ပန်းတနော်မြို့: တည်းဖြတ်မှု မူကွဲများ

Ninjastrikers (ဆွေးနွေး) ၏ တည်းဖြတ်မူ 792333 ကို ပြန်လည်ပယ်ဖျက်လိုက်သည်
စာတွဲများ: နောက်ပြန် ပြန်ပြင်ခြင်း နောက်ပြန်ပြင်ခဲ့ပြီး
0806SJ (ဆွေးနွေး) ၏ တည်းဖြတ်မူ 792355 ကို ပြန်လည်ပယ်ဖျက်လိုက်သည်
စာတွဲများ: နောက်ပြန် ပြန်ပြင်ခြင်း မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
 
စာကြောင်း ၁ -
'''ပန်းတနော်မြို့ ({{lang-mnw|ဍုၚ်ပါၚ်တၞဟ်}}''') သည် [[မအူပင်ခရိုင်]] ပန်းတနော်မြို့နယ် ('''{{lang-mnw|ပွိုၚ်ဍုၚ်ပါၚ်တၞဟ်}}''') ၏ပန်းတနော်မြို့နယ်၏ [[မြို့ပိုင်ရုံးစိုက်မြို့]] ဖြစ်သည်။ ပန်းတနော်မြို့နယ်သည် ၄၈၃ စတုရန်းမိုင် ကျယ်၍ [[ဧရာဝတီမြစ်]]မှ ဖြာထွက်နေသော မြစ်ခွဲကလေးပေါင်း များစွာသည် မြို့နယ်အတွင်း ပိုက်ကွန်သဖွယ် ဖြတ်သန်းစီးဆင်းနေသည်။ တစ်မြို့နယ်လုံး၏ [[လူဦးရေ]]သည် ၁၉၅၆ ခုနှစ် [[သန်းခေါင်စာရင်း]] ခန့်မှန်းချက်အရ ၁၂၅,၁၀၁ ယောက် ရှိ၍ လူဦးရေ၏ သုံးပုံတစ်ပုံကျော်သည် [[ကရင်လူမျိုး]]များ ဖြစ်သည်။
 
ဧရာဝတီမြစ်၏ မြစ်ခွဲကလေးတစ်ခု ဖြစ်သော ပန်းတနော်မြစ်သည် [[ညောင်တုန်းမြို့]]အလွန် ၁၅ မိုင်ခန့် ဝေးသောနေရာမှ အနောက်ဘက်သို့ ခွဲထွက်ရာ ယင်းမြစ်နှင့် အခြားမြစ်ခွဲကလေးတစ်ခု ဖြစ်သော [[ဗောဓိမြစ်]]တို့ ဆုံရာ၌ ပန်းတနော်မြို့တည်ရှိသည်။ ထို့ကြောင့် ပန်းတနော်ဟူသော အမည်သည် မွန်ဘာသာ '''ပါၚ်တၞဟ်''' (မြန်မာဘာသာနီးစပ်အသံထွက် - ''ပိုင်းတနော့'') မှဆင်းသက်လာ၍၊ '''ပါၚ်''' = အဝ၊ '''တၞဟ်''' = အခြား၊ အခြားမြစ်ခွဲအဝရှိသောမြို့ဟု အဓိပ္ပာယ်ရလေသည်။ မြို့ဝန်းကျင်တွင် ချောင်းငယ်မြောင်းငယ်များ ပေါများလှသဖြင့် မိုးအခါ ရေလွှမ်းမိုးခြင်း ခံရတတ်သည်။ သို့ရာတွင် နွေအခါ၌မူ [[ပန်းတနော်မြစ်]]သည် [[သင်္ဘော]]ကြီးများ ဝင်ထွက်ခြင်း မပြုနိုင်လောက်အောင် တစ်နေ့တစ်ခြား ရေတိမ်လာသဖြင့် မြို့မှာတစ်ဖြည်းဖြည်း အရောင်းအဝယ် ဆုတ်ယုတ်လာသည်။ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ ပန်းတနော်မြို့၏ လူဦးရေသည် ၄၆၈၇ ယောက် ဖြစ်သည်။
 
ပန်းတနော်မြို့၏ အဓိကထွက်ကုန်များမှာ [[ဆန်စပါး]]၊ ဖျာရက်သော[[သင်]] နှင့် [[ငပိ]]၊ [[ငါးခြောက်]] စသော အင်းကုန်များ ဖြစ်သည်။ အထူးသဖြင့် ပန်းတနော် [[သင်ဖျာ]]သည် ကျော်စောသည်။ [[ဓနုဖြူမြို့]]၊ [[ဟင်္သာတမြို့]] စသော သင်ဖျာထွက်နယ်များ၏ သင်အထွက် အားအကိုးရဆုံးသော မြို့နယ် ဖြစ်သည်။ ပန်းတနော်မြို့သည် ဓနုဖြူမြို့မှ ၂၉ မိုင်ကွာဝေး၍ ဟင်္သာတမြို့မှ ၆၆ မိုင် ကွာဝေးသည်။ [[ညောင်တုန်းမြို့]]၊ [[မအူပင်မြို့]]များနှင့်လည်း ရေလမ်းခရီးဖြင့် ဆက်သွယ်နိုင်သည်။
 
မြို့၏ အနောက်ဘက် တစ်မိုင်ခန့်ဝေးသောနေရာတရှိ [[ရွှေမြင်တင်ဘုရား]]သည် ပန်းတနော်မြို့၏ ထင်ရှားသော တန်ခိုးကြီးဘုရား ဖြစ်သည်။ [[ပုသိမ်မြို့|ပုသိမ်]]ရာဇဝင်လာ ဥမ္မာဒန္တီ မင်းသမီးသည် မင်းသားများဘေးရန်မှ ကင်းဝေးရန် ထွက်ပြေးရင်း ပင်ပန်းနွမ်းနယ်ကာ ဦးခေါင်းမှ ပန်းများ ကျရာအရပ်တွင် တည်ထားသော [[စေတီ]] ဖြစ်သည်ဟုဖြစ်သဖြင့် [[ပန်းကျနော်မြို့]] ဟု သမုတ်ရာမှ ပန်းတနော်မြို့ ဟု အမည်တွင်လာကြောင်း ဆိုကြသည်။ နှစ်စဉ် [[တပေါင်း]]လ တိုင်း ရွှေမြင်တင်ဘုရားပွဲတော် ကျင်းပရာ ဝေးနီးအရပ်များမှ စည်ကားစွာ လာရောက်ကြသည်။ <ref>မြန်မာ့စွယ်စုံကျမ်း အတွဲ (၇)၊ စာမျက်နှာ (၃၈)</ref>
 
== ကိုးကား ==