ဗင်နီတို မူဆိုလီနီ: တည်းဖြတ်မှု မူကွဲများ

"မူဆိုလီနီ, ဗင်နီ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာကြောင်း ၁ -
မူဆိုလီနီ, ဗင်နီတို (ခရစ် ၁၈၈၃ - ၁၉၄၅)
 
ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်အကြား ကမ္ဘာတလွှားတွင် အတော်ပင် တန်ခိုးထွားခဲ့သော [[အီတလီနိုင်ငံ]] အာဏာရှင်ဗင်နီတိုမူဆိုလီနီ၏ အတ္ထုပ္ပတ္တိမှာ ထူးဆန်းအံ့သြဖွယ်ကောင်းလှသည်။ သူသည် အသက် ၄၀ မကျော်မီကပင် ကျောင်းဆရာ၊နွားသတ်သမား၏တပည့်၊ အုတ်စီသူ၏အကူ၊ သတင်းစာဆရာ၊ ပြင်သစ်ဘာသာပြဆရာ၊ စစ်သား၊ ပါလီမန်အမတ်၊ တော်လှန်ရေးခေါင်းဆောင်၊စသည်ဖြင့် သူ၏ဘဝတွင် အခြေတကျမဟုတ်ဘဲ အလုပ်အမျိုးမျိုး ဆောင်ရွက်ခဲ့ဘူးလေသည်။ နောက်ဆုံးတွင် အီတလီနိုင်ငံ၏ အာဏာရှင်အဖြစ်ဖြင့် ဇာတ်သိမ်းခဲ့ရလေသည်။
မူဆိုလီနီသည် ၁၈၈၃ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် လူ့လောကကြီးသို့ စတင်ရောက်ရှိလာသည်။ သူ၏မွေးရာဌာနမှာ အီတလီနိုင်ငံ ဒိုဗီးယားအရပ်ရှိ ဖော်လီမြို့ဖြစ်၏။ သူ၏ဖခင် အယ်လက်ဇန်းဒယား မူဆိုလီနီသည် ပန်းဘဲဆရာဖြစ်၍ မိခင်ဖြစ်သူ ရိုဆာမာတိုနီမှာ ကျောင်းဆရာမဖြစ်လေသည်။
မူဆိုလီနီကို မက္ကဆီကိုတော်လှန်ရေးခေါင်းဆောင် ဗင်နီတိုဟွားရေး၏အမည်မှ ဗင်နီတိုကို ယူ၍ မှည့်ခေါ်ထားခဲ့သည်။ မူဆိုလီနီသည် ကျောင်း၌နေစဉ်မှာပင် ဉာဏ်ကောင်းသူ ဖြစ်၏။ ထို့ပြင် သူ့တွင် အောက်ကြို့ခံလိုသော စိတ်မျိုးမရှိချေ။
သူသည် အသက် ၁၈ နှစ်ခန့်တွင် ကျောင်းဆရာအဖြစ် လက်မှတ်ရရှိခဲ့လေသည်။ ဆရာအတတ်သင်ခဲ့သော်လည်း မူဆိုလီနီသည် ပညာရေးတွင် စိတ်မဝင်စားဘဲ နိုင်ငံရေးလုပ်ရန်သာ စိတ်ထက်သန်နေခဲ့သည်။ ရှေးဦးစွာ သူသည် အယူသည်းသော ဆိုရှယ်လစ်တဦးဖြစ်ခဲ့၏။ ကျောင်းဆရာအဖြစ် တနှစ်ခန့် အလုပ်လုပ်ပြီးနောက် ထိုအလုပ်ထက်သာသော အလုပ်ကို ရှာရန် [[ဆွစ်ဇာလန်နိုင်ငံ]]သို့ ထွက်သွားလေသည်။ ဆွစ်ဇာလန်တွင် ငတ်တလှည့်ပြတ်တလှည့်နှင့် အလုပ်အမျိုးမျိုးလုပ်ရင်း ပညာသင်ကြား၍ ဗဟုသုတအဖြာဖြာ ရှာမှီးခဲ့သည်။ သို့သော် တော်လှန်ရေးစိတ်၊ နိုင်ငံရေးစိတ် ပြင်းထန်သောကြောင့် ဆွစ်ဇာလန်အစိုးရက သူ့အား နယ်နှင်လိုက်သည်။ အီတလီနိုင်ငံသို့ ပြန်ရောက်သောအခါ သူသည် စစ်တပ်သို့ ဝင်ရောက်အမှုထမ်းသည်။ ဆိုရှယ်လစ်ပါတီတွင်လည်း အရေးပါသော ပါတီဝင် ဖြစ်လာလေသည်။ တခကတခါက ထောင် ၁၀ ရက်မျှ အကျခံရ၍ ပုလိပ်များ မျက်ခြေမပြတ် လိုက်လံကြည့်ရှုခြင်းကိုပင် ခံခဲ့ရသေးသည်။
၁၉၀၉ ခုနှစ်တွင်မူ မူဆိုလီနီသည် ထရင်တိုမြို့သို့ သွားပြန်သည်။ ထရင်တိုမြို့တွင် သတင်းစာဆရာလုပ်ရင်း စာအုပ်စာတမ်းများရေးသားထုတ်ဝေခဲ့သည်။ သို့ရာတွင် သူ၏သတင်းစာတွင် အီတာလျံလူမျိုးနှင့် အီတာလျံစကားပြောသူများနေထိုင်ရာ အရပ်များကို အီတလီနိုင်ငံတွင်း သွတ်သွင်းရန် ရေးသားသောကြောင့် နယ်နှင်ဒဏ်ခံရပြန်သည်။
၁၉၁၀ ပြည့်နှစ်တွင် မူဆိုလီနီသည် ဖော်လီမြို့မှ အီတလီဆိုရှယ်လစ်ပါတီ၏ အတွင်းရေးမှူးဖြစ်လာခဲ့သည်။ ရက်သတ္တပတ်စဉ် သတင်းစာတစောင်၏ အယ်ဒီတာလည်း ဖြစ်ခဲ့၏။ ၁၉၁၁ ခုနှစ်တွင် အလုပ်သမားများအား တော်လှန်အောင်သွေးဆောင်မှုကြောင့် ထောင်ဒဏ် ၅ လ အပြစ်ပေးခြင်းခံရသည်။ ၁၉၁၂ ခုနှစ်တွင်ကား သူ့အား လက်ဝဲခေါင်းဆောင်တဦးဟု အသိအမှတ်ပြုကြလေပြီ။ ဆိုရှယ်လစ်ပါတီ၏ အာဘော်ဖြစ်သော 'အဗန်တီ' သတင်းစာတွင်လည်း အယ်ဒီတာအဖြစ် ခန့်အပ်ခြင်း ခံရလေသည်။ ၁၉၁၃ ခုနှစ်တွင် 'ယူတိုးပီးယား' ခေါ် သတင်းစဉ်ကို တည်ထောင်သည်။ ထိုနှစ်မှာပင်အမျိုးသမီးတဦးနှင့် လက်ထပ်ခဲ့ရာ သားသမီး ၆ ယောက် ထွန်းကားလေသည်။ သူ၏ သမီးအကြီးဆုံးသည် ကောင့်ရှာနို၏ ဇနီးဖြစ်လေသည်။