ဩဂတ်စတက်ဆီဇာ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၃ -
 
== ငယ်စဉ်ဘဝ ==
အမည်ရင်းမှာ '''ဂီယာ့စ် အောက်တေဗီယာ့စ်အော်တေးဗီယာ့စ်''' (Gaius Octavius) ဖြစ်ပြီး အများက '''အော်တေးဗီးယန်း''' (Octavian) ဟု အခေါ်များသည့် ဩဂတ်စတက်ဆီဇာကို မိဘများသာမက အဖိုးဖြစ်သူကပါ သားအဖြစ်မွေးစားပြီး လူလားမြောက်ချိန်ထိ နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် ပတ်သက်သည့် ပညာရပ်များကို ထိုအဖိုးက ကောင်းစွာသင်ကြားပေးခဲ့သည်။ အဖိုးမှာ အခြားသူမဟုတ်။ နာမည်ကြီး [[ဂျုးလိယက်ဆီဇာ]] (Julius Caesar) (ဘီစီ ၁၀၀-၄၄) ဖြစ်သည်။ ဘီစီ ၄၄ တွင် ဂျူးလိယက်ဆီဇာ လုပ်ကြံခံရပြီး ရောမနိုင်ငံရေးနယ်ပယ်တွင် အဆက်မပြတ် အာဏာလုပွဲများ ဖြစ်ခဲ့ရပြီး ပြည်တွင်းစစ်ဟု ဆိုရလောက်အောင်ပင် စစ်ပွဲများဖြစ်ခဲ့သည်။
 
== အာဏာရရန် စွမ်းဆောင်ခြင်း ==
အော်တေးဗီးယန်း တစ်ယောက်လည်း ထိုစစ်ပွဲများ၊ အာဏာလုပွဲများတွင် ပါဝင်ခဲ့သည်။ လူငယ်ဖြစ်သည့်အပြင် [[ဂျုးလိယက်ဆီဇာ]]၏ဂျုးလိယက်ဆီဇာ၏ မွေးစားသားဖြစ်သည် ဆိုသည့်ဂုဏ်လောက်သာရှိသဖြင့် အများကပင် ဂရုတစိုက်မရှိခဲ့ကြပေ။ သို့သော် အဖိုး၏ပညာအမွေကို ကောင်းစွာဆက်ခံခဲ့သည့် အောက်တာဗီယံသည် ထိုအချက်ကိုပင် ပါးနပ်စွာအသုံးချပြီး [[ဂျူးလိယက်ဆီဇာ]]၏ သူရဲကောင်း ၃၀၀၀ ဖြင့် ဖွဲ့စည်းခဲ့သည့် မြင်းတပ် (လီဂျင်းစ်-Legions) ၏ ထောက်ခံမှုကို အလျင်ရယူသည်။ ထိုနောက် ပြိုင်ဖက်များကို ဖယ်ရှားပြီး ထိပ်ဆုံးရောက်သည်အထိ တက်လှမ်းခဲ့သည်။ သို့သော် အများစုဖြစ်သည့် ကျန်တပ်ဖွဲ့များက အော်တေးဗီးယန်း၏ မိတ်ဆွေရင်းဖြစ်သူ [[မက်ခ် အန်တိုနီ]] (Mark Antony) ကို ထောက်ခံခဲ့ကြသဖြင့် စစ်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီးနောက် စစ်ခဏနားချိန် ဘီစီ ၃၆ တွင် [[ရောမ]]၏နယ်ပယ်ကြီးမှာ အရှေ့နှင့်အနောက်ဟု ထင်ထင်ရှားရှားပင် နှစ်ခြမ်းကွဲတော့သည်။ အရှေ့ဖက်ခြမ်းကို မက်ခ် အန်တိုနီက အုပ်ချုပ်ပြီး အနောက်ခြမ်းကို အောက်တာဗီယံက အုပ်ချုပ်သည်။
 
ထိုစစ်နားချိန်များအတွင်း အန်တိုနီမှာ အီဂျစ်ဘုရင်မ [[ကလီယို ပတ်ထရာ|ကလီယို ပက်ထရာ]]၏ မာယာစက်ကွင်းတွင် နှစ်မြောကာ နိုင်ငံရေးရာများတွင် လှစ်ဟင်းနေသော်ငြား အော်တေးဗီးယန်းအနေဖြင့် မိမိ၏အနေအထားကို ခိုင်မာသထက် ခိုင်မာစေရန် ကြိုးပမ်းအားထုတ်နေခဲ့သည်။ သို့ဖြင့် ဘီစီ ၃၂ စစ်ပြန်စချိန်တွင် အော်တေးဗီယန်း ဦးဆောင်သည့် တပ်များ ထင်ထင်ရှားရှားပင် အသာရသည်။ ဘီစီ ၃၁ တွင် ဖြစ်ပွားသည့် အက်တီယမ် (Actium) စစ်ပွဲအပြီး နောက်တစ်နှစ်တွင် အော်တေးဗီးယန်း အပြတ်အသတ်နိုင်ပြီး နောက်နှစ်တွင် စစ်ရှုံးသည့် အန်တိုနီနှင့် ကလိုယိုပက်ထရာတို့ အဆိပ်သောက်ကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားကြသဖြင့် စစ်ပွဲအဆုံးသတ်ပြီး အော်တေးဗီးယန်း အနေဖြင့် ယခင် ၁၄ နှစ်က အဖိုးဖြစ်သူရရှိခဲ့သည့် ဩဇာအာဏာကို တန်းတူရရှိခဲ့သည်။
 
== အုပ်ချုပ်သူဘဝ နှင့် ကွယ်လွန်ခြင်း ==
ဂျူးလိယက်ဆီဇာ လုပ်ကြံခံရပြီးနောက်တွင် ဖြစ်ပွားသည့် အာဏာလုပွဲများကြောင့် ပြည်သူတို့အနေဖြင့် သမ္မတစနစ်ကို အယုံအကြည်ကင်းကာ မိမိတို့၏ ငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးနိုင်မည့် မင်းကောင်းမင်းမြတ်ကို မျှော်လင့်နေကြချိန်ဖြစ်သည်။ ထိုအချက်ကို ကောင်းစွာနားလည်သည့် အောတေဗီယံသည် အာဏာရသည်နှင့် စစ်ပွဲကာလများတွင် ရက်စက်စွာ တိုက်ခိုက်တတ်သည့် ပုံမှ အလွန်ပင် ကြင်နာသနားတတ်သူအဖြစ် ပြောင်းလဲလာပြီး လူအများအကျိုးကို ထမ်းရွက်တော့သည်။
 
ရှေးဦးစွာ သမ္မတနိုင်ငံ ပြန်လည်ထူထောင်ပေးမည်ဟုဆိုကာ ရာထူးအားလုံးမှ နှုတ်ထွက်ပေးပြီး [[လွှတ်တော်]] (ဆီးနိတ်) အဖွဲ့ဝင်များကို စိတ်ကျေနပ်စေရန် ဆောင်ရွက်နိုင်သည်။ ထို့ကြောင့် လွှတ်တော်က '''ဩဂတ်စတက်ဆီဇာ''' (အဓိပ္ပါယ်မှာ ထိပ်ဆုံးက ပြည်သူ - Princeps) ဟူသောဘွဲ့ဖြင့် ဂုဏ်ပြုခဲ့သည်။ အမှန်တကယ်တွင် ရောမရှိတပ်များကိုသာ လက်လွတ်ပြီး စပိန်၊ ဂေါလ် (ယနေ့ပြင်သစ်) နှင့် ဆီးရီးယားနယ်များမှ တပ်များကိုမူ လက်အောက်တွင် ဆက်လက်ထားရှိနေသေးသည်။