ဘေသဇ္ဇသိက္ခာပုဒ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ရှိပါသည် +ရှိသည်, -လိုပါသည် +လိုသည်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ပြသာဒ် +ပြာသာဒ်)
 
စာကြောင်း ၂၆ -
ထိုအခါ လူတို့သည် ဗိမ္မိသာရမင်းအား “အရံစောင့်၏ အိမ်တွင် အလ္န်လှပ ရွှေပန်းခွေ ရှိသည်၊ ထိုပန်းခွေမျိုး နန်းတော်တွင်း၌ပင် မရှိပါ၊ ထိုသို့ ဆင်းရဲသူ၌ အဘယ်မှာ ရှိပါမည်နည်း၊ ခိုးယူလာခြင်း ဖြစ်ပါလိမ့်မည်” ဟု ပြော၏။ ထိုအခါ မင်းကြီးသည် အရံစောင့်အား ဖမ်းဆီး၏။ နောင်အခါ အသျှင်ပိလိန္ဒဝစ္ဆသည် အရံစောင့်အိမ်သို့ သွားသည့်အခါ မတွေ့ရသည့်အတွက် ဖမ်းဆီးခံရကြောင်း သိလေ၏။
 
ထို့နောက် အသျှင်ပိလိန္ဒဝစ္ဆသည် မင်းကြီးနှင့် သွားတွေ့၏။ မင်းကြီးအား “အဘယ်ကြောင့် အရံစောင့်အား ဖမ်းဆီးသနည်း” ဟု မေးမြန်း၏။ ထိုအခါ မင်းကြီးသည် အရံစောင့်အား ရွှေပန်းခွေနှင့် ပတ်သက်၍ ခိုးယူလာသည် ထင်၍ ဖမ်းပါသည်ဟု ဆို၏။ ထိုအခါ အသျှင်ပိလိန္ဒဝစ္ဆသည် မင်းကြီး၏ ပြသာဒ်အားပြာသာဒ်အား “ရွှေဖြစ်စေ” ဟု အဓိဋ္ဌာန်လိုက်ရာ ရွှေပြသာဒ်ရွှေပြာသာဒ် ဖြစ်လေ၏။ ထိုအခါမှ မင်းကြီးသည် အရံစောင့်အား လွှတ်လေ၏။
 
လူတို့သည်လည်း အသျှင်ပိလိန္ဒဝစ္ဆအား တန်ခိုးပြာဋိဟာကို ပြတတ်သည်ဟု ဝမ်မြောက်ကြည်ညို၍ ငါးပါးသောဆေးတို့ဖြင့် လှူဒါန်း၏။ အသျှင်ပိလိန္ဒဝစ္ဆသည် မူလကပင် ငါးပါးသောဆေးတို့ကို ရလေ့ရှိ၍ ရသောဆေးတို့ကိုလည်း ပရိသတ်ကို စွန့်၏။ ထိုအခါ ပရိသတ်သည် ပစ္စည်းပေါများလိုသည်ဖြစ်၍ ဆေးတို့ကို သိုမှီးကြ၏။ များပြားလာသော ဆေးတို့သည် ယိုကျကုန်၏၊ ကျောင်းအားလုံးတို့သည်လည်း ကြွက်တို့ဖြင့် ပြည့်နှက်ကုန်၏။