ဩဋိသာပြည်နယ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-လျှက် ရှိ +လျက် ရှိ)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-မြောက်များ +မြောက်မြား)
စာကြောင်း ၉ -
 
အိမ်တွင်းလက်မှုလုပ်ငန်းများကိုသာ များသောအားဖြင့် လုပ်ကိုင်ကြသည်။ ဩရိဿပြည်နယ်မှ နန်းကြိုးခက် ငွေထည်များမှာ ထင်ရှားသည်။ ဟိန္ဒူအယူဝါဒီ အများဆုံးနေထိုင်သော ပြည်နယ်ဖြစ်၍
မြို့တိုင်းရွာတိုင်း၌ ဟိန္ဒူဘုရားဝတ်ကျောင်းနှင့် တန်ဆောင်းပေါင်း မြောက်များစွာရှိသည်။မြောက်မြားစွာရှိသည်။ အထူးသဖြင့် ပင်လယ်ကမ်းခြေ မြို့ဖြစ်သော ပူရီမြို့တွင် တည်ရှိသည့် ဂျဂနတ် ဘုရားဝတ်ကျောင်းသည် ထင်ရှား၏။ မဟာနဒီမြစ်ဝကျွန်းပေါ်ဒေသတွင် တည်ရှိသော ပြည်နယ်၏ မြို့တော်ဟောင်း ကတ္တက်မြို့မှ ၁၈ မိုင်ကွာဝေးသော ဘူဗန်နီဆွာမြို့သည် ပြည်နယ်၏ မြို့တော်သစ် ဖြစ်သည်။ လူဦးရေ ၁၂ဝ၅၅၁၄ ယောက်နေထိုင်လျက်ရှိသည်။
 
ဩရိဿပြည်နယ်တွင် မီးရထားလမ်းမိုင်ပေါင်း ၈၇၃ မိုင်မျှသာရှိသည်။ ကာလကတ္တားမြို့မှ မဒရပ်မြို့သို့သွားသော မီးရထားလမ်းသည် ပင်လယ်ကမ်းတစ်လျှောက်ကို ဖြတ်သန်းသွားသည်။ အုပ်ချုပ်မှုအတွက် ပြည်နယ်ကို ခရိုင်ပေါင်း ၁၃ ခရိုင် ခွဲခြားသတ်မှတ်ထားရှိသည်။ အိန္ဒိယအစိုးရက ခန့်အပ် သော ဘုရင်ခံနှင့် ဝန်ကြီးအဖွဲ့က ပြည်နယ်ကိုအုပ်ချုပ်သည်။ ဥပဒေပြုလွှတ်တော် တစ်ရပ်တည်းသာရှိသည်။