ပုပ္ပါးတောင်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၆ -
ဘူမိဗေဒပညာရှင်တို့အဆိုအရ ပုပ္ပားတောင်သည် လွန်ခဲ့သောအနှစ် (၁၅) သန်းလောက်က ပေါ်ထွန်းလာကြောင်း သိရှိရပါသည် <ref>(Dr. Nyi Nyi, “Burma One Million Years Ago”, The Working People’s Daily, March 15, 1964 Sunday Supplement)။</ref> မြန်မာရာဇဝင်ဆရာတို့ကလည်း ပုပ္ပားတောင် ပေါ်ပေါက်ခဲ့ပုံကို ဂေါတမဗုဒ္ဓဘုရားရှင်၏ ဗျာဒိတ်တော်နှင့်တွဲ၍ ဖော်ပြခဲ့ဖူးပါသည်။
 
ရာဇဝင်ဆရာကြီး ဦးကုလားက ဘုရားသခင် သည် ငါးဝါအရ၌ သုနာပရန္တနှင့် တမ္ပဒီပတို့သို့ ကြွတော်မူလာခဲ့ပြီး ဖိုဦးတောင်ထိပ်၌ ရပ်တော်မူ၍ သာသနာ (၁ဝ၁) ခုတွင် ပုပ္ပားတောင်မြေမှ စုန့်စုန့်ပေါ်မည်ဟု ဗျာဒိတ်ထားခဲ့ကြောင်း ကို ယင်း၏ မဟာရာဇဝင်တော်ကြီးတွင် ဖော်ပြ ထားခဲ့သည် <ref> (ကုလား၊ မဟာရာဇဝင်တော်ကြီး၊ ပ၊ ၁၉၆ဝ၊ ၁ဝ၉)။</ref>
 
ဘူမိပညာရှင်တို့အဆိုနှင့် နှစ်ပရိစ္ဆေဒ များစွာ ကွာခြားလှသော်လည်း ပုပ္ပားပေါ်ပေါက်လာပုံ သဘောသဘာဝကား အသိခြင်း တူညီကြသည်ဟု ဆိုနိုင်ပါသည်။ ရှေးမြန်မာနိုင်ငံ အလယ်ပိုင်းသားတို့ ပုပ္ပားတောင်ကို သမိုင်းမတင်မီ ပဝေသနီကာလကတည်းကပင် စိတ်ဝင်စားခဲ့ ကြကြောင်း ခန့်မှန်းရမိပေသည်။
 
ပုပ္ပားတောင်သည် ကျောက်ခေတ်ဦး အညာသားယဉ်ကျေးမှု (Anyathian Culture) ထွန်းကားခဲ့ရာ ချောက်၊ ရေနံချောင်းတို့နှင့် ရေမြေ တဆက်တစပ်တည်း ရှိသောကြောင့် ထိုအချိန်ကာလက တည်းကပင် ကျောက်ခေတ် လူသားတို့ နေထိုင်ရာအရပ် ဖြစ်နေ ကောင်းလောက်ပြီ ယုံကြည်ရပါသည်။ ကျောက်လက်နက်များလည်း ထိုနယ် အနှံ့မှ တွေ့ရှိရဖူးသောကြောင့် ဤအတွေး ဤအယူအဆ မှန်နိုင်ကောင်းမည် ထင်ပါသည်။ အမေရိကန်ပညာရှင် မိုးဗီးယပ်စ် (Movius) က ပုပ္ပားနယ်တွင် ကျောက်ခေတ်သစ်လူနေ ရှိနေကြောင်း ကိုကား အခိုင်အမာဆိုခဲ့သည်။ <ref> (Hellmut De Terra and Hallam movius, Jr. Research on Early Man in Burma, 1943,pp. 342,379-382) </ref>ကျွနု်ပ်တို့ခေတ် ပညာရှင်တို့ ကွင်းဆင်းလေ့လာ နိုင်သေးလျှင် ထို့ထက် တိကျကျယ်ပြန့်သော အဖြေထွက်ပေါ်လာ နိုင်စရာ ရှိပါသေးသည်။
 
ပုပ္ပားတောင် ဝန်းကျင်ဒေသသည် ရှေးက ယခုမျက်မှောက် အချိန်အခါထက် ရာသီဥတု ကောင်းနိုင်သကဲ့သို့ တောလိုက်၍ လူနေ၍ ကောင်းသောနေရာလည်း ဖြစ်နိုင်ပါသည်။