ဂျိုးဇတ် စတာလင်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၅၅ -
 
== ဒုတိယကမ္ဘာစစ်၊စစ်အေး နှင့် စတာလင် ==
ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားစ ၁၉၃၉ ခုနှစ်၊ စက်တင် ဘာလတွင် စတာလင်သည် ဂျာမနီအာဏာရှင်ဟစ်တလာနှင့် မကျူးကျော်ရေး စာချုပ် ချုပ်ဆိုလေသည်။ နှစ်ပတ်အကြာတွင် ဟစ်တလာက ပိုလန်အနောက်ပိုင်းကို ဝင်ရောက်တိုက်ခိုက်သလို မရှေးမနှောင်းတွင် စတာလင်၏ ဆိုဗီယက်တပ်များက [[ပိုလန်]]အရှေ့ခြမ်းကို သိမ်းယူသည်။ ထိုနောက်ပိုင်းတွင် လတ်ဗီးယား၊ လစ်သူယေးနီးယား နှင့် အက်စတိုးနီးယား တို့ကို ဆက်တိုက်သိမ်းယူပြီး ထိုနိုင်ငံငယ်လေးများကလည်း လက်နက်ချကြသဖြင့် ဆိုဗီယက်ပြည်ထောင်စုဝင် ပြည်နယ်များ ဖြစ်ရသည်။ ရိုမေးနီးယားကို ခြိမ်းခြောက်အညံ့ခံစေပြီး ဖင်လန်မှာ အညံ့မခံသဖြင့် တိုက်ယူသည်။ ထိုသို့တိုက်ရသည့် အအကြောင်းပြချက်မှာအကြောင်းပြချက်မှာ နာဇီဂျာမနီရန်မှ ကာကွယ်ရန်ဟု ဆိုသော်လည်း စစ်ပြီးသော် ထိုနိုင်ငံများကို ပြန်လည် လက်မလွတ်တော့ပဲ ဆက်လက်အုပ်ချုပ်သည်။
 
ဂျာမန်တို့၏ ပရိယာယ်ကို ကောင်းစွာ ရိပ်စားမိသော စတာလင်သည် ရုရှ နိုင်ငံ ကာကွယ်ရေးအတွက် အစွမ်းကုန် ကြိုတင်ပြင်ဆင်မှုများ ပြုလေသည်။ ၁၉၄၁ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် ဂျာမန်တပ် များဂျာမန်တပ်များ ရုရှနိုင်ငံကို ရုတ်တရက် ဝင်တိုက်သောအခါ စတာလင် သည် ရုရှနိုင်ငံ၏ စစ်သေနာပတိချုပ်အဖြစ်ဖြင့် ဂျာမန်တို့အား ဝံ့ဝံ့စားစား ခုခံခဲ့လေသည်။ ထိုကဲ့သို့ ဂျာမန်တို့၏ ထိုးစစ်ကို အလူးအလဲ ခုခံနေရခိုက် စတာလင်သည် ရုရှနိုင်ငံ၏ဝန်ကြီးချုပ် အဖြစ်ဖြင့်၎င်း၊အဖြစ်ဖြင့်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီး အဖြစ်ဖြင့်၎င်း၊အဖြစ်ဖြင့်လည်းကောင်း၊ ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် အဖြစ်ဖြင့်၎င်း၊အဖြစ်ဖြင့်လည်းကောင်း၊ ကြီးလေးသော တာဝန်ဝတ္တရားများကို ပူးတွဲထမ်းဆောင်၍၊ ရုရှ နိုင်ငံအား ဂျာမန်တို့လက်မှ ကယ်တင်ခဲ့သည်သာမက၊ ဂျာမနီ အရှေ့ပိုင်းကိုပင်လျှင် သိမ်းပိုက်နိုင်ခဲ့လေသည်။ ထိုကြောင့် ၁၉၄၃ ခုနှစ်တွင် မာရှယ်စစ်သူကြီး အဆင့်အတန်းကို ရရှိခဲ့ လေသည်။
 
စစ်အပြီးအရှေ့ဥရောပစစ်အပြီး အရှေ့ဥရောပ နိုင်ငံများတွင် ရုရှားတပ်များ ချထားခဲ့သည့် အခြေခံဖြင့် ကွန်မြူနစ်အစိုးရများကို တည်ထောင်ပေးသည်။ သို့ဖြင့် [[စစ်အေးတိုက်ပွဲ]]ပေါ်ပေါက်လာရပြီး အမေရိကန်ဦးဆောင်သည့် အနောက်ခြမ်းနှင့် ဆိုဗီယက်ဦးဆောင်သည့် အရှေ့ခြမ်းတို့ နှစ်ပေါင်း ၄၀ကျော်မျှ အားပြိုင်ကြတော့သည်။ ထိုစစ်အေးကာလအတွင်း တစ်ဖက်နှင့်တစ်ဖက် အဏုမြူလက်နက်များဖြင့် အပြန်အလှန် ခြိမ်းခြောက်ကြပြီး လူသားမျိုးနွယ်တစ်ခုလုံး အတွက် စိုးရွံဖွယ်ရာများကို ဖြစ်ပေါ်စေခဲ့သည်။
[[File:Stalin Roosevelt Churchill at Tehran cph.3c35324.jpg|right | thumb | စတာလင်၊ ရုစဗဲ့ နှင့် ချာချီ]]
 
ဆိုဗီယက်တပ်များမရှိသည့် ယူဂိုစလားဗီးယားပြည်ထောင်စုတွင် ကွန်မြူနစ်အစိုးရပေါ်ပေါက်သော်လည်း စတာလင်၏ဩဇာစတာလင်၏ မခံသည့်အတွက်ဩဇာမခံသည့်အတွက် အခြားဥရောပကွန်မြူနစ်နိုင်ငံများတွင် ထိုနည်းတူဖြစ်မည်ကို ကာကွယ်သည့်အနေဖြင့် ဖြုတ်၊ထုတ်၊သတ် လမ်းစဉ်ကိုကျင့်သုံးပြန်သည်။ သို့ဖြင့် စစ်အေးကာလများအတွင်း ဆိုဗီယက်ထောက်လှမ်းရေးအဖွဲ့ [[ကေဂျီဘီ]] မှာလည်း နာမည်ကျော်လာသည်။
 
ဒုတိယ ကမ္ဘာစစ်ကြီး ပြီးသွားသောအခါ စတာလင်သည် ရုရှနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် စတုတ္ထအကြိမ်မြောက် ငါးနှစ်စီမံကိန်းများကို ဆက်လက်လုပ်ကိုင်သွားခဲ့သည်။