အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာန (မြန်မာ): တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: တည်နေရာ - နေပြည်တော် တည်ထောင်သည့် ခုနှစ် - ၁၉၉၄ ==ဌာနအကြောင...
 
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၂ -
တည်ထောင်သည့် ခုနှစ် - ၁၉၉၄
 
== ဌာနအကြောင်း ==
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဌါန Food and Drug Safety သည် ကျန်းမာရေး ဝန်ကြီးဌါနလက်အောက် တွင်ရှိပြီး ၁၉၉၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ပြည်တွင်း ဈေးကွက်တွင် ထုတ်လုပ်ရောင်းချ လျက်ရှိသော အစားအသောက် အလှကုန်ပစ္စည်းနှင့် ဆေးဝါးများအား စောင့်ကြည့် စစ်ဆေးလျက်ရှိပြီး စားသုံးရန် မသင့်ပါက ပြည်သူများသို့ အသိပေးကြေညာချက်ထုတ်ပြန်လျက်ရှိသည်။ တိုင်းအဆင့်၊ မြို့နယ်အဆင့်ထိ ကော်မီတီ ဖွဲ့စည်းထားလျက်ရှိပြီး အစားအသောက်၊ ဆေးဝါး အလှကုန် ထုတ်လုပ် ရောင်းချမှုများကို ကြည့်ရှု စစ်ဆေးလျက်ရှိသည်။
 
အထက်မြန်မာပြည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌါနကိုလည်း ၂၀ဝ၀ ခုနှစ်တွင် မန္တလေးမြို့တွင် ဖွင့်လှစ်ခဲ့သည်။
ပြည်တွင်းတွင် ထုတ်လုပ်လျက်ရှိသည့် အစားအသောက် ဆေးဝါးနှင့် အလှကုန်ပစ္စည်းများကို မူ ထုတ်လုပ်မှုတွင် ကျန်းမာရေးနဲ့ ညီညွတ်ခြင်းရှိမရှိ၊ သုံးစွဲရန် သင့်မသင့်ကို ထုတ်ပြန်ပေးလျက်ရှိသည်။ ပြည်ပမှ တင်သွင်းသည့် ဆေးဝါးများအားလည်း စိစစ်ပြီးနောက် ရောင်းချခွင့်ကို ထုတ်ပေးသည်။
 
== ဆောင်ရွက်သည့် လုပ်ငန်း ==
 
ဤဌါနက GMP Good Manufacturing Practice နှင့် HACCP Hazard Analysis and Critical Control Point စံချိန်စံညွှန်းများဖြင့်လည်း ဆေးဝါးနှင့် အစားအသောက်များအား စိစစ်လျက်ရှိသည်။ ထိုသို့စိစစ်ပြီး ကုန်ပစ္စည်းမှာ အရည်အသွေး စံမှီမမှီနှင့် သုံးစွဲသူအနေဖြင့် အန္တရာယ်ကင်းစွာ သုံးစွဲနိုင်သည်ကို ထုတ်ပြန်ပေးခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှုဌါနမှ အိမ်ရှင်အဖြစ် တာဝန်ယူပြီး ၂၀ဝ၇ ခုနှစ်တွင် Asean Working on Technical Cooperation in Pharmaceauticals ၏ ၂၃ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့သည်။
 
ဤ ဌါနမှ စားသောက်ရန် မသင့်သည့် ဆေးဝါး၊ အစားအသောက်နှင့် အလှကုန် ပစ္စည်များအား အခါအားလျော်စွာ ထုတ်ပြန်ကြေညာလျက်ရှိသည်။
 
[[Category:အစိုးရဌာနများ]]