အောင်သင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၃၁ -
== ကိုယ်ရေးဖြစ်စဉ် ==
 
အသက်၅ နှစ်အရွယ်တွင် တောင်တွင်းကြီးမြို့ တောင်ပြင်ရပ်ရှိ ဆရာဦးသာဒွန်းဇံ၏ မူလတန်း ကျောင်းတွင် စတင်ပညာသင်ကြားခဲ့သည်။ လေးတန်း အောင်ပြီးနောက် တောင်တွင်းကြီးမြို့ မိုးထိ မြန်မာ အထက်တန်းကျောင်းတွင် အလယ်တန်းပညာများ ဆက်လက်သင်ကြားခဲ့သည်။ ဆဌမတန်းတွင် ကျောင်းသားသပိတ်နှင့်ကြုံခဲ့သည်။ ထိုနှစ်၌ပင် မိခင်ဖြစ်သူကွယ်လွန်သည်။သတ်တမတန်း ၌ ပညာသင်ကြားနေစဉ်ပညာဘက်၌ အာရုံလျော့နည်းလာသဖြင့် စာမေးပွဲကျရှုံးခဲ့သည်။ ထို့နောက်ကျောင်းထွက်နေစဉ် ဖခင်မှာနောက်အိမ်ထောင်ပြုသည်။ ၁၉၄၁ခုနှစ်တွင် ရှင်သာမဏေဝတ်ပြီးသာမဏေဘဝဖြင့် ပညာသင်နေစဉ် ဒုတိယကဘာစစ်ဖြစ်လာ၍ သာမဏေဘဝမှ ထွက်လိုက်ရသည်။ဒုတိယကမ်ဘာစစ်ကြီးအပြီး ၁၉၄၇ တွင် ပြည်သူ့ရဲဘော် တပ်ဖွဲ့သို့ ဝင်ရောက်လှုပ်ရှားခဲ့သည်။ ထိုမှ တစ်ဆင့် ဆိုရှယ်လစ်ပါတီသို့ ရောက်သွားပြီး သင်တန်းများတက်၍ ခရိုင်စည်းရုံးရေးမှူးအဆင့်ထိတိုင်အောင် တာဝန်ယူဆောင်ရွက်ခဲ့သည်။
 
ရောင်စုံသူပုန်များ ပေါ်ပေါက်လာချိန် ဖြစ်သော ၁၉၄၉ ခုနှစ်တွင် ရဲဘော်ဖြူများ၏ ဖမ်းဆီးခြင်းခံရပြီး မကွေးထောင်၊ တောင်တွင်းကြီးထောင်၊ ပြည်ထောင်၊ သရက်ထောင်များတွင် နေထိုင်ခဲ့ရ။ နိုဝင်ဘာလတွင် သရက်ထောင်ကို ဖောက်၍ ထွက်ပြေးလွတ်မြောက်ခဲ့။တောင်တွင်းကြီးမြို့သို့ ၁၉၅၂ ခုနှစ်တွင် ပြန်ရောက်လာကာ တက်ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ ပြီး ၁၉၅၃ ခုနှစ်တွင်အောင်မြင်ခဲ့သည်။ အောက်တိုဘာလတွင် မိုးထိ အထက်တန်းကျောင်း၌ အလယ်တန်းပြ ဆရာအဖြစ် ဝင်ရောက် အမှုထမ်းခဲ့သည်။
စာကြောင်း ၄၀ -
၁၉၇၀ အောက်တိုဘာလတွင် ဆက်တက်ခဲ့သည်။ ရှုမဝမဂ္ဂဇင်း ၌ မြန်မာဘာသာစကားနှင့် ကာရန်မဲ့ကဗျာ စာပဝေဖန်ရေးဆောင်းပါးကို ရေးခဲ့သည်။ ထိုအချိန်မှစ၍ စာပေသဘောတရား စာပဝေဖန်ရေးများကို ဆက်တိုက်ရေးခဲ့သည်။ ”ဝတ္ထုတိုများ လေ့လာချက်စာတမ်း” ပြုစုတင်ပြပြီး မဟာဝိဇ်ဇာတန်းကို ၁၉၇၄တွင် ဂုဏ်ထူးနှင့်အောင်မြင်ခဲ့သည်။ဧပြီလ ၁၉၇၈ တွင် နိုင်ငံရေးလှုပ်ရှားမှု၌ ပါဝင်ပတ်သက်သည်ဟု မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ယူဆ သောကြောင့် အလုပ်မှထုတ်ပယ်ခြင်းခံရသည်။ ထိုအချိန်မှစ၍ အလွတ်နည်းပြတန်းများတွင် မြန်မာစာပေသင်ကြားပေး ခြင်း၊ စာပေရေးသားခြင်းတို့နှင့်သာ အသက်မွေးဝမ်းကျောင်းပြုခဲ့သည်မှာ ယနေ့အထိဖြစ်သည်။ ၁၉၈၃ နိုဝင်ဘာလတွင် သဘငမဂ္ဂဇင်း အမှတ်၁ မှစ၍ ၂၅လတိုင်တိုင် ၊အကြိုက်ဆုံးဝတ္တို ကို လစဉ်ရေးသားခဲ့သည်။ ဤနောက်ပိုင်းတွင် မဂ္ဂဇင်း များတွင် အလျှင်းသင့်သလို ရေးသည်။ ပိဋကတ်မိတ်ဆက်၊ ဂန်တဝင် မိတ်ဆက် စသည်ဖြင့် လူငယ်များအတွက် ရည်ရွယ်ရေးသော စာအုပ်များလည်းထွက်ခဲ့သည်။နောက်ပိုင်းတွင်လည်း စာအုပ်များ ဆက်လက်ထွက်ရှိခဲ့သည်။
 
ယခုအခါ ဆရာအောင်သင်းသည် စာပေများပြုစုရင်း မိသားစုနှင့် အတူ ၄၆၊ ဓမကဝတီလမ်း၊ သံတံတားရပ်၊ [[စမ်းချောင်းမြို့နယ် ]] ရန်ကုန်တွင် နေထိုင်လျက်ရှိသည်။
 
== ထင်ရှားသော စာအုပ်အချို့ ==
* စာပေရေးရာဆောင်းပါးများ
* ဝတ္ထုရေးရာဆောင်းပါးများ
* အကြိုက်ဆုံးဝတ်ထုတိုများနှင့် သုံးသပ်ချက်များ”(ပ၊ဒု)
* မျိုးဆက်သစ်တိုးတက်ရစ်ဖို့
* အမွေ
* ကန့်ကူလက်လှည့်
* ကိုယ်ကျင့်နဲ့ပညာ
* နှစ်ကိုယ်သိ(နိုင်ငံတကာဝတ်ထုတိုများဘာသာပြန်)
* အာဖရိကမုဆိုး(ဘာသာပြန်)
* လှလိုက်တာနော်နှင့်ရသစာတမ်းငယ်များ
* ကမ်ဘာပြဿနာရှင်းတဲ့နေ့နှင့် ရသစာတမ်းငယ်များ
* မျိုးဆက်သစ်တွက် ပိဋကတ်မိတ်ဆက်
* မျိုးဆက်သစ်တွက် ဂန်တဝင်မိတ်ဆက်
 
== ရည်ညွှန်းကိုးကား ==
* [http://www.aungthin.com အောင်သင်း]
{{DEFAULTSORT:အ|အောင်သင်း}}
 
[[Category: အတ္ထုပ္ပတ္တိ]]
[[Category:မြန်မာ စာရေးဆရာများ]]
[[Category:မြန်မာ အမျိုးသား စာရေးဆရာများ]]
Line ၆၆ ⟶ ၆၇:
[[Category:မြန်မာ့ သမိုင်း]]
[[Category:မြန်မာ]]
{{DEFAULTSORT:အ|အောင်သင်း}}