စောနစ်: တည်းဖြတ်မှု မူကွဲများ

"ပုဂံမင်း [[ကျော်စ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာကြောင်း ၁ -
ပုဂံမင်း [[ကျော်စွာ]]အား [[ရှမ်းညီနောင်သုံးဦး]] မှ နန်းချသတ်ဖြတ်ပြီးနောက်တွင် ၄င်းတို့သြဇာလွှမ်းမိုးသည့် ကျော်စွာ၏သား စောနစ်အား ပုဂံဘုရင်အဖြစ် နန်းတင်ကြသည်။ နန်းတက်ဘွဲ့မှာ '''သီရိတြိဘဝနာတျာပဝရဓမ္မရာဇာ'''ဖြစ်ပြီး ကျောက်စာများတွင် '''မင်းလုလင်''' ဟူ၍တွေ့ရတတ်သည်။ အာဏာမရှိသော မင်းအဖြစ်ဖြင့် ရှမ်းညီနောင်သုံးဦးမှ စိတ်လွတ်ကိုယ်လွတ်ထီးပြိုင်နန်းပြိုင် အုပ်စိုးသည်ကိုသာ လက်ပိုက်ကြည့်ရှုနေရပြီး ပွဲတက်ဘုရင်မျှသာ နေရာရသည်။ အချို့ကျောက်စာများတွင် ပုဂံမင်းကြီးဟုပင် သီးခြားခွဲထုတ်ဖော်ပြခြင်း ခံရသည်။ ၄င်းလွန်လျှင် သားတော် စောမွန်နစ် မင်း ဆက်ခံသည်။ <ref>ပုဂံမင်းဆက်ရာဇဝင်သစ်-တင်နိုင်တိုး</ref>
 
==ကိုးကား==