စန္ဒာဒေဝီ မိဖုရားခေါင်ကြီး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ထ +။ ထ, -။မ +။ မ)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ပြသာဒ် +ပြာသာဒ်)
 
စာကြောင်း ၉၂ -
 
သားတော် ဆင်ဖြူရှင်မင်းသည် မယ်တော် ဆောက်လုပ်သော ကျောင်းတော်ကြီးကို ‘ဘုံကျော်တုလွတ်’ (ဘုံသာတုလွတ်ဟုလည်းခေါ်) ဟူ၍ ကမ္ပည်းထိုးပြီးလျှင် ‘ဉာဏသာဂရ မဟာဓမ္မရာဇာဓိရာဇဂုရု’ ဘွဲ့တံဆိပ်ရ အင်ကြင်းပင် ဆရာတော်ဘုရားကြီးအား တင်လှူလေသည်။
အတုလ ဆရာတော်သည် ခမည်းတော်အလောင်းမင်းတရားကြီး ကိုယ်တိုင် ကိုးကွယ်သော ဆရာတော် ဖြစ်သည်။ မင်းတရားကြီးက ‘အတုလယသမဟာဓမ္မရာဇဂုရု’ ဘွဲ့တံဆိပ်ဖြင့် သာသနာပိုင် ခန့်အပ်ထားသူ ဖြစ်သည်။ သမီးတော်ကြီးသည် အင်းဝသို့ ပြောင်းရွှေ့သောအခါလည်း မာရ်အောင်ရတနာဘုရား ပရဝုဏ်အတွင်း၌ သုဓမ်မာရွှေဇရပ်၊ ပြသာဒ်သုံးဆောင်တို့ကိုပြာသာဒ်သုံးဆောင်တို့ကို ဆောက်လုပ် လှူဒါန်းခဲ့ပြန်သည်။
သမီးတော် အလတ်ဖြစ်သော သီရီမဟာရတနာဒေဝီ မင်းသမီးသည်လည်း အင်းဝမြို့တော်၌ မယ်တော်ဆောက်လုပ်သော ဘုံကျော်တုလွတ်ကျောင်းတိုက်၏ အနောက်မြောက်ယွန်းတွင် အရံကျောင်းများနှင့်တကွ လေးထပ် ဇေတဝန်ကျောင်းတော်ကြီးကို ဆောက်လုပ်ခဲ့သည်။ ကျောင်းတော်ကြီးကို ‘ဘုံသာစံလွတ်ကျောင်းတော်ကြီး’ ဟု ကမ္ပည်းထိုး၍ 'သုမနာစာရမဟာဓမ္မရာဇာဓိရာဇဂုရု' ဘွဲ့တံဆိပ်တော်ရ ဝက်လက်ဆရာတော်အား တင်လှူတော်မူသည်။
ဆင်ဖြူရှင် မင်းတရားသည် မယ်တော်၏ ဘုံကျောင်းတုလွတ်ကျောင်းတော်ကြီးနှင့် နှမတော်၏ ဘုံသာစံလွတ်ကျောင်းတော်ကြီးကို သက္ကရာဇ် ၁၁၃၄ ခုနှစ်တွင် တစ်ချိန်တည်းမှာပင် တစ်ပြိုင်နက် ရေစက်ချ တင်လှူခဲ့ခြင်း ဖြစ်သည်။