အင်ဂျင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (ရိုဘော ပြင်ဆင်နေသည: fa:موتور
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
အင်ဂျင်ဆိုသည်မှာ စွမ်းအင်ကို အသုံးပြုနိုင်သော ရွေ့လျားခြင်း တစ်မျိုးသို့ အသွင်ပြောင်းပေးသော စက်တစ်မျိုးပင် ဖြစ်သည်။ စွမ်းအင်သည် ပုံသဏ္ဌန် အမျိုးမျိုး ဖြစ်နိုင်သော်လည်း အင်ဂျင်များတွင် အသုံးများသည့် စွမ်းအင် အမျိုး အစားများမှာ လျှပ်စစ်စွမ်းအင်၊ [[ဒီဇယ်ဆီ]] သို့ [[ဓာတ်ဆီ]] စသော ဓာတု စွမ်းအင်နှင့် အပူစွမ်းအင် တို့ ဖြစ်ကြသည်။ ဓာတုဗေဒဖြင့် အင်ဂျင်ကို မောင်းနှင်သည့် အခါတွင် အသုံးပြုသည့် ဓာတုပစ္စည်းများကို [[လောင်စာဆီ]] ဟု ခေါ်ကြသည်။
 
== ပစ်စတင် အင်ဂျင်များ ==
 
အစောပိုင်း အင်ဂျင်များသည် အင်ဂျင်၏ အပြင်ဘက်မှ အပူအားကို အသုံးပြု၍ အင်ဂျင်အတွင်း ရှိဓာတ်ငွေ့များကို ဖိအားများအောင် အပူပေးကြသည်၊ ပုံမှန်အားဖြင့် ရေနွေးငွေ့ကို အသုံးပြုသော အခါတွင် တွေ့ရလေ့ ရှိပြီး ထိုသို့သော အင်ဂျင် အမျိုး အစားကို [[ရေနွေးငွေ့သုံး အင်ဂျင်]]ဟု ခေါ်ကြသည်၊ ရေနွေးငွေ့များကို အင်ဂျင်သို့ ပိုက်လိုက်များဖြင့် ဆက်သွယ်ထားလေ့ ရှိကြပြီး ထိုမှ တဆင့် ရေနွေးငွေ့များကို အသုံးပြု၍ ပစ်စတင်များကို ရွေ့လျားစေခြင်းဖြင့် အရွေ့စွမ်းအင်ကို ထုတ်ယူကြသည်၊