အယူသည်းခြင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
အယူသည်းခြင်းဆိုသည်မှာ သဘာဝလွန်အဖြစ်အပျက်များကို ရိုးရာအစဉ်အလာအားဖြင့် သို့မဟုတ် မသိလိုက်မသိဘာသာ ယုံကြည်လက်ခံကျင့်သုံးခြင်းပင်ဖြစ်သည်။ အချို့သော ထုံးတမ်းစဉ်လာများမှာ အယူသည်းခြင်းများနှင့် ဆက်စပ်နေသော်လည်း အယူသည်းမှုအနေဖြင့် မဟုတ်ပဲ လုပ်ရိုးလုပ်စဉ်အဖြစ်ပြုလုပ်နေခြင်းမျိုးလည်း ရှိသည်။
 
== နိုင်ငံတကာမှ အယူသည်းခြင်းများ ==
=== ၁၃ ဂဏန်းနှင့် ဆက်စပ်သော အယူသည်းမှု ===
ခရစ်တော် သည် နောက်ဆုံးညစာစားပွဲတွင် တပည့်သာဝက ၁၃ ဦးနှင့် အတူ ညစာစားခဲ့သည်။ ထို့အတွက်ကြောင့် ၁၃ ဂဏန်းကို ကံမကောင်းသော ဂဏန်းအဖြစ် လူအများစုက လက်ခံထားကြသည်။ ကမ္ဘာပေါ်ရှိ ဟိုတယ်အများစုတွင် ၁၃ ဂဏန်း သို့မဟုတ် ပေါင်းခြင်း ၁၃ ရသော အခန်းနံပါတ် ထားလေ့မရှိကြပေ။ ရန်ကုန်မြို့မှ ကုန်သည်ကြီးများ ဟိုတယ်အပါအဝင် အချို့ ဟော်တယ်များတွင် ၁၃ ထပ်ကို ပင် အင်္ဂလိပ်အက္ခရာဖြင့် ပြောင်းလဲထားလေ့ရှိသည်။
 
=== အသုဘအခမ်းအနားများမှ အယူသည်းမှု ===
အသုဘ အခမ်းအနားများ၌ ပန်းခွေချခြင်းသည် အယူသည်းမှုမှ ဆင်းသက်လာသော ထုံးတမ်းစဉ်လာတစ်ခုဖြစ်သည်။ ရှေးယခင်အချိန်များက အသုဘအခမ်းအနားများတွင် ပန်းခွေချခြင်းဖြင့် သေဆုံးသူ၏ ဝိဉာဉ်ကို လွတ်ထွက်မသွားအောင် ထိန်းချုပ်နိုင်သည် ဟု ယူဆခဲ့ကြသည်။ နောင်တွင် ထိုအယူအဆသည် ထုံးတမ်းစဉ်လာတစ်ခုဖြစ်လာခဲ့သည်။ စစ်ဘက်ဆိုင်ရာ အသုဘအခမ်းအနားများတွင် သေနတ်ပစ်ဖောက်ခြင်းသည် တစ်ချိန်က တစ္ဆေ သူရဲများကို ခြောက်လှန့်သည့်အနေနှင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ နောင်တွင် သေနတ်ဖောက်ခြင်းသည် သေသူကို ဂုဏ်ပြုသည့် ထုံးတမ်းစဉ်လာတစ်ခုဖြစ်လာခဲ့သည်။
 
=== လှေကားအောက်မှဖြတ်လျှောက်ခြင်း ===
အနောက်တိုင်းတွင် လှေကားအောက်မှ ဖြတ်လျှောက်ပါက ကံမကောင်းဟု ယူဆကြသည်။ ထိုအယူအဆသည် ပြင်သစ်နိုင်ငံမှ ဆင်းသက်လာခြင်းဖြစ်သည်။ ရှေးယခင်က ပြင်သစ်နိုင်ငံတွင် သေဒဏ်ကျခံရသည့် သူသည် ခေါင်းဖြတ်စက်ပေါ်သို့အတက်တွင် လှေကားအောက်မှ ဖြတ်လျှောက်ရသည်။ ထို့အတွက်ကြောင့် လှေကားအောက်မှ ဖြတ်လျှောက်ပါက ကံမကောင်းဟု အနောက်တိုင်းတွင် ယူဆကြသည်။
 
=== အခြားသော အယူသည်းမှုများ ===
* မွေးနေ့ကိတ်ပေါ်ရှိ ဖယောင်းတိုင်များကို တစ်ချက်တည်းမှုတ်နိုင်ပါက ဆုတောင်းပြည့်မည်ဟု ယူဆကြခြင်း။
* လက်ထပ်လက်စွပ်ကို ချွတ်မိပါက ကံမကောင်းဟု ယူဆခြင်း။
 
== မြန်မာတို့၏ အယူသည်းမှုများ ==
* လယ်တွင်းကိုးခရိုင်ဒေသ (ကျောက်ဆည် [[ပြင်ဦးလွင်မြို့|ပြင်ဦးလွင်]]တို့ပါဝင်သည်။) တွင် လူ ၉ ယောက် သို့မဟုတ် ၁၃ ယောက် ခရီးမသွားကောင်းဟု ယုံကြည်ကြခြင်း။
* ခရီးသွားရာတွင် ရောက်မည့်အချိန်ကို မခန့်မှန်းကောင်း ဟု ယုံကြည်ကြခြင်း။
* ညဘက်တွင် အိမ်ထဲ၌ ခြေသည်းလက်သည်း မညှပ်ကောင်းဟု ယုံကြည်ကြခြင်း။
 
 
[[ca:Superstició]]
Line ၂၅ ⟶ ၂၄:
[[de:Aberglaube]]
[[en:Superstition]]
[[eo:Superstiĉo]]
[[es:Superstición]]
[[et:Ebausk]]
[[esfi:SupersticiónTaikausko]]
[[eo:Superstiĉo]]
[[fr:Superstition]]
[[he:אמונה טפלה]]
[[it:Superstizione]]
[[ja:迷信]]
[[ko:미신]]
[[it:Superstizione]]
[[he:אמונה טפלה]]
[[la:Superstitio]]
[[lb:Awerglawen]]
[[lv:Māņticība]]
[[lb:Awerglawen]]
[[nl:Bijgeloof]]
[[jann:迷信Overtru]]
[[no:Folketro]]
[[nn:Overtru]]
[[pl:Przesąd]]
[[pt:Superstição]]
စာကြောင်း ၄၄ -
[[sq:Bestytnia]]
[[sr:Сујеверје]]
[[fi:Taikausko]]
[[sv:Skrock]]
[[th:ความเชื่อโชคลาง]]