ရေဒီယိုသတ္တိကြွပြိုကွဲမှု: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-မြောက်များ +မြောက်မြား)
 
စာကြောင်း ၃ -
'''ရေဒီယိုသတ္တိကြွပြိုကွဲမှု''' သို့မဟုတ် '''ရေဒီယိုဓာတ်သတ္တိကြွမှု''' ဆိုသည်မှာ တည်မြဲမှုမရှိသော [[အက်တမ်]]တစ်ခု၏ [[နျူကလိယ]]မှ စွမ်းအင်ဆုံးရှုံးမှု ဖြစ်ပေါ်ပြီး [[ဓာတ်ရောင်ခြည်]]ထုတ်လွှတ်သည့် ဖြစ်စဉ်ကိုခေါ်သည်။ ဒြပ်ဝတ္တုတစ်ခုသည် [[အယ်လ်ဖာအမှုန်]]၊ [[ဘီတာအမှုန်]]နှင့် [[ဂမ်မာအမှုန်]]များဖြင့် ဖွဲ့စည်းထားသည့် ရောင်ခြည်များ သူ့အလိုအလျောက် ထုတ်လွှတ်နေသည်ဆိုပါက ရေဒီယိုဓာတ်သတ္တိကြွနေသည်ဟု ဆိုနိုင်သည်။
 
ရေဒီယိုသတ္တိကြွပြိုကွဲမှု ဖြစ်စဉ်သည် အက်တမ်အဆင့်တွင် ဖြစ်ပွားသည့် ကြိုတင်ခန့်မှန်းတွက်ချက်၍ မရနိုင်သော ဖြစ်စဉ်ဖြစ်သည်။<ref name="not-predict">{{cite web|url=http://www.iem-inc.com/prhlfr.html|title=Decay and Half Life|accessdate= 2009-12-14}}</ref><ref name="IntroductionToHealthPhysics">{{cite book |title=Radiation Protection and Dosimetry: An Introduction to Health Physics |url=https://archive.org/details/radiationprotect0000stab |last1=Stabin |first1=Michael G. |isbn=978-0387499826 |year=2007 |publisher=Springer Publishing |chapter=3 |doi=10.1007/978-0-387-49983-3}}</ref><ref name="RadiationOncologyPrimer">{{cite book |title=Radiation Oncology Primer and Review |isbn=978-1620700044 |last1=Best |first1=Lara |last2=Rodrigues |first2=George |last3=Velker |first3=Vikram |publisher=Demos Medical Publishing |year=2013 |chapter=1.3}}</ref><ref>{{cite book |title=Modern Nuclear Chemistry |isbn=0-471-11532-0 |last1=Loveland |first1=W. |last2=Morrissey |first2=D. |last3=Glenn T. Seaborg |first3=G.T. |publisher=Wiley-Interscience |year=2006 |page=57}}</ref> [[ကွမ်​တမ်​သီ​အို​ရီ]]အရ အက်တမ်တစ်ခုသည် မည်သည့်အချိန်တွင် ပြိုကွဲမည်ကို ကြိုတင်ခန့်မှန်း၍ မရနိုင်ပါ။ အက်တမ်တစ်ခုသည် မည်သည့်အချိန်တွင် ပြိုကွဲနိုင်သည်ဆိုသည့် အခွင့်အလမ်းသည် ၎င်းအက်တမ် မည်မျှကြာကြာ တည်ရှိခဲ့သည် ဆိုသည့်ကိစ္စနှင့် သက်ဆိုင်ခြင်းမရှိဘဲ လုံးဝပြောင်းလဲခြင်းမရှိပါ။ အရေအတွက် မြောက်များစွာမြောက်မြားစွာ ရှိနေသော အက်တမ် အစုအဝေးအတွက်မူ အက်တမ်များ ပြိုကွဲပျက်စီးနှုန်းကို ၎င်းအက်တမ်တို့၏ [[ပြိုကွဲကိန်းသေ]] သို့မဟုတ် [[သက်တမ်းဝက်]]ဖြင့် တွက်ချက်နိုင်သည်။
 
ရေဒီယိုသတ္တိကြွပြိုကွဲမှု အမျိုးအစား များစွာရှိသည်။ ပထမဦးဆုံး ရှာဖွေတွေ့ရှိခဲ့သော ပြိုကွဲမှုဖြစ်စဉ်များမှာ [[အယ်လ်ဖာပြိုကွဲမှု]]၊ [[ဘီတာပြိုကွဲမှု]]နှင့် [[ဂမ်မာပြိုကွဲမှု]]များ ဖြစ်သည်။<ref>Kasimir Fajans, "Radioactive transformations and the periodic system of the elements". Chemische Berichte|Berichte der Deutschen Chemischen Gesellschaft, Nr. 46, 1913, p. 422–439</ref><ref>Frederick Soddy, "The Radio Elements and the Periodic Law", Chem. News, Nr. 107, 1913, p.97–99</ref> နျူကလိယတစ်ခုသည် အယ်လ်ဖာအမှုန် ထုတ်လွှတ်ခြင်းကို အယ်လ်ဖာပြိုကွဲမှုဟုခေါ်သည်။ အယ်လ်ဖာအမှုန်ဆိုသည်မှာ [[ဟီလီယမ်]]ဒြပ်စင်၏ နျူကလိယဖြစ်သည်။ အက်တမ်တစ်ခု၏ နျူကလိယ([[နျူကလိယွန်]])ကို ရောင်ခြည်အဖြစ် ထုတ်လွှတ်သော ပြိုကွဲမှုသည် ယေဘုယျအကျဆုံး ဖြစ်စဉ် ဖြစ်သော်လည်း ၎င်းသည် ရှားပါးသောပြိုကွဲမှုအမျိုးအစားဖြစ်သည်။ နျူကလိယသည် အီလက်ထရွန် သို့မဟုတ် [[ပိုစီထရွန်]] သို့မဟုတ် [[နျူထရီနို]]ထုတ်လွှတ်ခြင်းကို ဘီတာပြိုကွဲမှုဟုခေါ်သည်။ ဤဖြစ်စဉ်တွင် အက်တမ်နျူကလိယရှိ ပရိုတွန်တစ်လုံးသည် နျူထရွန်သို့မဟုတ် အခြားတစ်ခုခုသို့ ပြောင်းလဲသည်။ နျူကလိယသည် လှည့်ပတ်နေသည့် အီလက်ထရွန်တစ်ခုကို ဖမ်းယူခြင်း ဖြစ်ပွားနိုင်သည်။ ဤတွင် ပရိုတွန်တစ်ခုသည် နျူထရွန်တစ်ခုအဖြစ် ပြောင်းလည်းသွားပြီး ၎င်းဖြစ်စဉ်ကို [[အီလက်ထရွန်ဖမ်းယူခြင်း]] ဟုခေါ်သည်။ ဤဖြစ်စဉ်များအားလုံးတွင် တိကျသေချာသော [[နျူကလိယ ရုပ်ခြေပြောင်းခြင်း]] ဖြစ်ပွားသည်။ နျူကလိယ ရုပ်ခြေပြောင်းခြင်း ဆိုသည်မှာ ရေဒီယိုသတ္တိကြွပြိုကွဲမှု ဖြစ်စဉ်တွင် မူလအက်တမ်၏ နျူကလိယ၌ ပရိုတွန်နှင့် နျူထရွန်အရေအတွက်များ ပြောင်းလဲသွားခြင်းကို ဆိုလိုသည်။ အချို့အခြေအနေတွင် အက်တမ်သည် မူလနှင့် ကွဲပြားခြားနားသော ဒြပ်စင်အဖြစ် ပြောင်းလဲသွားသည်။