မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း: တည်းဖြတ်မှု မူကွဲများ

Add Image.
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ပင်ကိုယ် +ပင်ကို)
 
စာကြောင်း ၁၂၃ -
=== လူထုဆိုင်ရာ လှုပ်ရှားမှုများ ===
==== စာပေဗိမာန် ပြည်သူ့စာကြည့်တိုက် ====
တစ်ဖန် လူထုအတွက် ပညာရှာမီးရာ ခေတ်မီပြည်သူ့ စာကြည့်တိုက် တစ်တိုက်လည်း ရှိအပ်သည်ဟု ယူဆသဖြင့် မြန်မာနိုင်ငံ ဘာသာပြန် စာပေ အသင်းအုပ်ချုပ်မှုကောင်စီက စာပေဗိမာန် ပြည်သူ့ စာကြည့်တိုက်ကို ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ လေသည်။ ထိုကြောင့် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်ကို ၁၉၅၆ ခုနှစ် မတ်လ အတွင်းက ဖွင့်လှစ်ခဲ့လေသည်။ ပြည့်သူ့ စာကြည့်တိုက်တွင် ပြည်သူလူထု တစ်ရပ်လုံးမှ လူကြီး လူရွယ် လူလတ်ပိုင်းတို့သာမက ကလေးသူငယ်များ စာဖတ်အလေ့ အထနှင့် အခြေခံဗဟုသုတရင့်သန်စေရန် ဟူသောရည်ရွယ်ချက်ဖြင့် ကလေးရိပ်သာ ကလေး စာကြည့်တိုက် တို့ကိုလည်း ဖွင့်လှစ်ခဲ့လေသည်။ ပြည်သူ့စာကြည့်တိုက်နှင့် ကလေးစာကြည့်တိုက်တွင် စာအုပ်များ ထားရှိရန်အတွက် အနည်းဆုံး ငွေကျပ် ၂ဝ…ဝဝဝ အထိ အသုံးပြုရန် အသင်းကောင်စီမှ ခွင့်ပြုခဲ့လေသည်။ စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်လုပ်ငန်းတွင် ကလေးရိပ်သာမှာ စိတ်ဝင်စားဖွယ် အကောင်းဆုံးဖြစ်ပေသည်။ ကလေးသူငယ်တို့၏ တီထွင်လိုစိတ်၊ သိလိုစိတ်၊ တတ်လိုစိတ်ကို စာပေပညာဖြင့် ပြုစု ပျိုးထောင်ပေးရန် လိုပေသည်။ ကလေးသူငယ်တို့၏ ပင်ကိုယ်ပင်ကို ဝါသနာစရိုက်အလိုက် တိုးတက်ကြီးပွားခြင်းလမ်းစကို ခေတ်မီနည်းများဖြင့်လည်း ဖော်ထုတ်ပေးရန် လိုပေသည်။ ကလေး သူငယ်တို့၏ အပေါင်းအဖော်စိတ်၊ ကူညီရိုင်းပင်းလိုစိတ်၊ ပူးပေါင်းဆောင်ရွက်လိုစိတ်တို့ကို စုပေါင်းညီညာစွာပြုလုပ်ခြင်းဖြင့်လည်း ဖော်ထုတ်ပေးရန် လိုပေသည်။ ထိုရည်ရွယ်ချက်များဖြင့် ကလေးရိပ်သာကို ဖွင့်လှစ်ထားခဲ့ခြင်း ဖြစ်လေသည်။
 
==== စာပေဗိမာန် စာအုပ်အသင်း ====