီးစပ်ဆုံး ဟင်္သာများဖြစ်သည်။ ဟင်္သာပင်ဖြစ်လင့် ကစား ပုံဟန်အမျိုးမျိုးဖြင့် ခြားနားစွာရှိနေသည်ကို တွေ့ရသည်။ အသုံးချမှု နှင့် အနုပညာ ပေါင်းစပ်မှုများ ညီညွတ်၍ အားကောင်းလှသည်။ ယင်းပုံတော်တော် များများကို မန္တလေးတမ္ပဝတီကိုဝင်းမောင်(ပန်းချီ၊ပန်းပု) စုဆောင်းထားသည်မှ ရေးကူးခဲ့သည်။ ကိုဝင်းမောင် သည် စာရေးသူကဲ့သို့ ရိုးရာဒီဇိုင်းစုဆောင်းရုံမျှမက ရှားပါးရှေးဟောင်း ပစ္စည်းများကို လေ့လာစုဆောင်းထားနိုင်သူဖြစ်သည်။ မြတ်နိုး၊ ထိန်းသိမ်း၊ စုဆောင်းသူအဆင့်မျှမကဘဲ လမ်းရိုးဟောင်းတွင် ဆင့်ကာ ထွင်နိုင်သော၊ ဖန်တီးနိုင်သော ဖန်တီးသူ ပန်းချီ၊ ပန်းပု လူငယ်ပညာရှင် လည်းဖြစ်သည်။ အဟောင်းကိုရှာတတ်သည့် လုံ့လအမြင်ရှိသည်နှင့် အမျှ မိမိထံရှိသည်ကိုလည်း လိုသူအားပေးတတ်ကာ၊ မြတ်နိုးတတ်သူ များအား စနစ်တကျတင်ပြတတ်သူလည်းဖြစ်သည်။ စာရေးသူ၏ ဆောင်းပါးများတွင် သူ၏ကျေးဇူးများစွာပါရှိ၍ နေသည်။
စာကြောင်း ၁၂၅ -
ဟင်္သာလေး များတွင် ပုံ(က)သည် ဂီတနှင့် အဆိုအက သင်တန်းကျောင်း(ရန်ကုန်)စန္ဒရားနည်းပြဆရာ ဦးသိန်းမောင်ထံမှ ကူးယူ၍(ဃ)နှင့်(င)သည် တောင်တွင်းကြီးပြတိုက် မှဖြစ်သည်။
 
[[ImageFile:art34-3.jpg | frame | ပုံ ၁၃]]
 
ပုံ၁၃။ နိုင်ငံ တော်စာကြည့်တိုက် နှင့် ပြတိုက်(မန္တလေး)ရှိ ရတနာပုံခေတ် လွန်းရာကျ အချိတ်ဟင်္သာ ဖြစ်သည်။ ပေ၊ ပုရပိုက် ထုလုပ်ရာတွင် သုံးဟန်ရှိ သည်။ တွေ့ရခဲသော ရှားပါးပစ္စည်းဖြစ်လေ သည်။
 
[[ImageFile:art34-5.jpg | frame | ပုံ ၁၄]]
 
ပုံ ၁၄။ မတ္တရာမြို့ရှိ ပြတိုက်အတွင်း ဟင်္သာအုပ်ကို စာရေးဆရာညိုချော ရိုက်ကူးခဲ့သည့် ဓာတ်ပုံမှတဆင့် ကူးယူရေးဆွဲ ပါသည်။ ချစ်စရာဟင်္သာအုပ်ငယ်ပင်။
 
[[ImageFile:art34-4.jpg | frame | ပုံ ၁၅]]
 
ပုံ ၁၅။ ပန်းချီဆရာ ဦးအောင်ခင်ထံမှ ကူးယူရရှိသော ဆရာဦးဘဉာဏ်၏ ဟင်္သာပုံဖြစ် သည်။ ဗာလီကွေးကနုတ်ညွန့်များ မြိုင်ဆိုင်လှပေသည်။ ပါသင့်ပါထိုက် သော ကနုတ်တက်များ ပြည့်စုံနေ၏။
 
[[ImageFile:art34-12.jpg | frame | ပုံ ၁၆]]
 
ပုံ ၁၆။ မြန်မာမှုစာရေးဆရာသုတေသီမြင့်ထွန်း ထံမှ ရရှိခဲ့သော မွန်ဟင်္သာကြေးရုပ်ပုံဖြစ်သည်။ ဟင်္သာပန်းမကိုက်ပဲ ထူးခြားစွာ မြွေကိုက်နေဟန်ဖြစ်သည်။ နယ်ချဲ့ ဆန့်ကျင်ရေးတိုက်ပွဲ တွင် မွန်အမျိုးသားများ၏အလံတိုင် ထိပ်ဖူးနေရာ တွင် သုံးခဲ့သည်။ အရုပ်ငယ်ဟုဆိုသည်။ အမြင်ဆန်း၍ နေလေသည်။
 
[[ImageFile:art34-11.jpg | frame | ပုံ ၁၇]]
 
ပုံ ၁၇။ မန္တလေးမဟာမုနိဘုရားအနီးမှ ဟင်္သာတိုင် တစ်ခုဖြစ်သည်။ ဤသို့သော ဟင်္သာတိုင်များ မြန်မာပြည် အရပ်ရပ်တွင် မြင်တွေ့နိုင်ပေသည်။ နှုတ်သီးမှသည် အမြီးဖျားထိ ကြော့ကြော့ မော့မော့နှင့် အမြင် သွက်၍နေသည်။ တံခွန်တိုင်ထိပ်တွင် အမြီးကနုတ် ကို လွတ်လွတ် လပ်လပ်နှင့် လူကာလွင့်ကာ နေရာယူ၍ထား လေသည်။ သာသနိက အဆောက်အအုံတို့ ပတ်ဝန်းကျင်တွင် တင့်တယ် လှပေသည်။
စာကြောင်း ၁၅၁ -
ဤမှန်သော အနုပညာစေတနာကို ထောက်ထားသော အားဖြင့် တစ်ချိန်က ငွေသောင်ယံတွင် လည်ချင်းယှက်တွဲလျက်ရှိခဲ့ ကြသော သဘာဝဟင်္သာများကို မရေးဆွဲဖြစ်ခဲ့သည့် စာရေးသူအား ဟင်္သာများဘက်မှ ခွင့်လွှတ်က ရအံ့ထင်ပါ၏။ <ref>မောင်အေးမြင့်(မြန်မာ့ရိုးရာဒီဇိုင်း)</ref>
 
[[ImageFile: mandarin_duck1.jpg | thumb | ယနေ့ သဘာဝ ဟင်္သာငှက် Mandarin Duck ]]
 
== ကမ္ဘာ့ရှားပါးငှက်မျိုးစိတ် ==
၂၀၀၈-ခုနှစ်၊ မေလ ၂ ရက်နှင့် ၃ ရက်နေ့တွင်တိုက်ခတ်ခဲ့သော [[နာဂစ်မုန်တိုင်း]]ကြောင့် ကမ္ဘာ့ရှားပါး စာရင်းဝင်ငှက်မျိုးစိတ်တချို့ သေဆုံး ပျောက်ကွယ်သွားရသည်။ မုန်တိုင်းကြောင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်း ပင်လယ် ကမ်းစပ်ဒေသများတွင် နေထိုင်ကျက်စားလျှက် ရှိသော ဟင်္သာငှက်၊ [[ကြိုးကြာငှက်]]၊ [[ငှက်ကျား]]နှင့် [[စင်ရော်ငှက်]]များ အုပ်စုလိုက် သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ ငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်းမှ တရားဝင် စာရင်းတွင် တွေ့ရှိရသည်။ မုန်တိုင်းဒဏ်ကြောင့် သေဆုံးခဲ့သော ဟသာင်္ငှက်နှင့် ကြိုးကြာငှက်မှာ ကမ္ဘာ့ရှားပါးငှက်မျိုးစိတ် ဝင်များဖြစ်သလို၊ မြန်မာနိုင်ငံတွင်လည်း မျိုး သုဉ်းပျောက်ကွယ်မည့် အနေ အထားမျိုး ဖြစ်နေကြောင်း မြန်မာနိုင်ငံ ငှက်နှင့် [[သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း]]မှ ဥက္ကဋ္ဌ ဦးစိုးညွှန်က ပြောဆိုသည်။<ref>[http://conservationreport.com/2008/07/08/endangered-species-rare-birds-also-victims-of-cyclone-nargis/ ENDANGERED SPECIES: Rare birds also victims of Cyclone Nargis (The Conservation Report)]</ref> ဟင်္သာသည် ရေပျော်ငှက် ဖြစ်ကြသည်။
 
စာကြောင်း ၁၅၉ -
<ref>“မောင်မောင် (ဥပဒေ) ရဲ ့ ဆောင်းပါးများ”</ref>--[[User:Mayor mt|Mayor mt]] 07:24, 15 နိုဝင်ဘာ 2008 (UTC)
 
== ကျမ်းကိုး ==
<references/>
 
[[Category:သတ္တဝါ]]
[[Category:ဘာသာရေး]]
Line ၁၇၂ ⟶ ၁၇၃:
[[as:চাকৈ-চকোৱা]]
[[az:Qırmızı anqut]]
[[br:Tadorn rous]]
[[bg:Червен ангъч]]
[[br:Tadorn rous]]
[[ca:Ànec canyella]]
[[cy:Hwyaden Goch yr Eithin]]
[[de:Rostgans]]
[[en:Ruddy Shelduck]]
[[et:Tulipart]]
[[es:Tadorna ferruginea]]
[[eo:Rusta tadorno]]
[[es:Tadorna ferruginea]]
[[et:Tulipart]]
[[eu:Paita gorrizta]]
[[fa:آنقوت]]
[[fi:Ruostesorsa]]
[[fo:Royðuont]]
[[fr:Tadorne casarca]]
[[hi:चकवा]]
[[hu:Vörös ásólúd]]
[[is:Ryðönd]]
[[it:Tadorna ferruginea]]
[[ja:アカツクシガモ]]
[[lt:Rudoji antis]]
[[hu:Vörös ásólúd]]
[[ml:ചക്രവാകം]]
[[mn:Хондон ангир]]
[[mr:चक्रवाक]]
[[mn:Хондон ангир]]
[[mrj:Якшарлыды]]
[[nl:Casarca]]
[[ja:アカツクシガモ]]
[[no:Rustand]]
[[pnb:رڈی شیلڈک]]
[[pms:Tadorna ferruginea]]
[[pl:Kazarka rdzawa]]
[[pms:Tadorna ferruginea]]
[[pnb:رڈی شیلڈک]]
[[pt:Pato-ferrugíneo]]
[[ru:Огарь]]
[[sah:Кугас кус]]
[[sr:Златокрила утва]]
[[fi:Ruostesorsa]]
[[sv:Rostand]]
[[th:เป็ดพม่า]]