နီကိုလာ တက်စလာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ပြင်ပလင့်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-မြောက်များ +မြောက်မြား)
စာကြောင်း ၁၉ -
}}
 
'''နီကိုလာ တက်စလာ''' (Nikola Tesla) (၁၈၅၆-၁၉၄၃) သည် ဆာဗီးရန်း-အမေရိကန် လူမျိုး သိပ္ပံပညာရှင်၊ လျှပ်စစ် အင်ဂျင်နီယာနှင့် တီထွင်သူ တစ်ယောက် ဖြစ်သည်။ Alternating current (a.c) ကို စတင် အသုံးချရန် ကြိုးစားခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ A.C လျှပ်စစ်ဆိုသည်မှာ အချိန်နှင့်လိုက်ပြီး ကြိမ်ဖန်များစွာ ပြောင်းလဲနေတတ်သော sine wave ပုံစံရှိ လျှပ်စစ်ဓာတ်အား ဖြစ်ပြီး ယနေ့ အိမ်သုံး ဓာတ်အားလည်း ဖြစ်သည်။ တက်စလာ အနေနှင့် a.c induction generator၊ Tesla coil နှင့် a.c current ၏ frequency ကို ပြောင်းပေးနိုင်သော ထရန်စဖော်မာ အစရှိသော တီထွင်မှုပေါင်း မြောက်များစွာကိုမြောက်မြားစွာကို ပြုလုပ်ခဲ့သူဖြစ်သည်။
 
== တက်စလာ၏ ဘဝဖြစ်စဉ် ==
စာကြောင်း ၄၀ -
တက်စလာကွိုင်သည် လျှပ်စစ် ပတ်လမ်း ၂ ခုကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ နှစ်ခုစလုံးမှာ ဝါယာခွေများ ဖြစ်ကြပြီး အခေါင်းပါသော ဆလင်ဒါ တစ်ခုကို အတူတကွ ရစ်ပတ် ထားခြင်းဖြစ်သည်။ ကွိုင်တစ်ခုမှာ အရွယ်အစား ကြီးမားသော ဝါယာကို သုံးထားပြီး အပတ်ရေ အနည်းငယ်သာ ပတ်ထားသည်။ နောက် ကွိုင်တစ်ခုမှာမူ အရွယ်အစား အလွန် သေးငယ်သော ဝါယာကြိုး အပတ်ရေ များစွာ ပတ်ထားပြီး ယင်းကွိုင် အတွင်းသို့ လျှပ်စစ်သံလိုက်လှိုင်းများ ညှို့ဝင် ဖြစ်ပေါ်သည်။ ကွိုင်အပတ် အရေအတွက်ခြင်း အလွန်ကွာခြားမှုကြောင့် သေးငယ်သော ကွိုင်အတွင်း ညှို့ဝင် စီးဆင်းသော လျှပ်စီး၏ ကြိမ်နှုန်းနှင့် ဗို့အားသည် အလွန် မြင့်မားသည်။ ၁၈၉၉ ခုနှစ်တွင် ထိုကိရိယာကို အသုံးပြု၍ ၁၃၅ ပေ ရှည်သော လျှပ်စစ်မီးပွားတန်း electric spark ကို တက်စလာ ဖန်တီး နိုင်ခဲ့သည်။ ၂၅ မိုင်အကွာအဝေးရှိ မီးလုံးပေါင်း ၂၀ဝ ကျော်ကိုလည်း ကြိုးမဆက်သွယ်ဘဲ ထွန်းပြနိုင်ခဲ့သည်။ သူ၏ တက်စလာကွိုင်မှ ထွက်သော ကြိမ်နှုန်းမြင့် လျှပ်စစ်သည် ဓာတ်ငွေ့ထည့်ထားသော (နီယွန်) မီးချောင်းများကို အဝေးမှ စွမ်းအင် ပေးနိုင်စွမ်းရှိသည်။
 
တက်စလာအနေဖြင့် ရေဒီယို နည်းပညာ ပေါ်ပေါက်လာစေရန် များစွာ စိတ်အား ထက်သန်ခဲ့သည်။ ၁၈၉၇ အစောပိုင်းတွင် နယူးယောက်မြို့ မက်ဒီဆင် စကွဲ ပန်းခြံ (Madison Square Gardan) တွင် အဝေးထိန်းစံနစ်သုံး လှေပုံစံငယ် ၂ ခုကို သရုပ်ပြခဲ့သည်။ ၁၉၀ဝ ခုနှစ်မှ စတင်ကာ လောင်းကျွန်းငယ် (Long Island) ပေါ်တွင် အသံလွှင့် စက်ရုံတစ်ခုကို စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာ့ကြိုးမဲ့ ဆက်သွယ်မှု စနစ် ပရောဂျက် (World Wireless) တည်ထောင်နိုင်ရန် ကြိုးပမ်းခဲ့သည်။ နောင် နှစ်အနည်းငယ် ကြာသော အခါ သူ့ပရောဂျက်သည် သူ့ကို ထောက်ပံ့နေသူများအတွက် မဖြစ်နိုင်လောက်အောင် ကုန်ကျစားရိတ် များပြားလာကြောင်း သိလာကြပြီး သူ့ကို စွန့်ခွာ သွားခဲ့ကြသည်။ (၁၉၁၄-၁၉၁၈) [[ပထမ ကမ္ဘာစစ်]] အစတွင် တက်စလာအနေနှင့် စီးပွားပျက်ကပ် ကို ရင်ဆိုင်ခဲ့ရသည်။ အသံလွှင့်ရုံ အပါအဝင် မြောက်များစွာသောမြောက်မြားစွာသော သူ၏ မအောင်မြင်သော ပရောဂျက်များကြောင့် ဝက်စတင်းဟောက်စ် ကလည်း စီးပွားရေးအရ ထောက်ပံ့ကူညီရန် ငြင်းပယ်ခဲ့သည်။ အခြား အဓိက ငွေကြေးထောက်ပံ့သူ တစ်ဦးဖြစ်သော စီးပွားရေးသမား ဂျွန် ပီယာပွန့် မော်ဂန် (John Pierpont Morgan) ကလည်း ၁၉၁၃ ခုနှစ်တွင် ဆုံးပါးသွားခဲ့သည်။
 
တက်စလာသည် သူ့နောက်ဆုံးကာလများကို အထီးကျန်စွာ ကုန်ဆုံးခဲ့ရသည်။ သူ့ တီထွင်မှုများစွာကို အခြားသူများက အောင်မြင်အောင် လုပ်ဆောင်ခဲ့ကြပြီး အကျိုး ခံစားသွားကြသည်။ တက်စလာအနေဖြင့် ပင်လယ်တွင် သင်္ဘောများအား ထောက်လှမ်းသည့် စနစ် တစ်ခုကို ပုံစံကြမ်းထုတ်ခဲ့ပြီး ယခုအခါ ရေဒါအဖြစ် ပေါ်ထွက်လာခဲ့သည်။ ငွေကြေးအခက်အခဲကြောင့် လက်တွေ့မလုပ်ခဲ့နိုင်သဖြင့် လျှပ်စစ်နာရီ၊ တာဘိုင် အစရှိသော မြောက်များလှစွာသောမြောက်မြားလှစွာသော သူ၏ တီထွင်မှုများစွာသည် သူကွယ်လွန်မှုနှင့် အတူ ပျောက်ဆုံးခဲ့ရသည်။
 
==ပြင်ပလင့် ==