ဂျိုးဇတ် စတာလင်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၄၆ -
 
== စီးပွားရေးတည်ဆောက်မှု ==
စတာလင်သည် ရုရှားနိုင်ငံ ခေါင်းဆောင်ကြီးအဖြစ် အာဏာရ လာသောအခါ မိမိတိုင်းပြည်ကို စိုက်ပျိုးရေး နိုင်ငံမှ စက်မှု လက်မှု နိုင်ငံအဖြစ်သို့ ပြုပြင်ပြောင်းလဲရန် ငါးနှစ်စီမံကိန်း တစ်ရပ်ကို ရေးဆွဲလေသည်။ စတာလင်က လီနင်၏ စီးပွားရေးမူဝါဒ (အန်အီးပီး) ကိုဆန့်ကျင်လျက် ပိုမိုမြန်ဆန်သော စက်မှုထွန်ကားခြင်းနှင့်စက်မှုထွန်းကားခြင်းနှင့် စီးပွားရေးအား ဗဟိုထိန်းချုပ်ခြင်းတို့ကိုတွန်းအားပေးသည်။ ယင်းစီမံကိန်းကို အကောင် အထည်ဖော်ရာ၌ နှောင့်နှေး ကြန့်ကြာစေသော ကွန်မြူနစ် စည်းမျဉ်းအချို့ကို ပြုပြင်သည်။ ရုရှနိုင်ငံ၌ ရေအားသုံး လျှပ် စစ်ဓာတ်လျှပ်စစ်ဓာတ် အားပေး စခန်းများ၊ စက်ရုံကြီးများ အများအပြား ပေါ်ပေါက်လာခဲ့သည်မှာ စတာလင်၏ ငါးနှစ်စီမံကိန်း ဆောင် ရွက်ချက်များပင်ဆောင်ရွက်ချက်များပင် ဖြစ်၏။
 
စီးပွားရေးပုံဖော်ပုံမှာ စိုက်ပျိုးရေးကို အမိန့်ပေးသည့် အသီးအနှံကိုသာ စုပေါင်းစိုက်ပျိုးစေသည့် စီမံကိန်းစနစ်ဖြစ်သည်။ တောင်သူလယ်သမားများ အတွက်အလွန်မှ အဆင်မပြေဖြစ်ရကား အငတ်ဘေးကြောင့်သော်လည်းကောင်း၊ အမိန့်မနာခံခြင်းကြောင့် နယ်နှင်ဒဏ်၊သေဒဏ်ပေးခြင်းနယ်နှင်ဒဏ်၊ သေဒဏ်ပေးခြင်း တို့ကြောင့် လည်းကောင်း လူ့အသက် သန်းနှင့်ချီဆုံးရှုံးပြီးမှ ထိုစီမံကိန်းစနစ် အောင်မြင်သည်ဟု ဆိုသည်။
 
စက်မှုကဏ္ဌတွင်လည်း အထက်ပါအတိုင်း စီမံကိန်းများချမှတ်ကာ နှစ်တိုငါးနှစ်စီမံကိန်းများဖြင့် တွန်းအားပေးသည်။ ရေတိုအတွင်း အလျင်အမြန်ဖြစ်ထွန်းသော်လည်း ညံ့ကွက်၊ဟာကွက်များမနည်းသည်မှာ ထင်ရှားလှသည်။ ဒုတိယကမ္ဘာစစ်ကြောင့် အမြောက်အမြားဆုံးရှုံးသော်လည်း ထိုစီမံကိန်းမူဝါဒကြောင့် စစ်ပြီးကာလတွင် အချိန်တိုအတွင်း ကမ္ဘာ့ဒုတိယအကြီးဆုံး စက်မှုနိုင်ငံအဖြစ်ရောက်လာသည်။ သို့သော်သူမရှိသည်နောက်ပိုင်း စစ်အေးကာလတစ်လျှောက်လုံးတွင် စီမံကိန်းစနစ်၏ အားနည်းချက်များကြောင့် ဆိုဗီယက်ပြည်ထောင်စု၏ စီးပွားရေးမှာ အလွန်ကျပ်တည်းလာခဲ့ရသည်။