နဂါး: တည်းဖြတ်မှု မူကွဲများ

→‎အင်ဒိုနှင့်မလေးကျွန်းဆွယ်: အကြောင်းအရာပေါင်းထည့်သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-မြောက်များ +မြောက်မြား)
စာကြောင်း ၈၄ -
ဟိန္ဒူဘာသာတွင် နဂါးသည် အနှုတ်လက္ခဏာ ဆောင်သော သတ္တဝါဖြစ်ပြီး မြွေနဂါးယစ်ပူဇော် စတေးမှုနှင့် [[ဂဠုန်]]၏အစား ခံထိုက်သူများ အဖြစ် ဖော်ပြကြသည်။ ထို့အတူ ကျမ်းဂန်တွင် အလွန်အရေးပါသော ဇာတ်ကောင်များဖြစ်ကာ တခါတရံတွင် နတ်ဘုရားတို့၏ ဘက်တော်သားများလည်း ဖြစ်ကြ ပြန်သည်။ ဥပမာ နဂါးမင်းသား အနန္တ စကြာ (Ananta-Shesha)သည် မိမိကိုယ်ကို လူအသွင်ဖန်ဆင်း၍ ကောင်းသောဆံထုံး နှင့် သင်္ကန်း ဝတ်ဆင်က မြင့်မြတ်သော ရသေ့အကျင့်ကို ကျင့်၏။ ထိုအခါ ဗြဟ္မာမှ လွန်စွာ နှစ်သက်သဖြင့် ကမ္ဘာမြေကြီးအား သယ်ဆောင် ထမ်းပိုးရန် တာဝန်ပေး လိုက်သည် ဟုဆိုသည်။ နဂါးမင်းသားလည်း နဂါးအသွင်ဖြင့် တွင်းနက်ကြီး အတိုင်း မြေအဆုံးထိ ဆင်းကာ ကမ္ဘာကြီးအား ခေါင်းပေါ် တင်ထားလေသည်။ ထို့ကြောင့် ကမ္ဘာပျက်သည့် အချိန်ကျရောက်တိုင်းတွင် ထိုနဂါးမှာ အသက်ဘေးမှ လွတ်ကင်းကာ အတိုင်းအဆမရှိ အသက်ရှည်သူ "အနန္တ" ဟူသောဘွဲ့ကို ရသည်ဟု ဆိုထားသည်။
 
မဟာဗြရတ္တကျမ်းတွင် ညီအစ်ကို ဝမ်းကွဲ တော်စပ်သူ နဂါးနှင့် ဂဠုန်တို့၏ ရန်ညှိး ဖွဲ့တည်ပုံ အားလည်း ဖော်ပြထားသည်။ ဖန်ဆင်းရှင်ဗြဟ္မသည် ကမ္ဘာနှင့် သက်ရှိသက်မဲ့ တို့အားဖန်ဆင်းရာတွင် ကူညီရန် ရီရှိ(rishi)ခေါ် ပညာရှိကြီး၁၀ဦးအား ဦးစွာ ဖန်ဆင်း သည်။ ထို၁၀ဦးအနက် ကရှက်ပ(Kashyapa) မှာ တစ်ဦးအပါအဝင် ဖြစ်ပြီး ဗိနတ္တ (vinata) နှင့် ကဒရူ (kadru) ဟူသော ညီအမ တော်စပ်သူ မယားနှစ်ဦး ရှိသည်။ ဗိနတ္တမှာ ခွန်အားကြီးသော သားအနည်းငယ်သာ လိုချင်သူဖြစ်ပြီး၊ ကဒရူမှာ သားပေါင်း မြောက်များစွာကိုမြောက်မြားစွာကို တောင့်တသူဖြစ်သည်။ အချိန်တန်သော် ဗိနတ္တတွင် ဥနှစ်လုံးရ၍ နေနတ်သား နှင့်ဂဠုန်တို့ ပေါက်ဖွားလာကြသည်။ ကဒရူတွင် ဥပေါင်းတစ်ထောင်ရ၍ နဂါးများ ပေါက်ဖွားလာကြသည်။
 
ဂဠုန်၏မိခင် ဗိနတ္တသည် ညီမဖြစ်သူ ကဒရူနှင့် မိုက်မဲသော အလောင်းအစားပြုလုပ်ရာမှ ရှုံးနိမ့်ကာ ကျွန်အဖြစ်ရောက်ရှိ သွားသည်။ ထို့ကြောင့် ဂဠုန်မှ နဂါးတို့ထံ ချည်းကပ် ကာကျွန်အဖြစ်မှ မည့်သည့်အရာနှင့် ပြန်လည်ဝယ်ယူ ရမည်နည်းဟု မေးမြန်းရာ နတ်ပြည်ရှိ မသေဆေး ပျားရည်ကို ဆောင်ယူ ရမည်ဟု ဖြေသည်။ ဂဠုန်သည် နတ်ပျား ရည်ကို အခက်အခဲအမျိုးမျိုး ကျော်ဖြတ်၍ ဆောင်ယူအပြီး နဂါးတို့အား ပေးကာ မသောက်သုံးမှီ ပူဇော်မှု အခမ်းအနားပြုရန်ပါ လှည့်ဖြားတိုက်တွန်းသည်။ နဂါးတို့ ပူဇော်မှု ဆောင်ရွက်နေချိန် တွင်အိန္ဒြာသိကြားမှာ နတ်ပျားရည် အားပြန်လည် ဆောင်ယူသွားတော့သည်။ သို့သော် ပျားရည်အိုးမှ ဖိတ်စဉ်ကျ လာသော ပျားရည်စက် အကြွင်း အကျန် များမှာ မြက်ခင်းပြင် ပေါ်တွင် ကျန်ခဲ့ရာ နဂါးတို့ လျှာဖြင့်လျက် ရာမှ ထာ၀ရအသက်ကို ရလာသည် ဟုဆိုသည်။ ထိုသို့မြက်ကို လျက်ခြင်းကြောင့် မြက်ပင်တို့ဖြင့် ထိရှကာ လျှာနှစ်ခွ ဖြစ်ရသည် ဟုလည်း ဆိုထားသည်။
"https://my.wikipedia.org/wiki/နဂါး" မှ ရယူရန်