၁၉၄၈: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (ရိုဘော ဖယ်ရှားနေသည: ksh:Joohr 1948
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၂ -
၁၉၄၈ ခုနှစ် ဇန်ဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် အင်္ဂလိပ်ကိုလိုနီ လက်အောက်မှ [[လွတ်လပ်ရေး]]ရသည်။
 
== ၁၉၄၈ ခုနှစ် မှတ်တမ်း ==
=== ဇန်နဝါရီလ ===
(၁) ရက်။
::* ဂျူဗလီဟော (ယခု [[စစ်သမိုင်းပြတိုက်]])တွင် ထားသော [[ဗိုလ်ချုပ်အောင်ဆန်း]]နှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ရုပ်အလောင်းကို ပြည်သူလူထု သုံးသောင်းခန့် လာရောက် အလေးပြု။
::* ရန်ကုန်မြို့ ရေကျော်ရပ်၌ သံတွဲခရိုင် အသင်းက အရေးပေါ် အစည်းအဝေး ကျင်းပကာ ရခိုင်ပြည် အရေးနှင့် ပတ်သက်၍ ပြည်မနှင့် ပူးပေါင်း ဆောင်ရွက်ရန် ဆုံးဖြတ်။
 
(၂) ရက်။
စာကြောင်း ၁၃ -
 
(၃) ရက်။
::* တိုင်းပြုပြည်ပြု လွှတ်တော် စတုတ္တ ညီလာခံ၌ [[နု၊ ဦး|သခင်နု]] တင်သွင်းသော ဝန်ကြီး စာရင်းကို အတည်ပြု။
::* [[ဗုဒ္ဓဂါယာ]]နှင့် သီဟိုဠ်မှ ပင့်ဆောင်လာသော [[ဗောဓိပင်]]ပျိုများ ရန်ကုန်ရောက်။
::* ဘုရင်ခံ ဟူးဗတ်ရန့် (စ်) နှင့် ဇနီး ဂျူဗလီဟောသို့ သွားရောက်၍ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြု၊ ပန်းခွေချ။
::* နိုင်ငံတော် ခေါင်းဆောင်ကြီးများအား လုပ်ကြံမှုဖြင့် သေဒဏ် ပေးခံထားရသော [[စော၊ ဦး (ဂဠုန်)|ဦးစော]]က တရား လွှတ်တော်သို့ အယူခံလွှာတင်။
 
(၄) ရက်။
::* နိုင်ငံတော် အာဏာ လွှဲပြောင်းသည့် အခမ်းအနား၊ လွတ်လပ်ရေး ကြေညာသည့် အခမ်းအနားနှင့် လွတ်လပ်ရေး မော်ကွန်း ကျောက်တိုင် အုဋ်မြစ်ချ အခမ်းအနားများ ကျင်းပ။ မြန်မာနိုင်ငံသည် လုံးဝ လွတ်လပ်သော အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အဖြစ် ရောက်ရှိ။
::* ဘုရင်ခံ ဟူးဗတ်ရန့် (စ်) ဘာမင်ဟမ် (Birmingham) စစ်သင်္ဘောဖြင့် အင်္ဂလန်သို့ပြန်။
 
(၅) ရက်။
::* လွတ်လပ်ရေး အထိမ်းအမှတ် ကာယ ပညာပြပွဲ ဘီအေအေ (ယခု အောင်ဆန်းကွင်း) ကွင်း၌ စတင် ကျင်းပ။
::* ကရင် လူမျိုးတို့သည် လွတ်လပ်သော လူမျိုးတစ်မျိုး ဖြစ်သည်ဟု ကြေညာ။
 
(၆) ရက်။
::* လွတ်လပ်ရေး အထိမ်းအမှတ် [[တံဆိပ်ခေါင်း]] ငါးမျိုးထုတ်။
::* မြန်မာပြည် အိုလံပစ် အသင်းက ကြီးမှူး၍ မယ်ဒဂုန် - မောင်ဒဂုန် ရွေးပွဲ ဘီအေအေကွင်း (ယခု အောင်ဆန်းကွင်း)၌ ကျင်းပ။
::* အာဇာနည် ခေါင်းဆောင်ကြီးများအား လုပ်ကြံမှုကြောင့် သေဒဏ် ပေးခံထားရသော မောင်စိုး၊ မှုန်ကြီး၊ ရန်ကြီးအောင်နှင့် သက်နှင်းတို့က တရားလွှတ်တော်သို့ အယူခံလွှာတင်။
 
(၈) ရက်။
::* ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံး တိုင်းပြုပြည်ပြု လွှတ်တော် (ပါလီမန်) စတင် ကျင်းပ။
::* ဟိုက်ကုတ် လွှတ်တော်ရုံးဝင်း အတွင်း၌ နိုင်ငံတော် တရားလွှတ်တော်ချုပ်ရုံး ဖွင့်ပွဲ ကျင်းပ။
::* သထုံ စော်ဘွားကြီး စပ်ခွန်ကြည် ရန်ကုန်၌ လေဖြတ်၍ ကွယ်လွန်။
 
(၁၀) ရက်။
::* မြစ်ကြီးနားနှင့် ဗန်းမော် ခရိုင်များ ပါသော ကချင်ပြည်နယ်ဖွဲ့။
 
(၁၄) ရက်။
::* မြစ်ကြီးနား၌ ကျင်းပသော [[ကချင်]] [[မနောပွဲ]] သို့ သမ္မတ [[စဝ်ရွှေသိုက်၊ (နိုင်ငံတော်သမ္မတ)|စပ်ရွှေသိုက်]]နှင့် ဝန်ကြီးချုပ် သခင်နုတို့ တက်။
 
(၁၇) ရက်။
::* ရှမ်းပြည်တောင်ပိုင်း လဲချားစော်ဘွား၏ မဟာဒေဝီနှင့် နောက်ပါ ၅ဝ ခန့်တို့ ရွှေတိဂုံဘုရား ဖူးရန်နှင့် အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုရန် ရန်ကုန်ရောက်။
 
(၁၈) ရက်။
::* ရန်ကုန်မြို့ ဆန်းကဖေး၌ မြန်မာနိုင်ငံ ပုံနှိပ် ထုတ်ဝေသူများအသင်း နှစ်ပတ်လည် ညီလာခံ ကျင်းပ။ ဥက္ကဋ္ဌ ဦးအုန်းဖေ ([[တက်တိုး]])နှင့် အတွင်းရေးမှူး ဦးအောင်စိန် (ကမ္ဘာ့စာပေတိုက်) တို့ ပါသော အမှုဆောင်သစ် ၁၅ ဦး ရွေး။
 
(၂၀) ရက်။
::* ရှမ်းပြည်နယ် ကောင်စီ၏ ပထမ အကြိမ် ညီလာခံကို ရန်ကုန်မြို့ ရွှေတောင်ကြားလမ်း၊ အမှတ် ၃၁ တွင် ကျင်းပ။ ရှမ်းပြည်နယ် ကောင်စီ အတွက် နည်းဥပဒေများ ရေးဆွဲရေး ဆွေးနွေး။
 
(၂၂) ရက်။
::* ရခိုင် - မြန်မာ ချစ်ကြည်ရေး၊ အမှုဆောင် အစည်းအဝေး၊ ရန်ကုန်မြို့၊ စတော့ကိတ်လမ်း၊ မင်္ဂလာသုခ ကျောင်း၌ ကျင်းပ။
 
(၂၄) ရက်။
::* ပဲခူးမြို့ - ရွှေမော်ဓော ဘုရား ပြုပြင်ရန် အတွက် အောင်ပန္နက်ချက် မင်္ဂလာ အခမ်းအနားသို့ သမ္မတကြီး၊ သမ္မတကတော်နှင့် ဝန်ကြီးများ တက်ရောက်။
::* အဖွဲ့ဝင် ခုနစ်ဦး ပါသော ဗြိတိသျှ စစ်မစ်ရှင် ရန်ကုန်ရောက်။
::* အလံနီ ကွန်မြူနစ် ပါတီနှင့် ဆက်သွယ်သဖြင့် သခင် လေးမောင် နေအိမ်တွင် အဖမ်းခံရ။
 
(၂၅) ရက်။
::* ပထမ အကြိမ်မြောက် မြန်မာနိုင်ငံ အိုလံပစ်ပွဲတော်ကို ဘီအေအေကွင်း၌ စတင် ကျင်းပ။
 
(၂၆) ရက်။
::* အလုံရပ်ရှိ အဖေါင်သစ်စက်၊ အမှတ် ၉ နှင့် အမှတ် ၁ဝ သစ်စက်နှင့် အလီမူလာ သစ်စက် လေးစက်မှ အလုပ်သမားများ လုပ်ခတိုးရရေး အတွက် သပိတ်မှောက်။
::* ဗမာပြည် သတင်းစာများ အသင်းတိုက်၌ ဒုတိယ ဝန်ကြီးချုပ် [[ဗိုလ်လင်္ကျာ]]နှင့် ဗိုလ်ကြီး [[စောကြာဒိုး]]တို့က ရခိုင်ပြည်၏ နောက်ဆုံး အခြေအနေကို သတင်းစာ ဆရာများအား ရှင်းလင်း ပြောကြား။
::* ဦးစော၏ အယူခံကို ကြားနာရန် တရားဝန်ကြီး ဦးအုံးဖေ၊ ဦးစံမော်နှင့် ဦးဘိုကြီးတို့ပါသော ခုံရုံးဖွဲ့။
 
(၂၇) ရက်။
::* တရုတ်ပြည် ဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးမြင့်သိန်း နန်ကင်းမြို့ ရောက်။
::* ပြည်ထောင်စု မြန်မာနိုင်ငံတော် ပါလီမန်က ဆက်သွယ်သမှျ စာများကို မြန်မာစာနှင့် အသုံးပြုနိုင်ကြောင်း ကြေညာ။
 
(၂၈) ရက်။
::* စပ်ခွန်ချို ရှမ်းပြည်နယ် ဥက္ကဋ္ဌ တာဝန် စယူ။
 
(၂၉) ရက်။
::* ဦးစော၏ ဇနီး ဒေါ်သန်းခင်က ရွှေတိဂုံ ဂေါပက အဖွဲ့သို့ သွားရောက်၍ ကျောက်းစိမ်းလက်ကောက် တဖက် လှူ။ ထိုလက်ကောက်မှာ ဦးစော နန်းရင်းဝန်ဘဝ ၁၉၄၁ ခုနှစ်တွင် အင်္ဂလန် သွားစဉ်က အမည် မဖော်လိုသော အမျိုးသမီး တဦးက ဦးစောအား မြန်မာပြည် ယူသွားရန် ပေးလိုက်သည်။ မင်းတုန်းမင်း မိဖုရားကြီး ဝတ်ဆင်သော လက်ကောက် ဖြစ်သည်။
=== ဖေဖော်ဝါရီလ ===
(၁) ရက်။
::* စောဘဦးကြီး။ သရာသာထိုနှင့် အဖွဲ့က သထုံ ရဲဌာနပိုင် အင်းဝိုင်းရွာ၌ ကရင်နယ် သီးခြား ရရှိရေး တရားဟော။
 
(၃) ရက်။
::* ပြည်ထောင်စုဘဏ် ဖွင့်။ ကေအင်ဒီအို သီးခြား ကရင်ပြည်နယ် ဖွဲ့ပေးရန် တောင်းဆို။
 
(၉) ရက်။
::* ဦးစော၏ အယူခံမှု စတင် ကြားနာ။
 
(၁၁) ရက်။
::* ကေအင်ဒီအိုက ဦးစီး၍ ကရင် အမျိုးသားများ အင်အားပြပွဲ အင်းစိန်၌ ကျင်းပ။ ကျိုက်ထိုမြို့ အစိုးရ အထက်တန်း ကျောင်းဝင်း အတွင်း ကရင်လူထု အင်အားပြပွဲ ကျင်းပ။
 
(၁၂) ရက်။
::* ကေအင်ဒီအိုက ကြီးမှူး၍ ကရင် အမျိုးသား အင်အားပြပွဲများ ပုသိမ်နှင့် ညောင်တုန်း၌ ကျင်းပ။
::* ဟာဗနားမြို့၌ ကျင်းပသော ကူးသန်း ရောင်းဝယ်ရေး ကွန်ဖရင့်သို့ တက်ရောက် ခဲ့ကြသော ဦးလှမောင်၊ ဦးခင်မောင်ကလေးနှင့် ဦးစိန်ဘွားတို့ ရန်ကုန် ပြန်ရောက်။
 
(၁၇) ရက်။
::* ၁၉၄၇ ခုနှစ်၊ အောက်တိုဘာလက တည်ထောင်ခဲ့သော အမျိုးသား တက္ကသိုလ်ကို သက်ကြီး ပညာသင် တက္ကသိုလ် (University for Adult Education) ဟု အမည်ပြောင်း။
::* ဗမာပြည် သတင်းစာ ဆရာများ အသင်းတိုက်၌ အမေရိကန် သတင်းစာ ဆရာ အဂ္ဂါစနိုးနှင့် သတင်းစာ ဆရာများ တွေ့ဆုံ။
 
(၁၈) ရက်။
::* နိုင်ငံတော် သမ္မတကြီးနှင့် အဖွဲ့ [[ဖလန်းမြို့]] ရောက်။
::* ရန်ကုန်ခရိုင် ဖဆပလ အဖွဲ့က ကြီးမှူး၍ ရွှေတိဂုံဘုရား အနောက်မုခ်၌ ကျင်းပသော စက်မှုလက်မှု ပြပွဲကို ဝန်ကြီးချုပ် သခင်နု ဖွင့်ပေး။
::* ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေး၌ သပိတ် စသည့် ဆူပူမှုများ ဖြစ်အောင် လှုံ့ဆော်ပြီး အစိုးရ ဗျာများနေစဉ် အာဏာလုယူရန် လမ်းစဉ်ကို အတည်ပြု။
 
(၂၀) ရက်။
::* ပထမပတ် တောင်သူ လယ်သမား သင်တန်းသားများအား ဝန်ကြီးချုပ် သခင်နုက ဖဆပလ အစိုးရ၏ စေတနာနှင့် လုပ်ငန်းစဉ်ကို ရှင်းပြ။
 
(၂၄) ရက်။
::* ဆိုဗီယက် ရုရှားနှင့် မြန်မာနိုင်ငံ သံတမန် လဲလှယ်ရန် သဘောတူချက် ကြေညာ။
 
(၂၆) ရက်။
::* မြန်မာနိုင်ငံ ကုန်သည်ကြီးများ အသင်း နှစ်ပတ်လည် အစည်းအဝေး၌ ဆိုရှယ်လစ် ဝါဒမှ တိမ်းစောင်းမည် မဟုတ်ကြောင်း သခင်နု ပြော။
 
(၂၇) ရက်။
::* ရှမ်းပြည်နယ် ဟိုပုန်းတွင် ကစားဝိုင်း တိုက်ဖျက်ရေး အဖွဲ့က ကြီးမှူး၍ ဟိုပုန်းတွင် ကစားဝိုင်းများ ဖျက်သိမ်းရေး လူထု ဆန္ဒပြပွဲ လုပ်။
=== မတ်လ ===
(၃) ရက်။
::* ကေအင်ဒီအို ပါတီက လက်နက်ကိုင် တိုက်ပွဲဝင်မည်ဟု ကြေညာ။
::* မွန်တိုင်းရင်းသား အစည်းအရုံး အလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးတွင် မွန်ပြည်နယ် တောင်းဆိုရန် ဆုံးဖြတ်။
::* ရာမညတိုင်း (The Ramennya Taing) သတင်းစာ မော်လမြိုင်၌ စထုတ်။
 
(၄) ရက်။
::* ဂျူဗလီဟော၌ ထားသော မိုင်းပွန်စော်ဘွားကြီး၏ ရုပ်ကလပ်ကို ရှမ်းပြည်သို့ သယ်ဆောင်။
 
(၆) ရက်။
::* စစ်ရုံး ဖွဲ့စည်းပုံကို နိုင်ငံတော် သမ္မတက လက်မှတ် ရေးထိုး၍ ထုတ်ပြန်။
 
(၁၀) ရက်။
::* စောဘဦးကြီး၊ စောသာဒင်နှင့် အဖွဲ့ ဝန်ကြီးချုပ်ရုံး၌ သခင်နုနှင့် တွေ့၍ ကရင်ပြည်နယ် သီးခြားတောင်းသည့် ကိစ္စ ဆွေးနွေး။
::* အလံနီ ခေါင်းဆောင် သခင်စိုးအား နောက်ပါ လေးယောက်နှင့် အတူ ကြည့်မြင်တိုင် ဗားဂရာ၌ ဖမ်းမိ။
 
(၁၂) ရက်။
::* အိန္ဒိယ ဘုရင်ခံချုပ် မောင့်ဘက်တန်က သမ္မတ အိမ်တော်၌ သီဟာသနပလ္လင်တော်နှင့် သီပေါမင်း၏ စာရေးခုံကို အခမ်းအနားဖြင့် အပ်နှံ၊ ထို့နောက် ဂျူဗလီဟော၌ ထားသော အာဇာနည် ခေါင်းဆောင်ကြီးများ ရုပ်ကလပ်တွင် ပန်းခွေချ။
::* ဆိုရှယ်လစ်များက အိုးဝေ၊ ပြည်သူ့ဟစ်တိုင်နှင့် စီးပွားရေး သတင်းစာတိုက်များကို ဖျက်ဆီး။ "မင်းမဲ့ တိုင်းပြည်ကဲ့သို့ တရားလက်လွတ် ပြုခြင်းကို ဘယ်နည်းနှင့်မျှ လက်ခံနိုင်မည် မဟုတ်" ဟု သခင်နုက အသံလွှင့် မိန့်ခွန်းပြော။
 
(၁၃) ရက်။
::* အလံဖြူ ကွန်မြူနစ်များ ဦးစီး ကျင်းပသည့် မြန်မာနိုင်ငံ တောင်သူ လယ်သမား သမဂ္ဂ၏ ဒုတိယ အကြိမ်မြောက် ကွန်ဂရက် ပျဉ်းမနား၌ ကျင်းပ။
::* [[မောင့်ဘက်တန်]]နှင့်အဖွဲ့ [[ရွှေတိဂုံဘုရား]]သို့ တက်ရောက် ဖူးမြှော်။
 
(၁၄) ရက်။
::* မြန်မာနိုင်ငံ သတင်းစာ ဆရာများ အသင်း၊ မြန်မာနိုင်ငံ သတင်းထောက်များ အသင်း၊ မြန်မာနိုင်ငံ စာရေးဆရာများ အသင်းနှင့် မြန်မာပြည် ပုံနှိပ်တိုက်များ အသင်း အမှုဆောင်များ ပူးပေါင်း အစည်းအဝေးကို ပန်းဆိုးတန်းရှိ မြန်မာနိုင်ငံ သတင်းစာတိုက်များ ဖျက်ဆီးခံရသည့် ကိစ္စ ဆွေးနွေး။
 
(၁၅) ရက်။
::* ဗန္ဓုလပန်းခြံ၌ ကျင်းပသော တောင်သူ လယ်သမားထု အစည်းအဝေး၌ နယ်ချဲ့ အရင်းရှင်တို့၏ ပရိယာယ်ကို သတိပြုရန်နှင့် လူထုက လမ်းလွဲ မလိုက်မိရန် လိုအပ်ပုံကို သခင်နု ပြော။ ပျဉ်းမနားမြို့၌ တောင်သူ လယ်သမား ကွန်ဂရက် နောက်ဆုံးနေ့ ကျင်းပ။
::* ပြည်ထောင်စု နေ့စဉ် သတင်းစာ စထုတ်။
 
(၁၇) ရက်။
::* ဂျာနယ်ကျော် သတင်းစာထုတ်။
 
(၁၈) ရက်။
::* တနိုင်ငံလုံးမှ တက်ရောက်သော ပျဉ်းမနား တောင်သူ လယ်သမားထု အစည်းအဝေးက လက်နက်ကိုင် တိုက်ပွဲဝင်မည်ဟု ကြေညာ။
 
(၁၉) ရက်။
::* ဗမာပြည်သူ ဘဏ်တိုက်ကို ပန်းဆိုးတန်းနှင့် ကုန်သည် လမ်းထောင့်၌ ဖွင့်။
 
(၂ဝ) ရက်။
::* မော်လမြိုင်၌ ကျင်းပသည့် မွန်အမျိုးသားများ ညီလာခံက မွန်သီးခြား ပြည်နယ် တောင်းဆို။
::* ရန်ကုန်မြို့ ၄၁ လမ်းရှိ အစိုးရ အမှုထမ်း ပေါင်းစုံ သမဂ္ဂ အသင်းတိုက်၌ အရေးပေါ် အစည်းအဝေး ကျင်းပကာ ဆိုရှယ်လစ်များက သတင်းစာ တိုက်သုံးတိုက်ကို ဖျက်ဆီးသည့် လုပ်ရပ်ကို ရှုတ်ချ။
::* ရှန်တိန်လုပ်သော မီးရထား ခေါင်းတွဲမှ မီးပွား ဘူတာရုံ အနီး တဲငယ်ပေါ် ကျရာမှ ပြည်မြို့ လေးပုံသုံးပုံခန့် မီးလောင်ခံရ။
 
(၂၂) ရက်။
::* လန်ဒန်တွင် ပညာရေး ကိစ္စများ လေ့လာရန် ဆရာကြီး ဦးဘလွင် ရန်ကုန်မှ ထွက်ခွာ။ သီဟိုဠ်မှ ပင့်ဆောင်လာသော ရှင်သာရိပုတ္တရာနှင့် ရှင်မဟာ မောဂ္ဂလန်မထေရ်တို့၏ ဓာတ်တော်များ ရန်ကုန်ရောက်။
 
(၂၃) ရက်။
::* နိုင်ငံတော် ခေါင်းဆောင်ကြီးများအား လုပ်ကြံမှု တရားခံများ ဖြစ်သော ခင်မောင်ရင်၊ မောင်နီနှင့် သုခတို့က သေဒဏ်မှ တသက်တကျွန်းဒဏ် ပြောင်းပေးရန် သမ္မတထံ စာတင်။
 
(၂၅) ရက်။
::* ဖဆဖလက လမ်းညွှန် သတင်းစာ ပြန်ထုတ်။ ဗကပ၏ အာဘော်ဖြစ်သော ပြည်သူ့ အာဏာ ဂျာနယ်တိုက် ချိပ်ပိတ်ခံရ။
 
(၂၆) ရက်။
::* ကွန်မြူနစ်များကို ဖမ်းဆီးရန် ဖဆပလ အစိုးရက ဆုံးဖြတ်။ ကွန်မြူနစ် နေ့စဉ် သတင်းစာ ရပ်စဲ။ ကွန်မြနစ်များနှင့် စေ့စပ်ရန် ဗိုလ်လက်ျာ၊ ဗိုလ်မှူးအောင်၊ ဆမားဒူဝါးဆင်ဝါးနောင်၊ ဦးဝမ်းသူးမောင်၊ မန်းဝင်းမောင်နှင့် ဦးညိုထွန်းတို့ ပါဝင်သော အဖွဲ့ဖွဲ့။
 
(၂၇) ရက်။
::* တော်လှန်ရေးနေ့ အစည်းအဝေး၌ သခင်နုက "ဒီကနေ့ ညနေ ၄ နာရီဟာ စေစပ်ရေး အတွက် နောက်ဆုံးပဲ" ဟု ကြေညာ။ ဗန္ဓုလ ပန်းခြံမှာ အလံဖြူ ကွန်မြူနစ်များ ကြီးမှူး
 
(၂၈) ရက်။
::* အစိုးရက အလံဖြူ ကွန်မြူနစ်များကို ဖမ်းဆီးရာမှ ကွန်မြူနစ်များ တောခို။
 
(၂၉) ရက်။
::* အလံဖြူ ကွန်မြူနစ် ပါတီက ကြီးမှူး၍ ပုသိမ်ခရိုင်၊ မအူပင် ခရိုင်၊ မြင်းခြံ ခရိုင်နှင့် ဟံသာဝတီ ခရိုင်များတွင် ဆန်လုပွဲများ လုပ်။
=== ဧပြီလ ===
(၁) ရက်။
::* ဝန်ထမ်း လစာနှင့် လုပ်ခများ ပြင်ဆင်သတ်မှတ်။
::* မြန်မာနိုင်ငံ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်သို့ ဝင်။
 
(၂) ရက်။
::* ပဲခူးခရိုင် ပေါက်ကုန်းကြီးရွာ၌ တပ်မတော်နှင့် ကွန်မြူနစ်တပ်များ တိုက်ပွဲဖြစ်။
 
(၃) ရက်။
::* လက်နက်ကိုင် လမ်းစဉ်နှင့် ငြိမ်းချမ်းရေး လမ်းစဉ် အကြောင်း သခင်နုက အသံလွှင့် ပြောကြား။
::* ကျိန်တလီရွာမှ အစိုးရ ဝန်ထမ်းများ ဂွမြို့သို့ ဆုတ်ခွာပေးရ။
 
(၆) ရက်။
::* ပဲခူးခရိုင် ရစ်ကန်ကြီးရွာကို ကွန်မြူနစ်များ သိမ်း။
::* မြစ်ကျိုးရွာကို ကွန်မြူနစ်များလက်မှ တပ်မတော်က ပြန်သိမ်း။
 
(၇) ရက်။
::* မြန်မာနိုင်ငံလုံး ဆိုင်ရာ လူငယ်များ ညီလာခံ ကျင်းပ။
 
(၈) ရက်။
::* သေဒဏ် အပြစ်ပေးနိုင်သော နိုင်ငံတော် သစ္စာဖောက်မှု ဥပဒေ (High Treason Bill) ပြဋ္ဌာန်း။
 
(၁၁) ရက်။
::* ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဈာပနာ အခမ်းအနား ကျင်းပ။
::* အာဇာနည်ကြီးများ၏ ရုပ်ကလပ်များကို ဂျူဗလီဟောမှ အာဇာနည်ကုန်းသို့ ပို့ဆောင် ဂူသွင်း။
 
(၁၆) ရက်။
::* နှစ်သစ်ကူး အသံလွှင့် မိန့်ခွန်း ပြောရာတွင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အရေးကြီးပုံနှင့် လွတ်လပ်ရေးနှင့် ထိုက်တန်သည့် တာဝန်ကျေမှ လွတ်လပ်ရေး အရသာ ခံစားရမည်ဟု သခင်နု ပြော။
::* တောင်သူလယ်သမား အသံ သတင်းစာ စထုတ်။
 
(၁၉) ရက်။
::* မြန်မာနိုင်ငံ (၅၈) နိုင်ငံမြောက် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံဖြစ်။
 
(၂၀) ရက်။
::* မြန်မာနိုင်ငံ အတွင်း အိန္ဒိယသားများ ဝင်ရောက်သည့် ကိစ္စဆိုင်ရာ အိန္ဒိယ မြန်မာ ဆွေးနွေးပွဲ နယူးဒေလီ၌ ကျင်းပ။
::* မန္တလေး၌ ပြည်သူ့ကြေးမုံ သတင်းစာ စထုတ်။
::* မြစ်ကျိုးရွာကို ကွန်မြူနစ်များ တိုက်ခိုက်။
 
(၂၅) ရက်။
::* တနိုင်ငံလုံး၌ ညရထားများ ပြေးဆွဲမှု ရပ်စဲ။
::* အမှတ် (၁) ခြေလျင် တပ်ရင်း ဖွဲ့။
 
(၂၇) ရက်။
::* ဦးစော၏ အယူခံကို ပယ်ကြောင်း တရားလွှတ်တော်ချုပ်က ဆုံးဖြတ်။
 
(၂၈) ရက်။
::* အင်းစိန် အကျဉ်းထောင်၌ ဦးစောက ဇနီး ဒေါ်သန်းခင်၊ သမီး မေသန်းစောတို့နှင့်အတူ မိုးညှင်းသင်္ဂီ ကျောင်းတိုက် ရေလဲဆရာတော် ဦးပဏ္ဍိစ္စ ထံမှောက်၌ လက္ခဏာရေး သုံးပါး တရားနာ။
 
(၂၉ - ၃၀) ရက်။
::* ရှမ်းပြည်နယ် ကောင်စီ ဒုတိယ ညီလာခံ ဒုတိယနှင့် တတိယနေ့ အစည်းအဝေးများ တိုင်းပြည်ပြု လွှတ်တော် ခန်းမ၌ ကျင်းပ။
=== မေလ ===
(၁) ရက်။
::* ကမ္ဘာ့ အလုပ်သမားနေ့ အခမ်းအနားတွင် ဝန်ကြီးချုပ် သခင်နု၊ ဖဆပလ အထွေထွေ အတွင်းရေးမှူး ဦးဗဆွေနှင့် အလုပ်သမားဌာန ဝန်ကြီး မန်းဝင်းမောင်တို့ မိန့်ခွန်းပြော။
 
(၅) ရက်။
::* ပြည်တွင်းစစ် အမြန်ရပ်စဲရေး၊ လက်ဝဲ အင်အားစု ညီညွတ်ရေးနှင့် ဖဆပလ ကွန်မြူနစ် ညီညွတ်ရေး လုပ်ကြရန် ဗမာနိုင်ငံ ဒီမိုကရက်တစ် လူငယ်အဖွဲ့က ကြေညာချက် ထုတ်။
::* နိုင်ငံတော် ခေါင်းဆောင်ကြီးများအား လုပ်ကြံမှု တရားခံ ခင်မောင်ရင် အပေါ် ချမှတ်ထားသော သေဒဏ်ကို တသက်တကျွန်းသို့ လျော့ပေါ့ကြောင်း အမိန့်ထွက်။
 
(၆) ရက်။
::* နိုင်ငံတော် ခေါင်းဆောင်ကြီးများအား လုပ်ကြံမှု တရားခံ မောင်နီနှင့် သုခတို့ အပေါ် ချမှတ်ထားသော သေဒဏ်ကို တသက်တကျွန်းသို့ လျော့ပေါ့ကြောင်း အမိန့်ထွက်။
 
(၈) ရက်။
::* နိုင်ငံတော် ခေါင်းဆောင်ကြီးများအား လုပ်ကြံမှု တရားခံများ ဖြစ်သော ဦးစော၊ မောင်စိုး၊ မှုန်ကြီးနှင့် သက်နှင်းတို့အား အင်းစိန်ထောင်၌ လည်းကောင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့ကို ရန်ကုန် ထောင်ကြီး အတွင်း၌ လည်းကောင်း တချိန်တည်း ကြိုးပေး။
::* တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေး ဌာန ဖွင့်။
 
(၁၀) ရက်။
::* ဝန်ကြီးချုပ် သခင်နု ကရင်နီ (ယခုကယား) နှင့် ရှမ်းပြည်နယ်သို့ ခရီးထွက်။
 
(၁၂) ရက်။
::* ရတနာဂီရိမှ သီပေါမင်း၏ အရိုး ပြန်လည်ရရှိရေး သခင် ကိုယ်တော်မှိုင်းက ရန်ကုန်၌ သတင်းစာ ဆရာများနှင့် တွေ့ဆုံ ဆွေးနွေး။
 
(၁၃) ရက်။
::* ကော်သူးလေး နယ်နိမိတ် သတ်မှတ်ရေး ကော်မရှင်ဖွဲ့။
 
(၁၅) ရက်။
::* ဦးခွန်စံမြတ်ကို ရှမ်းပြည်နယ် ကောင်စီ ဒုတိယ သဘာပတိ အဖြစ်မှ နှုတ်ထွက်ခွင့်ပြု။
 
(၁၆) ရက်။
::* ညဘက် ရန်ကုန်၌ လေမုန်တိုင်းကျ။ တိုက်ပြို။ သစ်ပင်လဲ။ ဓာတ်ကြိုးပြတ်။ တုံကင်းမြုတ်။ လူသေ။
 
(၁၇) ရက်။
::* ကျည်တောင်ကန်နှင့် ဖြုတ်ခွဲ ဘူတာကြားရှိ ဘေဒါတံတားကို ကွန်မြူနစ် သောင်းကျန်းသူများ မိုင်းခွဲ ဖျက်ဆီး။
 
(၁၉) ရက်။
::* ကရင်နီနယ် (ယခု ကယားပြည်နယ်) နှင့် ရှမ်းပြည်နယ် ခရီးမှ သခင်နု ရန်ကုန် ပြန်ရောက်။ နယ်မြေ အခြေအနေ အသံလွှင့် ပြေားကြား။
 
(၂၀) ရက်။
::* ရွှေတိဂုံ ရင်ပြင်တော်ပေါ်၌ အိုးအိမ် တည်နေသူများ ရင်ပြင်တော်မှ ပြောင်းရွှေ့ကြ။
 
(၂၁) ရက်။
::* လက်ဝဲ ညီညွတ်ရေးမူနှင့် ပတ်သက်၍ သခင်နုနှင့် ပြည်သူ့ ရဲဘော် ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး။
 
(၂၅) ရက်။
::* လက်ဝဲ ညီညွတ်ရေးမူကို သခင်နုက ကြေညာ။
 
(၂၆) ရက်။
::* သခင်နုက သူ့အိမ်၌ သတင်းစာဆရာများနှင့် တွေ့၍ လက်ဝဲ ညီညွတ်ရေးမူ ရှင်းပြ။
 
(၂၇) ရက်။
::* စစ်ရုံးချုပ် ဖွင့်ပွဲ၌ သခင်နု မိန့်ခွန်းပြော။
::* ပန်းဆိုးတန်းရှိ သတင်းစာဆရာများ အသင်းတိုက်၌ ပြည်သူ့ရဲဘော်အဖွဲ့က ပြည်တွင်း စစ်ရပ်စဲရေးနှင့် လက်ဝဲ ညီညွတ်ရေးမူကိစ္စ ရှင်းလင်း ပြောကြား။
=== ဇွန်လ ===
(၁) ရက်။
::* ဧရာဝတီ မီးသင်္ဘော ကုမ္ပဏီကို လျော်ကြေးပေး၍ ပြည်သူပိုင်သိမ်း။
::* ဗန္ဓုလ ပန်းခြံ၌ ပြည်တွင်းစစ် ရပ်စဲရေးနှင့် လက်ဝဲ ညီညွတ်ရေး ကိစ္စ ပြည်သူ့ ရဲဘော် အဖွဲ့ချုပ်က ရှင်းလင်းပွဲလုပ်။
 
(၄) ရက်။
::* ဇေယျဝတီ သကြားစက်ကို သူပုန် ၆၀ဝ ခန့် ဝိုင်းတိုက်။
 
(၅) ရက်။
::* မြို့တော်ခန်းမ၌ ကျင်းပသော ဗမာနိုင်ငံလုံး ဆိုင်ရာ မီးသတ် အစည်းအရုံး တတိယ အကြိမ်မြောက် နှစ်ပတ်လည် ညီလာခံတွင် သခင်နု မိန့်ခွန်းပြော။
 
(၆) ရက်။
::* ရန်ကုန် တက္ကသိုလ် ဆရာများ အသင်းက ကြီးမှူး၍ အနောက်နိုင်ငံမှ ပြန်ရောက်လာသော အုပ်ချုပ်ရေး အရာရှိကြီး ဒေါက်တာ ထင်အောင်အား ယုဒသန် ခမ်းမ၌ ဧည့်ခံပွဲတွင် ရန်ကုန် တက္ဗသိုလ်ကို အဆင့်မြှင့်ပေးမည်ဟု ဒေါက်တာ ထင်အောင် ပြော။
 
(၁၂) ရက်။
::* ဥက္ကံ ဓာတ်ချောင်းတောင်ရိုးရှိ သူပုန်စခန်းကို ဗမာ့ လေတပ်မတော်မှ လေယာဉ် သုံးစင်းဖြင့် တိုက်။
 
(၁၃) ရက်။
::* ဘီအေအေကွင်း၌ သခင်နုက လက်ဝဲ ညီညွတ်ရေးမူအကြောင်း ပြည်သူလူထုအား ရှင်းပြ။
 
(၁၆) ရက်။
::* မေမြို့ရှိ ဘီအီးအမ်အီးတပ် သူပုန်ဝင်စီး။
::* ရခိုင်ပြည်၏ အခြေအနေ ဆိုးဝါးနေပုံကို ရခိုင် အမျိုးသား ဦးစံလှထွန်းက ဗမာပြည် သတင်းစာဆရာ အသင်းတိုက်၌ ရှင်းလင်းပွဲလုပ်။
 
(၁၇) ရပ်။
::* ပျဉ်းမနားနှင့် လယ်ဝေးကြားရှိ ညိုပင် ချောင်းငယ်ကို ဖြတ်ကူးထားသည့် တံတားကို သူပုန်များ မိုင်းခွဲ။
::* ပြည်သူ့ရဲဘော် အချို့ တောခို။
 
(၁၅) ရက်။
::* ဖဆပလ အစိုးရက လူမျိုးရေး အဓိကရုဏ်းများ ရှောင်ရှားကြရန် မေတ္တာရပ်ခံချက် ထုတ်။
 
(၁၉) ရက်။
::* မော်ချီမိုင်းနှင့် နမ္မတူဘော်တွင်း မိုင်းများ အခြေအနေကို သွားရောက် လေ့လာကြသော ဝန်ကြီး မန်းဝင်းမောင်နှင့် ဦးထွန်းမြင့်တို့ ရန်ကုန်ပြန်ရောက်။
 
(၂၀) ရက်။
::* ပြည်သူ့ ရဲဘော်အဖွဲ့၏ ပြည်တွင်းစစ် ရပ်စဲရေးနှင့် လက်ဝဲ ညီညွတ်ရေးမူ ကိစ္စ ရှင်းလင်းပွဲ မန္တလေး၌ ကျင်းပ။
 
(၂၁) ရက်။
::* စစ်သားနှင့် ပုလိပ် ယူနီဖောင်းမျိုး ဝတ်ဆင်သူများအား ပုဒ်မ (၆) ဖြင့် ဖမ်းစေဟု လက်ထောက် ပုလိပ်မင်းကြီး ဦးဘအေး (၁) က အမိန့်ထုတ်။
 
(၂၂) ရက်။
::* ကရင်ဗမာချစ်ကြည်ရေး တရားဟောရန် သခင်နု၊ ဆမားဒူးဝါး ဆင်ဝါးနောင်၊ စောသာဒင်၊ စောဘဦးကြီး၊ မန်းဂျိန်းထွန်းအောင်နှင့် ဦးဝမ်းသူမောင်တို့ မြစ်ဝကွျန်းပေါ်သို့ ခရီးထွက်။
::* ဝေါမြို့ကို သူပုန်သိမ်း။
::* မြစ်သား မီးရထား ဘူတာရုံ သူပုန်စီး။
 
(၂၃) ရက်။
::* ကမ္ဘာ့ အိုလံပစ်နေ့ ဘီအေအေကွင်း၌ ကျင်းပ။
 
(၂၄) ရက်။
::* ဝေါမြို့ကို အစိုးရတပ်က ပြန်သိမ်း။
::* မေမြို့၌ ညမထွက်ရ အမိန့်ထုတ်။
 
(၂၅) ရက်။
::* ဖူးကြီး ဘူတာနှင့် ရွာကို သောင်းကျန်းသူ ၁၀ဝ ကျော်က ဝင်စီး။
::* မန္တလေးမဟာမုနိ၏ အလှည့်ကျဂေါပကအဖွဲ့က ဘဏ္ဍာတိုက် စစ်ဆေး။ ညောင်လေးပင်အပိုင် ရွှေဘုံသာရွာ၌ သောင်းကျန်းသူများနှင့် အစိုးရတပ် တိုက်ပွဲဖြစ်။
 
(၂၆) ရက်။
::* ဗမာနိုင်ငံလုံး ဆိုင်ရာ လူငယ် အစည်းအရုံး ဦးစီး ညီလာခံ ကျင်းပ၍ လက်ရှိ နိုင်ငံရေး အခြေအနေ ဆွေးနွေး။
 
(၂၇) ရက်။
::* ရုပ်ရှင်နှင့် ပြဇာတ် ပညာသည်များ၏ ဒုတိယ အကြိမ်မြောက် နှစ်ပတ်လည် ညီလာခံ ရေကျော်ရပ်ရှိ ဇော်ရုံ၌ ကျင်းပ။
 
(၂၈) ရက်။
::* ကရင် ဗမာ ချစ်ကြည်ရေး တရားဟော ထွက်ကြသော သခင်နုတို့အဖွဲ့ မြစ်ဝကွျန်းပေါ်မှ ရန်ကုန် ပြန်ရောက်။
 
(၂၉) ရက်။
::* တောင်ငူနှင့် သံတောင် နယ်မြေ အခြေအနေ လေ့လာရန် ကရင်ရေးရာ ဝန်ကြီး စောစံဘိုးသင် ရန်ကုန်မှ လေယာဉ်ဖြင့် ထွက်ခွာ။
::* သက်ကြီးတက္ဗသိုလ် ကျောင်းအုပ်ကြီး ဦးစံရွှေက သတင်းထောက်များ အသင်းတိုက်၌ ရှင်းလင်းပွဲ လုပ်ရာတွင် ဆရာများအား လစာ မပေးနိုင်၍ အစိုးရထံမှ အကူအညီ မှျော်လင့်နေကြောင်း ပြော။
 
(၃၀) ရက်။
::* ရန်ကုန် တက္ကသိုလ် ယုဒသန် ခမ်းမ၍ သခင်နုက တက္ကသိုလ် အဓိပတိ အနေဖြင့် ကျောင်းသားများအား ဩဝါဒ စကား ပြောကြားရာတွင် လက်ရှိ နိုင်ငံရေး အခြေအနေပြော။
::* နှစ်လအတွင်း အလင်းဝင်သည့် သူပုန်များကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးမည့် အမိန့်ထွက်။
=== ဇူလိုင်လ ===
(၁) ရက်။
::* ငါးရက်ကြာ ကျင်းပမည့် ဖဆပလ ဗဟိုဦးစီး အဖွဲ့ အစည်းအဝေး ဂျူဗလီဟော၌ စတင် ကျင်းပ။ သခင်နုက နိုင်ငံရေး အခြေအနေ ရှင်း။
::* ကမ္ဘာ့ ကျန်းမာရေး အဖွဲ့နှင့် အပြည်ပြည် ဆိုင်ရာ မြို့ပြ လေကြောင်း အဖွဲ့သို့ မြန်မာနိုင်ငံဝင်။
::* ကူးသန်းရောင်းဝယ်ရေး၊ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေး ဌာန ဝန်ကြီး ဦးကိုကိုကြီး နှုတ်ထွက်လွှာ တင်။
 
(၂) ရက်။
::* ဂျူဗလီဟော၌ ဆိုရှယ်လစ် ပါတီဝင်များ၊ ပြည်သူ့ ရဲဘော်များ၊ ဖဆပလများ လက်ဝဲ ညီညွတ်ရေးမူကို ဆွေးနွေး။ သဘောတူညီမှု မရ။
::* အထူး တိုင်းမင်းကြီး အဖြစ် ဆောက်ရွက်မည့် တပ်မင်းကြီး စောကြာဒိုးက ပဲခူးမြို့ပေါ်မှ စစ်ဘက်၊ နယ်ဘက်နှင့် နိုင်ငံရေးသမားများနှင့် တွေ့ဆုံ ဆွေးနွေး။
 
(၃) ရက်။
::* ရန်ကုန်ခရိုင် ပြည်သူ့ ရဲဘော်အဖွဲ့မှ ကြီးမှူး၍ ပြည်တွင်းစစ် ရပ်စဲရေး လူထုဆန္ဒပြပွဲ ဗန္ဓုလ ပန်းခြံ၌ ကျင်းပ။
::* သထုံရှိ ကရင်စစ်ရဲများက သထုံသိမ်း။
 
(၄) ရက်။
::* လန်ဒန်၌ ၂၃ ဇူလိုင်တွင် ကျင်းပမည့် ကမာ္ဘ့ အိုလံပစ်ပွဲတွင် ပါဝင်ဆင်နွှဲမည့် မြန်မာ အားကစားသမားများအား သမ္မတကြီးက ၎င်း၏ အိမ်တော်၍ နေ့လည်စာဖြင့် ဧည့်ခံ။
 
(၅) ရက်။
::* ကမ္ဘာ့ အိုလံပစ် အားကစားပွဲတွင် ပါဝင်မည့် မြန်မာ အားကစားသမားများ ရန်ကုန်မှ ထွက်ခွာ။
 
(၇) ရက်။
::* သံလွင်ခရိုင်ရှိ ကော့ကရစ် ရဲစခန်းကို ကေအင်ဒီအိုများ ဝင်စီး။
::* မန္တလေးထောင် အတွင်းရှိ အလံနီများ ဆူ။
 
(၈) ရက်။
::* ဂျူဗလီ ခန်းမ၍ ဆိုရှယ်လစ် ပါတီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေး ကျင်းပ။ ဆိုရှယ်လစ် ပါတီ၏ ရှေ့လုပ်ငန်းစဉ်နှင့် ပါတီအား အမည်ပြောင်းသင့် မသင့် ဆွေးနွေး။
 
(၁၀) ရက်။
::* အစိုးရ အဖွဲ့ဝင် ရဲဘော်ဖြူများ ဖဆပလ အဖွဲ့ချုပ်မှ နှုတ်ထွက်။ ဖဆပလတွင် ရဲဘော်ဝါများသာ ကျန်။
::* နိုင်ငံခြားရေး ဝန်ကြီး ဦးတင်ထွတ်က သခင်နုနှင့်အတူ ဇူလိုင် ၂ဝ တွင် ရာထူးမှ နှုတ်ထွက်မည်ဟု ပြော။
 
(၁၂) ရက်။
::* ဦးဇော်ဝိတ် ခေါင်းဆောင်သော အားကစား လေ့လာရေး အဖွဲ့ ဥရောပ ရောက်။
 
(၁၃) ရက်။
::* သောင်းကျန်းသူများ ပုသိမ် ငွေတိုက်ဖောက်။
::* အောင်ဆန်းကစားကွင်း လူထုအစည်းအဝေးတွင် လက်ဝဲညီညွတ်ရေးမူကို အမျိုးသားလုပ်ငန်းစဉ်အဖြစ် သခင်နု ကြေညာ။
::* ရန်ကုန် တက္ဗသိုလ် သထုံခရိုင် ကျောင်းသူ ကျောင်းသားများ အသင်းဖွဲ့။
::* ထားဝယ်ထောင်၌ အကျဉ်းသားများ ထောင်မှူး အပေါ် မကျေနပ်၌ အစာငတ်ခံ ဆန္ဒပြ။
 
(၁၅) ရက်။
::* နေ့လည် ၂ နာရီတွင် သခင်နုနှင့် ဝန်ကြီး အဖွဲ့ နှုတ်ထွက်။ ည ရ နာရီကျော်၌ ပြန်လည်၍ ကျမ်းသစွာကျိန်။
::* The Nation သတင်းစာ စထုတ်။
 
(၁၆) ရက်။
::* ဗိုလ်နေဝင်း ဥက္ကဋ္ဌနှင့် ဦးသိန်းဖေမြင့် အတွင်းရေးမှူး အဖြစ် ပါဝင်သော လက်ဝဲ ညီညွတ်ရေး ကောင်စီ ဖွဲ့။
::* ရဲဘော်ဖြူများ တောခို။
 
(၁၈) ရက်။
::* ကွန်မြူနစ်များအား ဖမ်းဆီးစဉ်က အဖမ်းခံခဲ့ကြရသော ဒီမိုကရက်တစ် လူငယ်အဖွဲ့ ခေါင်းဆောင် ဗိုလ်သိန်းတန်၊ ဗိုလ်အောင်မင်းနှင့် ဗိုလ်ရန်အောင်တို့ အင်းစိန်ထောင်မှ လွတ်လာ။
 
(၂၃) ရက်။
::* ရန်ကုန်၌ မိုးသည်းထန်စွာ ရွာ။ ကန်တော်ကြီး ရေလွှတ်ပေါက်မှ ရေလှျံသဖြင့် ကန်တော်ကြီး တဝိုက်ရှိ အိမ်များ ရေလွှမ်းသွား။
 
(၂၅) ရက်။
::* အကြမ်းဖက် ဝါဒနှင့် လက်နက်ကိုင် ဝါဒ လက်မခံနိုင်ဟု ကေအင်ဒီအိုက ကြေညာချက်ထုတ်။
 
(၂၇) ရက်။
::* လန်ဒန်ရောက် နိုင်ငံခြားရေး ဝန်ကြီး ဦးတင်ထွတ် မြန်မာနိုင်ငံ အခြေအနေ ရှင်းလင်း ပြောကြား။
 
(၂၉) ရက်။
::* တပ်မင်းကြီး စောကြာဒိုး ရွှေကျင် ရောက်။
::* ရဲဘော်ဖြူများ တောခို။
::* လန်ဒန် ကမႝာ့အိုလံပစ် အားကစားပွဲ ဖွင့်ပွဲတွင် ဦးဇော်ဝိတ် ခေါင်းဆောင်သော မြန်မာအဖွဲ့ ပါဝင်ဆင်နွှဲ။
=== ဩဂုတ်လ ===
(၁) ရက်။
::* ဗိုလ်ချုပ် နေဝင်း (နောင် ဗိုလ်ချုပ်ကြီး နေဝင်း) ဒုတိယ စစ်ဦးစီးချုပ်နှင့် ဒုတိယ စစ်သေနာပတိ တာဝန်ယူ။
::* အုတ်တွင်းမြို့ကို သောင်းကျန်းသူများ တိုက်။
 
(၃) ရက်။
::* သထုံခရိုင်ကို ကေအင်ဒီအို သိမ်း။
 
(၅) ရက်။
::* သခင်နုက ၎င်းအိမ်သို့ သတင်းစာ ဆရာများအား ဖိတ်ကြား၍ ငြိမ်ဝပ် ပိပြားရေး၊ ဒီမိုကရေစီအရေးနှင့် ပြည်ထောင်စု တည်တံ့ရေးတို့အတွက် ရှင်းလင်းပြောကြား။
 
(၇) ရက်။
::* မအူပင် ငွေတိုက်ကို ကေအင်ဒီအိုများ ဖောက်။ အိမ်မဲ ငွေတိုက်ကို ကေအင်ဒီအိုများ ဖောက်။
 
(၈) ရက်။
::* သရက်မြို့ရှိ ဗမာ့ သေနတ်ကိုင် တပ်ရင်း (၁) နှင့် မင်္ဂလာဒုံရှိ တပ်ရင်း (၃) မှ ရဲဘော်အချို့ တောခို။
 
(၁၀) ရက်။
::* ဆူပူ သောင်းကျန်းမှုများကြောင့် ရန်ကုန်၊ မန္တလေး မီးရတားနှင့် မြစ်ဝကွျန်းပေါ်သွား ရေကြောင်း သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ ခေတ္တ ရပ်ဆိုင်း။
 
(၁၁) ရက်။
::* ရန်ကုန်မြို့နယ် နိမိတ်အတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်။
 
(၁၂) ရက်။
::* ထုံးကြီးရွာကို သောင်းကျန်းသူများ မီးရှို့။
 
(၁၄) ရက်။
::* ကရင် စစ်ရဲများက တွံ့တေးကို သိမ်း။
 
(၁၅) ရက်။
::* မော်လမြိုင်ကျွန်းမြို့ကို သောင်းကျန်းသူများ တိုက်။ ဗားနတ် ပိဋကတ် စာကြည့်တိုက် ပြန်ဖွင့်။
 
(၁၆) ရက်။
::* ဦးတင်ထွတ် နိုင်ငံခြားရေး ဝန်ကြီး ရာထူးမှ နှုတ်ထွက်။
 
(၁၈) ရက်။
::* ဗိုလ်ဇေယျ၊ ဗိုလ်ရဲထွဋ်နှင့် ဗမာ့ သေနတ်ကိုင် တပ်ရင်း (၃) မှ ရဲဘော် ၁၀ဝ ခန့် တောခို။
 
(၁၉) ရက်။
::* မြန်မာနိုင်ငံသည် အရေးကြီးသော အခြေအနေသို့ ရောက်နေပြီဟု နိုင်ငံတော် သမ္မတက ကြေညာ။
 
(၂၀) ရက်။
::* မော်ချီးမိုင်းကို ကေအင်ဒီအိုများ သိမ်း။ သထုံ ခရိုင် တခုလုံး ကေအင်ဒီအိုများ လက်သို့ ကျရောက်။
 
(၂၁) ရက်။
::* သောင်းကျန်းသူများ စခန်းချ ခိုအောင်းနေသော ပဲခူးခရိုင် ဝေါမြို့နယ်၊ ညောင်ခါးရှည်နှင့် ဘုရားဖြူရွာများကို လေတပ်က ဗုံးကြဲ တိုက်ခိုက်။ သထုံနှင့် ကျိုက္ခမီရှိ ကရင်စစ်ရဲများ အတိအလင်း ပုန်ကုန်ကြ။
 
(၂၂) ရက်။
::* နိုင်ငံခြားရေး ဌာန ဝန်ကြီး စပ်ခွန်ချို ခေါင်းဆောင်သော ထိုင်း မြန်မာ မိတ်ဆက်အဖွဲ့ ဘန်ကောက် ရောက်။
 
(၂၃) ရက်။
::* သခင်နုက တိုင်းပြည် အခြေအနေ အသံလွှင့် ပြောကြား။
 
(၂၄) ရက်။
::* ထိုင်း-မြန်မာ သံတမန် ဆက်ဆံရေး စတင်။
::* တွံ့တေးမြို့ကို အစိုးရတပ်က ပြန်သိမ်း။
 
(၂၅) ရက်။
::* ကရင်နီပြည်နယ် (ယခု ကယားပြည်နယ်) တွင် မာရှယ်လော စစ်ဥပဒေ ထုတ်။
 
(၂၉) ရက်။
::* ကရင်ပြည်နယ်ရှိ နန်းဝဲကို အစိုးရတပ်က ပြန်သိမ်း။
 
(၃၀) ရက်။
::* စစ်တောင်း အရှေ့ဘက် ဒေသများနှင့် မုပ္ပလင်ကို ကေအင်ဒီအိုများ သိမ်း။ ပန်းလုံနှင့် လွယ်လင်ရှိ ပြည်ထောင်စု စစ်ရဲတပ်မှ ကရင်စစ်ရဲများ တောခို။
::* စပ်ခွန်ချို ခေါင်းဆောင်သော ထိုင်း မြန်မာ မိတ်ဆက်အဖွဲ့ ရန်ကုန် ပြန်ရောက်။
 
(၃၁) ရက်။
::* ကေအင်ဒီအိုများက သထုံနှင့် ကျိုက်ထို ရဲဌာနတို့ကို သိမ်း။ အစိုးရတပ်များက၊ ကလကဲကို ပြန်သိမ်း။
=== စက်တင်ဘာလ ===
(၁) ရက်။
::* ဒေသအလိုက် ကိုယ်ပိုင် အုပ်ချုပ်ရေး စုံစမ်းမှု ကော်မရှင်ဖွဲ့။
::* ကရင် စစ်ရဲများ မော်လမြိုင်သိမ်း။
::* မာရှယ်လော စစ်ဥပေဒကို ခြောက်လဆက် အတည်ပြုကြောင်း ကြေညာ။
::* ဖောင်တော်သီကို သောင်းကျန်းသူများ ဝင်တိုက်။
::* ပြည်ထောင်စု အရံတပ်ရင်း (ကချင်) နှင့် (ချင်း) များ စဖွဲ့။
 
(၂) ရက်။
::* ပါလီမန်တွင် သခင်နုက ဗကပသည် အိန္ဒိယ ကွန်မြူနစ် ပါတီ၏ ဩဇာခံ ဖြစ်နေပုံ ပြော။
::* ကွန်မြူနစ် သောင်းကျန်းသူများ ထန်းတပင်ကို ဝင်တိုက်။
::* ပဲခူး-မန္တလေး အစုန်အဆန် ရထားများ ပြန်စထွက်။
::* ကလောအနီး လယ်ပြင် ဘူတာကို ကေအင်ဒီအိုများ တိုက်။
 
(၄) ရက်။
::* ကရင်နီ ပြည်နယ် (ယခု ကယားပြည်နယ်) အတွင်း စစ်ဥပဒေ ထုတ်ပြန်ထားခြင်းကို ရုပ်သိမ်း။
::* နတ္တလင်းကို အစိုးရတပ်က ပြန်သိမ်း။
::* ပင်လောင်းနယ်၊ လုံပြင်တွင်အစိုးရတပ်နှင့် အေအင်ဒီအိုများ တိုက်ပွဲဖြစ်။
 
(၅) ရက်။
::* ကော့ကရိတ်ကို ကေအင်ဒီအိုများ သိမ်း။
 
(၆) ရက်။
::* ၁၉၄၈ - ၄၉ အတွက် ဘက်ဂျက်လိုငွေ ကျပ် ၁ဝ ကုဋေကျော်သည်ဟု ပါလီမန်၌ ဘဏ္ဍာရေး ဝန်ကြီး ပြော။
::* သောင်းကျန်းသူများနှင့် အစိုးရ ကိုယ်စားလှယ်တို့ မော်လမြိုင်ဆိပ်ကမ်း မေယု စစ်သင်္ဘောပေါ်၌ စေ့စပ် ဆွေးနွေးပွဲလုပ်။
 
(၇) ရက်။
::* ပေါင်းတည်ကို အစိုးရတပ်က ပြန်သိမ်း။
::* ကေအင်ဒီအိုများက ဖာပွန်သိမ်း။
 
(၈) ရက်။
::* တောင်ငူခရိုင် ကျောက်ကြီးကို ကေအင်ဒီအိုများ သိမ်း။ ငွေတိုက်ဖောက်။
::* ကညွတ်ကွင်း ဘာတာကို သောင်းကျန်းသူ ဝိုင်းတိုက်။
 
(၉) ရက်။
::* လယ်ယာ မြေနိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေကြမ်း ကြေညာ။
::* ကေအင်ဒီအိုများ ရွှေကျင်ကို သိမ်း။
::* အစိုးရတပ်များက ပြည်မြို့ ပန်းတနော်မြို့နှင့် ညောင်တုန်းမြို့ များကို ပြန်သိမ်း။
::* ဗမာ့တပ်မတော် စစ်သေနာပတိချုပ် ဂျင်နရယ် စမစ်ဒွန်းက ကရင် အမျိုးသားများသို့ အသံလွှင့် မိန့်ခွန်းပြော။
 
(၁၁) ရက်။
::* မြန်မာ့ လေကြောင်း ပို့ဆောင်ရေးအဖွဲ့ စဖွင့်။
::* [[ကာမမြို့]]ကို အစိုးရတပ်က ပြန်သိမ်း။
::* ကေအင်ဒီအိုနှင့် အခြား သောင်းကျန်းသူများ ပေါင်း၍ ဟံသာဝတီခရိုင်၊ ကွမ်းခြံကုန်းမြို့ကို ဝိုင်းတိုက်။
 
(၁၂) ရက်။
::* စောဘဦးကြီးနှင့် ကေအင်ဒီအို ခေါင်းဆောင်များ၏ စေ့စပ်ပေးမှုကြောင့် သထုံရှိ ကေအင်ဒီအိုများနှင့် အစိုးရ နားလည်မှုရ။
::* ပဲခူးရဲဌာနကို ကေအင်ဒီအိုများ စီးရင် ကြိုးစား။
 
(၁၃) ရက်။
::* ကရင်နီ ပြည်နယ်ရှိ ထူးချောင်းကို အစိုးရတပ်က ပြန်သိမ်း။
 
(၁၄) ရက်။
::* သခင်နု ခေါင်းဆောင်သော အစိုးရအဖွဲ့သစ် ဖွဲ့။
::* ရွှေကျင်နှင့် ကျောက်ကြီးမြို့များကို ကေအင်ဒီအိုများက အစိုးရသို့ ပြန်အပ်။
 
(၁၅) ရက်။
::* ရှမ်းပြည်နယ် ဥက္ကဋ္ဌ စပ်ခွန်ချိုက ရှမ်းပြည်နယ် အခြေအနေ အသံလွှင့်ပြောကြား။
 
(၁၇) ရက်။
::* ထားဝယ်၌ ဗိုလ်မှူး အောင်နှင့် ဦးဗဆွေတို့ ကရင်-ဗမာ သွေးစည်းရေး တရားဟော။
::* ပုသိမ်၌ ကေအင်ဒီအိုက အရေးပေါ် ညီလာခံ ကျင်းပ၍ သီးခြား ကရင်နယ် တောင်းဆို။
::* လက်နက်ကိုင် သောင်းကျန်းမှုကို ရှုတ်ချကြောင်းနှင့် အဓိကရုဏ်း ဆန့်ကျင်ကြောင်းလည်း ကြေညာ။
::* မိတ္ထီလာခရိုင် ကွန်မြူနစ်ပါတီ ဌာနချုပ် ရုံးစိုက်ရာ မိတ္ထီလာမြို့နယ်နှင့် ကျောက်ပန်းတောင်း နယ်စပ်ရှိ သဲကုန်းရွာကို အစိုးရတပ်က သိမ်း။
::* စပတ်လမ်း၊ ရန်ကုန်ဂေဇက် အဆောက်အုံ အနီး ရပ်ထားသော တပ်မင်းကြီး ဦးတင်ထွတ်၏ မောင်တော်ကား အတွင်း ဗုံးပေါက်ကွဲ။
 
(၁၈) ရက်။
::* တပ်မင်းကြီး ဦးတင်ထွတ် ယမန်နေ့က ရသည့် ဗုံးပေါက်ကွဲမှု ဒဏ်ရာဖြင့် ရန်ကုန် ဆေးရုံကြီး၌ ကွယ်လွန်။
::* ကေအင်ဒီအိုနှင့် ပတ်သက်သူ Daily Mail သတင်းထောက် မစ္စတာ အလက်ဇန်းဒါးကင်းဘဲ (လ်) ရန်ကုန်၌ အဖမ်းခံရ။
::* ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့အပိုင်၊ လှဲဆိပ်ရွာတွင် ကေအင်ဒီအိုနှင့် အစိုးရတပ်တို့ တိုက်ပွဲဖြစ်။
::* [[ဒေါက်တာသန်းထွန်း]] ငါးသိုင်းချောင်း၊ ကွမ်းယားရွာနေ ဦးဘိုးမြိုင်၊ ဒေါ်စောမြတို့၏ သမီး ဒေါ်ခင်ရီ နှင့် အိမ်ထောင်ပြု။
 
(၁၉) ရက်။
::* ပြန်လည်ထူထောင်ရေးဝန်ကြီး ဗိုလ်မှူးအောင်နှင့် ဦးဗဆွေတို့ မြိတ်မြို့ရောက်။
 
(၂၀) ရက်။
::* ပဲခူးခရိုင်၊ ဘုရားကလေး ရဲဌာနကို ရဲဘော်ဖြူများ တိုက်။
::* အင်္ဂပူမြို့နယ်ရှိ မဲဇလီကုန်းကို အစိုးရတပ်က ပြန်သိမ်း။
 
(၂၁) ရက်။
::* တောင်ငူခရိုင်ရှိ ဆူးတပ်ရွာတွင် ကေအင်ဒီအိုများနှင့် အစိုးရတပ် တိုက်ပွဲဖြစ်။
::* ကရင်နီပြည်နယ်ရှိ ထူးချောင်းကို ကေအင်ဒီအိုများတိုက်။
 
(၂၂) ရက်။
::* ရွှေဘိုထောင်မှ အကျဉ်းသား ၂၂ ဦး ထွက်ပြေး၍ တမြို့လုံး ထိတ်လန့် ချောက်ချားသွား။
 
(၂၃) ရက်။
::* လွိုင်ကော်ကို ကရင်စစ်ရဲများက သိမ်း။
 
(၂၄) ရက်။
::* တောင်ကြီးနှင့် လွယ်လင် ငွေတိုက်များကို ကေအင်ဒီအိုများ ဖောက်။
::* ကျိုက္ခမီခရိုင် လမိုင်းရဲဌာနကို အစိုးရတပ်က ပြန်သိမ်း။
 
(၂၅) ရက်။
::* တောင်ကြီးရှိ ပြည်ထောင်စု ကရင် စစ်ရဲတပ် ပုန်ကန်။ ပြည်ထောင်စု စစ်ရဲမှ လွိုင်ကော်သိမ်း။ မုံရွာခရိုင် အရာတော်ရဲဌာနကို ကေအင်ဒီအိုများ ဝိုင်းတိုက်။
::* ပြည်-တိုက်ကြီး ရထားများ ပြန်ထွက်။
 
(၂၆) ရက်။
::* မင်းလှကို အစိုးရတပ်က ပြန်သိမ်း။
 
(၂၇) ရက်။
::* ညောင်လေးပင်နှင့် ငါးထပ်ကြီး ဘူတာ အကြားရှိ တံတား အမှတ် ၁၂၅ ကို ကေအင်ဒီအိုများ မိုင်းခွဲ။
 
(၂၈) ရက်။
::* သာယာဝတီမြို့၌ စစ်မင်းကြီး ဗိုလ်စိန်မှန်က သောင်းကျန်းသူ နှိမ်နင်းရေးနှင့် ကရင် ဗမာ ချစ်ကြည်ရေး တရားဟော။
::* ပန်းတနော်ကို သိမ်းထားသော ရဲဘော်ဖြူများ ပန်းတနော်မှ ထွက်ခွာသွား။
 
(၂၉) ရက်။
::* မော်လမြိုင်ခရိုင်တွင် စစ်အုပ်ချုပ်ရေး ကြေညာ။
 
(၃၀) ရက်။
::* သုံးခွနှင့် ပန်းတနော်ကို အစိုးရတပ်က ပြန်သိမ်း။
::* ကွမ်းခြံကုန်း မြို့နယ် လက်ခုတ်ကုန်းကို အလံနီများ ဝင်စီး။
::* မှော်ဘီအနီးရှိ ဇီးကွက် တံတားနှင့် တိုက်ကြီး အနီးရှိ မြယာကုန်း တံတားများကို သောင်းကျန်းသူများက ဗုံးခွဲ ဖျက်ဆီး၍ ရန်ကုန် - ပြည် ကားလမ်း ဆက်သွယ်ရေး ပြတ်။
 
=== အောက်တိုဘာလ ===
(၁) ရက်။
::* ပဲခူး-ရန်ကုန် ရထားလမ်း ပြန်ဖွင့်။
::* အရံတပ်ဖွဲ့ရေး ဥပဒေ ပါလီမန်က အတည်ပြု။
 
(၂) ရက်။
::* သတင်းစာ ဆရာများအသင်းက ကြီးမှူး၍ အသင်းဗိမာန် တည်ဆောက်ရေး ရန်ပုံငွေအတွက် "မြန်မာနိုင်ငံတော် အစိုးရသည် ဒီမိုကရေစီ စစ် မစစ်" ခေါင်းစဉ်ဖြင့် စကားရည်လုပွဲ မြို့တော်ခန်းမ၌ ကျင်းပရာ - ဒီမိုကရေစီ အစိုးရဘက်မှ ရှေ့နေချုပ် ဦးချန်ထွန်း၊ ပြန်ကြားရေး ဝန်ကြီး ဦးထွန်းဖေနှင့် ပြန်ကြားရေးဌာန အတွင်းဝန် ဦးသန့်တို့က ပြော၍ ဒီမိုကရေစီ အစိုးရ မဟုတ်သည့် ဘက်မှ သုမန၊ ဇဝနနှင့် မိုးကြိုးတို့က ပြော။
::* ပန်းတနော်ကို သူပုန်ဝင်စီး။
::* ရန်ကုန်-သန်လျင်ကြား မော်တော် သမ္ဗာန်များ ပြန်လည် ပြေးဆွဲ။
 
(၃) ရက်။
::* ခရမ်းမြို့ကို အစိုးရတပ်က ပြန်သိမ်း။ (၅) ရက်။ ဆာဦးသွင် ခေါင်းဆောင်သော ငြိမ်းချမ်းရေး အဖွဲ့ဝင်များ ရန်ကုန်ထောင်တွင်းရှိ ရဲဘော်ဖြူများနှင့် ငြိမ်းချမ်းရေး ဆွေးနွေး။
::* ဗန္ဓုလပန်းခြံ၌ လွတ်လပ်ရေး မော်ကွန်းကျောက်တိုင် ဖွင့်ပွဲ ကျင်းပ။
 
(၅-၈) ရက်။
::* စစ်တွေ၌ လေမုန်တိုင်းတိုက်၍ သိန်း ၁၀ဝ ဖိုး ခန့်ဆုံးရှုံး။
 
(၆) ရက်။
::* ပြည်မြို့အနီး မှော်ဇာဘူတာကို သောင်းကျန်းသူများ ဝင်စီး။ ရေဦး ရဲဌာနကို သောင်းကျန်းသူများ တိုက်။
 
(၇) ရက်။
::* ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဦးကျော်ငြိမ်း လန်ဒန်သွား။
::* မှော်ဘီ လေယာဉ်ကွင်းကို သောင်းကျန်းသူများ တိုက်။
 
(၈) ရက်။
::* နိုင်ငံတော် ဝန်ကြီးချုပ်အိမ်တွင် ကရင်ရေးရာ ကောင်စီဝင် အမတ်များနှင့် ဝန်ကြီးချုပ်တို့ တွေ့ဆုံ၍ ကရင်လူမျိုး သန်းခေါင်စာရင်း ကောက်ယူရေး ဆွေးနွေး။
 
(၉) ရက်။
::* လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေကြမ်းကို ပါလီမန်က အတည်ပြု။
::* မိုးသည်းထန်စွာ ရွာ၍ မြစ်ငယ်တံတား ကျိုးပြီး ရေထဲ မျောပါသွား။
 
(၁၂) ရက်။
::* ဗြိတိသျှ-မြန်မာ ငွေရေးကြေးရေး စာချုပ်ချုပ်၊
::* ရန်ကုန် - မန္တလေး မီးရတားလမ်း၊ ကွျန်းကုန်းနှင့် ရေတာရှည်ကြားရှိ တံတားအမှတ် ၂၈၄ ကို သူပုန်များ ဖျက်။
::* ဘီအေအေကွင်း၌ ကျင်းပသော အိန္ဒိယ - မြန်မာ ဘောလုံးပွဲတွင် မြန်မာက ၅ ဂိုး - ဂိုးမရှိဖြင့် နိုင်။
 
(၁၃) ရက်။
::* ဆာဦးသွင် ခေါင်းဆောင်သော ငြိမ်းချမ်းရေးအဖွဲ့ဝင်များ ရန်ကုန်ထောင်တွင်းရှိ ရဲဘော်ဖြူများနှင့် တွေ့ဆုံ ဆွေးနွေး။
::* ဂျိုးဖြူရေပိုက်ကို သောင်းကျန်းသူများ ဖျက်။
 
(၁၄) ရက်။
::* လွတ်လပ်ရေး ကြေညာသည့်နေ့က နိုင်ငံတော် သမ္မတကြီး ပြောခဲ့သည့် ဝါဒသဘောထား အတိုင်း ဆက်လက် ဆောင်ရွက်မည်ဟု ပါလီမန်၌ သခင်နုက ပြော။
 
(၁၅) ရက်။
::* လန်ဒန်မြို့ မြန်မာသံရုံး၌ စက်ဘက်အရာရှိ တာဝန်ယူမည့် ဦးထွန်းလှအောင် လန်ဒန်သို့ ထွက်ခွာ။
::* အုတ်ဖြတ်ရွာတွင် သောင်းကျန်းသူများနှင့် အစိုးရတပ်တို့ လေးနာရီကြာ တိုက်ပွဲဖြစ်။
 
(၁၉) ရက်။
::* ရန်ကုန်မြို့ သတင်းစာ ဆရာများက အသင်းတိုက်တွင် သတင်းစာ ဆရာမျးက စောဘဦးကြီး ခေါင်းဆောင်သော ကေအင်ဒီအို ခေါင်းဆောင်များအား မိတ်ဆက် လက်ဖက်ရည်ပွဲဖြင့် ချစ်ကြည်ရေးလုပ်။
 
(၂၀) ရက်။
::* ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် စုံစမ်းရေး အဖွဲ့၏ ပထမအကြိမ် အစည်းအဝေး ကျင်းပ။
::* ညောင်ဦး ရဲဌာနနှင့် ငွေတိုက် သောင်းကျန်းသူများ ဝင်စီး။
 
(၂၁) ရက်။
::* ပြန်ကြားရေး ဦးထွန်းဖေက သူ၏ ရုံးခန်း၌ သတင်းထောက်များနှင့် တွေ့၍ ပြည်တွင်း ဆူပူ သောင်းကျန်းမှု အခြေအနေ လျော့သွားကြောင်း ရှင်းပြ။
::* ရန်ကုန်မှ ဒေးဒရဲ၊ ကျိုက်လတ် ရေလမ်းခရီး ပြန်ဖွင့်။
 
(၂၂) ရက်။
::* မွန် - ကေအင်ဒီအိုများက သထုံခရိုင်၊ ပေါင်ရဲဌာနမှ လက်နက်များ သိမ်း။
::* ကမ္ဘာ့ ကုလသမဂ္ဂမှ ဓာတ်ပုံဘက်ဆိုင်ရာ ပါရဂူ တဦး မြန်မာနိုင်ငံ၏ အခြေအနေများ ဓာတ်ပုံရိုက်ရန်၊ ရန်ကုန်ရောက်။
 
(၂၃) ရက်။
::* ဆာဦးသွင် ခေါင်းဆောင်သော ငြိမ်းချမ်းရေး အဖွဲ့ဝင်များ ပုသိမ်၌ ရဲဘော်ဖြူများနှင့် တွေ့ဆုံဆွေးနွေး။
::* မြောင်းမြမြို့ ကရင်လူထု အစည်းအဝေးက သီးခြား ကရင်ပြည်နယ် ရရှိရေးကို လူထုဆန္ဒနှင့် ဥပဒေနှင့် အညီ လုပ်ရန် ဆုံးဖြတ်။
 
(၂၄) ရက်။
::* ဗြိတိသျှ အစိုးရကို မြန်မာ့ ပြည်တွင်းရေး အခြေအနေ ရှင်းပြရန် နိုင်ငံခြားရေး ဝန်ကြီး ဦးကျော်ငြိမ်း လန်ဒန်ရောက်။
::* ဥရောပ အမေရိကနှင့် တရုတ်နိုင်ငံတို့တွင် ကျန်းမာရေးနှင့် အားကစား လုပ်ငန်းများ လေ့လာခဲ့ကြသော [[ဦးဇော်ဝိတ်]]တို့ အဖွဲ့ ရန်ကုန် ပြန်ရောက်။
 
(၂၅) ရက်။
::* သခင်နုနှင့် လူနည်းစုရေးရာ ဝန်ကြီး ဦးညိုထွန်းတို့ သံတွဲ၌ တရားဟော။
::* ပုသိမ်၌ ကွန်မြူနစ် သောင်းကျန်းသူ ၆၃ ဦး အလင်းဝင်။
 
(၂၆) ရက်။
::* ကေအင်ဒီအိုနှင့် မွန်သူပုန်တို့က မတ္တမ ရဲဌာနရှိ လက်နက်များ သိမ်း။
::* ထန်းတပင်ကို သူပုန် ၄၀ဝ ခန့် ဝင်စီး။
 
(၂၈) ရက်။
::* မော်လမြိုင်၌ ရဲဘော်ဖြူ အချို့ လက်နက်ချ။
 
(၂၉) ရက်။
::* ဒေသအလိုက် ကိုယ်ပိုင် အုပ်ချုပ်ခွင့် စုံစမ်းရေး ကော်မရှင်၏ ဒုတိယ အကြိမ် အစည်းအဝေး ကျင်းပ။
::* ဖျာပုံခရိုင် မြင်းကကုန်းရွာကို အစိုးရတပ်က ပြန်သိမ်း။
::* ထောက်ကြန့် ရဲဌာနကို သောင်းကျန်းသူတို့ တိုက်။
::* ဦးတင်ထွတ်အား လုပ်ကြံသူကို ဖော်နိုင်သူ၊ ဆုငွေ ၁၀,၀၀ဝိ/- ပေးမည်ဟု ကြေညာ။
 
(၃၀) ရက်။
::* တွံ့တေးမြို့ကို ကေအင်ဒီအိုများ သိမ်း။
::* သခင်ဗစိန် နေအိမ်၌ သခင်ခေါင်းဆောင်များ တွေ့ဆုံ၍ တို့ဗမာ အစည်းအရုံး အမည် မသုံးဘဲ စိတ်သဘောတူသူများ ပါတီသစ်ဖွဲ့ရန် ဆုံးဖြတ်။
::* သရက်မြို့၌ မိနစ်ဝက်ခန့် ငလျင်လှုပ်။
 
=== နိုဝင်ဘာလ ===
(၁) ရက်။
::* ပုသိမ်၌ ငြိမ်းချမ်းရေး လုပ်ငန်းများ လူထု ထောက်ခံပွဲ လုပ်။
::* ဟင်္သာတတွင် ကရင် ဗမာ ချစ်ကြည်ရေး တရားပွဲ ကျင်းပ။
::* ဒေးဒရဲမြို့နယ် တော်လှကင်းဂါတ်ကို သောင်းကျန်းသူ ဝိုင်းပစ်။
::* သခင် သန်းထွန်း၏ ဇနီး ဒေါ်ခင်ကြီးနှင့် ဘသိန်းတင်၏ ဇနီးဒေါ်ခင်မေတို့ကို ပျဉ်းမနားတွင် ဖမ်းမိ။
 
(၃) ရက်။
::* သတင်းစာဆရာများ အသင်းတိုက်၌ မြန်မာ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဖယ်ယာဝယ်သာ ဦးဘအေးက ပြည်သူပိုင် လုပ်ငန်းကို အစိုးရ အလျင်စလို မလုပ်သင့်ကြောင်း ရှင်း။
 
(၄) ရက်။
::* အနောက်နိုင်ငံများတွင် ပညာရေး လုပ်ငန်းများ လေ့လာခဲ့သော မြို့မ ကျောင်းအုပ်ကြီး ဦးဘလွင် ရန်ကုန် ပြန်ရောက်။
::* အိန္ဒိယနှင့် မြန်မာ ဘောလုံးအသင်းတို့ ကစားကြရာ အိန္ဒိယ အသင်းက သုံးဂိုး တစ်ဂိုးဖြင့် နိုင်။
::* ပေါင်းတည်မြို့ကို သူပုန်စီး။
 
(၅) ရက်။
::* ဆင်ပေါင်ဝဲကို အစိုးရတပ်က ပြန်သိမ်း။
 
(၆) ရက်။
::* ဗိုလ်သောင်းရွှေ ခေါင်းဆောင်သော သရက်ခရိုင်မှ သောင်းကျန်းသူ ၁၂ ယောက် လက်နက်များဖြင့် လာရောက် အဖမ်းခံ။
 
(၇) ရက်။
::* တိုက်ကြီးရဲဌာနကို သူပုန် ဝင်တိုက်။
::* ရန်ကုန်နှင့် ပြည်ကြား မီးရထားလမ်း တံတားများ ပြင်ဆင်ပြီး။
 
(၈) ရက်။
::* နိုင်ငံတော် ဆရာ အတတ်သင် သိပ္ပံကျောင်းတွင် ဆရာ ဆရာမများ တလ ဉာဏ်သစ်လောင်း သင်တန်း ဖွင့်ပွဲကို ပညာရေး ဝန်ကြီး ဦးဝင်းက ဖွင့်ပေး။
 
(၉) ရက်။
::* သာယာဝတီထောင်ရှိ စစ်ကိုင်းမြို့နယ် အတွင်းမှ ဖမ်းဆီးထားသော ပုဒ်မ ၅ အချို့ကို ပြန်လွှတ်။
 
(၁၀) ရက်။
::* အင်းစိန်ခရိုင် လှိုင်မြစ်ကမ်းပေါ်ရှိ ပျဉ်းမကုန်းရွာ၌ အစိုးရတပ်နှင့် သူပုန်များ တိုက်ပွဲဖြစ်။
::* ဓါတ်ဆီ တဂါလံ (၂)ကျပ်နှုန်း အစိုးရက သတ်မှတ်။
 
(၁၁) ရက်။
::* သံတွဲအသင်း စည်းရုံးရေးမှူး ဦးဘတင်က သံတွဲခရိုင်က မြန်မာပြည်မနှင့် မခွဲလိုကြောင်း ပန်းဆိုးတန်း သတင်းထောက်များ အသင်းတိုက်၌ သတင်းစာ ဆရာများအား ပြော။
::* မုံရွာခရိုင်၊ အရာတော်မြို့ကို ကွန်မြူနစ် တပ်နီ ၂၀ဝ ခန့် ဝိုင်းတိုက်။
::* ဒိုက်ဦးမြို့အနီး မြို့ရိုးရွာကို သောင်းကျန်းသူ ၂၀ဝ ခန့် ဝင်စီး။
::* မောင်တော၌ အစိုးရတပ်နှင့် သောင်းကျန်းသူများ တိုက်ပွဲဖြစ်။
 
(၁၂) ရက်။
::* ရန်ကုန်နှင့် နတ္တလင်းကြား မီးရထား ပြန်ထွက်။
::* ဗိုလ်အေးဖေအား သစ္စာဖောက်မှုဖြင့် သေဒဏ်ချမှတ်။
 
(၁၃) ရက်။
::* ဆာဦးသွင် ခေါင်းဆောင်သော ငြိမ်းချမ်းရေး အဖွဲ့ဝင်များ ရန်ကုန် ထောင်တွင်းရှိ ရဲဘော်ဖြူ ခေါင်းဆောင် ရှစ်ဦးနှင့် တွေ့ဆုံဆွေးနွေး။
::* ရခိုင်ပြည်နယ်က ပြည်ထောင်စု နိုင်ငံတော် အပါအဝင် ပြည်နယ် တခုအဖြစ် ပါဝင်လိုကြောင်း။ ဝတ်လုံတော်ရ ဦးထွန်းအောင်၊ ပင်စင်ရ စက်ရှင်မင်းကြီး ဦးထွန်းအောင်၊ ဦးဘိုးညွန့် (ကျောက်ဖြူ)၊ ဦးထွန်းကြိုင် (သံတွဲ)၊ ဦးလှထွန်းဖြူတို့က သတင်းစာဆရာများ အသင်းတိုက်၌ သတင်းစာ ဆရာများအား ပြော။
 
(၁၄) ရက်။
::* ဆာဦးသွင် ခေါင်းဆောင်သော ငြိမ်းချမ်းရေး အဖွဲ့၏ လုပ်ငန်းများ ထောက်ခံပွဲ ပုသိမ်၌ ကျင်းပ။
::* ပန်းတနော် ရဲဌာနကို သောင်းကျန်းသူများ ဝိုင်းတိုက်။
 
(၁၅) ရက်။
::* မဟာသံဃ အဖွဲ့ချုပ်မှ အမေရိကန်နိုင်ငံ ဝါရှင်တန် စာကြည့်တိုက်အတွက် ဗုဒ္ဓစာပေများ လှူဒါန်းပွဲ သမ္မတ အိမ်တော်၌ ကျင်းပ။
::* ကသာတွင် [[ငလျင်လှုပ်ခြင်း|ငလျင်]]လှုပ်။ အပျက်အစီး မရှိ။
 
(၁၆) ရက်။
::* ရုံးချိန်များကို နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ ပြောင်းလဲ သတ်မှတ်။
::* နံနက် ၉ နာရီ ၁၂ မိနစ်တွင် ရန်ကုန်၌ ငလျင် အနည်းငယ်လှုပ်။
 
(၁၇) ရက်။
::* သရက်ခရိုင်၊ အင်းမရွာ၌ အစိုးရတပ်နှင့် သောင်းကျန်းသူများ တိုက်ပွဲဖြစ်။
 
(၁၉) ရက်။
::* ရန်ကုန်မြို့ရှိ အာအီးတီ ကုမ္ပဏီပေါင်း ၁၁ ခုမှ အလုပ်သမား ၁,၀၀ဝ ခန့် ထိုင်သပိတ်မှောက်။
 
(၂၀) ရက်။
::* ဟင်္သာတမြို့နယ် နိဗ္ဗာန်တိုက်နယ်မှ ရဲဘော်ဖြူ ၁၂ ယောက် အလင်းဝင်။
 
(၂၁) ရက်။
::* ငြိမ်းချမ်းရေးအဖွဲ့လုပ်ငန်းများ ထောက်ခံပွဲ ဟင်္သာတ၌ ကျင်းပ။
::* သံတွဲခရိုင်၊ အလံနီ သောင်းကျန်းသူတို့၏ ဌာနချုပ် ရှိသော အင်းတိုင်ကြီးရွာကို အစိုးရတပ်က သိမ်း။
 
(၂၂) ရက်။
::* ဆာဦးသွင် နေအိမ်၌ ငြိမ်းချမ်းရေး အဖွဲ့ဝင် လူကြီးများနှင့် တောခို ရဲဘော်ဖြူ ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေး။
::* ဟင်္သာတ ထောင်ရှိ ပုဒ်မ ၅ အချို့လွှတ်။
::* ဆင်ပေါင်ဝဲမြို့ကို ခုနစ်နာရီကြာမျှ သောင်းကျန်းသူများ ဝိုင်းတိုက်။
 
(၂၃) ရက်။
::* သခင်နုနေအိမ်၌ ငြိမ်းချမ်းရေး အဖွဲ့ဝင် လူကြီးများနှင့် ရဲဘော်ဖြူ ခေါင်းဆောင်များ မိတ်ဆက် တွေ့ဆုံပွဲလုပ်။
 
(၂၄) ရက်။
::* ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်သူ့ ဒီမိုကရေစီ တပ်ပေါင်းစု ဖွဲ့စည်းရေးနှင့် ဒီမိုကရေစီ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းရေး တောင်းဆိုချက်ပါသည့် ကြေညာချက်ကို တောခို ရဲဘော်ဖြူများက ထုတ်ပြန်။
::* ပဲခူး - ဝေါ မီးရထား ပြန်ထွက်။
::* ကာမမြို့ကို သောင်းကျန်းသူများ ဝိုင်းတိုက်။
 
(၂၅) ရက်။
::* ပုသိမ်ထောင်မှ ပုဒ်မ ၅ သမား ၃၉ ဦးလွှတ်။
::* နောင်ပတ္တရား ဘူတာ အလွန် နံပါတ် ၁၃ မီးရထား တံတားကို ကွန်မြူနစ် သောင်းကျန်းသူများ ဖျက်။
 
(၂၆) ရက်။
::* စစ်ကိုင်းခရိုင် အမြင့်ရွာ အရှေ့ဘက်တွင် အစိုးရတပ်နှင့် သောင်းကျန်းသူများ တိုက်ပွဲဖြစ်။
 
(၂၈) ရက်။
::* ကေအင်ဒီအိုများက အစိုးရကို တိုက်ရန် ကချင်များထံမှ စစ်ကူတောင်းကြောင်း ဆမားဒူးဝါး ဆင်ဝါးနောင်က သခင်နုထံ အစီရင်ခံ။
::* ရန်ကုန်မြို့ရှိ ဘတ်(စ်)ကားများ သပိတ်မှောက်။
::* ရန်ကုန်မှ ၁ဝ မိုင်ကွာရှိ တာဝဆိပ်ကမ်း၌ သူပုန်နှင့် အစိုးရတပ်တို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်။
::* ပဲခူးခရိုင် ကမာစဲရွာကို အစိုးရတပ်က ပြန်သိမ်း။
::* ကေအင်ဒီအိုများက သထုံ ရဲဌာနမှ လက်နက်များ သိမ်းယူ။
::* အစိုးရက ဖမ်းထားသော ဒေးလီးမေး(လ်) သတင်းထောက် ကင်းဘဲလ်အား လန်ဒန် ပြန်လွှတ်။
 
(၂၉) ရက်။
::* အစိုးရနှင့် စေ့စပ်ရေး အောင်မြင်နိုင်မည့် အချက် ၁၃ ချက်ပါ ကြေညာချက်ကို ပြည်သူ့ ရဲဘော် အဖွဲ့ချုပ်က ထုတ်ပြန်။
 
(၃၀) ရက်။
::* ရဲဘော်ဖြူ ခေါင်းဆောင် ဗိုလ်လရောင်က ဌာနချုပ်က ငြိမ်းချမ်းရေးကို လက်ခံလိုက်ပြီ ဖြစ်၍ ဌာနချုပ်၏ ညွှန်ကြားချက်အတိုင်း လိုက်နာကြရန် အသံလွှင့်ပြော။
::* လွိုင်ကော်ကို အစိုးရတပ်က ပြန်သိမ်း။
 
=== ဒီဇင်ဘာလ ===
(၁) ရက်။
::* ရန်ကုန်ထောင် အတွင်းမှ ပုဒ်မ ၅ အချို့ ပြန်လွှတ်။
::* တိုက်ကြီးမြို့ကို သူပုန် ဝင်စီးသော်လည်း မအောင်မြင်။
::* ဗမာပြည် ဒီမိုကရက်တစ် အဖွဲ့ချုပ် ခေါင်းဆောင်များ အစည်းအဝေးက ပြည်တွင်း ငြိမ်းချမ်းရေး ထူထောင်ရန် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ရန်နှင့် ဒီမိုကရက်တစ် အခွင့်အရေးများ ပေးရန် တောင်းဆို။
 
(၃) ရက်။
::* လက်ရှိ ဗမာပြည်၏ အခြေအနေသည် ရင်လေးစရာ ဖြစ်နေသည်ဟု သခင်နု ပြော။
::* မုံရွာခရိုင် တောခို ရဲဘော်ဖြူများ၏ လက်နက်အပ်ပွဲ မုံရွာ တဘက်ကမ်းရှိ ညောင်ပင်ကြီး စခန်း၌ ကျင်းပ။
::* တိုက်ကြီးမြို့ မြောက်ဘက် တမိုင်ကွာရှိ ဂျိုးဖြူ တံတား၌ အစိုးရတပ်နှင့် သောင်းကျန်းသူများ ၃ နာရီကြာ တိုက်ပွဲဖြစ်။
 
(၄) ရက်။
::* ကိုယ်ထင်ရာကိုယ် လှျောက်လုပ်နေကြသည့် နိုင်ငံရေးသမားများ ရပ်တန်းက ရပ်ကြပါဟု သခင်နုက အသံလွှင့် ပြောကြား။
::* ရန်ကုန်ထောင် တဝိုက်၊ အတွင်းဝန်ရုံး တဝိုက်နှင့် ရန်ကုန်မြစ် အတွင်းမှအပ။ ညမထွက်ရ အမိန့်ရုပ်သိမ်း။
::* မုံရွာ ထောင်တွင်းရှိ ပုဒ်မ ၅ ဖြင့် အဖမ်းခံထားရသော ရဲဘော်ဖြူ ရဝ ကျော်ကို လွှတ်။
 
(၅) ရက်။
::* ကန်တော်မင် ပန်းခြံ၌ သခင် ကိုယ်တော်မှိုင်း ကြီးမှူးသော အေးချမ်းသာယာရေးအဖွဲ့က ငြိမ်းချမ်းရေး လုပ်ငန်းများ ထောက်ခံပွဲ ကျင်းပ။
 
(၆) ရက်။
::* ကချင်ပြည်နယ် ဝန်ကြီး ဆမားဒူးဝါး ဆင်ဝါးနောင်က လောလောဆယ် ဖြစ်ပေါ်နေသော မြန်မာပြည် အခြေအနေကို သတင်းစာ ဆရာများအား ရှင်းလင်း ပြောကြား။
::* ပုသိမ်မှ လာသော ဝါးကိုင်း သင်္ဘောကို ကဝက်ကင်းရွာ အနီး၌ ကေအင်ဒီအိုများက တိုက်။ လူရှစ်ဦး သေ။ ပစ္စည်း သုံးသိန်းဖိုး ပါသွား။
 
(၇) ရက်။
::* အင်းစိန်ခရိုင် ထန်းတပင် အနီး၌ အစိုးရတပ်နှင့် သူပုန်များ တိုက်ပွဲဖြစ်။
::* ဘားအံ့ - မော်လမြိုင်ကြား မော်တော်ဘုတ်များ သွားလာခြင်းကို ကေအင်ဒီအိုများက ပိတ်။
 
(၈) ရက်။
::* သခင်နု နေအိမ်တွင် ဖဆပလအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကျင်းပ၍ လက်ငင်း နိုင်ငံရေး ပြဿနာကို ပြတ်ပြတ်သားသား ဖြေရှင်းရေး ဆွေးနွေး။
::* ဒေသအလိုက် ကိုယ်ပိုင် အုပ်ချုပ်ရေး စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်များ ပုသိမ်သွား။
::* ထားဝယ်၊ ကလိန်အောင် ရွာရှိ ပြည်ထောင်စု ရဲစခန်းကို ကေအင်ဒီအိုများ တိုက်။
 
(၉) ရက်။
::* မြန်မာနိုင်ငံ အခြေအနေကို ဗြိတိသှျ အစိုးရအား ရှင်းလင်း ပြောကြားခဲ့သော နိုင်ငံခြားရေး ဝန်ကြီး ဦးကျော်ငြိမ်း ရန်ကုန် ပြန်ရောက်။
::* ကရင်နှင့် ဗမာ အထင် မလွဲကြဘဲ မေတ္တာဖြင့် အလုပ်လုပ်ကြရန် ကေအင်ဒီအို ခေါင်းဆောင် စောသာဒင်နှင့် သရာသာထိုတို့က သတင်းစာ ဆရာများ အသင်းတိုက်၌ သတင်းစာ ဆရာများအား ပြော။
::* ထားဝယ် ခရိုင်ရှိ ဝင်းဝနှင့် ကျောက်မဲဒေါင် ရဲစခန်းများကို ကေအင်ဒီအိုများ တိုက်။
 
(၁၀) ရက်။
::* မြန်မာနိုင်ငံ ကုန်သည်ကြီးများ အသင်း အထူး အစည်းအးဝေး၌ "နိုင်ငံ စီးပွားရေးကို လက်ဝဲနဲ့လဲ လုပ်မရနိုင်" ဟု သခင်နု ပြော။
::* ပြန်ကြားရေး ဝန်ကြီး ဦးထွန်းဖေက သတင်းစာ ဆရာများ အသင်း အမှုဆောင် လူကြီးများနှင့် တွေ့၍ လူမျိုးရေး အထင်လွဲမှားမှုနှင့် နိုင်ငံခြား ဆက်ဆံရေး ထိခိုက်မည့် အရေးအသားများ ရှောင်ရှားကြရန် ပြော။
::* ကရင်ပြည်နယ် သီးခြား ထူထောင်ရေး ကန့်ကွက်ပွဲ ထားဝယ်၌ ကျင်းပ။
 
(၁၁) ရက်။
::* သောင်းကျန်းသူများ ဂျိုးဖြူ ရေလှောင်ကန် ဖျက်။
 
(၁၂) ရက်။
::* သခင်နုနေအိမ်၌ သခင်နုနှင့် ရှမ်းစော်ဘွား ရှစ်ဦး တွေ့ဆုံကြရာတွင် ပြည်ထောင်စု အန္တရာယ်ကို တိုင်းရင်းသားများ လက်တွဲ ကာကွယ် သွားကြရန် သဘောတူကြ။
 
(၁၃) ရက်။
::* မြန်မာပြည် သတင်းထောက်များ အသင်းတိုက်၌ "မြန်မာပြည် ရင်လေးစရာ မရှိပြီ" ဟု သခင်နု ပြော။
::* စော်ဘွားများ အသင်း ဒုတိယဥက္ကဋ္ဌ သာမိုင်းခမ်း စော်ဘွားက ပြည်ထောင်စု အန္တရာယ်ကို တိုင်းရင်းသားများနှင့် လက်တွဲ၍ ကာကွယ်သွားမည်ဟု သတင်းစာ ဆရာများအား ပြော။
::* ကမာရွတ်ကို လူဆိုး ၁၀ဝ ခန့် လက်နက်မျိုးစုံနှင့် ဝင်စီး။
::* သိမ်ဆိပ် ရဲစခန်းမှ လက်နက်များကို ကေအင်ဒီအိုများက သိမ်းယူ။
 
(၁၄) ရက်။
::* နယ်မြေ အခြေအနေ လေ့လာရန် သခင်နု မြစ်ကြီးနား ရောက်။
::* အိန္ဒိယတွင် ကျင်းပမည့် ကမာ္ဘ့ ကျောင်းသားများ ကွန်ဖရင့် တက်ရန်၊ ကိုညီညီ၊ ကိုစောလွင်နှင့် ကိုတင်ရွှေတို့ ရန်ကုန်မှ ထွက်ခွာ။
::* ဖျာပုံတွင် ကရင် - ဗမာ ညီညွတ်ရေး တရားပွဲ ကျင်းပ။
::* နတ္တလင်း အရှေ့ဘက် သုံးမိုင်ကွာရှိ တံတားကို သောင်းကျန်းသူများ မီးရှို့ ဖျက်ဆီး။
 
(၁၅) ရက်။
::* ရန်ကုန်ထောင်ရှိ ရဲဘော်ဖြူ ၄၈ ယောက်ကို လွှတ်။
::* ထားဝယ်၌ သောင်းကျန်းသူ ရှုတ်ချပွဲ ကျင်းပ။
::* မှော်ဘီတွင် အစိုးရတပ်နှင့် သောင်းကျန်းသူများ တိုက်ပွဲဖြစ်။
 
(၁၆) ရက်။
::* မြစ်ကြီးနား တရားပွဲ၌ မိုက်ရင် ကျွန်ပြန်ဖြစ်မည်ဟု သခင်နု ပြော။
 
(၁၇) ရက်။
::* ထားဝယ်ခရိုင် ကန်ဘောက်ရွာကို ကေအင်ဒီအိုများ သိမ်း။
::* မြိတ်ခရိုင် ပလောင်ရှိ သတ္တုတွင်းများကို ကေအင်ဒီအိုများက လည်းကောင်း၊ မော်လမြိုင်ခရိုင် ကတိုးရွာကို မွန်သောင်းကျန်းသူများက လည်းကောင်း တိုက်ကြ။
 
(၁၈) ရက်။
::* ကရင်ရေးရာ ဝန်ကြီး မန်းဘဆိုင်က သတင်းစာ ဆရာများ အသင်းတိုက်၌ ကရင်-ဗမာ ချစ်ကြည်ရေး ရှင်းလင်း ပြောကြား။
::* အလေးမ အသင်းကြီး ကြီးမှူး၍ အလေးမပြိုင်ပွဲနှင့် အငယ်တန်း မောင်ဗမာ ရွေးပွဲ ဘီအေအေကွင်း၌ ကျင်းပ။
::* တောင်ငူ ခရိုင်တွင်းမှ ဖမ်းထားသော ပုဒ်မ ၅ အကျဉ်းသမား ရ၉ ဦးလွှတ်။
 
(၁၉) ရက်။
::* ရန်ကုန်မြို့လုံးကွျတ် နယ်ချဲ့ ရှုတ်ချပွဲနှင့် နယ်ချဲ့သူလှျို နှင်ထုတ်ရေး လူထုစည်းဝေးပွဲ ကန်တော်မင် ပန်းခြံ၌ သတင်းစာ ဆရာများ အသင်းက ဦးစီး ကျင်းပ။
::* ပဲခူးမြို့နယ် ပြည်သူ့ ရဲဘော်ဖြူများ ညီလာခံက၊ ကေအင်ဒီအိုများ အားရှုတ်ချကြောင်း ဆုံးဖြတ်။
::* မြိတ်မှ ကရင် စစ်ရဲများ လက်နက်ချ။
 
(၂၀) ရက်။
::* တိုက်ကြီးမြို့၌ လူမျိုးပေါင်းစုံ ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေး တရားပွဲ ကျင်းပ။
::* ဟင်္သာတမြို့ ကရင်လူထု အစည်းအဝေးက သီးခြား ကရင်ပြည်နယ် မလိုချင်၊ ဗမာနဲ့ မခွဲချင်ဟု ဆုံးဖြတ်။
::* မြိတ်မြို့ လူထု အစည်းအဝေးပွဲက မြိတ်ခရိုင်သည် မြန်မာပြည်မနှင့် မခွဲလိုကြောင်း ဆုံးဖြတ်။
::* မြိတ်မြို့ရှိ ပြည်ထောင်စု စစ်ရဲအဖွဲ့မှ ကရင်များ လက်နက်ချက်။
::* ရမည်းသင်း ခရိုင်မှ သောင်းကျန်းသူ အချို့ လာရောက် အဖမ်းခံ။
::* ငဇွန်၊ ချောင်းဦးနှင့် စစ်ကိုင်းခရိုင်မှ ရဲဘော်ဖြူအချို့ အလင်းဝင်။
 
(၂၁) ရက်။
::* ရှမ်းရေးရာ ဝန်ကြီး စပ်ခွန်ချို၏ ရုံးခန်း၌ တောင်တန်းဒေသ ဆိုင်ရာ ဝန်ကြီးများ အထူး အစည်းအဝေး ကျင်းပ၌ အခြေအနေ ဆိုးဝါးနေသော ကရင်ပြည်နယ် ကိစ္စ ဆွေးနွေး။
::* သတင်းထောက်များ အသင်းတိုက်၌ အင်္ဂလန်နှင့် အမေရိကန်ပြည် ဦးဘလွင်က ပညာရေးလုပ်ငန်း အတွေ့အကြုံများ ရှင်းလင်း ပြောကြား။
::* ထားဝယ်ခရိုင်၊ ကလိန်အောင်ကို အစိုးရတပ်က ပြန်သိမ်း။
 
(၂၂) ရက်။
::* စစ်ကိုင်း သုဓမ္မာဂိုဏ်းချုပ် ဆရာတော် ဦးသုဇာတ၊ သက်တော် ၉၄ နှစ်၊ ဘဝနတ်ထံ ပျံလွန်တော်မူ။
::* ဒေသအလိုက် ကိုယ်ပိုင် အုပ်ချုပ်ရေး စုံစမ်းမှု ကော်မရှင် အဖွဲ့ဝင်များ ဟင်္သာတ ရောက်။
::* ရန်ကုန် တက္ကသိုလ် မြန်မာ အသင်းကြီး၏ နှစ်ပတ်လည် ဆုနှင်း သဘင်ပွဲ ယုဒသန် ခန်းမ၌ ကျင်းပ။
::* ထားဝယ်ခရိုင်၊ ကန်ဘောက်ကို အစိုးရတပ်က ပြန်သိမ်း။
 
(၂၃) ရက်။
::* တကသမှ ကြီးမှူး၍ ဂျပ်ဆင် ကောလိပ် ခန်းမတွင် နယ်ချဲ့သမားကို ရှုတ်ချသည့် ကျောင်းသားထု အစည်းအဝေး ကျင်းပ။ ဒတ်(ခ်ျ)သံရုံးကို အားလူး - ဘဲဥ - ခရမ်းချဉ်သီးများနှင့် ပေါက်၍ ဆန္ဒပြ။
::* ပုသိမ်၌ တောခို ရဲဘော်ဖြူ ၃၈၇ ယောက် အလင်းဝင်။
 
(၂၆) ရက်။
::* ဗမာနိုင်ငံလုံး ဆိုင်ရာ လူငယ်များ အစည်းအရုံး၏ အထူးပြည်လုံးကွျတ် ညီလာခံက ဖဆပလမှ နှုတ်ထွက်ရန် ဆုံးဖြတ်။
 
(၂၇) ရက်။
::* မအူပင်မြို့နယ်တွင် ကရင်-ဗမာ ညီညွတ်ရေး တရားဟောရန် ဝန်ကြီး မန်းဘဆိုင်နှင့် ဦးဝင်းတို့ မအူပင် သွား။
::* လူငယ် အစည်းအရုံး ဥက္ကဋ္ဌ ဦးဘဂျမ်းက ဝန်ကြီး ရာထူးမှ လည်းကောင်း၊ ဖဆပလ အဖွဲ့မှ လည်းကောင်း၊ နှုတ်ထွက်လွှာ တင်။
 
(၂၉) ရက်။
::* ဆာဦးသွင် ခေါင်းဆောင်သော ငြိမ်းချမ်းရေး အဖွဲ့က ညီညွတ်ရေး ရပြီဟု ကြေညာချက်ထုတ်။
::* ပျဉ်းမနားနယ် သစ်ဆိမ့်ပင်ရွာ၌ သောင်းကျန်းသူများနှင့် အစိုးရတပ်များ တိုက်ပွဲဖြစ်။
 
(၃၀) ရက်။
::* တောင်ငူ ငွေတိုက်နှင့် သာပေါင်း ငွေတိုက်တို့ကို ကေအင်ဒီအိုများ ဖောက်။
 
(၃၁) ရက်။
::* ပန်းတနော်ကို ကေအင်ဒီအိုများ တိုက်။
[[rue:1948]]
 
 
[[Category:၁၉၄၈]]
စာကြောင်း ၁၀၃၈ -
[[ro:1948]]
[[ru:1948 год]]
[[rue:1948]]
[[sah:1948]]
[[scn:1948]]
"https://my.wikipedia.org/wiki/၁၉၄၈" မှ ရယူရန်