ကျန်စစ်သား: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-တစ်ချို့ +တချို့)
 
စာကြောင်း ၃၅ -
 
== ငယ်စဉ်ဘဝ ==
ကျန်စစ်သားမင်းသည် အဖဘက်မှ အာဒိစ္စဝံသနေမျိုးဖြစ်၍ အမိဘက်မှ ဝါးပင်အတွင်းမှ သန္ဓေတည်မွေးဖွားလာသောသူဖြစ်သည်ဟု ကျောက်စာတစ်ချို့တွင်ကျောက်စာတချို့တွင် ဖော်ပြထားသည်။ ထီးလှိုင်မင်းဟုလည်းနာမည်ရှိပြီး ကျန်စစ်သားသည် ရှေးမင်းဆက်မှ ဆင်းသက်လာသူမဟုတ်ဘဲ အရည်အချင်းကြောင့် ထီးနန်းဆက်ခံနိုင်ခဲ့ခြင်းဖြစ်လေသည်။ ကျန်စစ်သားမင်း၏ အခြားဘွဲ့ ဖြစ်သော ထီးလှိုင်မင်း ဟုလည်းခေါ်သောကြောင့် ယခုဝမ်းတွင်းမြို့နယ်ရှိ ထီးလှိုင်အရပ်ကို အုပ်ချုပ်ရသောသူတစ်ယောက် ဖြစ်မည်ဟု ထင်ရသည်။ ရာဇဝင်အချို့တွင် အနော်ရထာမင်းက နန်းအရာကို လုယူမည့်သူဟု အထင်ရှိသဖြင့် အသက်အရွယ်အလိုက် ကွပ်မျက်ခဲ့သည်ဟု ဆိုကြသည်။ ဘုန်းရှင်၊ ကံရှင်ဖြစ်သဖြင့် အသက်မသေပဲရှိသော် အနော်ရထာမင်းက မိမိလက်အောက်တွင် အမှုထမ်းစေခဲ့သည်ဟု ဆိုသည်။ မြန်မာသမိုင်းစာအုပ်တစ်ချို့တွင်မြန်မာသမိုင်းစာအုပ်တချို့တွင် ကျန်စစ်သားနှင့် အခြားသူရဲကောင်းသုံးယောက်ဖြစ်သည့် [[ငထွေရူး]]၊ [[ငလုံးလက်ဖယ်]] နှင့် [[ညောင်ဦးဖီး]] တို့အား ပုဂံပြည့်ရှင် အနော်ရထာမင်း၏ သူရဲကောင်းလေးယောက်ဟု ဖော်ပြကြသည်။ပဲခူးဘုရင်က ကျေးဇူးတုံ့ပြန်သောအားဖြင့် သမီးတော် [[မဏိစန္ဒာ]] ကို ပုဂံဘုရင်အနော်ရထာမင်းထံဆက်သရာတွင် လမ်းခရီး၌ ကျန်စစ်သားနှင့် သံယောဇဉ်ငြိတွယ်ခဲ့ကြသည်ဟု မြန်မာရာဇဝင်များတွင် ဆိုကြသည်။ သို့သော် ထိုအကြောင်းအရာများကို ကျန်စစ်သားမင်းရေးထိုးခဲ့သော မည်သည့်ကျောက်စာတွင်မှ မတွေ့ရှိခဲ့ရပေ။ ထိုသို့ သံယောဇဉ်တွယ်သဖြင့် ဘုရင်က အမျက်တော်ရှရာတွင် တစ်ဖက်ကမ်းသို့ ထွက်ပြေးလေရာ မန္တလေးတောင်တွင် ကျန်စစ်သားခြေရာဆိုသော ကျောက်တုံးပေါ်မှခြေရာတစ်ခုလည်း ဒဏ္ဍာရီအဖြစ် ရှိပေသည်။ မင်းဒဏ်သင့်နေစဉ်ကာလအတွင်းတွင် [[သမ္ဘူလ]] နှင့် လက်ထပ်ခဲ့၍ သားတော် ရာဇကုမ္မာ ထွန်းကားသည်။ အချို့ကလည်း ထို ရာဇကုမ္မာမင်းသားမှာ ကျန်စစ်သား၏ သားမဟုတ်ဟုလည်း ဆိုကြသည်။ ထိုမင်းသားသည် နောင်တွင် မြန်မာစာပေနှင့် သမိုင်းအတွက် အရေးပါသော ရာဇကုမ္မာကျောက်စာကို ရေးထိုးခဲ့သည်။ ရာဇဝင်များနှင့် သမိုင်းကျောက်စာများအရ အမျိုးမျိုးသော အယူများကွဲပြားနေသော်လည်း ကျန်စစ်သားမင်းသည် အနော်ရထာလက်ထက်တွင် အလွန်အရေးပါသော လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံသည့် သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့မည်မှာ အမှန်ပင်ဖြစ်လေသည်။
 
== ထီးနန်းကိုရခြင်း ==
အနော်ရထာမင်းထံမှ နန်းမွေကို သားတော် စောလူးမင်းက အေဒီ ၁၀၇၇ တွင် ဆက်ခံလေရာ ထိုမင်းအုပ်ချုပ်ပုံ ညံ့ဖျင်းသဖြင့် တိုင်းကားပြည်ရွာ မငြိမ်မသက် ဖြစ်လေသည်။ ငယ်သူငယ်ချင်းဖြစ်သူ ငရမန်ကန်းက သူပုန်ထရာတွင် စောလူးမင်း အဖမ်းခံခဲ့ရသည်ဟု ရာဇဝင်ကျမ်းများတွင် ပါသည်။ စောလူးမင်းကို ရန်သူများလက်မှ ကယ်တင်ရန်အတွက် ရန်သူတပ်အတွင်းသို့ တစ်ကိုယ်တော် ဝင်ရောက်ခဲ့သည်။ စောလူးမင်းအား ထမ်းပြေး၍ ကယ်တင်ရာ ကျန်စစ်သားအားမယုံကြည်ပဲ ငယ်သူငယ်ချင်းဖြစ်သူ ငရမန်ကန်းကသာ အသက်ကိုချမ်းသာပေးမည်ထင်သဖြင့် ကျန်စစ်သားသည် သူ့အားလာကယ်ပါသည်ဟု အော်လေရာ စောလူးမင်းအား ရန်သူလက်အတွင်း ထားခဲ့ရလေသည်။ စောလူးမင်းသည် ငရမန်ကန်းလက်ချက်ဖြင့် ကံကုန်ခဲ့သည်ဟု ရာဇဝင်ကျမ်းတစ်ချို့ကရာဇဝင်ကျမ်းတချို့က ဆိုသည်။ သူပုန်ထသော ငရမန်ကန်း၏ ရန်ကို ကျန်စစ်သား ဦးဆောင်၍ နှိမ်နင်းခဲ့သည့်အပြင် မြန်မာ့သမိုင်းလေ့လာသူ ပါမောက္ခလုစ် ထင်မြင်ယူဆသော အခြားသူပုန်ထဖွယ်အရေးလည်း ရှိပေသည်။ ထိုသူပုန်ထမှုမှာ အနော်ရထာမင်း သိမ်းပိုက်ခဲ့သော မွန်တိုင်းဌာနေနှင့် ပတ်သက်လေသည်။ [[မနုဟာ]]မင်း၏ မြေးတော်သူမှာ ငရန်မန်ကန်း၏သူပုန်ထမှု နှင့် မပတ်သက်ပဲ သီးခြားသူပုန်ထလိုဟန်တူပေသည်။ ပုဂံမင်း အခမ်းအနားသုံး လှေတော်အား ယူဆောင်၍ပြေးလေရာ ကျန်စစ်သားက မနုဟာမင်း၏ မြစ်တော်နှင့် သမီးတော်အား ပေးစားကာ ပေါက်ဖွားသော ကလေးငယ်အား ထီးမွေဆက်ခံစေမည်ဟု ကတိပေး၍ မွန်-မြန်မာချစ်ကြည်ရေးကိုထိန်းသိမ်းထားခဲ့သည်ဟု ယူဆရလေသည်။ ထိုကတိမှာ ရာဇကုမ္မာမင်းသား ထီးမွေမရခဲ့ခြင်းအကြောင်းလည်း ဖြစ်နိုင်ပေသည်။ အနော်ရထာမင်းတည်ထောင်ခဲ့သော နိုင်ငံတော်အားမပြိုကွဲအောင် နှလုံးရည်နှင့် စည်းလုံးနိုင်ခဲ့ခြင်းလည်း ဖြစ်ပေသည်။ ထိုကဲ့သို့ လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံသော ပုဂံသူရဲကောင်းအား မူးမတ်၊ သေနာပတိများက ၁၀၈၄ တွင် နန်းအပ်ခဲ့သည်။ ၁၀၈၆ တွင်မှ ရာဇဘိသေကခံယူခဲ့သည်ဟု ကျောက်စာများတွင် ဖော်ပြထားသည်။
 
== ကျန်စစ်သားမင်း၏ စွမ်းဆောင်ချက်များ ==