မေဆွိ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၁၇ -
| ကွန်ယက် =
}}
'''မေဆွိ''' (၁၉၆၂ ဖေဖော်ဝါရီ ၁၃ - ) ၏ အမည်ရင်းမှာ ဆွေအေးမြင့်ဖြစ်ပြီး မြန်မာနိုင်ငံတဝန်း ကျော်ၾကားသည့် တေးသံရှင်နှင့် သရုပ်ဆောင်တစ်ဦးဖြစ်သည်။ မြန်မာ့ခေတ်ပေါ် တေးဂီတလောကတွင် အအောင်မြင်ဆုံး အမျိုးသမီး တေးသံရှင်တစ်ဦးဖြစ်သည်။ သူမ၏ ကော်ပီသီချင်းများအပြင် မြန်မာဟန် ရိုးရာသီချင်းများလည်း လူကြိုက်များသည်။ မေဆွိသည် ၁၉၇၀ ပြည့်နှစ်များတွင် နာမည်ကျော် တေးရေးဆရာ သုခမိန်လှိုင် ရေးသားဖန်တီးသည့် ‘ပန်းသီးသီချင်းများ’ ကော်ပီစီးရီးဖြင့် လူသိများလာသည်။ မေဆွိသည် [[စိုင်းထီးဆိုင်]]အပါအဝင် အမျိုးသား တေးသံရှင်များ၏ သီချင်းများကို ပြန်ဆိုလေ့ရှိသည့်အပြင် ကိုယ်ပိုင်သံစဉ်များကိုလည်း ထုတ်ဝေခဲ့သည်။ ကိုင်ဇာနှင့်[[ကိုင်ဇာ]]နှင့် သီဆိုသည့် စုံတွဲသီချင်းများမှာလည်း အထူးအောင်မြင်သည်။
 
အောင်မြင်မှု အထွဋ်အထိပ်သို့ ရောက်ရှိသည့် ၁၉၈၀ ပြည့်နှစ်များတွင် မေဆွိသည် နာမည်ကျော် သရုပ်ဆောင်များဖြစ်သည့် [[ပြေငြိမ်း]]၊ [[ကျော်သူ]] တို့နှင့်အတူ ရုပ်ရှင်များလည်း ရိုက်ကူးခဲ့ဖူးသည်။ သို့သော်လည်း ၁၉၉၀ ပြည့်နှစ်များတွင် ရုပ်ရှင်အပိုင်းကို ရပ်နားလိုက်ပြီး ဂီတလုပ်ငန်းကို အာရုံစိုက်လာခဲ့သည်။ မြန်မာ့ခေတ်ပေါ်ဂီတ ရေစီးကြောင်းသည် ခေတ်နှင့်အလိုက် ရော့ခ် (Rock)၊ ပေါ့ပ် (Pop)၊ ဟဲဗီးမက်တယ် (heavy metal) စသည့် ဂီတဟန်များမှ အာရ်အင်ဘီ (R&B)၊ တက္ကနို (techno)၊ ဟစ်ပ်ဟော့ပ် (Hip-hop) စသည့် သဏ္ဌာန်သို့ ကူးပြောင်းလာသော်လည်း သူမသည် ကိုယ်ပိုင်ဟန်ဖြင့် တေးစီးရီးများကို ဆက်လက်ထုတ်ဝေခဲ့သည်။