အဇင်မ် ပရမ်ဂျီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၂၉ -
၂၀၀၄ခုနှစ်၊ ဧပြီလတွင် Times တိုင်းမ်းစ်မဂ္ဂဇင်းမှ ကမ္ဘာ့ဩဇာအညောင်းဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်း တွင်လည်း တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။ ဝိုင်ပရိုကုမ္ပဏီတွင် ပရမ်ဂျီ၏ပိုင်ဆိုင်မှု ရ၄% ရှိပြီး သူ၏ ဦးဆောင်မှု အောက်တွင် ဝိုင်ပရို ကုမ္ပဏီသည် အမေရိကန်ဒေါ်လာ ၂.၅သန်းခန့်တန်ဖိုးရှိသော သာမန်ကုမ္ပဏီလေးအဖြစ်မှ အမေရိကန်ဒေါ်လာ ၁.၄ဘီလီယံတန်ဖိုးရှိသော ဧရာမကုမ္ပဏီကြီး အဖြစ်သို့လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ ဝိုင်ပရိုကုမ္ပဏီသည် ဟိုက်ဒရိုဂျင်ဖြင့် ပြုပြင်ထားသော စားသုံးဆီများကို ထုတ်လုပ်နေရာမှ ယခုအခါတွင် အိန္ဒိယနိုင်ငံ၏ အကြီးဆုံးဆော့ဖ်ဝဲလ်ကုမ္ပဏီများထဲတွင် ပါဝင်သော ဝိုင်ပရို တက္ကနိုလိုဂျီကို ပိုင်ဆိုင်ထား ပြီဖြစ်သည်။ ဝိုင်ပရို တက္ကနိုလိုဂျီသည် ကမ္ဘာ့ထိပ်တန်းတက္ကနိုလိုဂျီ ကုမ္ပဏီ ၁၀၀ စာရင်းဝင်လည်းဖြစ်သည်။
 
== ကိုယ်ရေးအကျဉ်း ==
ပရမ်ဂျီကို ၁၉၄၅ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်တွင် ပါကစ္စတန်နိုင်ငံ၊ ကာရာချီမြို့၌ မွေးဖွားခဲ့သည်။ Gujarati Khoja( ဂူဂျာရာတီ ခိုဂျာ), Shia Ismaili Muslim Family (ရှိယာ အစ္စမလီ မွတ်စလင် မိသားစု) ဝင်ဖြစ်ပြီး သူ၏ဖခင်မှာ ဟင်းသီးဟင်းရွက်ဆီနှင့် အဆီခဲများထုတ်လုပ်သော Western India PROducts (နောင်တွင် Wipro ကုမ္ပဏီဖြစ်လာ) ၏ပိုင်ရှင်ဖြစ်သည်။ သူ၏အဖိုးမှာမူ မြန်မာနိုင်ငံ ဆန်ဈေးကွက်၏ ဘုရင်တစ်ဆူဖြစ်ခဲ့သည်။ သူ၏ဖခင်သည် Muhammed Ali Jinnah ၏ ပါကစ္စတန်နိုင်ငံသို့လာရောက်ရန် ဖိတ်ကြားချက်ကို ငြင်းဆန်၍ အိန္ဒိယနိုင်ငံတွင်သာ အခြေချခဲ့သည်။
၁၉၆၆ ခုနှစ်တွင် ပရမ်ဂျီ၏ဖခင်မှာရုတ်တရက်ဆုံးပါးသွားခဲ့ပြီး သူသည်မိသားစုလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်ရန်အတွက် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ စတန်းဖို့ဒ်တက္ကသိုလ်တွင် လျှပ်စစ်အင်ဂျင်နီယာဘာသာရပ် သင်ယူမည့်အစီအစဉ်ကို စွန့်လွှတ်ခဲ့ရသည်။ထိုအချိန်တွင် ပရမ်ဂျီသည် အသက် ၂၁နှစ်သာရှိသေးပြီး မွန်ဘိုင်းရှိ စိန့်မေရီကျောင်းမှ အခြေခံပညာရေး ပြီးကာစဖြစ်သည်။သူသည် လျှပ်စစ်အင်ဂျင်နီယာ ဘွဲ့ကို နောင်နှစ်ပေါင်း၃၀ကြာပြီးနောက်မှ ပြန်လည်ရယူနိုင်ခဲ့သည်။ ပရမ်ဂျီသည် ဖခင်နေရာကို ဆက်ခံပြီးနောက် ဝိုင်ပရိုကုမ္ပဏီသည် ဟိုက်ဒရိုဂျင်အဆီခဲများ ထုတ်လုပ်ရာမှ နောက်ပိုင်းတွင် မုန့်ဖုတ်ရာတွင်သုံးသည့် အဆီခဲများ၊ တိုင်းရင်းပစ္စည်းများကိုအခြေခံသည့် ရေချိုးခန်းသုံးပစ္စည်းများ၊ ဆံပင်အလှ ထိန်းသိမ်းရေး ပစ္စည်းများ၊ ကလေးရေချိုးခန်းသုံးပစ္စည်းများ၊ လျှပ်စစ်မီးသီးများနှင့် ဟိုက်ဒရောလစ် ဆလင်ဒါများကို တိုးချဲ့ထုတ်လုပ်ခဲ့သည်။
 
ထို့နောက်တွင်မူပရမ်ဂျီသည် ဆပ်ပြာထုတ်လုပ်ခြင်းမှ ဆော့ဖ်ဝဲလ်များထုတ်လုပ်ခြင်း သို့စနစ်တကျ ကူးပြောင်းခဲ့သည်။Amalner ကိုအခြေခံသော vanapati ထုတ်လုပ်သော Western India PROducts ကုမ္ပဏီမှ ဝိုင်ပရို ထုတ်ကုန်ပစ္စည်းများလီမိတက်(Wipro Products Ltd)၊ ဝိုင်ပရို တက္ကနိုလိုဂျီ (Wipro Technologies) နှင့် ဝိုင်ပရို ကော်ပိုရေးရှင်း (Wipro Corporation) ဟူသော လုပ်ငန်းစုကြီးများ ဖြစ်လာခဲ့ကြသည်။ ပရမ်ဂျီ၏ မြင့်မားသော ရည်ရွယ်ချက်များဖြင့် ခေါင်းဆောင်မှုအောက်တွင် ဝိုင်ပရိုသည် အဆမတန် ကြီးထွားလာခဲ့သည်။ ဝိုင်ပရိုသည် General Electric နှင့် ပူးပေါင်း၍ လျှပ်စစ်မီးသီးများထုတ်လုပ်ခြင်းနှင့် အခြားလူသုံးကုန်ပစ္စည်းများကို ဆက်လက်ထုတ်လုပ်ခဲ့သည်။
စာကြောင်း ၄၁ -
ပရမ်ဂျီသည် Yasmeen(ရက်စ်မီးန်) နှင့် အိမ်ထောင်ကျပြီး သားသမီးနှစ်ဦး (Rishad-ရစ်စ်ဟက်ဒ် နှင့် Tariq-တာရစ်ဒ်) ထွန်းကားခဲ့သည်။ ရစ်စ်ဟက်ဒ်သည် Aditi (အဒီတီ) နှင့်အိမ်ထောင်ကျပြီး ယခု အိုင်တီလုပ်ငန်း၏ စီအီးအိုအဖြစ် တာဝန်ယူထားသည်။ ပရမ်ဂျီသည် ချမ်းသာသူတစ်ဦးဖြစ်စေကာမူ ငွေကြေးသုံးရာတွင် စေ့စပ်သေချာသူတစ်ဦး ဖြစ်သည်။ သူသည်ပလွှားခြင်းမရှိပဲ ခြိုးခြံချွေတာသူလည်းဖြစ်ကြောင်းကို သူစီးသော ကားဖြစ်သည့် တိုယိုတာကိုရိုလာကားက သက်သေခံလျက်ရှိသည်။ လေယာဉ်စီးလျှင် ရိုးရိုးတန်းမှ စီးခြင်း၊ ဇိမ်ခံဟိုတယ်ကြီးများတွင် မနေပဲ ကုမ္ပဏီ၏ တည်းခိုဆောင်များတွင်သာ နေထိုင်ခြင်း၊ သူ့သားမင်္ဂလာပွဲနေ့က နေ့လည်စာကို တစ်ခါသုံးစက္ကူပန်းကန်ဖြင့် သုံးဆောင်ခဲ့ခြင်းတို့က သူ၏ရိုးရိုးနေတတ်သော စရိုက်ကို ထင်ဟပ်လျက်ရှိသည်။
 
== ရရှိခဲ့သည့်ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဆုတံဆိပ်များ ==
ပရမ်ဂျီ၏ စီမံခန့်ခွဲမှုအောက်တွင် ဝိုင်ပရိုကုမ္ပဏီ အလွန်လျင်မြန်စွာတိုးတက်လာခဲ့ခြင်းကြောင့် Business Week (ဘစ်ဇ်နပ်စ် ဝီးခ်) မှ သူ့အား အထူးချွန်ဆုံးသောစွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များထဲတွင် တစ်ဦးအပါအဝင် အဖြစ် ဂုဏ်ပြုခဲ့သည်။
# ၂၀၀၀ ခုနှစ်တွင် Manipal Acedemy of Higher Education မှ ချီးမြှင့်သော ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ရရှိခဲ့သည်။
# ၂၀၀၅ခုနှစ်တွင် သူ၏ ထူးချွန်သော ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး လုပ်ဆောင်မှုများအတွင် အိန္ဒိယ အစိုးရမှPadma Vibhushan ဘွဲ့ကို ချီးမြှင့်ခဲ့သည်။
# ၂၀၀၈ခုနှစ် ဇွန်လ ၁၈ရက်နေ့တွင် ကျင်းပသော Aligarh Muslim တက္ကသိုလ်၏ ၅၈ ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် (D.Litt) ဒေါက်တာဘွဲ့ကို လက်ခံရရှိခဲ့သည်။
# ၂၀၀၉ ခုနှစ်တွင် Connecticut ပြည်နယ်၊ Middletown ရှိ Weslayan တက္ကသိုလ်မှ ၎င်း၏ ထူးချွန်သော ပရဟိတလုပ်ငန်းများအတွက် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို အပ်နှင်းခဲ့သည်။
# ၂၀၁၀ခုနှစ် မတ်လ၉ရက်နေ့တွင် အိန္ဒိယနိိုင်ငံ၏ အချမ်းသာဆုံးသောသူတစ်ယောက် ဖြစ်လာပြီး သူ၏ ပိုင်ဆိုင်မှု အရပ်ရပ်မှာ ဒေါ်လာ ၁၇ ဘီလီယံဖြစ်သည်။
 
== အဇင်းမ် ပရမ်ဂျီဖောင်ဒေးရှင်း ==
ဤဖောင်ဒေးရှင်းကို အဇင်းမ် ပရမ်ဂျီ၏ ငွေကြေးထောက်ပံ့မှုဖြင့် တည်ထောင်ခဲ့ပြီ ၎င်း၏ ဆောင်ပုဒ်မှာ “အစိုးရနှင့် အခြားဆက်စပ် လူထုအကျိုးပြု အဖွဲ့အစည်းများနှင့်တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်၍ အဓိကလူမှုရေးပြဿနာများကို ထိထိမိမိိကိုင်တွယ် ဖြေရှင်းပြီး ထင်သာမြင်သာသော ရလဒ်များရရှိစေရေး” ဖြစ်သည်။
 
ဖောင်ဒေးရှင်း၏ အဓိကစီမံကိန်းမှာ “ကျောင်းပညာရေးအရည်အသွေးကို ထိရောက်စွာ မြှင့်တင်ပေးနိုင်ပြီး လူထုကိုလည်းစိတ်ကျေနပ်မှုပေးနိုင်သော သင်ခန်းစာ မော်ဒယ်လ်များ ရေးသားခြင်း” ဖြစ်သည်။ ထိုစီမံကိန်း၏ ရည်ရွယ်ချက်မှာ အိန္ဒိယနိုင်ငံရှိ မူလတန်းပညာရေးစနစ် တသမတ်တည်း ဖြစ်စေရန်ဖြစ်သည်။ အခြေခံပညာရေးစနစ် အရည်အသွေးတိုးတက်ရေး(အထူးသဖြင့်ကျေးလက်တောရွာရှိကျောင်းများအတွက်)ကို နှစ်ပေါင်းများစွာကပင် အဓိကထားလုပ်ဆောင်ခဲ့သည်။
 
အဇင်းမ် ပရမ်ဂျီဖောင်ဒေးရှင်းသည် နည်းပညာအသစ်အဆန်းအဖြစ် Personal ကွန်ပျူတာ တစ်လုံးထဲဖြင့် display terminal ၃ခု၊ keyboard ၃ခု၊ mouse ၃ခု ချိတ်ဆက်၍ ကွန်ပျူတာ ၃လုံးအဖြစ် အသုံးပြုနိုင်သော နည်းပညာကို တင်ပြခဲ့သည်။
စာကြောင်း ၆၄ -
အထက်ပါ စီဒီခွေများကို စာတန်းထိုး ဘာသာစကား ၇၀ ဖြင့်ဖြန့်ချီပေးခဲ့သည်။
 
ယခုအခါတွင် ကာနာတကနယ်အတွက် စာတန်းထိုး ဘာသာစကား ၆၈ခု၊ အန်ဒရာပရာဒက်ရှ်နယ်အတွက် စာတန်းထိုး ဘာသာစကား ၄၂ခု၊ တမီးလ်နဒုနယ်နှင့် ပွန်ဒီချယ်ရီနယ် အတွက် စာတန်းထိုး ဘာသာစကား ၃၅ခု၊ အူရူဒူးနယ်ရှိ အလယ်တန်းအတွက် စာတန်းထိုး ဘာသာစကား ၁၈ခု၊ အိုရစ်စာနယ်အတွက် စာတန်းထိုး ဘာသာစကား ၆ခု၊ ဂူဂျာရက်နယ်အတွက် စာတန်းထိုး ဘာသာစကား ၁၄ခု၊ ပွန်ဂျက်နယ်အတွက် ၃ခုနှင့် ကီရာလနယ်အတွက် ၁ခု တို့ကို ဘာသာပြန်စာတမ်းထိုးပေးပြီး ဖြစ်သည်။
 
ဖောင်ဒေးရှင်းအနေဖြင့် အန်ဒရာပရာဒက်ရှ်နယ်တွင် ကောက်ယူခဲ့သော ကွန်ပျူတာနည်းပညာကို အခြေခံပြီး ကောက်ယူခဲ့သော စစ်တမ်း ( ၂၀၀၅ခုနှစ်အစောပိုင်းတွင် ကျောင်းသားပေါင်း ၅၀,၀၀၀ ထံမှ ကောက်ယူ)၊ ပညာလေ့လာသင်ယူခြင်း အာမခံအစီအစဉ် နှင့် ကာနာတာကရှိ ပေါ်လစီရေးဆွဲခြင်းလုပ်ငန်းများတွင် ပါဝင်ခဲ့သည်။
 
၂၀၁၀ခုနှစ် ဒီဇင်ဘာတွင် အိန္ဒိယနိုင်ငံရှိ ကျောင်းများတိုးတက်ရေးအတွက် ဒေါ်လာ ၂ ဘီလီယံလှူဒါန်းရန် ကတိပြုခဲ့သည်။ ထိုသို့ပြုလုပ်ရန်အတွက် ဝိုင်ပရိုကုမ္ပဏီတွင် ၂၁၃ မီလီယံနှင့်ညီမျှသည့် သူပိုင်ဆိုင်သော ရှယ်ယာများကို အဇင်းမ် ပရမ်ဂျီဖောင်ဒေးရှင်းသို့ လွှဲပြောင်း ပေးရမည်ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းမှာ အိန္ဒိယဘီလျံနာ များကြားတွင် ပထမဆုံးအကြိမ် ဖြစ်သည်။
 
 
[[Category:သန်းကြွယ်သူဌေးများ]]
[[Category:အတ္ထုပ္ပတ္တိ ]]
 
[[de:Azim Premji]]