အက်ဒမ် စမစ်: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
အဒမ်စမစ် (Adam Smith 1723-90) သည် [[စကော့တလန်]]လူမျိုးဖြစ်ပြီး မိခင်ကြီး၏ ကျွေးမွေးစောင့်ရှောက်မှုဖြင့် Kirkcaldy အရပ်တွင် ကြီးပြင်းလာရသူဖြစ်သည်။
 
== ပညာရေး ==
အသက်တစ်ဆယ့်လေးနှစ်အရွယ်တွင် [[ဂလပ်စကိုတက္ကသိုလ်]]၌ ဖရန်စစ် ဟတ်ချင်စန်လက်အောက်တွင် ကျောင်းသားတစ်ဦးဖြစ်ခဲ့သည်။ [[အောက်စဖို့ဒ်တက္ကသိုလ်]]တက်ရောက်ရန် ပညာသင်ဆုရရှိခဲ့ကာ ၁၇၆၄ ခုနှစ် အထိ ခြောက်နှစ်တိုင် ပညာသင်ခဲ့သည်။
 
== ကျောင်းဆရာဘဝ ==
[[အီဒင်ဘာရာတက္ကသိုလ်]]၌ ၁၇၅၁ ခုနှစ်အထိ ကထိကအဖြစ်၎င်း ၁၇၅၁ ခုနှစ်မှ ၁၇၆၃ ခုနှစ်အထိ ဂလပ်စကိုတက္ကသိုလ်တွင် လုပ်ကိုင်ခဲ့ရာ ပထမ[[လော့ဂျစ်]]ဘာသာဌာနမှူး၊ နောက်တစ်နှစ်အကြောတွင် သူ့ဆရာ ဟတ်ချင်စန်နေရာတွင် [[ကိုယ်ကျင့်တရားဒဿန]]ဌာနမှူးအဖြစ်၎င်း လုပ်ကိုင်ခဲ့သည်။
 
၁၇၆၄ ခုနှစ်မှ ၁၇၆၆ ခုနှစ်အတွင်း ပြင်သစ်နိုင်ငံတွင် ခရီးလှည့်လည်ရင်းမြို့စား ဘတ်ကလူ့ချ် (Duke Berccleuch)၏ စာပြကျူတာဖြစ်ခဲ့သည်။
 
== စာရေးသားမှု ==
သူ၏အဓိက ဘောဂဗေဒဟာအုပ်ဖြစ်သော [[နိုင်ငံများ၏ ဥစ္စာဓနသဘာဝနှင့် အကြောင်းရင်းများ လေ့လာခြင်း]] (An Inquiry into the Nature and Causes of the Wealth of Nations) ကို ၁၇၇၆ ခုနှစ်၌ ထုတ်ဝေခဲ့သည်။ နောက်ပိုင်းတွင် ထိုကျမ်းကို နိုင်ငံများ၏ဓန (Wealth of Nations) ဟု အတိုကောက်သိကြသည်။
 
== အဒမ်စမစ်၏ အယူအဆများ ==
 
[[Category:စီးပွားရေးပညာရှင်]]
[[Category:စီးပွားရေး]]
[[Category: အတ္ထုပ္ပတ္တိ]]