ပုပ္ပါးတောင်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၀ -
# စမုံ၊ စမြိတ် မြစ်နှစ်စင်း စီးဆင်းလာသည်။
# ပုပ္ပါးတောင် မြေကထွက်လာသည်။
# သရေခေတ္တရာ ဝန်းကျင်က ပင်လယ်သည် ခမ်းခြောက်သွားသည်။ <ref>(မှန်နန်းရာဇဝင်၊ အင်္ဂလိပ်ဘာသာပြန်၊ ၁၉၂၃၊ စာ-၇) </ref>
ထိုသို့ မြေအကြီးအကျယ် လှုတ်သွားတာ အရင်နှစ်ပေါင်း တစ်သန်းက ဖြစ်မည်ဟု ထင်ရသည်။ ရာဇဝင်တွင် ခရစ်မပေါ်မီ အနှစ် ၄၄၃ က၊ တစ်ညတည်း ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ <ref>(မှန်နန်းရာဇဝင်၊ အင်္ဂလိပ်ဘာသာပြန်၊ ၁၉၂၃၊ စာ-၁၄) <ref>ဒေါက်တာသန်းထွန်း၏ ပျူတွေဘယ်ပျောက်သွားသလဲ (၂၀၀၆-ခု၊ ဇူလိုင်၊ ပကြိမ်)</ref>
 
မြန်မာရာဇဝင်ကျမ်းများတွင် ပုပ္ပားတောင်ကို ပုဂံခေတ်အပိုင်း၌ များစွာအရေးထား ဖော်ပြပေးနေသည်မှာ ထိုဒေသ သည် အလွန်ရှေးကျသော ကာလများကတည်းက စဉ်ဆက်မပြတ် လူနေရှိနေခဲ့ကြောင်း၊ အရေးပါသော နေရာဌာန တခုဖြစ်ခဲ့ကြောင်း ဖော်ညွှန်းနေခြင်းဖြစ်ပါမည်။ ဤသို့ဆိုလျှင် ကျောက်ခေတ်ဦး သို့မဟုတ် ကျောက်ခေတ်နှောင်း ကာလ ယဉ်ကျေးမှုစတင်ထွန်းကားစပြုကတည်းက ထူခြားသော တောင်အဖြစ်လည်းကောင်း၊ အားထားကိုးကွယ် လောက်သော (မြင့်မြတ်သော နတ်) တောင်အဖြစ်လည်းကောင်း စဉ်းစားခဲ့ကြမိမည်မှာ ယုံမှားသံသယ ကင်းပါသည်။ တနည်းအားဖြင့် ပုပ္ပားကို နတ်တို့နေရာဟူ၍ လက်ခံယုံကြည်နေလောက်ပြီဟူ၍တည်း။