ကျော်ဇော၊ ဗိုလ်ချုပ်: တည်းဖြတ်မှု မူကွဲများ

၁၆၈ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁၁ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
No edit summary
No edit summary
[[File:Kyaw Zaw 03.jpg|right|thumb|250px]]
 
==ငယ်ဘဝနှင့်ပညာရေး==
၁၉၁၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် သုံးဆယ်မြို့နယ် ဆိုင်းစုကျေးရွာ၌ ဦးပန်း၊ ဒေါ်တင့် မိဘနှစ်ပါးမှ မွေးဖွားသည်။ အမည်ရင်းမှာ မောင်ရွှေ ဖြစ်ပြီး ရဲဘော်သုံးကျိပ်ဝင် ဖြစ်သည့်အချိန်ကျမှ ဗိုလ်ကျော်ဇောဟူသော အမည်ကို ခံယူခဲ့သည်။
မြန်မာဗုဒ္ဓဘာသာဝင် ဖြစ်ပြီး သုံးဆယ်မြို့အထက်တန်းကျောင်းတွင် အထက်တန်းအဆင့်အထိ ပညာသင်ယူခဲ့သည်။ သာယာဝတီမြို့တွင် တိုင်းရင်းမြန်မာ စာသင်ကျောင်းတွင် ကျောင်းအုပ် အဖြစ် ဆောင်ရွက်ခဲ့သည်။<ref>http://newsdeyea.blogspot.com/2009/12/blog-post_1838.html</ref>
 
== စစ်ပညာသင်ကြားခဲ့ရပုံ ==
== ထမ်းဆောင်ခဲ့သောတာဝန်များ ==
ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) စစ်ဌာနချုပ် စစ်ကြောင်းနှင့် မော်လမြိုင် စစ်ကြောင်းအတိုင်း [[မြန်မာနိုင်ငံ]]အတွင်းသို့ ချီတက်၍ ဗြိတိသျှတို့ကို တိုက်ခိုက်ခဲ့သည်။
၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်တွင် ဘီအိုင်အေ ဖျက်သိမ်းပြီး ဗမာ့ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) ဖွဲ့စည်းသောအခါ ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။<ref>http://zotang.blogspot.com/2009/12/blog-post.html</ref>
 
၁၉၄၄ ခုနှစ် ဩဂုတ်လ ၂၃ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်၌ ကျင်းပသော ဖက်ဆစ် တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်းရေး အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လ ၁ ရက်မှ ၃ ရက်အထိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်၌ ကျင်းပသော ဖဆပလ အစည်းအဝေးသို့တက်ရောက်သည်။ ထိုအစည်းအဝေးမှာ ဖက်ဆစ်ဂျပန်တို့အား တော်လှန် တိုက်ခိုက်ရန် အစီအစဉ်များ ချမှတ်သော အစည်းအဝေးဖြစ်သည်။ ဖက်ဆစ်တော်လှန်ရေးကာလတွင် ဗိုလ်ကျော်ဇောသည် တိုင်း (၄) ပဲခူး ရွှေကျင် သထုံတွင် တိုင်းမှူးအဖြစ် တာဝန်ယူကာ ဖက်ဆစ် ဂျပန်များကို တော်လှန်တိုက်ခိုက်ခဲ့သည်။
စစ်သည်တော်တစ်ဦးအဖြစ် ဆုတံဆိပ်များရရှိခဲ့ရာတွင် ၁၉၅၅ ခုနှစ် ဇန်နဝါရီလတွင် ယူဂိုဆလားဗီးယား သမ္မတ တီးတိုး၏ စစ်သည်တော်ကောင်း (ပထမအဆင့်) ဆုတံဆိပ်ကို လည်းကောင်း ၁၉၅၉ ခုနှစ်တွင် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုများအတွက် လွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်) ဆုတံဆိပ်ကိုလည်းကောင်း ချီးမြှင့်ခြင်း ခံခဲ့ရသည်။
 
== ရည်ညွှန်းကိုးကား ==
ရည်ညွှန်း၊ တက္ကသိုလ်များ သမိုင်းသုတေသနဌာနထုတ် ကျော်ငြိမ်း ပြုစုသော “ရဲဘော်သုံးကျိပ်“။ ၁၉၉၈ ။
<references />
ရည်ညွှန်း၊ တက္ကသိုလ်များ သမိုင်းသုတေသနဌာနထုတ် ကျော်ငြိမ်း ပြုစုသော “ရဲဘော်သုံးကျိပ်“။ ၁၉၉၈ ။
 
[[Category:အတ္ထုပ္ပတ္တိ]]
၆၅၇

တည်းဖြတ်မှုများ