အိုင်တီခေတ်နည်းပညာနှင့်အလုပ်အကိုင်အခွင့်အရေး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
 
ဖွံ့ဖြိုးမှုနောက်ကျနေသောနိုင်ငံများတွင် အိုင်တီနှင့်ပတ်သက်၍ ဘာလုပ် ဘာကိုင် ရမှန်း မသိဖြစ်နေချိန်တွင် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများ၏ အိုင်တီဈေးကွက်က ပျက်လုလုဖြစ်နေသည်။ သို့ဖြစ်ရာ ကျွမ်းကျင်သူ ပညာရှင်များက အိုင်တီခေတ်တွင် ပညာရှင်တွေ ပျောက်သွားမည်လောဟု စိုးရိမ်သောကတွေပွားနေကြသည်။ အမှန်မှာ နည်းပညာရှင်တွေ အိုင်တီခေတ်တွင် အမြဲလိုအပ်နေ မည်သာဖြစ်သည်။
 
Line ၈ ⟶ ၇:
1. Information System Manager
 
ကုမ္ပဏီတစ်ခုတွင် အလုပ်အကိုင်နှင့် လုပ်ငန်းပုံစံများကို တသမတ်တည်းထား၍ မဖြစ်နိုင်တော့ပေ။ အလုပ်ရှင်နှင့် အလုပ်သမားဆက်ဆံရမှုများနည်းလာပြီး အလုပ်သမားအချင်းချင်း ပြန်လည်အုပ်ချုပ်ဆက်ဆံရမှုများသာ ခေတ်စားလာသည်။ IS မန်နေဂျာဆိုသည်မှာ ကုမ္ပဏီ၏ အဓိကကျသည့် နည်းပညာဗျူဟာများကို ချမှတ်ပေးရသူတွေဖြစ်လာသည်။ ကိုယ့်လုပ်ငန်းကို ကျွမ်းကျင်စွာ နားလည်သဘော ပေါက်ထားရသည်။ လုပ်ငန်းသဘောကိုနောကျေအောင် သိသူတွေဖြစ်ဖို့လိုသည်။ ထို့ပြင် ကုမ္ပဏီတွင်အသုံးပြုနေသည့် Server ? bandwidth ကွန်ပျူတာတွေအကြောင်း ကိုလည်း သိထားရသည်။ သတင်းအချက်အလက်နှင့်နည်းပညာကို ကိုယ့်လုပ်ငန်း ခွင်အတွက် မည်သို့အကျိုးရှိအောင် အသုံးချရမည်ကို တတ်ကျွမ်းလေ့လာထားဖူး သည့် အတွေ့အကြုံပညာတို့နှင့် ပေါင်းစပ်ပြီး ဆုံးဖြတ်ဖြေရှင်းပေးနိုင်သူ ဖြစ်ရန် လည်းလိုသည်။
 
သူတို့နိုင်ငံတွင် IS မန်နေဂျာလိုနေရာမျိုးအတွက် နည်းပညာနှင့်ပတ်သက်ပြီး သာမန်ထက်တတ်ကျွမ်းသည့် ဘွဲ့ဒီဂရီပိုင်ဆိုင်ထားသူများကိုသာ ရွေးချယ်ခန့် အပ်လေ့ရှိသည်။ ကိုယ်တိုင်က လက်ရှိအတွေ့အကြုံလည်းရှိမည်၊ အလုပ်ရှင် လိုချင်သည့် ဘွဲ့လည်းပိုင်ဆိုင်ထားမည်ဆိုလျှင် အခွင့်အလမ်းကောင်းသည့် ထိုရာထူး မျိုးကို ပိုင်ဆိုင်ပါလိမ့်မည်။ တာဝန်ကြီးပြီး ခန့်အပ်ရန်ခက်ခဲသည့်ထိုရာထူးမျိုးကို ရယူနိုင်သည့် ပညာစွမ်းမျိုးကိုယ့်တွင်ရှိမည်ဆိုလျှင် ခံစားရ ဖွယ်ရှိသည့် ငွေကြေး ပမာဏမှာ တစ်နှစ် ဒေါ်လာ ၉၂၀၀၀ မှသည် တစ်သိန်းအထိဖြစ်ပေလိမ့်မည်။
Line ၂၀ ⟶ ၁၉:
3. Operating System Developer
 
OS Developer များကို အမေရိကန်နိုင်ငံအတွင်းရှိ ကုမ္ပဏီကြီးများတွင်သာ ခန့်အပ်လေ့ရှိကြသဖြင့် ရှားရှားပါးပါးရာထူးမျိုးဖြစ်သည်ဟုဆိုနိုင်သည်။ Operating System ဆိုသည်မှာ ကွန်ပျူတာများ၏အသက်လိုဖြစ်နေသဖြင့် OS ကို ကျွမ်းကျင်ပိုင်နိုင်စွာသိထားသူများဖြစ်ရန်လိုသည်။ မိုဘိုင်းလ်ဖုန်း၊ ကား၊ ရေခဲ သေတ္တာနှင့် အခြားအိုင်တီဆိုင်ရာ ပစ္စည်းထုတ်လုပ်သည့် စက်ရုံအလုပ်ရုံကြီးများ တွင်လည်း ယခုအခါ OS Developer များကိုခန့်အပ်လာကြပြီဖြစ်သည်။ နည်းပညာနှင့်ပတ်သက်သည့် ဘွဲ့တစ်ခုခုရထားရန်လိုပါသည်။ ထို့ပြင် ဆော့ဖ်ဝဲ ပလက်ဖောင်းများစွာကို ကျွမ်းကျင်စွာ လေ့လာထားသူများ ဖြစ်ရန်လည်း လိုသည်။
 
အွန်လိုင်းပေါ်တွင် OS နှင့်ပတ်သက်ပြီး ကျွမ်းကျင်သူများဖြစ်စေရန် လေ့ကျင့် သင်ကြားပေးနေသည့် ပရိုဂရမ်များ ရှိနေပြီဖြစ်သည်။ အလွယ်တကူ လေ့လာနိုင် သည့်အပြင် စာမေးပွဲများဖြေဆိုပြီး ကျွမ်းကျင်လက်မှတ်များလည်းရယူ နိုင်ပါသည်။ OS Developer များသည် တစ်နှစ် ဒေါ်လာ ၈၀၀၀၀ ကျော်ရတတ်သည်။ မိမိတတ်ကျွမ်းမှုကို အစွမ်းပြဖြေရှင်းနိုင်မှုများအပေါ်မူတည်ပြီး လစာ သတ်မှတ် ခံရဖွယ်ရှိသည်။ စက်ရုံအလုပ်ရုံများတွင်လုပ်ရသည်မှာ တစ်ခါတစ်ရံ စက်ကိရိယာ များကို ကိုင်တွယ်ရသည်က ကွန်ပျူတာထက်ခက် နေတတ်သည်ကို သတိပြုရ ပေလိမ့်မည်။
 
5. Application Developer
 
ကွန်ပျူတာဘွဲ့ရများထဲတွင် စိတ်ဝင်စားဖွယ်အကောင်းဆုံးဘာသာရပ်တွင် application များကိုတည်ဆောက် တတ်ခြင်းလည်းပါဝင်နေသည်။ AD များသည် ကုမ္ပဏီကြီးများတွင် အလုပ်ရတတ်သည်။ သူတို့အလုပ်များမှာ ဆော့ဖ်ဝဲ Tool အတော်များများကို အသုံးချတတ်ရန်ဖြစ်သည်။ သို့ဖြင့် Office အုပ်စုဝင် ပရိုဂရမ်များအပြင် အခြားလုပ်ငန်းနှင့်ပတ်သက်သည့် application များကိုလည်း သိကျွမ်းထားရန်လိုသည်။ AD များအနေဖြင့် နည်းပညာဆိုရာဘွဲ့တစ်ခုခုကို ရရှိထားရမည့်အပြင် ကုမ္ပဏီမှလိုအပ်သည့် application များကိုလည်း ကျွမ်းကျင်စွာ ကိုင်တွယ်သုံးပြတတ်ရမည်ဖြစ်သည်။ ဥပမာ ဆေးသုတေသနလုပ်ငန်း အတွက်ဆိုလျှင် ဆေးသုတေသနဆိုင်ရာ tool များကို သုံးစွဲပြနိုင်သူဖြစ်ရန်လိုသည်။
Line ၃၈ ⟶ ၃၇:
7. Computer System Designer
 
CSD များသည် တစ်နှစ် ဒေါ်လာ ၆၅၀၀၀ နီးပါး ရတတ်သည်။ CSD များ၏တာဝန်မှာ ကွန်ပျူတာ system တစ်ခုခု၏ အကျိုးသက်ရာက်မှု အပေါ်တွင် သာ လေ့လာအကဲဖြတ်ရတတ်ခြင်း၊ အခြားကြီးများသည့် ဆော့ဖ်ဝဲပရောဂျက်များကို ကိုင်တွယ်ဖြေရှင်းရတတ်သည်။ နည်းပညာနှင့်ပတ်သက်သည့် ဘွဲ့တစ်ခုခုရှိထားရန် လိုပါသည်။ ကုမ္ပဏီများတွင် CSD ကိုဘွဲ့တစ်ခုတည်းသာမက ပေါင်းသင်းဆက်ဆံ ရေးကိုပါ စစ်ဆေးပြီးမှ ခန့်တပ်ကြသည်။
 
ဤရာထူးအတွက် အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်တတ်မှုအတွေ့အကြုံနှင့်၊ ဆော့ဖ်ဝဲ များကို အဖွဲ့လိုက်လုပ်ဆောင်ခဲ့သူများကို ဦးစားပေးခန့်လေ့ရှိသည်။ CSD များသည် ကိုယ်ပိုင်တီထွင်နိုင်စွမ်းနှင့် ဖန်တီးဉာဏ်စွမ်းများရှိ ရန်လိုသည်။ ပြဿနာတစ်ခုခု ပေါ်လာလျှင် ဦးဆောင်ဖြေရှင်းနိုင်သည့်စွမ်းရည်မျိုးလည်းရှိရပေလိမ့်မည်။ အွန်လိုင်း တွင် CSD များအတွက် အမြဲ update ဖြစ်နေစေမည့် ပရိုဂရမ်များကို မပြတ်လေ့လာပြီး မွမ်းမံနေသင့်သည်။
Line ၅၆ ⟶ ၅၅:
9. Computer Support Specialist
မိုက်ခရိုဆော့ဖ်သည်တစ်ချိန်က “စားပွဲတိုင်းပေါ်မှာ ကွန်ပျူတာရှိရမည်” ဟု ပြောခဲ့ဖူးသည်။ ယခုမိုက်ခရိုဆော့ဖ်၏စိတ်ကူးယဉ်အိပ်မက်များသည် လက်တွေ့ ဖြစ်လာသည်။ ကွန်ပျူတာအိမ်တိုင်းလိုလိုတွင် ရှိလာသည်သာမက ကွန်ပျူတာ ပျက်သည့်အတွက်ပြင်ဆင်နိုင်မည့် နည်းပညာပိုင်းအကြံပေးသူတွေလည်း လိုအပ် လာသည်။ ကွန်ပျူတာပြင်နိုင်၊ မေးလာသမျှကိုအကြံပေးနိုင်ရန်အတွက် စာတွေ့ ချည်းသက်သက်မဖြစ်နိုင်ပေ။ စိတ်ပါဝင်စားမှု၊ လေ့လာလိုက်စားမှု၊ လက်တွေ့ များများလုပ်ဆောင်နိုင်မှုများမှ ပညာရှင်ဆိုသည့် ဘွဲ့ထူးကိုရလာနိုင်ပေလိမ့်မည်။ CSS ရာထူးသည် အမြဲစိန် ခေါ်ခြင်းခံနေရသည့် ကျွမ်းကျင်မှုဆိုင်ရာ ရာထူး တစ်ခုဖြစ်သည်။
 
တစ်ချိန်က အမေရိကန်နိုင်ငံတွင် ကွန်ပျူတာကျွမ်းကျင်သူတွေ နိုင်ငံရပ်ခြား ထွက်ကာ အလုပ်ရှာကြလိမ့်မည်၊ နောက်ပိုင်းတွင် ကွန်ပျူတာပြင်သည့်သူပင် ရှားသွားလိမ့်မည် ဟုထင်ခဲ့ကြဖူးသည်။ ယခုအချိန်အထိ ကွန်ပျူတာအတိုင်ပင်ခံ specialist များ လိုအပ်နေဆဲဖြစ်သည်။ သို့ဖြင့် ဖုန်းဖြင့် ကွန်ပျူတာပြဿနာ အဖြေရှာကြသည့်လုပ်ငန်းသည် ထွန်းကားလာရသည်။ ဆေးပညာကျွမ်းကျင်သည့် specialist တစ်ယောက်ကဲ့သို့ပင် ကွန်ပျူတာ specialist များမှာလည်း တစ်ရေးနိုးဖြေရှင်းပေးရမည့် လျှပ်တစ်ပြက်ပြဿနာများစွာရှိနိုင်သဖြင့် ကျွမ်းကျင်မှု ကအရေးကြီးသည်။ နည်းပညာဆိုင်ရာဘွဲ့တစ်ခုခုအပြင် ကွန်ပျူတာဆိုင်ရာ specialist အဖြစ်စံထားသည့် လက်မှတ်တစ်ခုခုလည်းလိုပါသည်။ အရည် အချင်းပြည့်ပညာရှင်တစ်ယောက်သည် တစ်နှစ် ဒေါ်လာ ၄၀၀၀၀ ခန့်ရနိုင်သည်။
Line ၆၈ ⟶ ၆၇:
၂၁ ရာစုကို အိုင်တီခေတ်ဟုဆိုကြသည်။ အိုင်တီခေတ်တွင် အိုင်တီနှင့် ဆက်စပ်နေသည့်လက်မှတ်များ အရေးပါလာရသည်။ ကုမ္ပဏီတွေကလည်း အိုင်တီ လက်မှတ်တစ်ခုခုကို ရရှိထားသူများကိုသာ မျက်စိကျလာသည်။ အိုင်တီလောက သိထားစရာ တတ်ထားစရာတွေက များပြားလှသည်။ လူတိုင်း နည်းပညာတိုင်းနှင့် System တိုင်းကိုမသိနိုင်ပေ။ အိုင်တီဆိုသည်မှာ လူနှင့် ဆက်စပ်ပြီး ဖြစ်ပေါ် လာရသည်။ လူသားနှင့်မကင်းကွာနိုင်သေးသမျှ လူသားတို့အခန်းကဏ္ဍသည် အိုင်တီတွင်ပါဝင်ပတ်သက်နေရဦးမည်သာဖြစ်သည်။
 
သမိုင်းတွင် အလုပ်အကိုင်အခွင့်အလမ်းဆိုသည်မှာ ပေါ်ပေါက်လာသည့် နည်းပညာ ကို အမှီပြုပြီး တိုးတက်ထွန်းကားလာရသည်သာဖြစ်သည်။ အလုပ်တိုင်းတွင် ကျွမ်းကျင်မှုသည်မဖြစ်မနေအရေးကြီးလာသည်။ နည်းပညာတိုးတက် လာသည်နှင့် အညီ နည်းပညာကိုကျွမ်းကျင်စွာ အသုံးချတတ်သူများလည်းလိုလာသည်။ အိုင်တီခေတ်တွင် ကွန်ပျူတာသည် လူ့ဘောင်ဘဝကို ပြဋ္ဌာန်းသည့် ပစ္စည်း တစ်ခုဖြစ်လာသည်။ အိမ်၊ ကျောင်း၊ ရုံးများအပြင် ကစားကွင်းများတွင်ပါ ကွန်ပျူတာတွေရောက်လာသည်။ ကွန်ပျူတာသည် နေ့စဉ်လူနေမှုဘဝတွင် မရှိမဖြစ် ပစ္စည်းတစ်ခုဖြစ်လာသည်။ အိုင်တီခေတ်ထုတ်လုပ်မှုမှန်သမျှတွင် ကွန်ပျူတာသည် မပါမဖြစ်ပစ္စည်းတစ်ခုဖြစ်လာသည်။ ထိုသို့လုပ်ငန်းခွင်နှင့် နေရာတိုင်းတွင် မရှိမဖြစ်ကွန်ပျူတာကို လူတို့ထိန်းသိမ်းချုပ်ကိုင် ခိုင်းစေနိုင်စွမ်းရှိရန်လိုလာသည်။ ဤသို့ဖြင့် ကွန်ပျူတာ ကျွမ်းကျင်၊ ကွန်ပျူတာနှင့်ပတ်သက်သည့်နယ်ပယ်များတွင် ကျွမ်းကျင်၊ ကွန်ပျူတာစနစ်တစ်ခုဖြစ်ပေါ်စေရန် ကျွမ်းကျင်၊ ဖြစ်ပေါ်လာသည့် စနစ်များကို ထိန်းချုပ်နိုင်ရန်ကျွမ်းကျင်တွေ များစွာလိုလာရသည်။ ထိုသို့ ကျွမ်းကျင် သူများကို ဘာနှင့်သတ်မှတ်ရမည်နည်း။ ကျွမ်းကျင်ကြောင်းအသိအမှတ်ပြု ထားသည့် လက်မှတ် (certification) များဖြင့်သာ သတ်မှတ်ရမည်ဖြစ်သည်။ အိုင်တီခေတ်တွင် အိုင်တီလက်မှတ်သည် “စံ” တစ်ခုဖြစ်လာသည်။ အိုင်တီခေတ် တွင် အိုင်တီလက်မှတ်တစ်ခုခုကို ကိုင်ဆောင်ထားသူသာလျှင် ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းခွင်တစ်ခုခုက ဆုံးဖြတ်သတ်မှတ်ရမည့် သူဖြစ်လာပေလိမ့်မည်။
 
ကွန်ပျူတာလက်မှတ်ဆိုသည်မှာ
Line ၁၅၀ ⟶ ၁၄၉:
အိုင်တီခေတ်တွင် အရေးပါသည့်အခန်းကဏ္ဍများထဲ၌ ချန်ထားခဲ့၍မရသည့် အတတ်ပညာနှင့် လက်မှတ်များထဲတွင် ပရိုဂရမ်ဘာသာရပ်ပါသည်။ အိုင်တီခေတ် တွင် ကွန်ပျူတာနှင့်ဆက်နွှယ်ပြီး လုပ်ငန်းများစွာရှိနိုင်ပါသည်။ သို့သော် ထိပ်တန်းမှ နေရာယူထားသည့် ပညာရပ်တွင် ပရိုဂရမ်ကရှိနေသည်။ ပရိုဂရမ်ဘာသာရပ်သည် ခက်ခဲနက်နဲလှသည်မှန်သော်လည်း စိတ်ဝင်စားစွာလေ့လာလျှင် ကျွမ်းကျင်စွာတတ် မြောက်နိုင်သည့် ဘာသာရပ်ဖြစ်သည်။ နိုင်ငံတကာတွင် ပရိုဂရမ်မာများသည် အိုင်တီ နှင့် ဆက်စပ်သည့်လုပ်ငန်းပေါင်းစုံတွင် ပါဝင်ပတ်သက်နေရပြီး ရာထူး ကောင်း ကောင်းနှင့် လစာကောင်းကောင်းကို ပိုင်ဆိုင်နေကြသူများလည်းဖြစ်သည်။
 
မြန်မာနိုင်ငံရှိ ပရိုဂရမ်မာတစ်ဦးနှင့်ပရိုဂရမ်ဘာသာရပ်ကို လေ့ကျင့်သင်ကြား ပေးနေသည့်ဆရာတစ်ဦးက ပရိုဂရမ်နှင့် ပတ်သက်ပြီး ဤအလုပ်သည် အိမ်ထဲက အိမ်ပြင်မထွက်ဘဲ ငွေရှာနိုင်သည့် လုပ်ငန်းဖြစ်ကြောင်း၊ ပရိုတစ်ခု ပေါက်သွားလျှင် ငွေသန်းနှင့်ချီပြီးရနိုင်ကြောင်း၊ လူတိုင်းဒုံးပျံတစ်စင်း တည်ထွင်ရန် မဖြစ်နိုင်သော် လည်း ကမ္ဘာ့အဆင့်မီ ဆော့ဖ်ဝဲတစ်ခုကို လူတိုင်းတီထွင်နိုင်ကြောင်း၊ အနာဂတ်တွင် ကုမ္ပဏီတိုင်း အဖွဲ့အစည်းတိုင်းတွင် ဆော့ဖ်ဝဲကို မဖြစ်မနေ သုံးကြရတော့မည် ဖြစ်သဖြင့် ဆော့ဖ်ဝဲကိုရေးသားနိုင်မည့် ပရိုဂရမ်တို့ကိုလေ့လာလိုက်စားထားခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ မရှားနိုင်ပါဟုဝေဖန်ထောက်ပြသွားသည်။
Database ဘာသာရပ်နှင့်ပတ်သက်ပြီး ရရှိနိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများမှာ -
 
Line ၁၆၆ ⟶ ၁၆၅:
 
Microsoft.Net
Sun Java တို့ဖြစ်သည်။
 
ပရိုဂရမ်ကိုတတ်ကျွမ်းထားသူများအနေဖြင့် ရရှိနိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများမှာ
Line ၂၀၀ ⟶ ၁၉၉:
အိုင်တီသမားတစ်ယောက်အနေဖြင့် နည်းပညာဆိုင်ရာ Skill နှင့်ပတ်သက်ပြီး အတွေ့အကြုံကို ဤသို့သတ်မှတ်နိုင်သည်။
 
Web Technologies နှင့်ပတ်သက်၍ Dream weraver, JavaScript, HTML များတွင် လုပ်ငန်းအတွေ့ အကြုံ ၄ နှစ်မှ ၇ နှစ်သတ်မှတ်သည်။
 
Language တွင် Java, C, C++, UML များကို လုပ်ငန်းအတွေ့အကြုံ ၅ နှစ်မှ ၈ နှစ်သတ်မှတ်သည်။