အလံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
'''အလံ''' ဆိုသည်မှာ [[နိုင်ငံ]] တစ်နိုင်ငံ (သို့မဟုတ်) ပြည်နယ်တစ် ပြည်နယ် (သို့မဟုတ်) ဒေသ တစ်ခု (သို့) လူမျိုးစု တစ်စု၏ ကိုယ်ပိုင်အမှတ်အသားနှင့် စိတ်ဓါတ်တို့ကို ပြဆိုသည့် အထိမ်းအမှတ်တစ်ခုဖြစ်သည်။ တစ်နည်းဆိုရလျှင် မိမိတို့၏ လူမျိုး (သို့မဟုတ်) နယ်မြေအား ပိုင်ဆိုင်ခွင့်ရှိကြောင်း ပြသသည့် အမှတ်အသားဖြစ်သည် ဟုလည်းဆိုနိုင်ပါသည်။ အလံကို ရှေးယခင်က လူမျိုးစုများ အချင်းချင်းတိုက်ခိုက်ကြကတည်းကပင် စတင်သုံးစွဲသဖြင့် ရှေးအကျဆုံးနိုင်ငံရေး၊ အမျိုးသားရေး အသုံးအဆောင်အဖြစ် သတ်မှတ်နိုင်သည်။
 
နိုင်ငံတစ်နိုင်ငံ၏ အလံတော်သည် ထိုနိုင်ငံကို ကိုယ်စားပြုသော သဘောရှိသည်။ နိုင်ငံ၏ အချုပ်အခြာ သဘောကိုလည်း ဆောင်သည်။ လွတ်လပ်သော လက္ခဏာကိုလည်း ပြသည်။ နိုင်ငံမှာ လွတ်လပ်ရေး ပျောက်ကွယ်သွားပါလျှင် အချုပ်အခြာ အာဏာလည်း ပျက်သုဉ်းသွားမည်။ နိုင်ငံတော်ကို ကိုယ်စားပြုသော အလံတော်လည်း ပျောက်ကွယ် ပျက်သုဉ်းသွား၏။
 
ထို့ပြင် အလံသည် သမိုင်းကိုလည်း ဖွင့်လှစ်ရှင်းလင်းသည်။ ခရူးဆိတ် စစ်ပွဲများ တိုက်ခိုက်ကြစဉ်က ခရစ်ယာန်နိုင်ငံများဘက်မှ လက်ဝါးကပ်တိုင်ပုံပါသော အလံများကို သုံးစွဲကြရာမှ ယနေ့ အနောက်နှင့် မြောက်ဖက် ဥရောပနိုင်ငံ အတော်များများ၏ အလံများမှာ လက်ဝါးကပ်တိုင်ပုံပါဝင်နေခဲ့သည်။
စာကြောင်း ၇ -
အရောင်အဆင်းနှင့် ပတ်သတ်၍လည်း နိုင်ငံနှင့် လူမျိုး၏ စရိုက်နှင့် အုပ်ချုပ်သူအစိုးရ၏ မူဝါဒတို့ကို ဖော်ညွှန်းသည်။ ဥပမာ- ကွန်မြူနစ်နိုင်ငံများသည် များသောအားဖြင့် အနီရောင်ရင့်ရင့်ကို အောက်ခံအဖြစ်ထားရှိလေ့ရှိကြသည်။
 
== ကုန်းဘောင်ခေတ် အလံများ ==
ကုန်းဘောင်ခေတ်တွင် မြန်မာမင်းတို့ အသုံးပြုခဲ့သော အလံများအနက် ယေဘုယအားဖြင့် အရေးကြီးဆုံး အလံမှာ ၃-မျိုးရှိသည်။
# နိုင်ငံတော် ကိုယ်စားပြုသော ဒေါင်းအလံတော်
# သရဲကြီးအလံတော်
# ဝင်းအလံတော်များ ဖြစ်ကြသည်။
 
=== (၁)နိုင်ငံတော် ကိုယ်စားပြုသော ဒေါင်းအလံတော် ===
တစ်နိုင်ငံလုံးကို ကိုယ်စားပြုသော ဒေါင်းအလံတော်ကို ရန်ကုန်မြို့ ဘုရင့်တံတားအနီးတွင် စိုက်ထူထားသည်။ ထိုအလံတော်အနီးမှာ အလံတော်တင်အစို့(အဖွဲ့) နှင့် လက်နက်ကိုင် အစို့တစ်စို့ ရှိသည်။ ထိုဒေါင်းအလံတော်ကို ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်သည်အထိ ရှိသည်။ ထိုစစ်ပွဲ ပြီးသည့်နောက် မြန်မာတို့ အရေးနိမ့်သဖြင့် မြန်မာ့ဒေါင်းအလံနေရာတွင် အင်္ဂလိပ် ယူနီယံအလံကို လွှင့်ထူထားသည်။
 
စာကြောင်း ၂၀ -
သက္ကရာဇ် ၁၁၈၀-ခု၊ နတ်တော်လဆန်း(၁၀)ရက်နေ့တွင် ဟံသာဝတီ၊ ရန်ကုန် ဘုရင့်တံတားအနီးတွင် စိုက်ထူထားသည့် အင်္ဂလိပ်အလံကို ချပြီး ပိတ်ဖြူအလျား ကိုးတောင်၊ အနံခြောက်တောင်၊ အလယ်အနီသွတ် ဥဒေါင်းရုပ်ပန်းခက်ကိုက် အထွတ်ရွှေထည်၊ မြန်မာ့အလံတော်ကို အလံတော်တင်ပွဲ အခမ်းအနား ကျင်းပ၍ နတ် ယမကာ၊ အတီးအမှုတ် စုံလင်စွာနှင့် အက အခုန်အစုံ ပြုလုပ် ပြီးလျှင် အမြောက် သုံးချက်ဖောက်ကာ အဝေးရောက်စာရေး ဇေယျကျော်ထင် နော်ရထာနှင့် ရတနာပုံတိုက်စိုး ဇေယျနော်ရထာ တို့ကြီးကြပ်၍ တင်ထားမြဲ တင်ထားနိုင်သည်။ ထို့နောက်မှ အင်္ဂလိပ်ဗိုလ်ချုပ် အင်္ဂလိပ်အရေးပိုင်တို့သည် စကားပြောစရာများကို ပြောဆို ပြေလည်သည့်အခါမှ နောက်ပါ ဗိုလ်မှူး၊ တပ်မှူး၊ စစ်သားတို့ကို ရုပ်သိမ်း၍ ဟံသာဝတီ ရန်ကုန်မှ ထွက်ခွာသွားကြသည်။
 
ဤစာတမ်းကို ထောက်ရှု၍ မြန်မာတစ်နိုင်ငံလုံး ကိုယ်စားပြုသော အလံတော်၏ အတိုင်းအတာ ဥဒေါင်းရုပ်ပါသော အလံတော် အကြောင်းကို သိနိုင်ပေသည်။
=== (၂)သရဲကြီးအလံတော် ===
သရဲကြီးအလံမှာ စစ်ချီရာတွင်၄င်း၊ မင်းခမ်းမင်းနားတွင်၄င်း အသုံးပြုသည်။ ဒေါင်းအလံကဲ့သို့ တစ်နိုင်ငံလုံး အသုံးပြုသော အလံမဟုတ်ပါ။ ပုံသဏ္ဍာန် အရောင်အသွေးမှာ အမြီးသုံးခွ၊ တံခွန်နီ၊ အလယ်၌ နေမင်းထွက်ဟန်၊ ငွေရောင်အဝါလုံး သွတ်ထားသည်။ ထိုအဝါလုံး ပတ်လည်တွင် အရုပ် ၇-ရုပ်၊ အရောင် ၇-မျိုး ဝိုင်းပတ်ထားပါသည်။
 
ထို အရုပ် ၇-ရုပ်၊ အရောင် ၇-မျိုးမှာ-
# ဟနုမာန်မျောက်ရုပ် သံလျှက်ထမ်းဟန် (ရွှေရောင်)
# ဂဠုန်သုတ်နေဟန် (အဖြူရောင်)
# ဘီလူး သံလျှက်ထမ်းဟန် (အဝါရောင်)
# ဥဒေါင်းကနေဟန် (အနက်ရောင်)
# ခြင်္သေ့ဟောက်နေဟန် (အစိမ်းရောင်)
# ဆင်ထိုးနေဟန် (အနီရောင်)
# နဂါးခွေ၍မာန်သွင်းနေဟန် (အဖျော့ရောင်) တို့ဖြစ်သည်။
 
ထို့ကြောင့် ဤအကြောင်းနှင့် ပတ်သက်၍ သုတသောမပျို့တွင်
စာကြောင်း ၃၈ -
`ဥကင်မြင့်ဖျား၊ ရှေ့တော်ပါးဝယ်၊ သားသာရွက်ချွန်၊ ရွှေတံခွန်ကား၊ အလွန်တင့်ထွေ၊ တက်ရောက်နေသို့၊ အရွှေမက္ကဋ၊ သုပဏ္ဏမူ၊ ဖြူဆွရောင်သာ၊ ယက္ခဝါလျှက်၊ မောရာမည်းစွ၊ ရောင်ခြည်ပ၍၊ သီဟစိမ်းရောင်၊ ဆင်ပြောင်နီထွေး၊ အသွေးဖျော့ဖျော့၊ နဂါးမော့လည်း၊ ကြော့ကြော့ရှင်းရှင်း၊ ရွှေရောင်ဝင်းလျှက်၊ နေမင်းထွက်ဟန်၊ ရွှေတံခွန်လည်း၊ အလွန်တင့်တယ် ဘိ၏တည်း။´
 
ဟု ဆိုထား၏။
 
=== (၃)ဝင်းအလံတော် ===
ဝင်းအလံတော်မှာ နန်းတော်ဝင်းကို အစွဲပြု၍ ဝင်းအလံဟု ခေါ်သည်။ ပုံသဏာန်မှာ ကြက်လျှာ ပုံသဏာန်ရှိသည်။ အရောင်မှာ အရှေ့ဝင်းတွင် အဖြူရောင်၊ တောင်ဝင်းတွင် အစိမ်းရောင်၊ အနောက်ဝင်းတွင် အပြာရောင်၊ မြောက်ဝင်းတွင် အဝါရောင် ဖြစ်သည်။ အလံတော်များကို ဝင်းမှူးလေးဦးက ကြီးကြပ်ရသည်။
 
၁၈၈၅-ခု၊ အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲ ပြီးဆုံး၍ တစ်နိုင်ငံလုံး အင်္ဂလိပ်လက်အောက် ကျွန်သပေါက်အဖြစ်သို့ ရောက်သဖြင့် နိုင်ငံတော်ကို ကိုယ်စားပြုသော ဒေါင်းအလံသည် ကွယ်ပျောက်သွားလေတော့သည်။ <ref>ဦးတင်မြင့်(ပထမကျော်) ရေး- ရှေးအခါက မြန်မာနိုင်ငံသုံး အလံများ</ref>--[[User:Mayor mt|Mayor mt]] 11:15, 12 ဧပြီ 2009 (UTC)
 
== ဆက်စပ်လေ့လာရန် ==
* [[List of Myanmar flags|မြန်မာ အလံများ]]
* [[အာရှအလံများ]]
 
== ကိုးကား ==
<references/>
 
 
[[Category:သမိုင်း]]
[[Category: ယဉ်ကျေးမှု]]
[[Category:အုပ်ချုပ်ရေး]]
[[Category:နိုင်ငံရေး]]
"https://my.wikipedia.org/wiki/အလံ" မှ ရယူရန်