အနာကြီးရောဂါ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
ရောဂါတကာ့ ရောဂါထဲတွင် အနာကြီးရောဂါသည် လူဖြစ်ရှုံးသော ကူးစက်ရောဂါတစ်ခုဖြစ်သည်။ `ကူဋ္ဌနူနာ´ရောဂါဟုလည်း ခေါ်ကြသည်။ အနာကြီးရောဂါသည် လူတောမဝင်၊ ရှင်တောမတိုးနိုင်လောက်အောင် ရုပ်ပျက်ဆင်းပျက် ဖြစ်စေတတ်သည်။ လူ့အသိုင်းအဝိုင်းကလည်း မေးထူးခေါ်ပြော မလုပ်ချင်ကြပေ။ ရှောင်ချင်ရှားချင်ကြသည်။ သွေးမတော် သားမစပ်သူများပင် မဆိုထားနှင့် မိရင်းဖရင်း၊ သားသမီးအရင်း များပင် ရင်နာနာနှင့် ခွဲခွာနေရသော ရောဂါမျိုးဖြစ်သည်။
 
အနာကြီးရောဂါ နှစ်မျိုးနှစ်စား ကွဲပြားသည်။
# အဖုအကျိတ်သဏ္ဍာန် အနာကြီးရောဂါ
# ချောမွတ်သောသဏ္ဍာန် အနာကြီးရောဂါ တို့ဖြစ်သည်။
 
== အဖုအကျိတ်သဏ္ဍာန် အနာကြီးရောဂါ ==
အဖုအကျိတ်သဏ္ဍာန် အနာကြီးရောဂါသည် အရေပြား ထူအမ်းလာပြီး နေရာအနှံ့အပြားတွင် အကျိတ်များထွက်ကာ အနာကြီးများ ပေါက်လာတတ်သည်။ အနံ့အသက်မကောင်း ဖြစ်တတ်သည်။ ခွန်အားဆုတ်ယုတ်ခြင်း၊ အဆုတ်နာ၊ ကျောက်ကပ်ရောဂါများ ထပ်ဆင့် ဖြစ်ပွားခြင်း အကျိုးဆက်များ ဖြစ်တတ်သည်။
 
== ချောမွတ်သောသဏ္ဍာန် အနာကြီးရောဂါ ==
ချောမွတ်သောသဏ္ဍာန် အနာကြီးရောဂါသည် အရေပြားအောက်ရှိ အာရုံကြောများ အဓိကထား၍ တိုက်ဖျက်သည်။ အရေပြား အသွေးအရောင်ပျက်စီးပြီး အကွက်များ ပေါ်ပေါက်လာတတ်သည်။ အနူဆယ်ပါးတွင် အပါအဝင်ဖြစ်သော ပွေး၊ ဝဲ၊ ညှင်း၊ တင်းတိတ်များ ကဲ့သို့သော အကွက်များပင် ဖြစ်သည်။ အာရုံခံစားမှုကင်းမဲ့၍ ထုံလာတတ်သည်။ ကိုယ်တစ်ခြမ်းသေတတ်သည်။ ခြေချောင်း၊ လက်ချောင်းများ လှုတ်ရှားမရဖြစ်ကာ ငုံးတိတိဖြစ်သည်အထိ ပဲ့ကြွေတတ်သည်။
 
ဆေးပညာရှင်များ၏ ကြိုးပမ်းမှုကြောင့် အနာကြီးရောဂါကာကွယ်ဆေး၊ ကုသဆေး (ဆာလဖုံး)ကို ၁၉၄၁-ခုနှစ်တွင် စတင်အသုံးပြုခဲ့သည်။ ထိုဆေးကို ငါးနှစ်မှ တစ်သက်လုံးတိုက်ကျွေးရသော ဆေးဖြစ်သည်။ ၁၉၈၂-ခုနှစ်တွင် MDT(Mulit Drug Therapy)ဆေးပေါင်းဆေး ကုထုံးကို အသုံးပြုခဲ့သည်။ ဤကုထုံးမှာ ခြောက်လမှ တစ်နှစ်အတွင်း ရောဂါများပျောက်ကင်းနိုင်သည်။
စာကြောင်း ၁၅ -
မြန်မာပြည်တွင် အနာကြီးရောဂါနှင့်ပတ်သက်၍ အယူအဆများ လွဲမှားခဲ့ကြသည်။ အချို့က လိင်အပျော်ဖက်ရာမှ ကုဋ္ဌနူနာစွဲရသည်ဟု မှတ်ထင်ကြသည်။ အချို့က အဆီများသော၊ ဆူသော မြေအောင်းသားများကို စား၍ ဖြစ်သည်ဟု ခံယူထားကြသည်။ ဤအယူအဆများ၏ အကျိုးဆက်များက ရောဂါဖြစ်လျှင် လူသိမခံဝံ့၊ ရှက်ရွံ့လာကြသည်။ အိမ်တွင်းပုန်းလုပ်ကာ ဖုံးကွယ်ထားကြသည်။ ဆေးမြီးတိုနှင့် ကျိတ်၍ ကုသတတ်ကြသည်။ ဤသည်မှာ လွဲမှားသော အယူအဆများပင် ဖြစ်သည်။
 
== ဖြစ်ပွားသည့် ဒေသများ ==
'''အနာကြီးရောဂါ'''သည် လက်ပရာဘက်ဆီးလပ်စ် ရောဂါပိုး ကူးစက်မှုကြောင့် ဖြစ်ပွားသည်။ ပူအိုက်စွတ်စိုသော အပူပိုင်းဒေသများတွင် ဖြစ်ပွားသည်။ အထူးသဖြင့် အာဖရိကတိုက်တွင် အဖြစ်များသော်လည်း ကမာ္ဘတစ်ဝန်းလုံးတွင် ဖြစ်ပွားလျက်ရှိသည်။ ကမာ္ဘပေါ်တွင် အနာကြီးရောဂါဖြစ်ပွားသော နိုင်ငံပေါင်း ၁၂၂-နိုင်ငံရှိပြီး ၁၁၇-နိုင်ငံသည် အနာကြီးရောဂါ ကင်းဝေးခဲ့ပြီ ဖြစ်သည်။ အနာကြီးရောဂါ မပပျောက်သေးသောနိုင်ငံများမှာ [[ဘရာဇီး]]၊ [[ကွန်ဂို]]၊ [[မိုဇမ်ဘစ်]]၊ [[နီပေါ]]နှင့် [[တန်ဇန်းနီးယား]]နိုင်ငံများဖြစ်သည်။
 
စာကြောင်း ၂၂ -
၂၀၀၃-ခုနှစ်၊ ဖေဖော်ဝါရီလက ကျင်းပခဲ့သော တတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာ အနာကြီးရောဂါ ကင်းဝေးရေး ညီလာခံ၌ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ဝင်နိုင်ငံများနှင့် စေတနာရှင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ရှေ့မှောက်တွင် မြန်မာနိုင်ငံသည် အနာကြီးရောဂါကင်းဝေးကြောင်း ကြေငြာနိုင်ခဲ့ပေသည်။ ထို့ကြောင့် နှစ်စဉ် ဖေဖော်ဝါရီလ (၆)ရက်နေ့ကို မြန်မာနိုင်ငံ၏ '''[[အနာကြီးရောဂါ ကင်းဝေးရေးအထိမ်းအမှတ်နေ့]]''' ဟု သတ်မှတ်ခဲ့သည်။ <ref>ဦးရဲဝေ(မြန်မာစာ)၏ အောင်ပွဲဝင် စာစီစာကုံးများ</ref>
 
== ကိုးကား ==
<references/>
 
[[Category:သိပ္ပံ]]
 
 
[[Category:သိပ္ပံ]]
[[Category:ဆေးပညာ]]